← Chapters

#ဖုံးကွယ်ထားသည့် ဝှက်ဖဲ၊ ရေခဲနတ်ဘုရားဗိမာန်၏ စွမ်းအား#

Vol. 75 Ch. 1060

#ဖုံးကွယ်ထားသည့် ဝှက်ဖဲ၊ ရေခဲနတ်ဘုရားဗိမာန်၏ စွမ်းအား#

Vol. 75 Ch. 1060

အေးစိမ့်ရေခဲခန်းမက ချိပ်ပိတ်နည်းစနစ်များကို မျိုးဆက်များစွာ သုတေသန ပြုလုပ်ခဲ့ကြသည်။ 

ဒီမျိုးဆက်တွင် အေးစိမ့်ရေခဲခန်းမသခင်က ချိပ်ပိတ်နည်းစနစ်ကို အဆင့်သစ်တစ်ခုသို့ ယူဆောင်လာနိုင်ခဲ့သည်။ 

ရှန်းဖူယန်နှင့် ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့ပင်လျှင် အေးစိမ့်ရေခဲခန်းမသခင်ကို ဖိနှိပ်ခြင်းနည်းစနစ်ကို ပြီးမြောက်စေခွင့် မပေးရဲကြပါ။ 

ဒါကိုမြင်သော် နှင်းခဲဂိုဏ်းချုပ်၏ အမူအရာက အတော်လေးကြည့်ရဆိုးသွားသည်။ 

"တာအိုမိတ်ဆွေလေး၊ ငါမင်းကိုကူညီပေးပါရစေ"

မုဖူရှန်း နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်နေပြီဖြစ်လေရာ သူက နှင်းခဲဂိုဏ်းချုပ်နှင့် အဆင့်တူဖြစ်နေလေပြီ။ တာအိုမိတ်ဆွေလေးဟုခေါိတာက ဘာမှမမှားပေ။ 

ရှန်းဖူယန် နှာခေါင်းရှုံ့သည်။ 

"ငါမင်းကို အလွယ်တကူသွားခွင့်ပေးမယ်လို့ ထင်နေတာလား"

ထို့နောက် သူရေခဲဓားနှင့် ခုတ်ဖြတ်ကာ နှင်းခဲဂိုဏ်းချုပ်ကို မသွားနိုင်အောင် တားဆီးထားသည်။ 

နှင်းခဲဂိုဏ်းချုပ်မှာ အချိန်မဖြုန်းတီးနိုင်တော့ဘဲ ဒါကို အစွမ်းကုန်ကိုင်တွယ်ရုံသာ တတ်နိုင်တော့သည်။ 

အောက်က ကျန်းချင်းလန်လည်း အနည်းငယ်ပူပန်နေသည်။ ဒါက တကယ်ပဲ ဒီလိုအဆုံးသတ်ရတော့မှာလား!

မုဇီရှင်း နှင်းခဲအစီအရင်ကို ထိန်းချုပ်ထားသည်။ သူမဒါကိုအာရုံခံမိသောအခါ အနည်းငယ်မျက်မှောင်ကြုတ်ရင်း အတင်းကူညီချင်နေသည်။ 

ယဲ့ချိုးပိုင် ဒါကိုမှန်းဆမိပုံရပြီး ချက်ချင်းဆိုသလို အသံပို့လွှတ်လိုက်၏။ 

"ဂျူနီယာညီလေးမုကို ကူညီစရာမလိုဘူး၊ သူ့ခွန်အားက တစ်ဘက်လူကို ကိုင်တွယ်ဖို့အတွက် လုံလောက်ပါတယ်"

မုဇီရှင်းအနည်းငယ် ကြက်သေသေသွားသော်လည်း ချက်ချင်းခေါင်းညိတ်ကာ ရေခဲမြစ်ချိုင့်ဝှမ်းသခင်၏ တိုက်ခိုက်မှုကို ကိုင်တွယ်ရာ၌ အာရုံစိုက်လိုက်သည်။ 

အေးစိမ့်ရေခဲခန်းမသခင်ကြည့်နေစဉ်မှာပင် အေးစိမ့်ရေခဲအကျဉ်းထောင်ထဲတွင် ငါးရောင်စုံနဂါးငါးကောင်က အဆက်မပြတ် တိုက်မိနေကြ၏။ သူနှာခေါင်းရှုံ့သည်။ 

"ဒါက မင်းရဲ့အားအကောင်းဆုံးတိုက်ကွက်လား"

အေးစိမ့်ရေခဲအကျဉ်းထောင်က မိုးကြိုးနဂါးများကို အကျဉ်းချထားသည်သာမက မုဖူရှန်းကိုပါ ပိတ်လှောင်ထားသည်။ 

မုဖူရှန်းထိတ်လန့်မသွားပါ။ 

အလွန်အမင်းအားကောင်းသည့် အခြေခံရှိသော ဂိုဏ်းတစ်ဂိုဏ်းတွင် ဒီလိုနည်းလမ်းများမရှိပါက သူတို့က ရယ်စရာကောင်းသည့်အရာတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ 

သို့စေကာမူ ရှေးဟောင်းနတ်မိုးကြိုးငါးခုနှင့် ပေါင်းစပ်ထားသည့် သတ်ဖြတ်ခြင်းနည်းစနစ်က ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ဖိနှိပ်ခံရမည်နည်း။ 

မုဖူရှန်း လက်ကိုအနည်းငယ် မြှောက်လိုက်၏။ 

မိုးကြိုးနတ်ဘုရား အမိန့်ပေးလိုက်သည့်အလား တိမ်မည်းများထဲက မိုးကြိုးများက အဆက်မပြတ် စတင်လှိုင်းထလာသည်။ 

အေးစိမ့်ရေခဲအကျဉ်းထောင်ထဲက ငါးရောင်စုံမိုးကြိုးနဂါးများ၏ မျက်လုံးများ၌ မိုးကြိုးစီးကြောင်းများ စုစည်းနေကြသည်။ 

ဒါကိုမြင်သော် အေးစိမ့်ရေခဲခန်းမသခင် လှောင်ပြောင်နေတာကိုရပ်ပြီး မျက်မှောင်ကြုတ်လိုက်၏။ 

တစ်ဘက်လူမှာ အင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ချို့ ရှိနေသေးတာများလား!

မုဖူရှန်းရယ်မောသည်။ သူ့မျက်ခုံးကြားက ဝိဉာဉ်ဖြူမီးတောက် လင်း၀င်းသွားစဉ် ဝိဉာဉ်ဖြူမီးတောက်က ငါးရောင်စုံမိုးကြိုးတဂါးနှင့်အတူ စတင်လောင်ကျွမ်းပြီး သူ့အော်ရာကလည်း ချက်ချင်းထိုးတက်သွားခဲ့သည်။ 

မုဖူရှန်း လက်ဝှေ့ယမ်းသောအခါ ငါးရောင်စုံမိုးကြိုးနဂါးက မိုးကြိုးစွမ်းအားနှင့် ဝိဉာဉ်မီးတောက်စွမ်းအားကို သိပ်သည်းစေပြီး ကျယ်လောင်သည့် နဂါးဟိန်းသံကို ထုတ်လွှတ်သည်။ 

မိုးကြိုးပစ်သံထွက်လာစဉ် ရေခဲစိုင်များအား အရူးအမူးပစ်ခတ်သည်။ 

တစ်ခဏအကြာတွင် ပြတ်သားစွာ အက်ကွဲနေသည့်အသံကိုပင် ကြားနေရလေပြီ။ 

အေးစိမ့်ရေခဲခန်းမသခင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ 

ရေခဲစိုင်များထဲက တစ်ခုပေါ်၌ အက်ကြောင်းများရှိနေသည်။ 

အက်ကြောင်းလေးတစ်ခုပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်လောက်သည့် မိုးကြိုးစင်းများက အက်ကြောင်းကနေတဆင့် ရေခဲတိုင်ထဲသို့ ၀င်ရောက်သွားကြ၏။ 

ဂျုန်း......!

ရေခဲစိုင်က ပြိုကွဲသွားပြီးနောက် ချက်ချင်းဆိုသလို တခြားရေခဲစိုင်များကလည်း စတင်ပြိုကွဲလာကြသည်။ 

ငါးရောင်စုံမိုးကြိုးနဂါးက ဝိုင်းရံမှုကနေ လွတ်မြောက်လာပြီး အေးစိမ့်ရေခဲခန်းမသခင်ထံ ဆက်လက်တိုး၀င်သွားသည်။ 

အေးစိမ့်ရေခဲခန်းမသခင် ချက်ချင်း ထိတ်လန့်သွား၏။ 

အေးစိမ့်ရေခဲအကျဉ်းထောင်က အလွယ်တကူ ချိုးဖျက်ခံလိုက်ရတာလား!

သို့စေကာမူ တွေးတောနေရန်အတွက် အချိန်မရှိပါ။ ငါးရောင်စုံမိုးကြိုးနဂါး၏ တိုက်ခိုက်မှုက ဆင်းသက်လာလေပြီ။ အေးစိမ့်ရေခဲခန်းမသခင် ဒေါသတကြီး အော်ဟစ်ပြီး လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ အေးစိမ့်ရေခဲတံခါးများက ကောင်းကင်ကနေ ဆင်းသက်လာကာ သူ့ရှေ့တွင် ကျလာပြီး ကမ္ဘာကြီးထဲတွင် သတ်ဖြတ်ခြင်းတိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားသည်။ 

သို့စေကာမူ ငါးရောင်စုံမိုးကြိုးနဂါးက အေးစိမ့်ရေခဲတံခါးများကို ခုခံ၍မရနိုင်သည့်အားနှင့် ရိုက်ခတ်သည်။ အဆုံးတွင် ၎င်းက အေးစိမ့်ရေခဲခန်းမသခင်၏ခန္ဓာကို ၎င်း၏ ဧရာမနဂါးခန္ဓာနှင့် တိုက်ပစ်သည်။ 

သူ့ခန္ဓာက အလွန်အမင်းမြန်ဆန်စွာ လွင့်စင်သွားပြီး လေထဲတွင် ပေါက်ကွဲသံများကိုပင် ဖန်တီးနေသည်။ 

အဆုံးတွင် ဧရာမရေခဲတောင်တစ်လုံးထဲသို့ ၀င်သွားခဲ့သည်။ 

ရေခဲစိုင်က ပြိုကွဲသွားခဲ့သည်။ 

ကာကွယ်ရေးအလွှာများစွာကို တွေ့ကြုံခံစားရပြီးနောက်တွင် ငါးရောင်စုံမိုးကြိုးနဂါး၏စွမ်းအားက ကျဆင်းလာသည်။ 

လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် မုဖူရှန်းတစ်ဘက်လူကို အခွင့်အရေးတစ်ခုခုပေးရန်အတွက် ရည်ရွယ်ချက်မရှိပေ။ 

သူ့လက်ထဲက အဆောင်စုတ်တံက လေပေါ်၌ ထပ်မံရေးဆွဲသည်။ 

ပြိုကွဲသွားသည့်ရေခဲစိုင်အထက်တွင် တိမ်မည်းများက စတင်လိမ့်တက်လာပြီး ကမ္ဘာဖျက်နတ်မိုးကြိုးစင်းများက အောက်ကို ဆက်တိုက်ရိုက်ခတ်ကာ ရေခဲစိုင်အား ထိမှန်နေသည်။ 

ဧရာမရေခဲတောင်က အပျက်အစီးများအဖြစ် ပြိုလဲကာ ပြားချပ်သွားသည်အထိ ဒါက မရပ်တန့်ခဲ့ပေ။ 

ဘေးက ရှန်းဖူယန်၊ နှင်းခဲဂိုဏ်းချုပ်နှင့် ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့ကလည်း ဒီမြင်ကွင်းကြောင့် ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး သူတို့၏ တိုက်ခိုက်မှုများကို ရပ်လိုက်ကြသည်။ သူတို့၏အကြည့်များက တွေဝေနေပြီး အမူအရာများက အကြောက်တရားများနှင့် ပြည့်နှက်နေသည်။ 

အေးစိမ့်ရေခဲခန်းမသခင်က ဒီလိုမျိုး ရှုံးသွားတာလား!

ကျန်းချင်းလန် ခါးသီးသည့်အပြုံးတစ်ပွင့်ကို ဖော်ထုတ်သည်။ 

သူမ၏အရဿာက တကယ်ဆိုးသည်။ 

မဟုတ်ပါက နယ်ပယ်တူက လူတစ်ယောက်ကိုပင် အလွယ်တကူအနိုင်ယူနိုင်သည့် နတ်သခင်တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သူမဘယ်လိုလုပ် သတိမထားမိဘဲ နေမည်နည်း။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ကမူ အနည်းငယ် ထူးဆန်းနေကြသည်။ 

ယုတ္တိတန်စွာဆိုရပါက တစ်ဘက်လူက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပါ။ 

မုဖူရှန်းက အဆင့်တူများထက် သာလွန်သည့် အဆင့်တစ်ခုတွင်ရှိနေသော်လည်း ဘေးကင်းစေရန်အတွက် နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကို မြှင့်တင်ရန် ဖန်တီးခြင်းနတ်အဆောင်ကို သုံးနိုင်ပါသေးသည်။ 

သိူ့စေကာမူ ဒီတစ်ကြိမ် သူဘာကြောင့် ဖန်တီးခြင်းနတ်အဆောင်ကို တိုက်ရိုက်မသုံးခဲ့ရလေသနည်း။ သူ့စွမ်းအားကို စမ်းသပ်ဖို့အတွက်လား။ 

ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ ဒီအတွေးကို တိုက်ရိုက်ပင် ပယ်ချလိုက်ကြသည်။ 

မုဖူရှန်းက စစ်မြေပြင်၌ သူ့စွမ်းအားကို ဘယ်တော့မှစမ်းသပ်မည်မဟုတ်။ 

သူဂရုစိုက်တာက တစ်ဘက်လူကို ရာနှုန်းပြည့်အနိုင်ယူနိုင်မလားဆိုသည့် အချက်ကိုပင်။ 

ဒီလိုဆိုပါက အရာများက မရိုးရှင်းနိုင်ပေ။ 

မုဖူရှန်းပြားချပ်နေသည့် ရေခဲတောင်ကို ထူးမခြားနားစွာ ကြည့်လိုက်သည်။ အလွန်အမင်းအားနည်းကာ စိတ်ဓာတ်ကျနေသည့် ပုံရိပ်တစ်ခု ကျောက်တုံးပုံထဲကနေ ဖြည်းဖြည်းချင်းထွက်လာသည်။ 

ဧရာမပုံရိပ်ယောင်တစ်ခုက သူ့ကို လွှမ်းခြုံထားသည်။ 

ဒါကသူ့၏နောက်ဆုံးဝှက်ဖဲဖြစ်ပြီး အေးစိမ့်ရေခဲခန်းမဘိုးဘေးဝိဉာဉ်၏ အကာအကွယ်ဖြစ်သည်။ 

သို့စေကာမူ မုဖူရှန်း၏တိုက်ခိုက်မှုကို တားဆီးကာကွယ်ပြီးနောက်တွင် ဒါက လုံးလုံးအသုံးမ၀င်တော့ပါ။ 

လူတိုင်းဒီမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ 

ဒီလိုအားနည်းတဲ့အော်ရာ!

အေးစိမ့်ရေခဲခန်းမသခင်က တိုက်ခိုက်နိုင်သည့်စွမ်းရည်ကို လုံး၀ဆုံးရှုံးသွားခဲ့ရသည်။ 

ဒီတိုက်ပွဲတွင် အေးစိမ့်ရေခဲခန်းမက ဖယ်ရှားခံလိုက်ရပြီဟု ဆို၍ရသည်။ 

ရှန်းဖူယန်၏ အမူအကာက ကြည့်ရဆိုးနေသည်။ 

ရေခဲမြစ်ချိုင့်ဝှမ်းသခင်ကလည်း မျက်မှောင်ကြုတ်သည်။ 

လက်ရှိအခြေအနေက လုံး၀ပြောင်းပြန်ဖြစ်သွားပြီဖြစ်ကာ နှစ်ယောက်နှစ်ယောက်ချင်း ဖြစ်လာသည်။ 

သို့စေကာမူ မုဖူရှန်း၏ခွန်အားက ကြောက်စရာကောင်းသည်။ ရေခဲမြစ်ချိုင့်ဝှမ်းသခင်တွင်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်အတွက် ယုံကြည်မှုမရှိပါ။ 

ထိတ်လန့်မှုအပြီးတွင် နှင်းခဲဂိုဏ်းချုပ် အတော်လေးပျော်သွားသည်။ 

ရှန်းဖူယန်၏ အမူအရာက မည်းမှောင်နေသည်။ 

"မင်းဘယ်သူလဲ၊ ဘာလို့မြောက်၀င်ရိုးစွန်းကြယ်ဒေသရဲ့ ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်နေရတာလဲ"

မြောက်၀င်ရိုးစွန်းကြယ်ဒေသတွင် သေချာပေါက်ဒီလိုလူမျိုးမရှိပါ။ ဒီအချက်ကို ရှန်းဖူယန်သေချာသည်။ 

မုဖူရှန်းပြုံးသည်။ 

"ခင်ဗျားဒါကို စိုးရိမ်နေစရာမလိုပါဘူး၊ မြန်မြန် ကျန်တဲ့လူတွေကိုပါ ခေါ်လိုက်"

ကျန်တဲ့လူတွေလား!

နှင်းခဲဂိုဏ်းချုပ်ဖြစ်စေ၊ ရေခဲမြစ်ချိုင့်ဝှမ်းသခင် သို့မဟုတ် အလွန်အမင်းအားနည်းနေသည့် အေးစိမ့်ရေခဲခန်းမသခင်ဖြစ်စေ သူတို့အားလုံး ကြက်သေသေသွားကြသည်။ 

ရှန်းဖူယန်၏ အမူအရာက ပြောင်းလဲသွားသည်။ 

မုဖူရှန်းရယ်မောသည်။ 

"ရှေးခေတ်ကတည်းက ရှင်ကျန်လာခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ နတ်သခင်တွေမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ နတ်သခင်တစ်၀က်အဆင့်တစ်ယောက်တော့ ရှိသင့်ပါတယ်"

"ဒါ့အပြင် ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ ဒီမှာအားသာချက်နည်းနည်းပဲ ရှိမယ်ဆိုရင် နောက်ထပ်ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းနဲ့ ဖျက်ဆီးခြင်းတိုက်ပွဲတစ်ခု စတင်မှာမဟုတ်ဘူး၊ ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းမြင့်မားတယ်လေ၊ ဒီတော့ ခင်ဗျားတစ်ခုခုကို ဖုံးကွယ်ထားရမယ်'

မုဖူရှန်း၏ရှင်းလင်းချက်ကို ကြားရသောအခါ လူတိုင်း ရှန်းဖူယန်ကို ကြည့်လိုက်ကြသည်။ 

ဘာကြောင့် မုဖူရှန်း ဒီဝှက်ဖဲကို ဖုံးကွယ်ထားတာလဲဆိုတာကို နောက်ဆုံးတော့ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့နားလည်သွားကြလေပြီ။ 

ဆရာ့ရဲ့သွန်သင်ချက်တွေကို အမွေရထားတဲ့သူတစ်ယောက်ဆိုတဲ့အတိုင်းပါပဲ!

ရှန်းဖူယန် အေးစက်သည့်အပြုံးတစ်ပွင့်ကို ပြသသည်။ 

"မင်းကအရမ်းတော်ပါတယ်၊ ဒါပေမယ့် မင်းသိမှတော့ ဘယ်လိုလုပ် ငါ့ရေခဲနတ်ဘုရားဗိမာန်ရဲ့ ကိစ္စရပ်တွေမှာ ၀င်စွက်ဖက်ရဲတာလဲ'

ထို့နောက် သူလက်အနည်းငယ် ဝှေ့ယမ်းသောအခါ သူ့နောက်တွင် အဖိုးအိုသုံးဦး တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။ 

ဒီအဖိုးအိုသုံးဦးစလုံးက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်များဖြစ်ကြသည်။ 

"မင်းအားကောင်းတယ်ဆိုရင်တောင် ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်မလဲ"

အပိုင်း(1061) coming။ 

All Chapters