#သုံးပေနတ်ဘုရား၊ သွေးအေးကာ နှလုံးသားမဲ့ခြင်း#
Vol. 75 Ch. 1062
၀တ်စုံဖြူအဖိုးအိုက ရေခဲနတ်ဘုရားဗိမာန်၏ ဘိုးဘေးဖြစ်သည်။ သူအသက်ရှင်စဉ်က နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ခဲ့သည်။
သို့စေကာမူ အကြွင်းအကျန်ဝိဉာဉ်အမျှင်စလေးတစ်ခုသာ ကျန်သောအထါ သူ့ခွန်အားက အကြီးအမားလျော့ကျသွားခဲ့သည်။ ဒါ့အပြင် တိုက်ခိုက်မှုနှင့် ကာကွယ်မှုတိုင်းက အကြွင်းအကျန်ဝိဉာဉ် စွမ်းအားပမာဏ အများအပြားလိုအပ်သည်။
သို့သော် သူကမုဖူရှန်း၏ ပြိုင်ဘက်မဟုတ်တာကို သူသိပါသည်။
နောက်ထပ်တိုက်ခိုက်မှုက သူ့ဝိဉာဉ်ကို ဖျက်ဆီးပြီး ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်ရောက်ခြင်းကနေ တားဆီးလိမ့်မယ်ဆိုတာ သူသိပါသည်။
သို့သော် ရေခဲနတ်ဘုရားဗိမာန်၏ ဘိုးဘေးတဖြစ်လဲ ၀တ်စုံဖြူအဖိုးအိုက ရေခဲနတ်ဘုရားဗိမာန်ကို တည်ထောင်ခဲ့ပြီး သူ့ဘ၀ကို ဂိုဏ်းပေါ်၌ နစ်မြှုပ်ထားခဲ့သည်။ ထို့ကြောင့် သူတည်ဆောက်ခဲ့သည့်ဂိုဏ်းက ဖျက်ဆီးခံရတော့မှာကို သူဘာတစ်ခုမှမလုပ်ဘဲ ကြည့်မနေနိုင်ပါ။
ရေခဲနတ်ဘုရားဗိမာန်၏ ဘိုးဘေးတဖြစ်လဲ သူအားကိုးရာမဲ့နေမိသည်။
ယခင်ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့်အပေါ် မုဖူရှန်း လေးစားမှုကို ဖော်ပြသည်။
လေးစားမှုကို ပြသရန်အတွက် နည်းလမ်းက သူ့လက်ရှိခွန်အားနှင့် အနိုင်ယူရန်အတွက် အစွမ်းကုန်အသုံးပြုခြင်းပင်။
မုဖူရှန်း ခေါင်းအထက်တွင် လက်မြှောက်လိုက်သည်။
ရုတ်ချည်းဆိုသလို တိမ်မည်းများကြား၌ ငါးရောင်စုံမိုးကြိုးနဂါးက ထပ်မံသိပ်သည်းသွားခဲ့သည်။ ဝိဉာဉ်ဖြူမီးတောက်က နဂါးလူနှင့် လူသားတို့၏ မျက်ခုံးကြား၌ တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။
မုဖူရှန်းဒီနေရာ၌ ရပ်မသွားပေ။
ရှန်းဖူယန်နှင့် ကျန်သောသူများ၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မုဖူရှန်းအဆောင်များကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ ကောင်းကင်ပေါ် ပစ်လိုက်၏။ အဆောင်မုန်တိုင်းတစ်စင်းပမာ ၎င်းတို့က ငါးရောင်စုံမိုးကြိုးနဂါးကို လွှမ်းခြုံပစ်သည်။
မုန်တိုင်းပျောက်ကွယ်သွားသောအခါ အဆောင်များက ငါးရောင်စုံမိုးကြိုးနဂါးထံတွင် တင်းကျပ်စွာကပ်ငြိနေပြီး အကြေးခွံများအဖြစ် ပြောင်းလဲသွားကြ၏။
မူလက မိုးကြိုးကနေ သိပ်သည်းထားသည့် မိုးကြိုးနဂါးတွင် ယခု နဂါးအကြေးခွံများရှိလာသည်။ ၎င်းက အစစ်အမှန်နဂါးတစ်ကောင် ဒီနေရာသို့ ဆင်းသက်လာသည့်အလား ပို၍အသက်၀င်လာပုံရသည်။
"နတ်ဘုရားတွေက နေရာတိုင်းမှာရှိတယ်...."
မုဖူရှန်း ၀တ်စုံဖြူဘိုးဘေးကို ကြည့်ပြီး နက်ရှိုင်းသော အသံဖြင့်ပြောသည်။
"ဒီအဆောင်ကို သုံးပေနတ်ဘုရားအဆောင်လို့ခေါ်တယ်"
ဒါက တာအိုအဆောင်များထဲမှ သတ်ဖြတ်ခြင်းအဆောင်တစ်ခုဖြစ်သည်။
ဒါကို ရှေးဟောင်းနတ်မိုးကြိုးငါးခုကို ကျွမ်းကျင်တတ်မြောက်ပြီးသောအခါမှသာ ပုံပေါ်အောင် ရေးထွင်းနိုင်ပါသည်။
ဒီဖျက်ဆီးခြင်းအော်ရာကို အာရုံခံမိသောအခါ ၀တ်စုံဖြူဘိုးဘေး ခေါင်းမော့ကာ သက်ပြင်းချသည်။
"အမွေအနှစ်တွေပျက်စီးသွားခဲ့တဲ့ အဲဒီတိုက်ပွဲပြီးတဲ့နောက်မှာ ငါရှေးဟောင်းနတ်မိုးကြိုးငါးခုကို ထပ်ပြီးမြင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ ဒါ့အပြင် ဒါတွေက လူတစ်ယောက်တည်းဆီမှာ တစ်ချိန်တည်းမှာ ပေါ်လာခဲ့တယ်"
"ကြည့်ရတာ သေမျိုးကမ္ဘာရဲ့ ကံကြမ္မာက ထပ်ပြီး တိုးတက်လာခဲ့ပုံပဲ"
ထို့နောက် ၀တ်စုံဖြူဘိုးဘေး လက်မြှောက်လိုက်စဉ် ရေခဲအော်ရာများက သူ့လက်ဖဝါးပေါ်၌ တိတ်တဆိတ် သိပ်သည်းနေသည်။
၀တ်စုံဖြူဘိုးဘေး၏ အကြွင်းအကျန်ဝိဉာဉ်စွမ်းအားဖြည့်သွင်းမှုအောက်တွင် ငြိမ်းချမ်းနေပုံရသည့် ရေခဲအော်ရာက ရေခဲကြေးမုံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို တစ်ချပ်ပြီးတစ်ချပ် ဖုံးအုပ်ပစ်လိုက်ကြ၏။
ဒါက ၀တ်စုံဖြူဘိုးဘေး ယခုအချိန်တွင် လုပ်နိုင်သည့် တစ်ခုတည်းသော အရာပေတည်း။
ယခုလိုတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရသောအခါ ထိပ်တိုက်ရင်ဆိုင်ရန် အခွင့်အလမ်းမရှိသလို သူ့ကိုယ်သူကာကွယ်လျှင်ပင် ဒါကအသုံး၀င်မည်မဟုတ်။
မုဖူရှန်း၏ တိုက်ခိုက်မှုက အရမ်းကြမ်းကြုတ်ရက်စက်ပေသည်။
အဆောက်အကြေးခွံများနှင့် ဖုံးထားသည့် မိုးကြိုးနဂါးက ပါးစပ်ကိုဟပြီး ဟိန်းကာ မိုးကြိုးအငွေ့အသက်များကို ထုတ်လွှတ်သည်။
ရှေ့က ရေခဲနှင့်နှင်းက ချက်ချင်းအရည်ပျော်သွားပြီး လေဟာနယ်က ရုတ်ချည်းဆိုသလို ပေါက်ကွဲသွားသည်။
၎င်းက နဂါးအတွက် တွင်းနက်လမ်းကြောင်းတစ်ခုဖွင့်ပေးနေပုံရသည်။
အကြေးခွံမိုးကြိုးနဂါး ဒီတွင်းနက်ကနေ ဆင်းသက်လာပြီး ကြောက်စရာကောင်းသည့် အဖျက်အော်ရာတစ်ခုနှင့်အတူ တိုက်ခိုက်လိုက်စဉ် ရေခဲကြေးမုံကို တိုက်ရိုက်ထိမှန်သည်။
ဖြစ်စဉ်က လူတိုင်းစိတ်ကူးထားသည့်အတိုင်း ညီမျှခြင်းပင်မရှိဘဲ ကျန်ရှိနေတာက ရပ်တန့်၍မနိုင်သည့် အားတစ်ခုပင်။
၎င်းက ရေခဲကြေးမုံအား တိုက်မိသောအခါ ဗဟိုချက်က ချက်ချင်းပြိုကွဲသွားသည်။
အက်သံများကို ကြားနေရသဖြင့် ဒါက ရေခဲကြေးမုံများက ကွဲအက်နေတာကို ညွှန်ပြနေသည်။
ရှန်းဖူယန်နှင့် ကျန်သောသူများ၏ စိတ်ပျက်နေသည့်အကြည့်များအောက်တွင် ရေခဲကြေးမုံများက အကြေးခွံမိုးကြိုးနဂါးကြောင့် ပြိုကွဲသွားပြီး ၀တ်စုံဖြူဘိုးဘေးကို မိုးကြိုးနဂါးက ဝါးမျိုပစ်လိုက်သည်။
မိုးကြိုးနဂါးအထဲတွင် ရှိနေသည့် ၀တ်စုံဖြူဘိုးဘေး၏ အကြွင်းအကျန်ဝိဉာဉ်က မိုးကြိုးစွမ်းအား၏ အရူးအမူးကျူးကျော်မှုအောက်တွင် ပုံရိပ်ယောင်အဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။ သို့စေကာမူ သူ့မျက်နှာပေါ်၌ မည်သည့်၀မ်းနည်းမှု၊ ဆန္ဒမရှိမှုဟူ၍ မရှိဘဲ ယင်းအစား သူ မုဖူရှန်းကို လေးနက်စွာကြည့်နေသည်။
"နတ်ဘုရားသားတော်ရောက်လာခြင်းက သေမျိုးနယ်မြေရဲ့ကပ်ဘေး ထပ်လာတော့မယ်လို့ ညွှန်ပြနေတာပဲ၊ အဲဒီအချိန်ကျရင် သေမျိုးနယ်မြေက နောက်ထပ်အပြောင်းအလဲတစ်ခုကို ကြိုဆိုနေလိမ့်မယ်၊ မင်းအဲဒီအပြင်လူတွေကို ခုခံပြီး သေမျိုးနယ်မြေကို ကယ်တင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်...."
ထိုစိတ်ရှုပ်ထွေးဖွယ်စရာ စကားလုံးများကို ပြောပြီးနောက် ၀တ်စုံဖြူဘိုးဘေး၏ အကြွင်းအကျန်ဝိဉာဉ်အမျှင်စက လုံး၀ ပျောက်ကွယ်သွားလေတော့သည်။
ရေခဲနတ်ဘုရားဗိမာန်က တပည့်များနှင့် အကြီးအကဲများ ၀မ်းနည်းနေကြပုံရသည်။
ဒီ၀မ်းနည်းမှုက ဘိုးဘေးသေဆုံးမှုအတွက်ပင်။
နာကျင်မှုကမူ သူတို့အတွက်ပင်။ အဘယ်ကြောင့်ဆိုသော် ဒီဖြစ်ရပ်များအပြီးတွင် သူတို့၏ရေခဲနတ်ဘုရားဗိမာန်က လုံး၀ရပ်တန့်ပျောက်ကွယ်သွားပေတော့မည်။
ရှန်းဖူယန် ရှုံးနိမ့်သွားပုံရသည်။
အစက သူဖြစ်နိုင်ချေအားလုံးကို တွက်ချက်ခဲ့ပြီး နှင်းခဲဂိုဏ်းရဲ့ကံကြမ္မာက လုံး၀သူ့လက်ထဲတွင် ရှိနေပြီဟု သူထင်ခဲ့သည်။
သို့စေကာမူ မုဖူရှန်းရုတ်တရက် ပေါ်လာခဲ့သည်။
မည်သူထင်ထားမည်နည်း။
ရှန်းဖူယန်၏ ရေခဲမြစ်ချိုင့်ဝှမ်းနှင့် အေးစိမ့်ရေခဲခန်းမတို့နှင့် ပူးပေါင်းပြီး နှင်းခဲဂိုဏ်းအား ဖိအားပေးမည့် အစီအရင်ကို ချိုးဖျက်ပစ်ခဲ့သည့် မုဖူရှန်း၏ တည်ရှိမှုကြောင့်သာ မဟုတ်ပါက နှင်းခဲဂိုဏ်းက ရှုံးနိမ့်မှာ အသေအချာပင်။
ဒါကအကယ်၍သာဖြစ်သည်။
ဒါကိုတွေးမိသော် ရှန်းဖူယန် တစ်ခဏမျှ ရပ်သွားပြီးနောက် သက်ပြင်းချသည်။
"ကံဆိုးချင်တော့ အကယ်၍ဆိုတာ မရှိဘူး၊ အရာရာတိုင်းက ကံကြမ္မာပဲ"
ဒီသက်ပြင်းချသံနှင့်အတူ ရှန်းဖူယန်၏ ဆံပင်များက ရုတ်တရက်ဖြူသွားသည်။
သက်ပြင်းချသံတစ်ချက်နှင့် သူ့ဆံပင်များက ဖြူဆွတ်သွားခြင်းပင်။
နှင်းခဲဂိုဏ်းချုပ် ရှန်းဖူယန်ကို ကြည့်သောါခါ မျက်နှာ၌ ပျော်ရွှင်မှုမရှိဘဲ ယင်းအစား အနည်းငယ် ကြောက်စိတ်တို့သာရှိသည်။
ရေခဲနတ်ဘုရားဗိမာန်သခင်တဖြစ်လဲ ရှန်းဖူယန်က အထင်ကြီးစရာကောင်းသော သူတစ်ယောက်ဆိုတာ ယုံစရာမရှိပါ။
သူဘာတစ်ခုမှ မလွတ်သွားခဲ့ပေ။
မုဖူရှန်းတည်ရှိလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ခြင်းသာဖြစ်သည်။
သို့စေကာမူ ဒါကိုဘယ်လိုခန့်မှန်းနိုင်မည်နည်း။
မှန်ပါသည်။ မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့သာ ကြားပါက သူတို့ဆရာ လုပ်နိုင်သည်ဟု ပြောကြပေလိမ့်မည်။
သူဒါကို ခန့်မှန်းနိုင်သည်ဟု ပြော၍မရပေ။ ဒီရှုထောင့်အရ အဆိုးဆုံးရလဒ်က အမြဲအောင်မြင်မည်ဟု ပြောရမည်သာ။
"ငါရှုံးသွားပြီ၊ ငါတို့ရေခဲနတ်ဘုရားဗိမာန်ရှုံးသွားပြီ" ရှန်းဖူယန်၏ဆံပင်များက လေထဲတွင် တလူလူလွင့်နေပြီး မုဖူရှန်းကို ကြည့်ရင်း ခါးသီးစွာပြုံးသည်။
"ငါတို့နဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေကို မင်းအလွှတ်မပေးဘူးဆိုတာ ငါသိပါတယ်"
"ဒါပေမယ့် ရေခဲနတ်ဘုရားဗိမာန်ရဲ့ အဲဒီကျန်ရှိနေတဲ့ တပည့်တွေကို ထွက်သွားခွင့်ပေးဖို့ ငါမင်းကို တောင်းဆိုချင်သေးတယ်"
မုဖူရှန်းခေါင်းခါယမ်းသည်။
ဒီကျင့်ကြံခြင်းကမ္ဘာကြီးက ရက်စက်သည်။
အကယ်၍ အခန်းကဏ္ဍများသာ ပြောင်းပြန်ဖြစ်သွားပါက တစ်ဘက်လူက ဒီလိုလုပ်မည်လား။
တော်၀င်မိသားစုတစ်စုအတွက် အမြစ်များကို မဖယ်ရှားဘဲ ပေါင်းပင်များကိုသာ ခုန်လှဲခြင်းက တားမြစ်ချက်ကြီးတစ်ခုပင်။
ထို့နောက် မုဖူရှန်းလက်မြှောက်လိုက်သည်။ ပျောက်ကွယ်မသွားသေးသည့် အကြေးခွံမိုးကြိုးနဂါးမှာ ရှန်းဖူယန်နှင့် ကျန်သော နတ်သခင်တစ်၀က်သုံးဦးကို လွှမ်းခြုံပစ်သည်။ တစ်ချိန်တည်းမှာပင် တိုက်ပွဲဆင်နွှဲရန်အတွက် ထွက်လာသည့် တပည့်များနှင့် အကြီးအကဲများကလည်း မိုးကြိုးနဂါး၏ ဝါးမြိုခြင်းကိုခံရသည်။
သူတို့ထဲက မည်သူမှ မလွတ်မြောက်ခဲ့ပါ။
ရေခဲမြစ်ချိုင့်ဝှမ်းသခင်ဖြစ်စေ၊ အေးစိမ့်ရေခဲခန်းမသခင်ဖြစ်စေ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့လွတ်မြောက်မှာ မဟုတ်တာကို သိသဖြင့် ကိုယ်ပိုင်အသက်ဓာတ်ကို ဖြတ်တောက်ပြီး ဒီနေရာ၌ သေဆုံးသွားကြရသည်။
အောက်က တစ်ကိုယ်တော်ကျင့်ကြံသူများ ဒီမြင်ကွင်းကိုမြင်သောအခါ ခေါင်းခါယမ်းရင်း သက်ပြင်းချကြသည်။
ပြီးသွားလေပြီ။
အနာဂတ်တွင် မြောက်၀င်ရိုးစွန်းကြယ်ဒေသကို နှင်းခဲဂိုဏ်းကသာ ပိုင်ဆိုင်ပေလိမ့်မည်။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မုဖူရှန်း ပြန့်ကြဲသွားသည့် ကျင့်ကြံသူများကို ကြည့်ရင်း အားကိုးရာမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်သည်။
သူဒီသောင်းချီသော တစ်ကိုယ်တော်ကျင့်ကြံသူများအပေါ် အကန့်အသတ်တစ်ခု မထားနိုင်သလို သူတို့အားလုံးကို သတ်၍လည်းမရပေ။
ဒီဝှက်ဖဲက ထင်ရှားသည့်ကဒ်တစ်ကဒ်ဖြစ်လာပြီဟု ဆို၍ရသည်။ သူနောက်ထပ် ဝှက်ဖဲအနည်းငယ်ကို ပြင်ဆင်ထားရပေတော့မည်။
မုဖူရှန်း ယဲ့ချိုးပိုင်နှင့်သူ့ဆီသို့ လာသောအခါ ဖန်ချန်းတစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
မုဖူရှန်းပြုံးသည်။
"ငါဘာလို့ဒီလောက် ရက်စက်တာလဲလို့ မင်းမေးချင်တာမလား"
ဖန်ချန်းတစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။
မုဖူရှန်းခါးသီးစွာပြုံးသည်။
"ပတ်၀န်းကျင်က လူတစ်ယောက်ကို ဖန်တီးနိုင်တယ်၊ ငါကတော်၀င်မိသားစုပဲ၊ ဒါက အရမ်းမများဘူးလို့ထင်ရရတောင် ဆိုးရွားတဲ့အရာတွေက လျှို့ဝှက်စွာ ဖြစ်ပျက်လာခဲ့တယ်၊ တော်၀င်မိသားစုအတွက် သွေးအေးခြင်းက မလုပ်မနေရသင်ခန်းစာတစ်ခုပဲ"
အပိုင်း(1063) coming။