Chapters

အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့မဖြစ်နိုင်! ၃

Vol. 61 Ch. 902

အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့မဖြစ်နိုင်! ၃

Vol. 61 Ch. 902

လူကြီးမင်းချင်ကိုခေါ်ပြီး စားဖိုမှူးများစစ်ခိုင်းခြင်းမှာ သူ့ကိုဟင်းချက်ပြစေပြီး တိတ်တိတ်လေးသင်ယူဖို့ဖြစ်သည်။

ဒီလောက်ကြာတဲ့အထိ လူကြီးမင်းချင်အဆင့်အတိုင်းလိုက်လုပ်သော်လည်း အဲလိုအရသာမျိုးမဖန်တီးနိုင်သေး။ ပါဝင်ပစ္စည်းတွေအများကြီးလည်း သူဖြုန်းခဲ့သည်။ သူတစ်ခုခုမှားနေသည်ထင်သည်။

အခု စားဖိုမှူးတွေကိုသေချာသင်ပေးထားကြောင်းသက်သေပြပြီးမှ ဒီလိုတောင်းဆိုခြင်းပင်။

Lasda ရဲ့ရည်ရွယ်ချက်ကို ချင်လင်သိသော်လည်း ဂရုမစိုက်။ စနစ်မရှိဘဲ သင်ယူနိုင်တယ်ဆိုရင် သူကပိုစွမ်းတာပေါ့။

ထို့နောက် Lasda ကိုပါဝင်ပစ္စည်းများယူခိုင်းပြီး သူ့ရှေ့တွင် အကြီးအကဲစားပွဲဆေးစွပ်ပြုတ်ချက်ပြသည်။ ဆေးစွပ်ပြုတ်က အရင်ထက်ပိုအဆင့်မြင့်သည်။

အထူးဆေးစွပ်ပြုတ်ချက်နည်းကြောင့် အရည်အသွေး ၃ ရှိပြီး စားကောင်းခြင်း +၃၊ အထိအတွေ့ +၃၊ အထူးဆေးနံ့ +၂ နှင့် အထူးအရသာ +၂ ရှိသည်။

ချင်လင်စချက်သည်နှင့် Lasda ကပြူးပြဲကြည့်ပြီး သူ့ဖုန်းနှင့်ဗီဒီယိုတောင်ရိုက်ထားသည်။ တခြားစားဖိုမှူးများကလည်း စိတ်ဝင်တစားကြည့်ကြသည်။

သူတို့သူဌေးဟင်းချက်ကောင်းမှန်းသိသော်လည်း သူဌေးကချက်ခဲသောကြောင့် ကြည့်ဖို့အခွင့်အရေးသိပ်မရ။

ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်မခံနိုင်ပေ။

ဆေးစွပ်ပြုတ်မရခင် ဆေးနံ့က စားဖိုဆောင်တစ်ခုလုံးပြန့်လာသည်။

ဆေးနံ့နဲ့တင် စားဖိုမှူးများသိလိုက်သည်။ အိုးထဲကမထုတ်ရသေးခင် သွားရည်ကျအောင်လုပ်နိုင်သောဆေးနံ့မျိုးရှိတာ သူတို့လုံးဝမယုံနိုင်။

မယုံချင်စရာကောင်းလိုက်တာ။

Lasda ချက်ချင်းမျက်နှာပျက်သွားသည်။ ဒီဆေးနံ့က အရက်ထက်ပိုကောင်းတာ သေချာသည်။

အရင်တစ်ခေါက်က လူကြီးမင်းချင်အစွမ်းကုန်ချက်တာမဟုတ်ဘူးလား?

ထိုအတွေးနှင့် ဆေးစွပ်ပြုတ်ရသောအခါ အမြန်တူကောက်ကိုင်ပြီး မြည်းကြည့်သည်။ ဆေးစွပ်ပြုတ်ကိုမြိုချပြီးနောက် သူမျက်လုံးပြူးသွားသည်။

ထင်တဲ့အတိုင်း ဒါကပိုအရသာရှိတယ်။

ဒါပေမဲ့ ဒီအတောအတွင်း သူကလုံးဝမတိုးတက်လာသောကြောင့် သူလည်းအရှိုက်ထိသည်။ အရင်တစ်ခေါက်က လူကြီးမင်းချင်ရဲ့လက်ရာကိုလိုက်မလုပ်နိုင်သေး။ အရင်တစ်ခါက လူကြီးမင်းချင်အစွမ်းကုန်မချက်မှန်း ဘယ်သိမလဲ?

ဒီလူကြီးမင်းချင်က ဘာလို့အကြိမ်တိုင်းလက်ရာတက်လာတာလဲ? အလွှာဘယ်လောက်များ သူဖုံးကွယ်ထားလဲ?

ခံရခက်လိုက်တာ။

ချင်လင်ကဆေးစွပ်ပြုတ်ချက်ပြီး Lasda နှင့်စကားနည်းနည်းပြောကာ ပြန်ထွက်လာသည်။

ထို့နောက် Lasda က အချိန်ဖြုန်းမနေ။ သူ့မှတ်ဉာဏ်တွေလတ်ဆတ်နေတုန်း မှတ်တမ်းဗီဒီယိုနှင့် ဆေးစွပ်ပြုတ်လုပ်သည်။

ချင်လင်၏အဆင့်အတိုင်း ဗီဒီယိုနှင့်ထပ်တူကျလုနီးပါးလိုက်လုပ်သည်။ သို့သော် တစ်ညကုန်ပြီးနောက် ချင်လင်ပေးထားသောပါဝင်ပစ္စည်းများကုန်လုနီးပါးဖြစ်သွားသည်။ သူ့လက်ရာကလုံးဝတိုးတက်မလာ၍ သူစိတ်ပျက်မိသည်။ အရင်အတိုင်းဖြစ်နေဆဲ။

လူကြီးမင်းချင်ရဲ့ဆေးစွပ်ပြုတ်ကိုလိုက်လုပ်ဖို့ဆိုမပြောနဲ့တော့။

"ဘာလို့ ဒီလိုဖြစ်ရတာလဲ?''

Lasda စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ကမ္ဘာပေါ်မှာခံအပြင်းဆုံးက ကိုယ့်ရှေ့မှာအားလုံးချက်ပြတာကို လုံးဝလိုက်မလုပ်နိုင်တာပဲ။

"ငါတကယ်အိမ်ပြန်ပြီး မိသားစုလုပ်ငန်းပဲလုပ်ရမလား?''

Lasda မျက်နှာမှာ စိတ်မပါလက်မပါနှင့်။ သူသတ်မှတ်ထားသော ၂ နှစ်ကပြည့်နေပြီ။

သူကချက်ချင်းခေါင်းခါလိုက်သည်။ ဒီလိုအခြေအနေနဲ့ အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံဖို့ဆိုတာ လုံးဝမဖြစ်နိုင်။ ထို့နောက် ဖုန်းထဲမှဗီဒီယိုကိုထပ်လေ့လာရာ အိပ်ပျော်သွားသည်အထိပင်။

တစ်ဖက်တွင်_

ချူယဲ့က မနက်အစောကြီးနိုးလာသည်။ သူက အီးမေးလ်ဖွင့်ကြည့်လိုက်ရာ ချင်းလင်ရွက်လွှင့်အတွက်အင်တာဗျူးခေါ်ကြောင်းအသိပေးစာကိုတန်းတွေ့ရသည်။

အီးမေးလ်ရသည်နှင့် စိတ်လှုပ်ရှားပြီး သူ့သူငယ်ချင်းများအား_

"ဟုတ်ပြီဟေ့! ချင်းလင်စံအိမ်က အလုပ်လာလျှောက်ဖို့အသိပေးထားတယ်... ဒီတစ်ခါ မင်းတို့အရင်ပြန်နှင့်... နှစ်ဝက်ကြာမှပြန်တွေ့မယ်... ငါကမ္ဘာ့နံပါတ်တစ်ရွက်လွှင့်ကိုစဆောက်မယ့်အချိန်ပေါ့''

ချူယဲ့က ယုံကြည်ချင်ပြင်းထန်နေသည်။ နှစ်ဝက်ကြာပြီးရင် အိမ်ပြန်ပြီး မိသားစုအမွေဆက်ခံရမှာ လုံးဝမဟုတ်။