← Chapters

ငရဲကိုးဘုံ မီးလျှံလှိုင်း

Vol. 2 Ch. 27

ငရဲကိုးဘုံ မီးလျှံလှိုင်း

Vol. 2 Ch. 27

လုရှင်းယန်သည် သူ၏ ငရဲကိုးဘုံးမီးတောက်ကို ချက်ချင်းဖော်ထုတ်လိုက်သည်။ လေထုသည် ချက်ချင်းပင် ပူနွေးလာပြီး အနီးနားရှိသစ်ပင်ငယ်များသည် ထိုအပူချိန်ကြောင့်ပင် လောင်ကျွမ်းသွားသည်။ တစ်ခဏ အတွင်းတွင် သူ၏ လက်နှစ်ဖက်တွင် ရဲရဲနီ တောက်ပနေသည့် အနီရောင်မီးလျှံများပေါ်ထွက်လာခဲ့သည်။

ထိုအချိန်တွင် မီးခိုးရောင် ဝံပုလွေသည် မာန်ဖီလိုက်ပြီးနောက် လုရှင်းယန်ဆီသို့ ချက်ချင်း ပြေးလာခဲ့သည်။ လုရှင်းယန်သည် မျက်မှောင်ကြုတ်သွားပြီးနောက် မြေပြင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ ငရဲကိုးဘုံမီးလျှံများသည် မြန်ဆန်လှသည့်အရှိန်နှုန်းဖြင့် ထိုဝံပုလွေ လာရာ လမ်းကြောင်းသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် ထိုဝံပုလွေ ပြေးလာသည့် လမ်းကြောင်းရှိ မြေလွှာများသည် အက်ကွဲလာပြီး ငရဲကိုးဘုံးမီးတောက် ပေါ်ထွက်လာသည်။

“ဝုန်း..” ထိုအနီရောင်မီးတောက်များသည် ထိုဝံပုလွေကို ထိမှန်သွားပြီးနောက် ဝံပုလွေ၏ အမွေးအချို့သည် မီးကျွမ်းသွားလေသည်။ ထိုဝံပုလွေသည် အတော်လေးဒေါသထွက်သွားခဲ့၏။ ထို့နောက် ဒေါသတကြီး ဟိန်းဟောက်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။

ဝံပုလွေသည် အားကုန်သုံးပြီး လုရှင်းယန်၏ ဘေးဘက်ကို အားဖြင့် ခုန်ဝင်လာခဲ့သည်။ လုရှင်းယန်၏ ခန္ဓာကိုယ်သည် ထျယ်ရှန်း ကဲ့သို့ မမာကျောပေ။ ထို့ကြောင့် လျင်မြန်စွာ ရှောင်တိမ်းလိုက်ရသည်။

ထို့နောက် ဝိညာဉ်စွမ်းအင်များကို လက်တစ်ဖက်တွင် စုစည်းလိုက်သည်။ ထိုဝံပုလွေသည် နောက်တစ်ဖန် ခုပ်အုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် မရှောင်တိမ်းတော့ချေ။ ခုန်အုပ်လာသည့် ဝံပုလွေ၏ ရင်ဘက်ကို ထိုးနှက်လိုက်သည်။

“ဘုန်း...”

သို့သော် ဝံပုလွေ၏ အင်အားကြောင့် လုရှင်းယန်သည် လွင့်စင်သွားရ၏။ လုရှင်းယန်သည် သူ၏ မီးလျှံအတွင်းတွင် ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်း ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်ချက်ကြောင့်သူ၏ ဝိညာဉ်စွမ်းအင်လည်း အတော်ကုန်းခမ်းသွားပြီ ဖြစ်သည်။ သူသည် တဖြေးဖြေးချင်း ပြန်လည် ထလာခဲ့သည်။

ထိုးနှက်ခံလိုက်ရသည် ဝံပုလွေသည် လည်း အပြင်းထန်ပင် ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏ ရင်ဘက်သည် မီးလောင်ကျွမ်းနေပြီး သွေးများလည်း တစ်စက်စက် ယိုစီးနေခဲ့သည်။ သို့ပေမယ့်လည်း ဝံပုလွေ၏ တောင့်တင်းသည့် ခန္ဓာကိုယ်နှင့် သားရဲဆန်သည့် ခံနိုင်ရည်က သူ့ကို ပြန်ထစေခဲ့သည်။ သူသည် အလွန်မင်း ဒေါသထွက်သွားဟန်နှင့် လုရှင်းယန်ကို စူးစိုက်ကြည့်ပြီး သူ၏နှာခေါင်းတွင်းမှ မီးခိုးများလည်း ထွက်နေခဲ့သည်။

“အစ်မကြီး ဒုတိယအကို အဆင်ပြေပါ့မလား” လျှိုမင်ယန်သည် စိတ်ပူစွာမေးလိုက်၏။ သူသည် ဤတိုက်ပွဲတွင် မပါဝင်နိုင်ပေ။ သူစွမ်းအားနှင့် ဤသို့တိုက်ခိုက်ရန် မဖြစ်နိုင်သေးပေ။

“အဆင်ပြေပါတယ် ရှင်းယန်က ထင်ထားတာထက်ပိုပြီး သန်မာနေပြီ” ယွဲ့ဝူယောင်သည် လုရှင်းယန်တို့၏ တိုက်ပွဲကို စိုက်ကြည့်ရင်း ယုံကြည်ချက်ရှိရှိပြောလိုက်၏။

ထိုဝံပုလွေသည် ဒေါသအလွန်ထွက်နေသော်လည်း ဤတစ်ကြိမ်မှာတော့ ပိုသတိထားလာပြီး တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။

လုရှင်းယန်သည် အချိန်ကြာကြာဆက်တိုက်ရန် မဖြစ်နိုင်တော့ချေ။ မဟုတ်လျှင် သူ၏ ဝိညာဉ် စွမ်းအင်များ ကုန်ခမ်းပြီး သေဆုံးနိုင်ပေမည်။ ထို့ ကြောင့် ဦးစွာ တိုက်ခိုက်ရန် ပြင်လိုက်ပြီး လက်ကျန်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် ပြင်းထန်လွန်းလှသည့် မီးတောက်စွမ်းအင်များ ပေါ်ထွက်လာပြီးနောက် ထိုဝံပုလွေဆီသို့ ဟစ်ကြွေးကာ ပစ်လွတ်လိုက်သည်။

“ငရဲကိုးဘုံ မီးလျှံလှိုင်း”

ထိုပြင်းထန်လှသည့် မီးတောက်စွမ်းအင်များသည် လှိုင်းလုံးကြီးသဖွယ် ဝံပုလွေ ဆီသို့ လျှင်မြန်စွာ တိုးဝင်သွားခဲ့သည်။

ထိုဝံပုလွေသည် လုရှင်းယန်ပစ်လွတ်လိုက်သည့် မီးလျှံလှိုင်းကြီး၏ စွမ်းအားကြီးမားမှုကို ခံစားရပြီး တွန့်ဆုတ်သွားစေသည်။ သို့သော် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အားကုန်ဟစ်ကြွေးကာ ထိုမီးလျှံလှိုင်းကို ခုခံရန်ပြင်လိုက်သည်။ ထို့နောက် မြေပြင်ကို အားသုံးကာ ထုနှက်လိုက်သည်။ မြေသားများသည် ကြွတက်လာပြီး သူ့၏ ရှေ့တွင် ကာကွယ်စေလိုက်သည်။ သို့သော် မီးလျှံလှိုင်း၏ လောင်ကျွမ်းအားသည် အလွန်ပင် ပြင်းထန်လှပြီး မြေသားများကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်စေသွားသည်။ ထို့ပြင် ထိုမီးလျှံလှိုင်းသည် မရပ်တန့်ချေ။ ထို့နောက် ဝံပူလွေ၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်နှင့် ကြီးမားလှသည့် ပေါက်ကွဲမှုကြီး ပေါ်ထွက်လာပြီး ဝံပုလွေ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။

“ဝုန်း...ဝုန်း...ဝုန်း...”

မီးတောက်များသည် ဝံပုလွေ၏ ခန္ဓာကိုယ်ကို “တရှဲ...ရှဲ”နှင့် လောင်ကျွမ်းနေပြီး မြေပြင်ပေါ် လဲကျသွားစေခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် မီးလျှံများ စွား တစ်ဖြေးဖြေးပျောက်ကွယ်လာပြီးနောက် မီးကျွမ်းကာ မဲတူးနေသည့် ဝံပုလွေ၏ ခန္ဓာကိုယ်ကြီးပေါ်ထွက်လာခဲ့သည်။ ၎င်းသည် လှုပ်ရှားမှုမရှိပဲ သေဆုံးသွားခဲ့လေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှ သားရဲအမြူတေ တစ်ခုပေါ်ထွက်လာသည်။

လုရှင်းယန်သည် အသက်ကို ပြင်းပြင်းရှုပြီးနောက် သူ၏ စွမ်းအင်များကို ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်နေပေမဲ့ အဆုံးသတ်နိုင်ခဲ့မှုကြောင့် အပြုံးရေးရေးလေး ပေါ်ထွက်နေသည်။ တစ်လှမ်းချင်းရှောင်ပြီး ဝံပုလွေသားရဲ၏ အမြူတေကို ယူလိုက်လေသည်။ ထို့နောက် ယွဲ့ဝူယောင်ကို ပြုံးကာပြောလိုက်၏။

“အစ်မကြီး ကျုပ်နိုင်သွားပြီ” ယွဲ့ဝူယောင်၏ အေးစက်စက်မျက်နှာထက်တွင် “တော်တယ်” ဆိုသည့် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့ပြီး လုရှင်းယန်ကို ဖေးမကာ အနားယူစေလိုက်သည်။

….

ထျယ်ရှန်းနှင့် တိုက်ခိုက်နေသည့် ဝံပုလွေသည် အလွန်မင်း ဒေါသထွက်နေသည်။ ထို့နောက် ဝံပုလွေသည် ထက်မံ ခုန်အုပ်လိုက်ပြီး သူ၏ ချွန်ထက်လှသည့် လက်သည်းများနှင့် တရစပ် တိုက်ခိုက်လိုက်သည်။ ထျယ်ရှန်းသည် သူ၏ ခန္ဓာကိုယ်ဖြင့် ခုခံပြီး တိုက်ပြန် တိုက်ခိုက်မှုများနှင့် တိုက်ခိုက်ခဲ့သည်။ ထိုပြင်းထန်လှသည် တိုင်ပွဲကြောင့် သစ်ပင်များကျိုးကြေကုန်ပြီး မြေလွှာနှင့် ကျောက်သားများသည်လည်း ကြေမွပျက်စီးကုန်သည်။

ထို့နောက် ထျယ်ရှန်းသည် ဝံပုလွေ၏ ဆက်တိုက် တိုက်ခိုက်မှုကြောင့် သူခန္ဓာကိုယ်တွင် လက်သည်းရာများ ပေါ်ပေါက်လာသည်။ တစ်ချို့နေရာများတွင် သွေးများ စို့နေခဲ့သည်။ သူသည် ချက်ချင်းပင် ဝံပုလွေထံ ချဉ်းကက်လိုက်ပြီး အားပြင်းလှသည့် လက်သီးဖြင့် အောက်ကနေပင့်ထိုးလိုက်သည်။

ဝံပုလွေ၏ နှုတ်သီးအဖျားသို့ ထိုးမိသွားခဲ့သည်။ ထိုတိုက်ခိုက်မှု၏ ပြင်းအားကြောင့် ဝံပုလွေသည် အမြှောက်မှ ပစ်လွတ်လိုက်သည့် အမြောက်ဆံကဲ့သို့ လေပေါ်ထောင်တက်သွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် ဝံပုလွေ လွင့်စင်သွားရာ လမ်းကြောင်းကို ပြေးလိုက်သွားသည်။ ထိုဝံပုလွေ ပြန်မကျမှီ ထျယ်ရှန်းသည် လေပေါ်အနည်းငယ် ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ လက်အတွင်းတွင် ဝိညာဉ်စွမ်းအင်များစွာ စုစည်းကာ ရိုက်ချလိုက်သည်။

“သေလိုက်စမ်း...”

“ဒိန်း...”

ပြင်းထန်လှသည့် ရိုက်ချက်ကြောင့် ဝံပုလွေသည် အရှိန်ဟုန်ပြင်းထန်စွာ မြေပြင်သို့ ကျဆင်းသွားခဲ့သည်။

“ဝုန်း..”

ထိုအရှိန်ကြောင့် ဝံပုလေကျရာ နေရာ ငါးပေပတ်လည် မြေကြီးများ ကျွံဝင်သွားသည်။ ဝံပုလွေသည် အလွန်ပင်နာကျင်သွားပြီးနောက် ဒေါသများထွက်လာခဲ့သည်။ ဆက်တိုက် ဟိန်းဟောက်နေပြီး ထျယ်ရှန်းကို ကိုက်ဖြတ်ရန် ပြေးလာလေသည်။ ထျယ်ရှန်းသည် ထိုဝံပုလွေ အနီးနားရောက်လာသည့်အခါ ဝံပုလွေ၏ အစွယ်နှစ်ဘက်ကို ဆုပ်လိုက်သည်။ သူသည် ဝံပုလွေ၏ ပါးစပ်ကို ဖြဲပစ်ရန် ကြံရွယ်လိုက်သည်။ သို့သော် ထိုဝံပုလွေသည် အလွန်ပင် သန်မာလှသည်။ ထို့အပြင်ဉာဏ်လည်းကောင်းနေ၏။ သူ၏ သွားစွယ်များကို ချုပ်ကိုင်ခံထားရသော်လည်း သူ၏လက်သည်းဖြင့် ထျယ်ရှန်း၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်၏။ ထျယ်ရှန်း၏ ခန္ဓာကိုယ်သည်လည်း အလွန်ပင် မာကျောသောကြောင့် အနည်းငယ်သာစိုက်ဝင်သွားခဲ့သည်။

သူသည် သွားစွယ်များကို ချက်ချင်းလွတ်ကာ ဝံပုလွေ၏ မျက်နှာကို ထိုးနှက်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်ရသည်။

သူသည်အလွန်ပင် နာကျင်သွားရ၏။ သွေးများလည်း ယိုစီးလာသည်။ ဒေါသလည်းထွက်လာခဲ့လေသည်။ ဝံပုလွေသည် အလွတ်မပေးချေ။ နောက်ဆုတ်သွားသည့် ထျယ်ရှန်းထံ တဟုန်ထိုးပြေးလာကာ ထပ်မံတိုက်ခိုက်လိုက်သည်။

ထိုအခါ ထျယ်ရှန်းသည် သူ၏ လက်သီးတွင် စွမ်းအင်များစွာ စုစည်းလိုက်လေသည်။ ထို့နောက် အရှိန်ဟုန်ပြင်းစွာ လာနေသည့်ဝံပုလွေကို ထိုးနှက်လိုက်သည်။ ထိုလက်သီးထဲတွင် သူ၏ လက်ကျန်အားများစွာကိုသုံးကာ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။

“သံမဏိဖြိုခွဲလက်သီး”

ထိုလက်သီးသွားရာ လမ်းကြောင်းတွင် လေသံများ “တဟူး...ဟူး” မြည်နေပြီး ပြင်းထန်လှသည် အနီရောင်လက်သီးကြီးသည် ထိုဝံပုလွေ၏ ဦးခေါင်းကို ထိမှန်သွားခဲ့သည်။

“ဝုန်း..”

ထိုလက်သီးချက်သည် လေထုကိုပင် ဖောက်ခွဲမတတ် အားပြင်းလွန်းတာကြောင့် ဝံပုလွေကြီး၏ မာကျောလှတဲ့ ဦးခေါင်းခွံကိုပင် “ရွှင်”ခနဲ မြည်သွားအောင် ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။ ဝံပုလွေကြီးသည် “တအီအီ..” မြည်ကြွေးပြီးနောက် ချက်ချင်း ငြိမ်သက်သွားကာ အသက်ပျောက်သွားခဲ့ရတော့သည်။

ထျန်ရှန်းသည် သူ၏ မဟူရာရောင် ခန္ဓာကိုယ်ရှိ သွေးစွန်းထင်းမှုတွေကို သုတ်ပစ်လိုက်ပြီး နောက် လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ သူသည် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် လျှိမင်ယန်ရောက်လာပြီး ဖေးမပေးလိုက်သည်။ ထျယ်ရှန်းသည် လျှိုမင်ယန်ကို ပြုံးပြလိုက်သည်။ သူ့၏ မျက်နှာထက်တွင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို အနိုင်ရပြီးနောက် ခံစားရသည့် ကျေနပ်မှုများ ထင်ရှားစွာ ပေါ်လွင်နေသည်။

…

ထိုက်ရွှမ်မြို့ တာဝန်ခန်းမတွင် စာရေးကျန်းသည် ငြိမ်သက်စွာ ထိုင်နေလေသည်။

“စာရေးကျန်း...” လူတစ်ဦးဝင်ရောက်လာပြီး သူ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ထိုလူသည် ထိုက်ရွှမ်မြို့၏ အစောင့် တစ်ဉီးဖြစ်ပြီး တာဝန်ခန်းမနှင့် သက်ဆိုင်သည့် သတင်းများကို စုဆောင်းပေးရသူဖြစ်သည်။

“တာဝန်အသစ်ပေါ်လာလို့လား” စာရေးကျန်းသည်မေးလိုက်၏။

“မဟုတ်ပါဘူး... အရိမ်တောင်ကြားက တာဝန်ကို ပြင်ရမှာမို့ပါ” ထို့အစောင့်သည်ဖြေလိုက်၏။

“ဘာတာဝန်လဲ..” စာရေးကျန်းသည် မျက်မှောင် ကြုတ်သွားပြီး မေးလိုက်သည်။

“အရိမ်တောင်ကြားက အခြေတည်အဆင့်ဝံပုလွေသားရဲသုံးကောင်ကို သတ်ရမဲ့တာဝန်ကို သူတော်စင်အဆင့်ဘုတ်ပြားမှာရွေ့ပေးဖို့ပါ” အစောင့်သည် အလျင်မြန်ဖြေလိုက်၏။

“ဘာ...အသေးစိတ်ပြောစမ်း” စာရေးကျန်းသည် အော်ဟစ်လိုက်ပြီး အလွန်ပင် ဒေါသထွက်လာခဲ့ပြီး အသံသည် တုန်ယင်လာသည်။

All Chapters