← Chapters

အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့မဖြစ်နိုင်! ၂

Vol. 61 Ch. 901

အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့မဖြစ်နိုင်! ၂

Vol. 61 Ch. 901

"ဒီချင်းလင်စံအိမ်ကိုဘယ်လိုဆောက်ထားလဲ သိချင်လိုက်တာ''

"……"

ချူယဲ့က သူ့သူငယ်ချင်းများစကားနားထောင်ရင်း အမှတ်တမဲ့ခေါင်းညိမ့်ကာ_

"ငါဆုံးဖြတ်လိုက်ပြီ... ချင်းလင်ရွက်လွှင့်မှာဝန်ထမ်းလုပ်ဖို့ ငါလျှောက်မယ်!''

"ဘာ?"

သူငယ်ချင်း ၁။

"???"

သူငယ်ချင်း ၂။

"ကျွတ် ကျွတ်"

သူငယ်ချင်း ၃။

ချူယဲ့စကားကြောင့် သူ့သူငယ်ချင်းများကြောင်သွားသည်။

နောက်နေတာလား?

သူ့လိုသခင်လေးက ချင်းလင်ရွက်လွှင့်မှာဝန်ထမ်းလုပ်မယ်?

ချူယဲ့က အလေးအနက်ပြောသည်_

"ချင်းလင်ရွက်လွှင့်ရဲ့အငွေ့အသက်က အကြောင်းရင်းရှိရမယ်... ငါအဲဒါကိုအဖြေရှာနိုင်ရင် ငါ့ကိုယ်ပိုင်ရွက်လွှင့်ပရောဂျက်လုပ်တဲ့အခါ အကျိုးရှိလိမ့်မယ်''

"အဖြေမရှာနိုင်ရင်ရော?''

သူငယ်ချင်းတစ်ယောက်က အံ့အားသင့်ပုံနှင့်မေးသည်။

"အင်း... ငါတော့ဘာမှန်းမသိသေးဘူး''

နောက်တစ်ယောက်ကပြောသည်။

နှစ်ခါရွက်လွှင့်ပြီး ချူယဲ့ဒီလိုဖြစ်သွားမယ်လို့ သူတို့လုံးဝမထင်မိ။

အောင့်သီးအောင့်သက်ကြီး။

ချူယဲ့ကဆက်ပြီး_

"နှစ်ဝက်ကြာလို့မှအဖြေမရှာနိုင်ရင် ပြီးပြည့်စုံတဲ့ရွက်လွှင့်ကို ငါမဖန်တီးနိုင်ဘူးဆိုတဲ့သဘောပဲ... ငါအိမ်ပြန်ပြီး မိသားစုအမွေဆက်ခံမှာပေါ့''

သူ့စကားကြောင့် သူ့သူငယ်ချင်းများအချင်းချင်းကြည့်လိုက်ကြသည်။ နှစ်ယောက်က မျှော်လင့်ချက်ပါသောအကြည့်များနှင့်။ ဘာပဲဖြစ်ဖြစ် သူတို့ကချူယဲ့ကျေးဇူးခံများဖြစ်၍ သူ့ကိုစောင့်ကြည့်ရမည်။ ချူယဲ့မိဘများက ချူယဲ့ကိုအိမ်ပြန်လာပြီး မိသားစုအမွေဆက်ခံစေချင်သည်။ မဟုတ်ရင် ချူယဲ့သူငယ်ချင်းများကိုလာရှာစရာမလို။

နောင်နှစ်ဝက်အတွင်း ချင်းလင်ရွက်လွှင့်ရဲ့အဝင်အထွက်ကို ချူယဲ့အဖြေမရှာနိုင်ရင် အကောင်းဆုံးပင်။

ချူယဲ့ကတုံ့ဆိုင်းမနေ။ ရေမိုးချိုးပြီးဟိုတယ်ပြန်ရောက်သောအခါ သူ့ကိုယ်ရေးအချက်အလက်နှင့်အလုပ်လျှောက်လွှာပြင်ဆင်သည်။ သူ့အချက်အလက်အများစုက ရွက်လွှင့်နှင့်ဆက်စပ်နေသော​ကြောင့် အလုပ်ရမည်ဟုသူယုံကြည်ထားသည်။

နောက်ပြီး ချင်းလင်စံအိမ်တရားဝင်ဝဘ်ဆိုဒ်ထဲဝင်ကြည့်လိုက်ရာ ရွက်လွှင့်ပရောဂျက်ရေပန်းစားနေသောကြောင့် လူသစ်များခေါ်ထားသည်ကိုတွေ့ရသည်။

အရင်ဆုံး သူ့လျှောက်လွှာကိုချင်းလင်စံအိမ်ပို့ပြီး သတင်းစောင့်သည်။

ထိုအချိန် ချင်းလင်စံအိမ်စားသောက်ဆိုင်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခုမှသခင်လေး Lasda (အခန်း ၃၀၂)ကလည်း ဒီလိုတွေးနေမှန်း ချူယဲ့မသိပေ။

Lasda ကလည်း သူသတ်မှတ်ထားတဲ့အချိန်အတွင်း ချင်းလင်စံအိမ်မှာဟင်းချက်လက်ရာသင်ဖို့စီစဉ်ထားသည်။ မရရင် အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံမည်။

ချင်းလင်စံအိမ်စားသောက်ဆိုင်မှာ စားသောက်ဆိုင်လောကတွင် အလွန်နာမည်ကြီးသည်။

ဆရာလင်းတစ်ယောက်တည်းရှိစဉ်က အရည်အသွေး ၁ ပါဝင်ပစ္စည်းများနှင့်ချက်သော အကြီးအကဲစားပွဲကြောင့် စားသောက်ဆိုင်ကနာမည်ကြီးနေပြီဖြစ်သည်။

အဲဒီနောက် ကြယ်သုံးပွင့်မီချီလင်စားဖိုမှူး Lasda က စားဖိုမှူးခေါင်းဖြစ်လာသည်။ အရည်အသွေး ၂ ပါဝင်ပစ္စည်းများနှင့်ချက်သောအကြီးအကဲစားပွဲက ဆရာလင်းထက်ကောင်းရုံသာမက သာမန်ပါဝင်ပစ္စည်းများနှင့်ချက်သောဟင်းပွဲကတောင် ဆရာလင်းထက်အများကြီးပိုကောင်းသည်။

နောက်ပြီး Lasda တရုတ်အစားအစာသင်ပြီးနောက် သူကတရုတ်အစားအစာရော၊ အနောက်တိုင်းအစားအစာပါကောင်းလာသည်။ စားဖိုမှူးခေါင်းအဖြစ်လည်း ကြိုးစားအားထုတ်မှုရှိသည်။ ချင်လင်က စားဖိုမှူးများကိုလေ့ကျင့်ပေးခိုင်းသောကြောင့် ဂရုတစိုက်သင်ပေးသည်။ မူလသာမန်စားဖိုမှူးများကို သူလေ့ကျင့်ပေးပြီးနောက်ပိုင်း လက်ရာအတော်တက်လာသည်။

စားသောက်ဆိုင်ပြန်လည်ပြင်ဆင်ထားခြင်းအပြင် ချင်းလင်စားသောက်ဆိုင်မှာ အရည်အသွေး ၁ နှင့် ၂ ပါဝင်ပစ္စည်းများမရှိရင်တောင် အဆင့်မြင့်စားသောက်ဆိုင်စာရင်းထဲ သေချာပေါက်ဝင်နိုင်သည်။

အရည်အသွေး ၁ နှင့် ၂ ပါဝင်ပစ္စည်းများဖြည့်ထားလျှင် ပြည်တွင်းမှာ ချင်းလင်စားသောက်ဆိုင်ကိုယှဉ်နိုင်သောစားသောက်ဆိုင် မရှိသလောက်ပင်။

Lasda ချင်လင်ကိုစိန်ခေါ်စဉ်က ချင်းလင်စံအိမ်ထဲရောက်လာပြီး ဘာမှဂရုမစိုက်။ အရည်အသွေး ၂ ဟင်းပွဲကျမှဂရုစိုက်ကြောင်း မှတ်မိသေးသည်။

ချင်လင်နှင့်ဆရာလင်း စားဖိုဆောင်ထဲဝင်လာသောအခါ စားဖိုမှူးများကယူနီဖောင်းနှင့်စနစ်တကျ နှစ်တန်းတန်းစီထားသည်။

Lasda က တစ်ခုခုပြောနေသည်။ သူဝင်လာသောကြောင့် သူ့ဆီရောက်လာပြီး_

"လူကြီးမင်းချင်... ရောက်လာပြီလား!''

"မစ္စတာ Lasda''

ချင်လင်ကပြုံးပြုံးနှင့်မေးသည်_

"ဒီနေ့ ကျွန်တော့်ကိုဒီခေါ်ရတဲ့အကြောင်းရင်းက?''

"မစ္စတာချင်... ကျွန်တော် ဒီစားဖိုမှူးတွေကိုသင်လာတာကြာပြီ''

Lasda က အမြန်ရှင်းပြသည်_

"သူတို့လက်ရာအတော်များများက ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးအဆင့်ရောက်နေပြီ... ဒီနေ့ သူတို့ကိုစမ်းသပ်စေချင်တယ်''

ထို့နောက် သူကစားဖိုမှူးများဘက်လှည့်ပြီး_

"အခုစလို့ရပြီ... ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့''

Lasda စကားကြောင့် စားဖိုမှူးများကချက်ချင်း စလုပ်သည်။ Lasda ဆီမှအကြာကြီးသင်ယူခဲ့ရသောကြောင့် သူတို့စားဖိုမှူးခေါင်းကိုအတော်လေးစားကြသည်။

ဘာပဲဖြစ်ဖြစ် Lasda သင်ပေးတာပညာအစစ်ဖြစ်၍ သူတို့သင်ယူနိုင်ကြသည်။

ဘယ်နယ်ပယ်မှာဖြစ်ဖြစ် လေးစားခံရဖို့ အရည်အချင်းအစစ်သာအဓိကဖြစ်သည်။

စားဖိုမှူးတွေအရင်နဲ့မတူတာ ချင်လင်လည်းသတိထားမိသည်။ ဒယ်အိုးကိုင်ပုံ၊လှုပ်ပုံဖြစ်စေ အပူချိန်ထိန်းခြင်းဖြစ်စေ အဆင့်တိုင်းမှာ ကျွမ်းကျင်လာသည်။ အရင်ထက်အများကြီးပိုတော်လာကြသည်။

မကြာမီ ဟင်းပွဲများရလာပြီး သူတို့ရှေ့တွင်ချပေးသည်။

"လူကြီးမင်းချင်... မြည်းကြည့်ပါ!''

Lasda ကချက်ချင်းလက်ဆန့်တန်းပြီး ချင်လင်ကိုဖိတ်သည်။

ချင်လင်လည်းခေါင်းညိမ့်ပြီး တူကိုင်ကာ တစ်ပွဲချင်းမြည်းကြည့်သည်။ စားဖိုမှူးတွေရဲ့လက်ရာအတော်တိုးတက်လာကြောင်း သူဝန်ခံရမည်။

"လူကြီးမင်းချင်... ဘယ်လိုထင်လဲ?''

Lasda က မေးသည်။

"အင်း... မစ္စတာ Lasda အများကြီးအားစိုက်ထုတ်ထားတာပဲ''

ချင်လင်လည်း ခေါင်းညိမ့်ချီးကျူးလိုက်သည်။

စားဖိုမှူးတွေရဲ့လက်ရာက သာမန်စားဖိုမှူးတွေထက်ပိုကောင်းလောက်သည်။ ပါဝင်ပစ္စည်းကိုထည့်မတွက်ရင်တောင် အတော်များများရဲ့လက်ရာက အတွေ့အကြုံရှိစားဖိုမှူးဖြစ်သောဆရာလင်းထက်ကောင်းနေသည်။

Lasda က လောလောနှင့်မေးသည်_

"လူကြီးမင်းချင်... ခင်ဗျားချက်တဲ့ဟင်းပွဲကို ကျွန်တော်စားခဲ့တာကြာသွားပြီ... ခင်ဗျားကိုထပ်ကျွေးလို့ရမလား?''

All Chapters