#ရေခဲနတ်ဘုရားဘိုးဘေး၊ သွေးအေးတော်၀င်မိသားစု#
Vol. 75 Ch. 1061
ရေခဲနတ်ဘုရားဗိမာန်က ရှေးခေတ်ကတည်းက တည်ရှိလာခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
ခံတပ်ကို ကိုင်တွယ်ထားသည့် နတ်သခင်နယ်ပယ်တစ်၀က်အဆင့် ကျင့်ကြံသူတစ်ဦးသာရှိတယ်ဆိုတာကို မုဖူရှန်း မည်သောအခါမှ ယုံမည်မဟုတ်။
ထို့ကြောင့် အစက မုဖူရှန်း ဖန်တီးခြင်းနတ်အဆောင်ကို အသုံးမပြုခဲ့ခြင်းပင်။ သူရှေးဟောင်းနတ်မိုးကြိုးငါးမျိုးကို ထပ်ဆင့်စေရန်အတွက် ဝိဉာဉ်စွမ်းအားကိုသုံးရင်း အေးစိမ့်ရေခဲခန်းမကို နှိမ်နှင်းခဲ့သည်။ သူရေခဲဗိမာန်နန်းတော်နောက်ကွယ်က ဉာဏ်ကြီးရှင်ကို ထွက်လာစေရန်အတွက် အတင်းဖိအားပေးချင်သည်။
သူတို့တွင် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ သူမြင်ချင်ပါသည်။
အကယ်၍ အရမ်းအားကောင်းနေပါက ကိုင်တွယ်ရန်အတွက် ဝှက်ဖဲဘယ်နှစ်ခုလောက်ကို သုံးရမလဲဆိုတာ သူဆုံးဖြတ်၍ ရနိုင်သည်။
နတ်သခင်နယ်ပယ်တစ်၀က်အဆင့် ကျွမ်းကျင်သူလေးဦး!
ကြည့်ရမည်ဆိုပါက ဒါက ရေခဲနတ်ဘုရားဗိမာန်၏ အခြေခံအုတ်မြစ်နှင့် အံ၀င်ခွင်ကျဖြစ်ပါသည်။
နှင်းခဲဂိုဏ်းချုပ်၏ အမူအရာကလည်း အလွန်အမင်းကြည့်ရဆိုးနေသည်။
ရေခဲမြစ်ချိုင့်ဝှမ်းသခင်ကိုပါ ပေါင်းထည့်လိုက်ပါက တစ်ဘက်လူ၌ ယခုတွင် နတ်သခင်တစ်၀က်အဆင့်ငါးဦးရှိနေလေပြီ။
ဒီလိုလူစာရင်းမျိုးနှင့်ဆိုပါက နှင်းခဲဂိုဏ်းတွင် အမှန်တကယ်ပင် ဘာအနိုင်ရမှုအရိပ်အယောင်မှ မရှိတော့ပါ။
နှင်းခဲဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲအားလုံးကပင် စိတ်ပျက်အားငယ်နေသည့် အကြည့်များကို ထုတ်လွှတ်ကြသည်။
သူတို့၏ အရင်ကသေရန်အတွက် စိတ်ပိုင်းဖြတ်မှုက အောက်ဆုံးအထိ ကျဆင်းသွားခဲ့သည်။
နှင်းခဲဂိုဏ်းချုပ် အားကိုးရာမဲ့ကာ ခါးသီးသည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ရင်း မုဖူရှန်းအားကြည့်ပြီး နူးညံ့စွာပြောသည်။
"မုဇီရှင်းနဲ့ မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေကို ခေါ်ပြီး ထွက်သွားကြတော့၊ မင်းတို့ အတတ်နိုင်ဆုံး အဝေးကိုသွားကြ"
သူမ၏အမြင်အရ နှင်းခဲဂိုဏ်းပျက်စီးမှုက မြေကြီးလက်ခတ်မလွှဲဖြစ်လာမည့် အရာတစ်ခုဖြစ်သည်။
မုဖူရှန်း လက်ထဲတွင် အဆောင်တစ်ခုကို ကိုင်ထားပြီးပြုံးသည်။ ထို့နောက် သူရင်ဘတ်ပေါ်၌ ဖိကပ်ကာ ပြောသည်။
"နှင်းခံဂိုဏ်းက ဒီလောက်အလွယ်တကူ ပျက်စီးမှာမဟုတ်ပါဘူး"
နှင်းခဲဂိုဏ်းချုပ်၊ ရေခဲနတ်ဘုရားဗိမာန်က နတ်သခင်တစ်၀က်အဆင့်လေးဦးနှင့် ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မုဖူရှန်း၏ခွန်အားက မုန်တိုင်းတစ်စင်းပမာ စတင်ထိုးတက်လာခဲ့သည်။
ဂျုန်း...... ဂျုန်း.......!
တိမ်မည်းများက မြောက်၀င်ရိုးစွန်းကြယ်ဒေသတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဒီအခိုက်အတန့်၌ နှင်းဖုံးကမ္ဘာကြီးက အရိပ်တစ်ခုထဲတွင် ပိတ်ဖုံးနေသည်။
ဧရာလိမ့်တက်လာသည့် မိုးကြိုးနဂါးနှင့် တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ခတ်နေသည့် ထူထဲသည့် မိုးကြိုးများကသာ မူလက ဖြူဖွေးနေသည့် ဒီကမ္ဘာကြီးကို အလင်းပေးနေသည်။
လေဟာနယ်ထဲတွင် ကြီးမားသည့် မိုးကြိုးအဖျက်စွမ်းအားက မြင့်တက်ကာ စုစည်းလာသည်။
ရေခဲတောင်ရင်းက တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်စေ၊ ဂိုဏ်းလေးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များဖြစ်စေ သူတို့အပေါ် ကောင်းကင်ပြိုကျလာသည့်ပမာ ဖိသိပ်ကျလာသည့် ဧရာမဖိအားကို ခံစားနေရသည်။
တစ်ချို့တပည့်များကမူ မြေပေါ်သို့ ဒူးထောက်ကျသွားပြီး အသက်ရှူရန်အတွက်ပင် ခက်ခံနေသည်။
မြောက်၀င်ရိုးစွန်းကြယ်ဒေသတစ်ခုလုံးကလည်း အလွန်အမင်းမတည်ငြိမ်သည့် အခြေအနေတစ်ခုထဲတွင် ရှိနေသည်။ မိုးရွာချပြီးနောက် အာကာသအက်ကြောင်းများက ဝါးထိပ်ချွန်ပမာ ပေါ်လာကြသည်။
"ဒါက..... နတ်သခင်နယ်ပယ်လား"
ရေခဲမြစ်ချိုင့်ဝှမ်းသခင် ပို၍ပင် ကြက်သေသေနေသည်။
"ဒါဘယ်လိုအဆောင်မျိုးလဲ၊ ဒါက တကယ်ပဲ နတ်သခင်တစ်၀က်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး နတ်သခင်နယ်ပယ်ကို ရောက်စေတာလား"
အေးစိမ့်ရေခဲခန်းမသခင် ခါးသီးစွာ ပြုံးလိုက်မိသည်။
တကယ်တမ်းတွင် မုဖူရှန်းပြောတာမှန်ပေသည်။ သူတို့က ဘက်များစွာရပ်နေကြသည်။
နတ်သခင်နယ်ပယ်အောက်က လူတိုင်းက ပုရွက်ဆိတ်သာသာသာ။
ရေခဲနတ်ဘုရားဗိမာန်တွင် နတ်သခင်နယ်ပယ် တစ်၀က်အဆင့် မည်မျှပင် ရှိနေစေကာမူ နတ်သခင်နယ်ပယ်အတားအဆီးကို ဖြတ်သန်းရန်ဟူသည် သူတို့အတွက် မဖြစ်နိုင်ပေ။
ရှန်းဖူယန်နှင့် သူ့နောက်က ကျန်သော နတ်သခင်နယ်ပယ်တစ်၀က်အဆင့်သုံးဦးတွင်လည်း အလွန်အမင်းကြည့်ရဆိုးသည့် အမူအရာများရှိနေကြသည်။
ယခုလိုငယ်ရွယ်သည့် ဂျူနီယာလေးတစ်ယောက်က နတ်သခင်နယ်ပယ်ကို ရောက်နိုင်လိမ့်မည်ဟု သူတို့တစ်ခါမှ မမျှော်လင့်ထားခဲ့ကြပါ။
ကျန်းချင်လန်၏ နှလုံးသားက ကသောင်းကနင်းဖြစ်နေသည်။
သူမ ဖန်ချန်းအားကြည့်ကာမေးသည်။
"ဒါကရှင့်ရဲ့စီနီယာအစ်ကိုလား"
ဖန်ချန်းခေါင်းညိတ်သည်။
"နတ်သခင်နယ်ပယ်လား"
ဖန်ချန်းခေါင်းညိတ်လိုက်ပြန်သည်။
ထို့နောက် သူမယဲ့ချိုးပိုင်ကိုကြည့်သည်။
"ဒါဆိုသူက ရှင့်ရဲ့ဂျူနီယာညီလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ကျန်းချင်းလန် သွေးအန်လုမတတ် ဖြစ်သွားရသည်။ ဘယ်မိသားစုတွင် နတ်သခင်နယ်ပယ်စီနီယာအစ်ကို၊ ဂျူနီယာညီဟူ၍ ရှိလေသနည်း။
ဒါဘယ်လိုအရာမျိုးလဲ၊ ဒါဆို နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ ရှင့်တို့ဆရာက တကယ်ပဲဘယ်သူလဲ!
မုဇီရှင်း သိမ်မွေ့စွာပြုံးသည်။
အချိန်အတော်ကြာ မတွေ့ရပြီးနောက် မုဖူရှန်း နတ်သခင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
စီနီယာလုရဲ့ တပည့်ဆိုတဲ့အတိုင်းပါပဲ၊ ချိုးပိုင်ကရော!
အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူအရမ်း အလှမ်းမဝေးလောက်နေပါဘူးနော်၊ ဟုတ်တယ်မလား!
မုဇီရှင်းလှမ်းကြည့်သောအခါ ယဲ့ချိုးပိုင် မုဇီရှင်းတွေးနေတာကို ချက်ချင်းသိလိုက်၏။ သူချောင်းဟန့်ရင်း နှာခေါင်းကိုပွတ်ပြီး အကြည့်လွှဲလိုက်လေသည်။
လူတိုင်း ငါးရောင်စုံမိုးကြိုးပေါ်၌ ရပ်နေပြီး အဆောင်စုတ်တံတစ်ချောင်းကို ကိုင်ကာ မျက်ခုံးကြား၌ ဝိဉာဉ်ဖြူမီးတောက်တစ်ခု ရှိနေသည့် မုဖူရှန်းကို ကြည့်လိုက်ကြသည်။
သူ့အနီးတစ်ဝိုက်တွင် အက်ကြောင်းများက လေဟာနယ်ထဲတွင် ကွဲကြေသွားသည့် ကြေးမှန်တစ်ချပ်ပမာ ပေါ်လာကြ၏။
ဘေးတွင် မိုးကြိုးစွမ်းအားက ကခုန်နေသည်။
"ဒါက ခင်ဗျားတို့ ရေခဲနတ်ဘုရားဗိမာန်ရဲ့ စွမ်းအားအကုန်ဖြစ်ရမယ်"
ဒါကအမှန်တရားဖြစ်သည့်တိုင် သူ၀မ်းနည်းသလို ခံစားနေရဆဲပင်။
သို့စေကာမူ မုဖူရှန်း၏မှန်းဆတတ်သည့် အခြေခံသဘောတရားများအရ ဒါက ရေခဲနတ်ဘုရားဗိမာန်၏ အပြည့်အ၀ခွန်အားမဟုတ်ဟု ယူဆကာ နောက်ထပ် ဝှက်ဖဲတစ်ခုကိုပင် ပြင်ဆင်ထားလေသည်။
ရှန်းဖူယန်၏ အမူအရာက ပုံမှန်မဟုတ်စွာပင် ကြည့်ရဆိုးနေသည်။
မုဖူရှန်း၏ နတ်သခင်နယ်ပယ်အော်ရာကို ရင်ဆိုင်ရသောအခါ သူ့စိတ်အခြေအနေကဆက်တိုက်ပြိုကွဲနေသည်။
"မင်းကတကယ်ပဲဘယ်သူလဲ...."
ဒီအဆင့်မြင့်ကြယ်နယ်မြေ၌ ထိုပုန်းကွယ်နေသည့် ကျွမ်းကျင်သူများကလွဲ၍ နတ်သခင်တစ်ဦးအတွက် ဘာဂုဏ်သတင်းမှ မရှိရန်ဟူသည် မဖြစ်နိုင်ပေ။
ထိုပုန်းကွယ်နေသည့် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူများကမူ သူတို့က နတ်သခင်နယ်ပယ်တစ်၀က်များနှင့် အဆက်အသွယ်မရှိပါ။
မုဖူရှန်းရယ်မောသည်။
"အခုဒါကိုမေးနေတာက ဘာအသုံး၀င်လို့လဲ"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မုဖူရှန်း လက်ချောင်းကို လှုပ်ရှားလိုက်၏။
တိမ်မည်းများကြားတွင် ထူထဲသည့် မိုးကြိုးစင်းတစ်ခုက ရေခဲတောင်တစ်ခုလုံးကို ဖုံးအုပ်သွားပုံရပြီး အောက်သို့ ရိုက်ခတ်လာသည်။
ရှန်းဖူယန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ တစ်ဘက်လူက သူတို့ကို တိုက်ရိုက်သတ်ပစ်လိုခြင်းပင်။
"ဘိုးဘေး၊ ကျေးဇူးပြုပြီး"
ကျန်သော ရေခဲနတ်ဘုရားဗိမာန်က ကျွမ်းကျင်သူသုံးဦးလည်း လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့လေးယောက် မတူညီသည့်နေရာများတွင်ရပ်လိုက်ကြသည်။ ထို့နောက် သူတို့၏ လက်မများကို ရင်ဘတ်ပေါ်၌ ဖိထားကြစဉ် ပါးစပ်အပြည့် သွေးအဆီအနှစ်တစ်လုပ် အန်လိုက်ကြသည်။ သူတို့၏လက်များက သွေးအဆီအနှစ်နှင့် ဖုံးလွှမ်းသွားပြီး လက်တံဆိပ်များကို ဖန်တီးသည်။
ရေခဲနတ်ဘုရားအော်ရာတစ်ခုက ရုတ်တရက် ပေါ်လာပြီး ဒီကမ္ဘာကြီးထဲတွင် ၀တ်စုံဖြူအဖိုးအိုတစ်ဦး ကိုင်းနေသည့်ခန္ဓာနှင့်အတူ ပေါ်လာခဲ့သည်။
အဖိုးအိုခေါင်းမော့ကာ အောက်သို့ ရိုက်ခတ်လာနေသည့် မိုးကြိုးတိုင်ကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သည်။ ထို့နောက် သူလက်ဖဝါးကို အပေါ်သို့ပို့လွှတ်ပြီး မိုးကြိုးတိုင်နှင့် အတင်းတိုက်မိစေသည်။
ဂျုန်း.......!
ကောင်းကင်က ပြိုကွဲလာတော့မတတ် ဖြစ်သွားသလို မြေကြီးကလည်း ပျက်စီးနေသည်။
နှင်းခဲဂိုဏ်းချုပ်နှင့် မုဇီရှင်းတို့မှာ နှင်းခဲဂိုဏ်းကို ကာကွယ်ရန်အတွက် နှင်းခဲအစီအရင်ကို အစွမ်းကုန်သုံးလိုက်ကြသည်။
ရေခဲမြစ်ချိုင့်ဝှမ်းသခင် မိုင်ထောင်ချီအကွာသို့ ဆုတ်သွားသည်။
အေးစိမ့်ရေခဲခန်းမသခင်ကလည်း အလားတူပင်။
သို့စေကာမူ အဖြူ၀တ်အဖိုးအိုက မုဖူရှန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာကွယ်ရန်အတွက် စီမံနိုင်ခဲ့သဖြင့် ဒါကသူတို့ကို အံ့ဩသင့်သွားစေသည်။
သို့သော် ၀တ်စုံဖြူအဖိုးအို ဒီတိုက်ခိုက်မှုကို ခံယူပြီးနောက် သူ့၏မူလရုပ်ပုံပေါ်နေသည့် ပုံရိပ်ယောင်က အလွန်အမင်းဝေဝါးလာသည်။
၀တ်စုံဖြူအဖိုးအိုတွင် နတ်သခင်အဆင့်ခွန်အားရှိသော်လည်း အဆုံးတွင် သူက အကြွင်းအကျန်ဝိဉာဥ်တစ်ခုသာ ဖြစ်နေသည်။
မုဖူရှန်း၏တိုက်ခိုက်မှုက နောက်တစ်ကြိမ် ကျရောက်လာတာနှင့် အဖြူ၀တ်အဖိုးအို လုံး၀ပျောက်ကွယ်သွားပေလိမ့်မည်။
အဖြူ၀တ်အဖိုးအို မုဖူရှန်းကို ကြည့်ပြီးနောက် ရေခဲနတ်ဘုရားဗိမာန်က လူများအား ကြည့်ရင်း သက်ပြင်းချသည်။
"ရေခဲနတ်ဘုရားဗိမာန်ရဲ့ ကပ်ဘေးက ဆိုက်ရောက်လာပြီပဲ....." ထို့နောက် သူမုဖူရှန်းအား ကြည့်ရင်း တောင်းဆိုနေသည့် အသံဖြင့် ပြောလိုက်၏။
"တာအိုမိတ်ဆွေလေး၊ ရေခဲနတ်ဘုရားဗိမာန်ကို ဖယ်ရှားခြင်းကနေ ငါမင်းတို့ မဖျောင်းဖျပါဘူး၊ မင်းဒေါသတကြီး တိုက်ခိုက်လာတယ်ဆိုမှတော့ သူတို့မင်းကို ဒေါသထွက်စေခဲ့တာပေါ့"
"ဒါပေမယ့် ကျေးဇူးပြုပြီး ရေခဲနတ်ဘုရားဗိမာန်ရဲ့ မီးပွားတစ်ခု ချန်ထားခဲ့ပေးပါလား၊ လက်ရှိဆုံးဖြတ်ချက်က ရေခဲနတ်ဘုရားဗိမာန်က အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ အမှားဖြစ်ပြီး အဲဒီဂိုဏ်းသားတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး"
"မင်းခွန်အားနဲ့ဆိုရင် သူတို့မင်းကို ဘယ်တော့မှ မတိုက်ခိုက်လာနိုင်အောင် အကန့်အသတ်တွေ ချထားလို့ရတာပဲလေ"
မုဖူရှန်းခေါင်းခါယမ်းသည်။
သူကတော်၀င်မိသားစုကဖြစ်သည်။
တော်၀င်မိသားစုဟူသည် သွေးအေးကာ နှလုံးသားမဲ့သည့် နေရာတစ်ခုပင်။ အကယ်၍ သူတို့သာ သွေးမအေးပါက ဘယ်လိုကာကွယ်ပုန်းခိုရမလဲဆိုတာကို သိမည်မဟုတ်။
ဒီလိုဆိုပါက သူ့အရိုးများပင် မကျန်တော့သည်အထိ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
"ဒါကနည်းနည်းနှလုံးသားမဲ့ပြီး ရက်စက်တယ်ဆိုပေမယ့် လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကံတရားရှိပါတယ်၊ မြက်ကို ဖြတ်တောက်မယ်ဆိုရင် အမြစ်တွေကိုပါ ဆွဲနုတ်ပစ်ဖို့လိုတယ်၊ မကောင်းတဲ့လူတွေရှိလာရင် တုံ့ဆိုင်းနေစရာမလိုပါဘူး"
"ခင်ဗျားဆိုရင်လည်း ခင်ဗျားတူညီတဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်"
၀တ်စုံဖြူအဖိုးအိုခေါင်းညိတ်သည်။
"မှန်ပါတယ်၊ ဒီလိုဆိုရင် ကျေးဇူးပြုပြီး လှုပ်ရှားပါ၊ ငါကမင်းရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုပေမယ့် ဒီအဖိုးကြီးရဲ့ ကျိုးကြေနေတဲ့ခန္ဓာကို ရေခဲနတ်ဘုရားဗိမာန်အတွက် နောက်ဆုံးအရာတစ်ခုတော့ လုပ်ခွင့်ပေးပါ"
အပိုင်း(1061) coming။