ဝံပုလွေသုံးကောင်
Vol. 2 Ch. 26
“ခင်ဗျား အချုပ်ကျနေတာမဟုတ်ဘူးလား” လုရှင်းယန်သည် ထျယ်ရှန်းကို မေးလိုက်၏။
“အချုပ်ခန်းလိုအရာလေးက ကျုပ်ကိုတားစီးနိုင်စွမ်းမရှိဘူး” ထျယ်ရှန်းသည် မင်သေသေနှင့်ပြောလိုက်၏။ တကယ်တမ်းတွင် အစောင့်ကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် ထိုအစောင့်ကို တောင်းဆိုခဲ့သည်။ မည်မျှပင်တောင်းဆိုပါစေ အစောင့်သည် မကြားသည့်အလား ပြုမှုနေခဲ့သည်။ “ကျုပ်ကို မလွတ်ပေးရင် ကျုပ်လွတ်လာတဲ့ အချိန်က ခင်ဗျားကိုနေ့တိုင်းစိန်ခေါ်မယ်” အချုပ်ခန်း အစောင့်သည် သွေးပျက်မတက်ဖြစ်သွားခဲ့၏။ ထို့နောက် နှစ်ဦးသား ညှိနိုင်းကာ သုံးရက်အပြင်ထွက်ခွင့်ပေးလိုက်သည်။
‘ဒီကောင် ထောင်ဖောက်ပြေးတာလာတော့မဟုတ်လောက်ဘူးမလား’
“မြို့အုပ်ချုပ်သူက ခင်ဗျားရဲ့ဆရာဆိုတော့ ရက်နည်းနည်းပဲ အချုပ်ခံရတာလား” လုရှင်းယန်သည် ခနဲ့တဲ့တဲ့ မေးလိုက်၏။
“ငါ့အချုပ်ထဲကျနေတာကို အပျော်ဆုံးလူက ဆရာပဲ” ထျယ်ရှန်းသည် သက်ပျင်းချကာပြောလိုက်၏။
လုရှင်းယန်တို့လေးဦးလုံးစွံ့အသွားသည်။ ထို့နောက် သဘောပေါက်သွားကြသည်။ ထျယ်ရှန်း၏ ပြသနာရှာနိုင်စွမ်းကြောင့် ဖြစ်ပေလိမ့်မည်။ ထျယ်ရှန်းသည် စတွေ့ကတည်းက ပြသနာကောင်ဖြစ်ခဲ့သည်ကို မမေ့သေးချေ။
“ခင်ဗျား အထင်လွဲနေတာလဲ ဖြစ်နိုင်ပါတယ် ဘယ်ဆရာက ကိုယ့်တပည့်ကို အချုပ်ထဲ ထည့်ချင်ပါ့မလဲ” လုရှင်းယန်သည် နှစ်သိမ့်သည့်အနေနှင့် စကားအဖြစ်သာ ပြောလိုက်သည်။
“မင်းတို့တွေ မသိလို့၊ ငါ့ဆရာက အတော်လေးရက်စက်တဲ့လူမျိုးပဲ၊ မြို့အုပ်ချုပ်သူရာထူးကိုလိုချင်လို့ အရင် မြို့အုပ်ချုပ်သူဟောင်းကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်လေ” ထျယ်ရှန်းသည် သူဆရာ၏ အတင်းဖျင်းများကို ပြောဆိုနေသည်။
လုရှင်းယန်တို့သည် ထိုသို့ကြားပြီး အလွန်ပင် အံ့ဩသွားရပြန်သည်။ ရှဲ့လန်အကြောင်းကို သူတို့ မသိခဲ့ချေ။ နောက်ဆို သတိထား ဆက်ဆံရမည်ဖြစ်သည်။
“မြို့အုပ်ချုပ်သူဟောင်းက ကြောက်လန့်ပြီး ရာထူးလွှဲပေးလိုက်ရတယ်လေ၊ အခုထိလဲ နှစ်တိုင်း ဆရာ့ဆီ လက်ဆောင်တွေ ပို့ပေးနေရတုန်းပဲ” ထျယ်ရှန်းသည် ဆက်ပြောခဲ့သည်။
‘မြို့အုပ်ချုပ်သူရှဲ့လန်က အလွန်ရက်စက်တာပဲ၊ တော်သေးတာပေါ့ အဲ့နေ့က ဆရာအချိန်မှီရောက်လာလို့’
“ဟူး...”
လုရှင်းယန်တို့သည် သက်ပျင်းများပြိုင်တူချလိုက်ကြသည်။
“မင်းတို့ နှစ်ယောက်လဲ အတော်လေးအားကောင်းလာပြီ” ထျယ်ရှန်းသည် သူ၏ မျက်လုံးများပြူးကျယ်သွား၏။ ‘အချုပ်ထဲရောက်နေတာရက်အနည်းငယ်ပဲရှိသေးတာမဟုတ်ဘူးလား၊ နှစ်ပေါင်းများစွာများကြာသွားတာလား’
သူ့အတွေးထဲတွင် မေးခွန်းပေါင်းများစွာပြည့်နှက်ကနေ၏။
“ကျုပ်တို့က အရင်ကတည်းက အားကောင်းတယ်” လုရှင်းယန်သည် ဝင့်ကြွားစွာဖြေလိုက်၏။
“ငါတို့ တိုက်ခိုက်မလား” ထျယ်ရှန်းသည် စိတ်အားထက်သန်လာပြီးနောက်မေးလိုက်၏။
လုရှင်းယန် “...”
“အခု တာဝန်ကို ဦးစားပေးလုပ်သင့်တယ်” ပိုင်ကျန့်ယွီသည် ဝင်ပြောလိုက်၏။ မဟုတ်လျှင် သူ၏ ဒုတိယအကိုလဲ အချုပ်ခန်းထဲ အိပ်ရမည်ကိုစိုးရိမ်မိပေသည်။ ရှဲ့လန်သည် အလွန်ရက်စက်လွန်း၏။
“ရှေ့နားဆို မြေပုံထဲက တည်နေရာကိုရောက်ပြီ သတိထားကြတော့” ယွဲ့ဝူယောင်သည် အားလုံးကို သတိပေးလိုက်သည်။ သူတို့သည် အရိပ်တောင်ကြား အတွင်းသို့ရောက်ရှိနေပြီဖြစ်သည်။
အခြေတည်ဝိညာဉ်အဆင့် ဝံပုလေသုံးကောင်းသည် အတော်ပင် ဖြုံချင်စရာကောင်းသည် အင်အားဖွဲ့စည်းမှုဖြစ်သည်။ သားရဲများသည် တော်ရုံ အဆင့်မြင့်မားခြင်းမရှိချေ။ သို့သော် အခြေတည်ဝိညာဉ်အဆင့် ဝံပုလွေ သုံးကောင် တည်ရှိနေသည်မှာ ထူးဆန်းလှသည်။ အကြောင်းမှာ ဤကုန်မြေတွင် သားရဲများစွာရှိကြသော်လည်း ရွှေအမြူတေ ကျင့်ကြံသူနှင့် ညီမျှသည့် ခွန်အားများပိုင်ဆိုင်ထားသည့် သားရဲများသာ ပေါများပေသည်။ အခြေတည်ဝိညာဉ်အဆင့်ရောက်သားရဲများ သည် သိဉာဏ် အနည်းငယ်ရရှိနေပြီဖြစ်သည်။ သို့သော် နေရာတိုင်းတွင် မတွေ့နိုင်ချေ။
“ထူးဆန်းတယ် ကျုပ်တို့ ဒီနားဝန်းကျင်ကို လှည့်ပတ်ကြည့်နေတာ ဆယ့်ငါးမိနစ်လောက်ရှိပြီ၊ ဘာသားရဲမှကိုမတွေ့ဘူး” ပိုင်ကျန့်ယွီသည် မျက်မှောင်ကျုံ့က သတိပေးလိုက်သည်။
“ပိုပြီး သတိထားကြ၊ မင်ယွမ်... မင်းခံစားမိတာရှိလား” ယွဲ့ဝူယောင်သည် လျှိုမင်ယွမ်ကို မေးလိုက်သည်။ သူ၏စိတ်ဝိညာဉ်သည် အားလုံးထဲတွင် အာရုံခံအကောင်းဆုံးဖြစ်သည်။
“ဘာမှမတွေ့....အစ်မကြီး တို့ သတိထားကြတော့ အရှေ့က်ကနေ အစွမ်းထက်အရှိန်ဝါသုံးခု လာနေပြီ အရမ်းမြန်တယ်” လျှိုမင်ယန်သည် ချက်ချင်းပင် သတိပေးလိုက်သည်။
ယွဲ့ဝူယောင်တို့ သည်လည် ချက်ချင်းပင် အသင့်အနေထားဖြစ်သွားကြသည်။ ထို့နောက် ဝံပုလွေသုံးကောင်သည် လျှင်မြန်စွာ ပြေးလာနေသည်ကို မြင်လိုက်ရသည်။ ထိုသုံးကောင်သည် မီးခိုးရောင်ဝံပုလွေများဖြစ်ကြသည်။
ထျယ်ရှန်းသည် သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးနှင့် ရှေ့ဆုံးတွင် နေရာယူကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
“အစ်မကြီး ကျုပ်တို့ သုံးယောက်ရင်ဆိုင်လိုက်မယ်၊ အစ်မကြီးက မင်ယန်ကို ကာကွယ်ပြီး နောက်ကစောင့်ကြည့်ပေး” လုရှန်းယန် သည်ထို့သို့ပြောပြီး ပိုင်ကျန့်ယွီနှင့် အတူ ထျယ်ရှန်း ဘေးတွင် ရပ်လိုက်ကြသည်။
“ကောင်းပြီ” ယွဲ့ဝူယောင်သည် သူတို့ကို တိုက်ခိုက်ရန် အခွင့်ရေးပေးလိုက်သည်။
ဝံပုလွေသုံးကောင်သည် ကောင်းကင်ကျားလောက် မကြီးမားသော်လည်း လူတစ်ရပ်စာလောက်ရှိပေသည်။ ထို့အပြင် ထိုသုံးကောင်၏ အင်အားသည် တန်းတူလောက်သာဖြစ်သည်။
“ဝူး....”
ထိုဝံပုလွေသုံးကောင်သည် ပြိုင်တူ အူလိုက်ကြသည်။ ထို့နောက် လုရှင်းယန်တို့သည် တစ်ယောက်တစ်ကောင်နှုန်း တိုက်ခိုက်ရန် ပြေးသွားပြသည်။
“အားအကြီးဆုံးကောင်က ငါ့ဟာ” ထျယ်ရှန်းသည် ထိုသို့ပြောပြီးနောက် ဘေးဆုံးရှိတစ်ကောင်ကို တိုက်ခိုက်လိုက်သည်။
ယွဲ့ဝူယောင် “...”
လုရှင်းယန် နှင့် ပိုင်ကျန့်ယွီတို့သည်လည်း အသီးသီးတိုက်ခိုက်လိုက်ကြသည်။
မီးခိုးရောင်ဝံပုလွေ တစ်ကောင်သည် အင်းအားပြင်ထန်စွာ ဟိန်းဟောက်ပြီးနောက် ထျယ်ရှန်းဆီ ဦးတည်က တဟုန်ထိုးပြေးဝင်လာသည်။ ထိုဝံပုလွေ ပြေးရာလမ်းတစ်လျှောက်တွင် မြေကြီးများ တုန်ခါသွားသည်။ ထိုပြင် သူ၏ ခြေသည်းများနှင့် ထိခက်မိသည့် ကျောက်တုံးများသည် မီးပွားများ ပွင့်စင်လာသည်။ ထျယ်ရှန်းသည် မကြောက်မရွံ့ သည့်အပြင် သူ့မျက်လုံးအစုံမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်တောက်ပနေသည်။
ထိုမီးခိုးရောင်ဝံပုလွေသည် သူ့၏ ကျောက်သားလိုမာကျောသည့် ခြေသည်းများနှင့် ထျယ်ရှန်း၏ ရင်ဘတ်ကို အားပြင်းပြင်း ကုတ်ခြစ်လိုက်သည်။ ထိုဝံပုလွေ၏ အရှိန်သည် မြန်ဆန်လွန်းလှသည်။ သာမန်လူဆိုရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပေမယ့် ထျယ်ရှန်း၏ ခန္ဓာကိုယ်သည် တုတ်တုတ်ပင်မလှုပ်ခဲ့ချေ။ ထိုဝံပုလွေ၏ ခြေသည်းများသည် ထျယ်ရှန်း၏ မဟူရာရောင် အရေပြားကို ကုတ်ခြစ်လိုက်သည့်အခါ ထျယ်ရှန်း၏ ရင်ဘတ်တွက် အနည်းငယ်မျှသော အစင်းရာလေးတစ်ခုသာ ကျန်ခဲ့ပြီး သွေးတစ်စက်မှ မထွက်ခဲ့ပေ။
ထျယ်ရှန်းသည် ထိုခြစ်ရာကို လက်နှင့် စမ်းလိုက်ပီးနောက် အံ့ဩသွားသည်။ သူသည် ထိုဝံပုလွေ၏ တိုက်ခိုက်မှုကို မရှောင်ခဲ့ချေ။ သူခန္ဓာကိုယ်၏ အကန့်သတ်ကို သိချင်သောကြောင့်ဖြစ်၏။
“ချီးတဲမှ..” ထိုဝံပုလွေ၏ သာမန် တိုက်ခိုက်မှုသည် သူ့အား အစင်းရာထင်စေခဲ့သည်။ ထို့ကြောင့် လျှော့ မတွက်ရဲတော့ချေ။
ထို့နောက် ဝံပုလွေ၏ တိုက်ခိုက်မှုကို ခံယူပြီးသည့်နောက် တုံ့နှေးမနေတော့ပဲ သူ့၏ ညာလက်သီးတွင် ဝိညာဉ်စွမ်းအင်များ အပြည့်အဝ စုစည်းလိုက်သည်။ သူ့လက်သီးပတ်ပတ်လည်မှာ လေထုကပင် လိမ်ကွေးသွားမတတ် ပြင်းထန်တဲ့ စွမ်းအင်တွေ ဖြစ်ပေါ်လာပြီး အနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အားအပြင်းဆုံးလက်သီးနှင့် ဝံပုလွေ၏ နှုတ်သီးကို တည့်တည့် ထိုးချလိုက်သည်။
“သေစမ်း...”
“ဝုန်း...”
ထျယ်ရှန်း၏ လက်သီးချက်ကြောင့် ဝံပုလွေကြီး၏ ခန္ဓာကိုယ်သည် အရှိန်အဟုန်နဲ့ ဘေးကို လွင့်စင်သွားပြီး ကျောက်နံရံတစ်ခုကို ပြင်းထန်စွာ တိုက်မိသွားသည်။ ဝံပုလွေသည် အားနည်းခြင်းကြောင့်မဟုတ်ပေ။ ထျယ်ရှန်း၏ လက်သီးချက်သည် ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။
ထို့နောက် ကျောက်တုံးများ ပြိုကျလာပြီး မြေပြင် တစ်ခုလုံး တုန်ခါသွားသည်။ သို့ပေမဲ့ ထိုဝံပုလွေ၏ ခန္ဓာကိုယ်သည် အလွန်မာကျောလှသည်။ ချက်ချင်း ပြန်လည်ထရပ်ပြီး ဒေါသတကြီးနှင့် ထျယ်ရှန်းကို စိုက်ကြည့်လိုက်သည်။
တစ်ဖက်တွင် ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓါးကို ဝိညာဉ်ပင်လယ်အတွင်းမှ ထုတ်ယူလိုက်သည်။ သို့သော် ဓားဝိညာဉ်သည် မပါသေးချေ။ ရှောင်ယွင်သည် သူ၏စွမ်းအားစုစည်းရန် အိပ်ပျော်နေသောကြောင့် ဖြစ်သည်။
ထိုဝံပုလွေသည်လည်း မြန်ဆန်လှသည့် အရှိန်ဖြင့် ပိုင်ကျန့်ယွီထံ ပြေးဝင်လာခဲ့သည်။ သူ၏ ခြေသည်းများသည် မြေပြင်ကို ဆုတ်ဖြဲနေသည့်အလားပင်။
ပိုင်ကျန့်ယွီသည် သူ၏ ထက်ရှလှသည် မျက်လုံးအစုံနှင့် ထိုဝံပုလွေ၏ လှုပ်ရှားမှုကို တည်ငြိမ်စွာ စောင့်ကြည့်လိုက်သည်။ ထို့နောက် တိမ်လွှာဓားကို သူ၏ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ ထိုဝံပုလွေ လာနေသည့် လမ်းကြောင်း တည့်တည့်ကို ချိန်ရွယ်ထားလိုက်သည်။ ဝံပုလွေ၏ ကြီးမားသည့် ခန္ဓာကိုယ်သည် တစ်ဟုန်ထိုးရောက်လာပြီး ၎င်း၏ ချွန်ထက်လှသည့် သွားများဖြင့် ပိုင်ကျန့်ယွီ၏ လည်မျိုကို ပစ်မှတ်ထားပြီး ခုန်အုပ်လိုက်သည်။
ပိုင်ကျန့်ယွီသည် ထိုဝံပုလွေ နီးကပ်လာသည့်အခါ ချက်ချင်းပင် ဘေးဘက်ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့၏ တိမ်လွှာဓားကို အလျားလိုက်ပုံစံဖြင့် လျှပ်စီးပမာ မြန်ဆန်စွာ ခုတ်ပိုင်းလိုက်သည်။ သူ၏ ခုတ်ချက်သည် ဝံပုလွေ၏ သွားများနှင့် ထိမိသွားသည်။ တိမ်လွှာဓားမှ ပြင်းထန်လွန်းသည့် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာခြင်းကြောင့် “ဝုန်း” ခနဲ ပေါက်ကွာသံ အကျယ်ကြီးထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဝံပုလွေသည် လွင့်စင်သွားက နာကျင်စွာ အူလိုက်ပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလို ပြန်ထရပ်ကာ ဒေါသတကြီးနဲ့ ပိုင်ကျန့်ယွီကို ထပ်မံတိုက်ခိုက်လိုက်သည်။ ဤအကြိမ်တွင် သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်သည်။
ပိုင်ကျန့်ယွီသည် တိမ်လွှာဓားကို ကာကွယ်သည့် ပုံစံ အနေအထားနှင့် ကိုင်ကာ ဝံပုလွေရဲ့ လက်သည်းချက်ကို ပိတ်ဆို့လိုက်သည်။
“ထန်...”
သတ္တုချင်းရိုက်ခတ်သံသည် ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး မီးပွားများ တဖြတ်ဖြတ် လွင့်စင်သွားသည်။