← Chapters

သူတော်စင်အဆင့် သွေးဝံပုလွေ

Vol. 2 Ch. 28

သူတော်စင်အဆင့် သွေးဝံပုလွေ

Vol. 2 Ch. 28

“ဒီလိုပါ အခြေတည်ဝိညာဉ်အဆင့် သုံးကောင်အပြင်ကို နောက်ထပ် သူတော်စင်အဆင့် ဝံပုလွေတစ်ကောင်ထပ်ရှိပါသေးတယ်” စာရေးကျန်း၏ ဒေါသထွက်နေမှုကြောင့် ထိုအစောင့်သည် တုန်ယင်စွာဖြေလိုက်ရ၏။

‘တာဝန်ကို ပြင်ခိုင်းတာကို ဒီလောက်ဒေါသထွက်စရာလိုလို့လား၊ နေပါဦး တစ်ယောက်ယောက်က ဒီတာဝန်ကို ယူသွားပြီလို့တော့ မပြောနဲ့နော်’

ထို့နောက် ထိုအစောင့်သည် ထိန့်လန့်သွားပြီး စာရေးကျန်းကို ကြည့်လိုက်၏။ စာရေးကျန်း၏ မျင်နှာတစ်ခုလုံးမဲမှောင်နေသည်။ ခန္ဓာကိုယ်သည်လည်းတုန်ယင်နေ၏။

လူငယ်လေးငါးယောက် ထိုတာဝန်ကို ယူဆောင်သွားပြီဖြစ်သည်။ အခြားလေးယောက်ကို မသိပေမဲ့ တစ်ယောက်ကတော့ အုပ်ချုပ်သူရှဲ့၏ တပည့်ပင်။ ထျယ်ရှန်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် ရှဲ့လန်သည်သူ့ကို ခွင့်လွှတ်မည်မဟုတ်ပေ။ ထို့အပြင် အခြား ငယ်ရွယ်ပြီး အစွမ်းထက်နေတဲ့ လူငယ်လေးဦးသာသေဆုံးသွားလျှင် ထိုက်ရွမ်မြို့တွင် သူခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။ ရာဇဝတ်သားတစ်ဦးပင်ဖြစ်သွားတော့မည်။

“မင်း..ဒီမှာစောင့်နေ ငါ မြို့အုပ်ချုပ်သူကို အမြန်သွားခေါ်ရမယ်” စာရေးကျန်းသည် ချက်ချင်းပင် မြို့အုပ်ချုပ်သူ အိမ်တော်သို့ အလောတကြီး ပျံသန်းသွားသည်။

‘အချိန်မှီဖို့မျှော်လင့်ရမှာပဲ’

…

အရိပ်တောင်ကြားတွင်

ဝံပုလွေ၏ သွားများသည် အလွန်ပင်မာကျောလှသည်။ ပိုင်ကျန့်ယွီ၏ ခုတ်ချက်များကို ခုခံနိုင်ခဲ့သည်။ ထို့နောက် သူ၏ ချွန်ထက်လှသည် လက်သည်းများဖြင့် ဆက်တိုက်ကုတ်လိုက်သည်။ ပိုင်ကျန့်ယွီသည် ထိုလက်သည်းကုတ် ချက်များကို ဓားပုံစံမျိုးစုံဖြင့် ခုခံနေရသည်။ သို့သော် ထိုကုတ်ချက်များကို ပေါ့ပေါ့ပါးပါးပင် အသာယာရှောင်တိမ်း၍ ခုခံနေခြင်းဖြစ်သည်။

ဝံပုလွေသည် ပိုင်ကျန့်ယွီကို ထိခိုက်အောင် မလုပ်လိုက်နိုင်သည်ကိုသိရှိပြီးနောက် နောက်သို့ အနည်းငယ်ခုန်ဆုတ်သွားသည်။ ထို့နောက် ခြေလေးချောင်းလုံးကွေး၍ အားယူကာ ခုန်အုပ်လိုက်သည်။

သို့သော် ပိုင်ကျန့်ယွီသည် ချက်ချင်းပင် ဓားစွမ်းအင် အလင်းတန်းတစ်ခုပစ်လွတ်လိုက်သည်။ ထိုဓားချက်သည် ဝံပုလွေထံ ဦးတည်ထိမှန်သွားသည်။ သို့သော် ထိုဝံပုလွေသည် ဘာမျှမဖြစ်ခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ် မာကျောမှုသည် အလွန်ပင်ကြောက်စရာကောင်း၏။ ထို့နောက် ဝံပုလွေသည် ထပ်မံခုန်အုပ်လာပြန်သည်။

ပိုင်ကျန့်ယွီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ထဲက တိမ်လွှာဓားကို တင်းတင်းဆုပ်လိုက်သည်။ ထို့နောက် သွက်လက်ပေါ့ပါးစွာ ပြေးဝင်သွားပြီး ဝံပုလွေ၏ ရင်ဘက် ခုတ်ပိုင်းလိုက်သည်။ ဤအကြိမ်တွင်တော့ ဝံပုလွေ၏ ရင်ဘက်တွင် ပြတ်ရှရာ တစ်ခုပေါ်လာခဲ့သည်။ ဝံပုလွေသည် နာကျင်စွာ ဟိန်းဟောက်လိုက်၏။

“ဒီလိုမှ ခုတ်ပိုင်းလို့ရမှာပေါ့”

ပိုင်ကျန့်ယွီ၏ စူးရှနေသည့် မျက်လုံးအစုံသည် အရောင်လက်လာသည်။ ထိုဝံပုလွေကို တိုက်ခိုက်ရန် နည်းတစ်ခုတွေ့သွားသယောင်ပင်၊ ထိုဓားချက်တွင် ဝိညာဉ်စွမ်းအင်များစွာ ထည့်၍ခုတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဝံပုလွေ၏ ရင်ဘက် ကို ဦးတည်ပြီး ခုတ်ပိုင်း ခဲ့လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဝံပုလွေသည် အသေးစားဒဏ်ရာတစ်ခုရသွားခဲ့ခြင်းဖြစ်လေသည်။ ဝံပုလွေသည် သွေးစို့နေသည့် ဒဏ်ရာကို ဂရုမစိုက်ဘဲ ပိုပြီး ပြင်းထန်သည့် ဒေါသနှင့် ပြေးကုတ်ရန် ပြင်လိုက်ပြန်သည်။

ပိုင်ကျန့်ယွီသည် ဝံပုလွေ၏ ပြေးဝင်လာသည့် လမ်းကြောင်းအတိုင်းအရှိန်ဖြင့်ပြေးလေသည်။ ဝံပုလွေသည် လေပေါ်ရောက်နေသည့်အချိန်တွင် ပိုင်ကျန့်ယွီသည် ဒူးကိုကွေးချကာ ထရွတ်တိုက် အရှိန်ဖြင့် လျှောထွက်သွားလေသည်။ ထို့အချိန်တွင် သူ၏ ဓားကို အပေါ်သို့မြှောက်လိုက်ပြီး ဝံပုလွေ၏ လည်တိုင်မှ စိုက်ပြီး ဝမ်းဗိုက်အထိ ဓားဖြင့် ပွတ်ဆွဲသွားခဲ့သည်။ ထို့နောက် ပိုင်ကျန့်ယွီသည် အရှိန်လွန်ကာ လဲကျသွားရသည်။

ဝံပုလွေသည် နာကျင်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်ပြီး လဲကျသွားခဲ့သည်။ ရင်ဘတ်တစ်လျှောက် ဓားရာ အရှည်ကြီးမှ သွေးများ ဒလဟော စီးထွက်နေသည်။ မသေသေးပေ။ သူ၏ ခန္ဓာကိုယ်ကြီးသည် တဆက်ဆက်တုန်ယင်နေသည်။

ပိုင်ကျန့်ယွီလဲ အလွန်ပင်ပန်းနေသည်။ ထိုဓားချက်တွက် ဝိညာဉ်စွမ်းများ အလွန်ကျွံထည့်သွင်း၍ ထိုးခွဲခဲ့ခြင်းဖြစ်သည်။ သို့သော် တိမ်လွှာဓားကို အားပြု၍ ထလာခဲ့သည်။ ထို့နောက် လဲကျနေသည့်ဝံပုလွေထံ ချဉ်းကပ်ပြီးနောက် လည်တိုင်ကို တိမ်လွှာဓားဖြင့် ထိုးစိုက်လိုက်သည်။

ထို့နောက်တွင်တော့ ဝံပုလွေကြီး၏ မျက်လုံးများ မှေးမှိန်ကာ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့တော့သည်။ ပိုင်ကျန့်ယွီသည် မောပန်းစွာ လှဲ ချလိုက်သည်။ သူ၏ နဖူးမှလဲ ချွေးသီးချွေးပေါက်များသည် သူ၏ အဝတ်စားများတွင် ရွဲနစ်နေသည်။ ဤ တိုက်ပွဲတွင် သူသည် မထိခိုက်ခဲ့ခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအင် အလွန်ကျွံသုံးစွဲ၍ လျင်မြန်စွာရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်

အကျိုးဆက်အနေဖြင့် သူသည် မလုပ်နိုင်တော့ချေ။ အတော်လေး အားနည်းသွားရပြီဖြစ်သည်။ သို့သော် သူသည် မည်သည့် နည်းစနစ်မျှ ထုတ်မသုံးခဲ့ပဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ကျုပ်တို့ တာဝန်ပြီးခဲ့ပြီ..”

ယွဲ့ဝူယောင်သည် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့ ခန္ဓာကိုယ်များ အတွင်းသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်စီ သွင်းပေးလိုက်သည်။ သူတို့ခန္ဓာကိုယ်များ အတော်လေးလှုပ်ရှားလာနိုင်ခဲ့ကြသည်။ လျှိုမင်ယွမ်သည်လဲ ထျယ်ရှန်းကို ယွဲ့ဝူယောင်တို့အနားသို့ တွဲ၍ ခေါ်လာခဲ့သည်။

“အကိုကြီးတို့ အရမ်းကြမ်းတယ်” လျှိုမင်ယွမ်သည် လက်မထောင်ပြကာ ချီးကျုးလိုက်သည်။ သူအနေ့နှင့် ထိုသို့ တိုက်ခိုက်ချက်များ မပြုလုပ်နိုင်ပေ။

“လူတွေကို ဒုက္ခပေးနေတဲ့ ဝံပုလွေသုံးကောင်တော့ သေသွားပြီ.. ငါတို့ တာဝန်ပြီးသွားပြီ.. မင်းတို့ လုံလောက်အောင် အနားယူပြီးရင် ထိုက်ရွှမ်မြို့ကို ပြန်ကြမယ်” ယွဲ့ဝူယောင်သည် ပြောလိုက်၏။

“အစ်မကြီး အစွမ်းထက် အရှိန်ဝါတစ်ခု ဒီဘက်ကို ချဉ်းကပ်လာနေပြီ ခုန ဝံပုလွေတွေထက် အရှိန်ဝါက ကြီးလွန်းတယ်” လျှိုမင်ယွမ်သည် အလန့်တကြား ထပြောလိုက်သည်။ ယွဲ့ဝူယောင်တို့သည် မျက်မှောင် ကြုတ်သွားခဲ့ကြသည်။

“ငါ့နောက်လိုက်တွေကို သတ်တာ ဘယ်ကောင်တွေလဲကွ” ကြောက်မက်ဖွယ်ရာကောင်းသည့် အသံနက်ကြီးနှင့် ဝံပုလွေကြီးတစ်ကောင်သည် သူတို့ အနားယူနေသည့် နေရာသို့ရောက်ရှိလာခဲ့သည်။

“သူတော်စင့်အဆင့်သားရဲကြီးလား...ဘယ်လိုဖြစ်နိုင်မှာလဲ” ထျယ်ရှန်းသည် စိုးထိတ်စွာ ရေရွတ်လိုက်၏။

“တာဝန်မှာ အခြေတည်ဝိညာဉ်အဆင့် ဝံပုလွေသုံးကောင်ပဲရေးထားတာမဟုတ်ဘူးလား” လုရှင်းရန်သည် တီးတိုးရေရွတ်လိုက်သည်။

တာဝန်အသေးစိတ်တွင် အခြေတည်ဝိညာဉ်အဆင့် ဝံပုလွေသုံးကောင်သည် အရိမ်တောင်ကြားအတွင်း ဝင်သည့် အဆင့်နိမ့်ကျင့်ကြံသူများစွာကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိမ်နင်းရန် ဆိုပြီးရေးထားခဲ့ခြင်းဖြစ်သည်။

“ကျုပ်တို့တော့ ဒုက္ခရောက်ပြီ၊ ဝိညာဉ်စွမ်းအင်က အရမ်းနည်းနေပြီ” ပိုင်ကျန့်ယွီသည် အလေးနက်ပြောလိုက်သည်။

“ဒီမှာတင်နေကြ” ယွဲ့ဝူယောင်သည် မျက်မှောင်ကြုတ်ကာ ထိုသွေးဝံပုလွေ၏ ရှေ့သို့ ဦးတည်သွားခဲ့သည်။

“အစ်မကြီး ကျုပ်တို့ကို ထားခဲ့ပြီး မင်ယွမ်ကို ခေါ်ပြီးပြေးတော့” လုရှင်းယန်သည် စိုးရိမ်စွာပြောလိုက်၏။ သူတော်စင်အဆင့်သည် သူတို့ အနိုင်မရနိုင်သေးသည့် ဖြစ်တည်မှု တစ်ခုဖြစ်သည်။

“မင်းတို့ကို မကာကွယ်ပေးနိုင်ရင် မင်းတို့ရဲ့ အစ်မကြီးဖြစ်ဖို့ အရည်ချင်းမရှိဘူး” ယွဲ့ဝူယောင်သည် နောက်သို့ လှည့်မကြည့်တော့ချေ။

“အစ်မကြီး...” ယွဲ့ဝူယောင်၏ လှပသည့် ကျောပြင်ကိုကြည့်ရင်း သူတို့ သုံးဦးသည် မျက်ရည်များဝဲလာခဲ့သည်။

“ကျွန်မပဲ..” ယွဲ့ဝူယောင်သည် ထိုဝံပုလွေကြီးကိုကြည့်ရင်း ပြတ်သားလှသည့်လေသံဖြင့်ဖြေလိုက်၏။ သူမ၏ သေးသွယ်လှသည် ခန္ဓာကိုယ်လေးထက်တွင် ခရမ်းနုရောင် ဝတ်စုံလေးကိုဝတ်ဆင်ထားသည်။ ဤမျှလှပသည့် မိန်းကလေးသည် တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့မှာ အလွန်ပင် ကြည့်ကောင်းလှသည်။ သူမသွားရာမြေပြင်သည် အေးခဲသွားသည်။ သူမရဲ့ မျက်လုံးများသည် တည်ကြည်ရှင်းလင်းနေပြီး ခန္ဓာကိုယ်ပတ်လည်ရှိလေထုသည် အေးစက်နေပြီး ခဲလုမတက်ဖြစ်နေသည်။

“အတော်သတ္တိရှိတဲ့ မိန်းကလေးပဲ...ဒါပေမဲ့ မင်းသေရမယ်” ထိုသွေးဝံပုလွေသည် ဒေါသတကြီးပြောလိုက်သည်။ ထိုသွေးဝံပုလွေကြီးသည် သေဆုံးသွားသည့် ဝံပုလွေ သုံးကောင်စာလောက်ကြီးမား၏။ ထို့ပြင်သူ၏ နီညိုရောင် အမွေးများနှင့် ကြီးမားလှသည် သွားစွယ်ကြီးများသည် ကျောက်တုံးတစ်ခုတောင် ချေမွနိုင်အောင် မာကျောလှသည်။ထို့ပြင် သူ၏ သွေးနီရောင်လက်သည်းများသည် မြေပြင်ကို ဆုတ်ဖြဲနေ၏။

သွေးဝံပုလွေသည် သွေးဆာလောင်နေသည့်အတိုင်း ဟိန်း ဟောက်လိုက်ပြီး ယွဲ့ဝူယောင်ဆီသို့ရုတ်တရက်ရောက်လာခဲ့သည်။ ထို့နောက် သူ၏လက်ကြီးဖြင့် ရိုက်ချလိုက်သည်။ သူ့၏ နီညိုရောင် လက်သည်းများသည် လျှပ်စီးလိုမြန်ဆန်ပြီး လေကိုဖြတ်သန်းကာ ယွဲ့ဝူယောင်၏ လည်ပင်းကို ဖြတ်ပိုင်းဖို့ ရည်ရွယ်လိုက်ခြင်းဖြစ်သည်။

ယွဲ့ဝူယောင်သည် အနည်းငယ်ထိတ်လန့်သွားသော်လည်း ပြာယာ မခက်ခဲ့ပေ။ သူမလက်ထဲတွင် ခရမ်းရောင် ဓားတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။

ထိုဓားသည် သူမ၏ ဝိညာဉ်စွမ်းအင် များဖြင့် ပုံဖော်ထားသည့် ရေခဲဓား တစ်ချောင်းဖြစ်သည်။

“ဝုန်း...”

သွေးဝံပုလွေ၏ ရိုက်ချက်ကြီးကို ထိုဓားဖြင့် ခုခံလိုက်သည်။ ထို့နောက် ထိုနေရာမှ ချက်ချင်း ခုန်ထွက်လိုက်သည်။

“စိတ်ဝင်စားစရာကောင်းတာပဲ အခြေတည်ဝိညာဉ်အဆင့်နဲ့ ငါ့ရဲ့ ရိုက်ချက်ကို ခုခံနိုင်တယ်” သွေးဝံပုလွေသည် အံ့ဩသွားသော်လည်း ထိုသို့ပြောရင်း တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။ သို့သော် သူ၏ရှေ့တွင် ယွဲ့ဝူယောင် ရှိမနေတော့ချေ။

ယွဲ့ဝူယောင်သည် ချက်ချင်းပင် သွေးဝံပုလွေ၏ နောက်တွင် ပေါ်လာခဲ့သည်။ ထို့နောက် သွေးဝံပုလွေ၏ လည်တိုင်ကို သူမ၏ ဓားဖြင့် ထိုးသွင်းလိုက်၏။

သွေးဝံပုလွေသည် ချက်ချင်းပင် သတိကပ်သွားပြီး သူ၏ လက်ဖြင့် တားစီးလိုက်သည်။ ထို့နောက် ကျန်ခက်တစ်ဖက်ဖြင့် ယွဲ့ဝူယောင်ကို ရိုက်ချလိုက်သည်။ သို့သော်လေကိုသာရိုက်မိလိုက်သည်။ ယွဲ့ဝူယောင်သည် ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။

“ဒီတစ်ခါတော့မရတော့ဘူး” သွေးဝံပုလွေသည် ချက်ချင်းပင် သူမနောက် ကပ်လိုက်သွားပြီး ထပ်ရိုက်ချလိုက်သည်။ သူမသည် မရှောင်နိုင်တော့ချေ။ ချင်ချင်းပင် လေထုကို အေးခဲပစ်လိုက်သည်။ သူမရှေ့တွင် ခရမ်းရောင်ရေခဲလွှာများ ပေါ်လာခဲ့သည်။ သို့သော်သူမသည် မည်မျှပင်အစွမ်းထက်ပါစေ အဆင့်တစ်ဆင့်ကွာခြားနေ၏။

“ဝုန်း...”

ထိုရေခဲလွှာများသည် သွေးဝံပုလွေ၏ ရိုက်ချက်ကြောင့် ချက်ချင်းပြိုကွဲသွားသည်။ ထိုရိုက်ချက်အရှိန်ကြောင့် သူမလည်း လွင့်စင်သွားခဲ့သည်။သူမသည် အဆင့်ဖိနိပ်ထားသောကြောင့် နည်းစနစ်များ ထုတ်မသုံးနိုင်ပေ။ ထို့ကြောင့် အခြေနေသည် ဆိုးရွားလာသည်။

“အစ်မကြီး...” လျှိုမင်ယွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ထိုအချိန်တွင် သွေးဝံပုလွေသည် ချက်ချင်းရောက်လာပြီး သူ၏ သွေးနီရောင် လက်သည်းများဖြင့်ကုတ်ခြစ်လိုက်သည်။

All Chapters