← Chapters

#အဆောင်စုတ်တံမိုးကြိုးထိန်းချုပ်မှု၊ အေးစိမ့်ရေခဲအကျဉ်းထောင်#

Vol. 75 Ch. 1059

#အဆောင်စုတ်တံမိုးကြိုးထိန်းချုပ်မှု၊ အေးစိမ့်ရေခဲအကျဉ်းထောင်#

Vol. 75 Ch. 1059

မုဖူရှန်းပြသသည့်ခွန်အားက လူတိုင်းကို ထိတ်လန့်သွားစေသည်။ 

နှင်းခဲဂိုဏ်းတွင် နတ်သခင်နယ်ပယ် တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ဦး ပုန်းကွယ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ 

နှင်းခဲဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကမူ ထူးခြားတာဟူ၍ ဘာမှမရှိသည့် ဒီသာမန်ပုံပေါက်နေသော လူငယ်လေးက သူ့ခွန်အားကို ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ကြပါ။ 

တစ်ခဏကြာ ထိတ်လန့်နေပြီးနောက် နှင်းခဲဂိုဏ်းချုပ် တုံ့ပြန်လာပြီး အပြုံးဖြင့်ပြောသည်။ 

"ဒီလို‌ဆိုရင်တော့ အနည်းဆုံးငါတို့မှာ သူတို့နဲ့ တိုက်ခိုက်ဖို့ အစွမ်းရှိလာပြီပေါ့"

ရှန်းဖူယန် မုဖူရှန်းကို လေးနက်စွာကြည့်သည်။ 

"လူငယ်တွေက ပါရမီရှိပေမယ့် မင်းသေချာစဉ်းစားဖို့လိုတယ်၊ တစ်ခါတစ်လေ မှားယွင်းတဲ့ဘက်မှာ ရပ်မိတာနဲ့ ဒါက မင်းအနာဂတ်ကို သက်ရောက်လိမ့်မယ်"

မုဖူရှန်းလေးနက်စွာခေါင်းညိတ်သည်။ 

"မှန်ပါတယ်"

ထို့နောက် သူအေးစိမ့်ရေခဲခန်းမနှင့် ရေခဲချိုင့်ဝှမ်းသခင်များရှိရာဘက်သို့ လှည့်ကြည့်ကာ လေးနက်စွာမေးသည်။ 

"ဒါဆိုခင်ဗျားတို့ ပြန်စဉ်းစားချင်ကြသေးလား၊ အခုနှင်းခဲဂိုဏ်းဘက်မှာ ရပ်မယ်ဆိုရင် အခွင့်အလမ်းတစ်ခု ရှိလောက်သေးတယ်"

ထိုသို့ပြောပြီးနောက် မုဖူရှန်းချက်ချင်းဆိုသလို အစ်ကိုကြီးနှင့် စီနီယာအစ်ကိုရှောင်ဟိုင်တို့၏ စိတ်သဘောထားကို နားလည်လာရသည်။ 

တစ်ခါတစ်ရံ ဒီလိုဟန်ဆောင်ပန်ဆောင် စကားလုံးများကို ပြောခြင်းက တကယ်ပဲပျော်ရွှင်ပြီး အပူအပန်ကင်းမဲ့မှုကို ခံစားရစေသည်။ 

သို့စေကာမူ ဒီလိုအချိန်တွင်သာဖြစ်သည်။ 

သူဒါကိုဆက်ပြောနေ၍မရပေ။ ဒီလိုမောက်မာသည့် သဘောထားကို သူကျင့်သားရသွားပါက တစ်ခုခုဖြစ်ပျက်လာရန်အတွက် ပို၍ လွယ်ကူသွားပေလိမ့်မည်။ 

သတိထားတာကပိုကောင်းသည်။ 

ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ပင်လျှင် တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။ 

ဒီ‌ကောင်စုတ်လေးဘာလို့ ရုတ်တရက် ပြောင်းလဲသွားရတာလဲ!

အေးစိမ့်ရေခဲခန်းမသခင်နှာခေါင်းရှုံ့သည်။ 

"ကောင်လေး၊ မင်းကမောက်မာနေတာပဲ"

"ဒါပေမယ့် နောက်ထပ်နတ်သခင်နယ်ပယ် တစ်၀က်အဆင့်တစ်ယောက်ရှိနေတာက တိုက်ပွဲဒီရေကို တကယ်ပြောင်းနိုင်မယ်လို့ မင်းထင်နေတာလား"

အေးစိမ့်ရေခဲခန်းမသခင် ဖြည်းညင်းစွာလျှောက်လာပြီး မုဖူရှန်းရှေ့ကို ရောက်လာသည်။ 

"မင်းဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကြည့်ကြရအောင်"

တိုက်ပွဲကြီးတစ်ခုဆင်နွှဲပေတော့မည်။ 

မိုးနှင့်မြေကြားက လေထုက ဒီအခိုက်အတန့်၌ အေးခဲသွားပုံရပြီး မရေမတွက်နိုင်လောက်သောသူများကို အသက်မရှူနိုင်ဖြစ်သွားစေသည်။ 

ဒီအချိန်မှာပင် အေးစိမ့်ရေခဲခန်းမသခင် အရင်ဆုံးတိုက်ခိုက်သည်။ အေးစက်သည့်လေက သူညာလက်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မုဖူရှန်း၏ရင်ဘတ်ကို ရိုက်ချသည်။ 

ဧရာမရေခဲလက်ဖဝါးကြီးက သူ့ရှေ့တွင် သိပ်သည်းလာ၏။ ၎င်းဖြတ်သွားသည့်နေရာတိုင်း၌ အာကာသက အေးခဲသွားသည်။ 

လက်ဖဝါးချက်ကနေ အင်မတန်အေးစက်သည့် အဖြူရောင်အငွေ့စက်လေးများက အဆင်မပြတ်မြင့်တက်လာသည်။ 

ဒါကိုမြင်သော် မုဖူရှန်းလက်ဖဝါးကို အသာလေးမြှောက်သည်။ 

မတူညီကွဲပြားသည့် ရှေးဟောင်းနတ်မိုးကြိုးငါးမျိုးက ရုတ်ချည်းစတင်ပေါက်ကွဲသည်။ 

ကောင်းကင်ထဲတွင် လေထဲကနေ တိမ်မည်းများထွက်လာကြပြီး မိုးကြိုးပစ်သံနှင့်အတူ ဧရမာနဂါးတစ်ကောင် ပြေးလာပြီး ဆက်တိုက်လိမ့်ဆင်းလာသည်။ 

ကြီးမားသည့်မိုးကြိုးစွမ်းအားက ဒီနှင်းဖုံးကမ္ဘာကို အဆုံးမဲ့ငရဲအဖြစ် ပြောင်းလဲပစ်နေသည့်အလား ပြည့်နှက်သွား၏။ 

မုဖူရှန်း၏ အမူအရာကအေးစက်နေပြီး အလွန်အမင်းအေးစက်သည့်လက်ဖဝါး ချဉ်းကပ်လာစဉ် သူ့လက်ကို ရုတ်တရက် နိမ့်ချလိုက်သည်။ 

ရုတ်ချည်းဆိုသလို တိမ်မည်းများထဲက မိုးကြိုးက ကမ္ဘာကြီးထဲသို့ မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ ခရမ်းမိုးကြိုးနဂါးက တိမ်မည်းများထဲကနေ လိမ့်ထွက်လာပြီး အလွန်အမင်းအေးစက်သည့် လက်ဖဝါးချက်ဆီသို့ တည့်တည့်ဦးတည်သွား၏။ 

ဘန်း.......!

မိုးနှင့်မြေကြားတွင် ခရမ်းနှင့် အပြာရောင်က အချင်းချင်းဆန့်ကျင်တိုက်ခိုက်ကြသည်။ 

ကီလိုမီတာငါးဆယ်အဝေးကို ဆုတ်ခဲ့ကြသည့် ထိုကျင့်ကြံသူများပင်လျှင် ကျယ်လောင်သည့်အသံနှင့်အတူ ခုခံ၍မရနိုင်သည့် နောက်ဆက်တွဲလှိုင်းကို ခံစားနေရဆဲပင်။ 

တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး အလွန်အမင်းအေးစက်သည့် လက်ဖဝါးချက်က ချက်ချင်းစတင်ပြိုကွဲသွားသည်။ 

ဆန့်ကျင်ဘက်အနေနှင့် ခရမ်းမိုးကြိုးနဂါးကလည်း ပျောက်ကွယ်သွားခဲ့သည်။ 

အေးစိမ့်ရေခဲခန်းမသခင် ဒီအတွက်ကြောင့် အံ့ဩသင့်ခြင်းမရှိပါ။ ဆန့်ကျင်ဘက်ပင် သူဒါကို မျှော်လင့်ထားပြီးဖြစ်သည်။ 

လက်ဖဝါးချက်ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ အေးစိမ့်ရေခဲခန်းမသခင်ကလည်း ပျောက်ကွယ်သွားသည်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမုဖူရှန်းရှေ့တွင် ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ခေါင်းကို ထပ်မံရိုက်ချလိုက်၏။ 

ရေခဲစိုင်ကြီးတစ်ခုကျဆင်းလာသည့်အလား အေးစက်သည့်လေထုက ပြောင်းလဲသွား၏။ 

မုဖူရှန်းလက်တစ်ဖက်တွင် အဆောင်တစ်ခုကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ငါးရောင်စုံမိုးကြိုးက လင်း၀င်းနေသည်။ 

အဆောင်ကို ချက်ချင်းချေမွလိုက်စဉ် ငါးလွှာမိုးကြိုးဒိုင်းများက မုဖူရှန်းခေါင်းအထက်တွင် ဖွဲ့စည်းခဲ့သည်။ 

ကိုးသွယ်မိုးကြိုးဒိုင်းနတ်အဆောင်!

ဒါကို ရှေးဟောင်းနတ်မိုးကြိုးငါးခုကနေတဆင့် ဖန်တီးခဲ့ခြင်းပင်။ 

အေးစိမ့်ရေခဲခန်းမသခင်၏ လက်ဖဝါးက ငါးလွှာမိုးကြိုးဒိုင်းများပေါ်သို့ ကျလာသောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ 

အစွမ်းထက်အကာအကွယ်ကို ပထမတစ်ကြိမ်တည်းတွင် မချိုးဖျက်နိုင်ခဲ့ပေ။ 

တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ တခြားလက်တစ်ဖက်က လက်ဖဝါးချက်အဖြစ် ပြောင်းလဲကာ အေးစိမ့်ရေခဲခန်းမသခင်၏ ဖွင့်ဟထားသည့် ဒန်တျန်ဆီသို့ ဓားတစ်လက်ပမာ ဖမ်းလာသည်။ 

အေးစိမ့်ရေခဲခန်းမသခင်အနည်းငယ် ထိတ်လန့်သွား၏။ 

နောက်ထပ်လက်ဖဝါးချက်တစ်ချက်က ငါးလွှာမိုးကြိုးဒိုင်းများပေါ်သို့ အပြင်းအထန် ထိမှန်လာသည်။ အားကောင်းလှသည့် တွန်းကန်မှုနှင့် ကိုယ်ပိုင်အမြန်နှုန်းကို အားကိုးရင်း သူမုဖူရှန်း၏ မိုးကြိုးကဲ့သို့ လက်ဓားသွားဆီကနေ သီသီလေး လွတ်မြောက်သွားခဲ့သည်။ 

သူတို့၏ တိုက်ခိုက်မှုများက အသက်ရှုကြိမ်ရေအနည်းငယ်မျှသာ ကြာခဲ့သော်လည်း တိုက်ခိုက်မှုစွမ်းအားက မရေမတွက်နိုင်လောက်သောသူများကို ထိတ်လန့်သွားစေခဲ့သည်။ 

အတွေ့အကြုံကြွယ်၀သည့် မွန်းစတားအိုတစ်ဦးတဖြစ်လဲ အေးစိမ့်ရေခဲခန်းမသခင်က မရေမတွက်နိုင်လောက်သည့် သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို တွေ့ကြုံခံစားခဲ့ရသဖြင့် သူ့တိုက်ပွဲအတွေ့အကြုံက ယှဉ်၍မရ‌နိုင်လောက်အောင် ကြွယ်၀သည်။ 

သို့သော် မုဖူရှန်းကရော!

သူမည်သည့်အကြောက်တရားကိုမှ မပြသခဲ့သလို အေးစိမ့်ရေခဲခန်းမသခင်ကိုပင် အတင်းနောက်ဆုတ်စေပြီး သူ့ကို အလေးအနက် ဆက်ဆံစေသည်။ 

"မင်းကအဆင့်တိုင်းကို အံကိုက်တွက်ချက်ထားတာပဲ...." အေးစိမ့်ရေခဲခန်းမသခင် မုဖူရှန်းကို လေးနက်စွာကြည့်ပြီး ချီးမွမ်းသည်။ 

"မင်းခွန်အားက မင်းရဲ့မောက်မာတဲ့ စကားလုံးတွေနဲ့ ထိုက်တန်ပါတယ်"

လှုပ်ရှားမှုတိုင်းတွင် မျှော်လင့်မထားသည့် နောက်ခံအစီအစဉ်တစ်ခုရှိသည်။ 

ခုခံနေရင်း သူပုံဖော်၍ပင် မရနိုင်သည့် တိုက်ခိုက်မှုများကိုလည်း လုပ်နိုင်သည်။ 

နှင်းခဲဂိုဏ်းချုပ်နှင့် တိုက်ခိုက်နေသည့် ရှန်းဖူယန်မှာ နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။ သူ့တွန့်ဆုတ်နေသည့်အလား သူ့မျက်လုံးများက ချာလပတ်လည်နေသည်။ သူဘာတွေးနေသလဲဆိုတာကို ဘယ်သူမှမသိပါ။ 

မုဖူရှန်းစကားမပြောပေ။ သူတခြားလက်တစ်ဖက်တွင် အဆောင်စုတ်တံတစ်ချောင်း ပေါ်လာခဲ့သည်။ 

မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးအဆောင်!

အဆောင်စုတ်တံပေါ်ပေါက်လာခြင်းနှင့်အတူ ဝိဉာဉ်ဖြူမီးတောက်က သူ့မျက်ခုံးကြား၌ ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။ 

ပတ်၀န်းကျင်က အာရုံအားလုံးက ဒီတဒင်္ဂမှာပင် အဆုံးစွန်ကို ရောက်သွားခဲ့သည်။ 

"အဆောင်သခင်လား....." အေးစိမ့်ရေခဲခန်းမသခင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အလွန်အမင်းအေးစက်သည့်အော်ရာက သူ့လက်ဖဝါးပေါ်၌ စတင်လည်ပတ်နေသည်။ 

မုဖူရှန်းတိုက်ပွဲတစ်ခု၏ အလယ်တွင် အဆောင်များကို တစ်ခါမှ မရေးထွင်းခဲ့ပါ။ ဒါက တခြားသူများကို အခြေအနေရပ်အပေါ် အခွင့်ကောင်းယူရန်အတွက် အခွင့်အရေးတစ်ခု ပေးနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပေလော။ 

သို့စေကာမူ အဆောင်စုတ်တံကို အဆောင်များကို ရေးထွင်းခြင်းအတွက်သာ သုံးနိုင်ခြင်းမဟုတ်။ 

အကောင်းဆုံးက အဆောင်စုတ်တံက ပုလင်းတစ်ပုလင်းဖြစ်သည်။ ဒါက ကမ္ဘာကြီး၏စည်းမျဥ်းများကို စုပ်ယူနိုင်ပြီး အဆောင်စာရွက်ပေါ်၌ ပေါ်လာတတ်သည့် မှင်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။ 

မုဖူရှန်းလက်ထဲက အဆောင်စုတ်တံက အေးစိမ့်ရေခဲခန်းမသခင်ထံသို့ ရိုက်ချလိုက်၏။ 

ကောင်းကင်ထဲတွင် မတူညီသည့် မိုးကြိုးစင်းများနှင့် လင်း၀င်းနေသည့် မိုးကြိုးနဂါးငါးကောင်က အေးစိမ့်ရေခဲခန်းမသခင်ထံ ပြေး၀င်တိုက်ခိုက်သည်။ 

ဒီမတူညီသည့်မိုးကြိုးနဂါးငါးကောင်က လေထဲတွင် အဆက်မပြတ်ပူးကပ်သွားကြပြီး ဒီတဒင်္ဂလေးမှာပင် မိုးကြိုးစွမ်းအားငါးမျိုးက တစ်ခုတည်းအဖြစ် အမှန်တကယ် ပေါင်းစပ်သွားခဲ့သည်။ 

ဂျုန်း......!

မိုးကြိုးအဖျက်စွမ်းအားက ပတ်ပတ်လည်က လေဟာနယ်ကို ကြေမွသွားစေသည်။ 

အောက်ကိုရိုက်ခတ်နေသည့် မိုးကြိုးစင်းများက အနီးအနားက ရေခဲတောင်များကို အက်ကွဲစေပြီး ရေခဲပြင်ကြီးက ‌ဖန်ခွက်တစ်ခွက်ကွဲသွားသည့်ပမာ ပြိုကွဲနေသည်။ 

ဒီဖျက်ဆီးခြင်းတိုက်ခိုက်မှုကို ခံစားမိသောအခါ အေးစိမ့်ရေခဲခန်းမသခင်၏ အမူအရာက လေးနက်သွားပြီး သူ့မျက်သူငယ်အိမ်များက တုန်ယင်သွား၏။ 

ရှေးဟောင်းနတ်မိုးကြိုးစွမ်းအားက အရမ်းကြောက်စရာကောင်းလွန်းသည်။ 

"ငါထပ်ပြီး ချုပ်တည်းထားလို့မရတော့ဘူး"

အေးစိမ့်ရေခဲခန်းမသခင်၏ သိပ်သည်းထားသည့် အေးစိမ့်ရေခဲချီက ဒီအချိန်လေးမှာတင် ရုတ်တရက် ပွင့်လန်းလာပြီး ဧရာမရေခဲတိုင်များက မိုးကြိုးနဂါးအနီးတွင် ပေါ်လာကာ ပိတ်ဆို့ရင်းဖိနှိပ်ရန် ကြိုးစားသည်။ 

"အေးစိမ့်ရေခဲအကျဉ်းထောင်....."

အေးစိမ့်ရေခဲခန်းမသခင်က ဖိနှိပ်ခြင်းနည်းစနစ်များကို အထူးပြုကျင့်ကြံသည်။ 

ရှန်းဖူယန်နှင့် ကျန်သောသူများပင်လျှင် ဒါကို အလွယ်တကူမချိုးဖျက်နိုင်ပေ။ 

သူတို့က အေးစိမ့်ရေခဲခန်းမသခင်ကို ဒီနည်းစနစ်ကို သိပ်သည်းအောင် လုပ်ခြင်းကနေ တားဆီးရုံသာ တတ်နိုင်ပါသည်။ 

သို့စေကာမူ ယခုသိပ်သည်းမှုက ပြီးစီးသွားပြီဖြစ်လေရာ မုဖူရှန်း ဒီအေးစိမ့်ရေခဲအကျဉ်းထောင်ကို ဘယ်လိုချိုးဖျက်မည်နည်း။ 

ရှန်းဖူယန် နှာခေါင်းရှုံ့သည်။ 

"ပြီးသွားပြီ"

အပိုင်း(1060) coming။ 

All Chapters