← Chapters

လူတွေကိုခွေးစာစားခွင့်မပေးတဲ့ မကောင်းဆိုးဝါးချင်းလင်ကုမ္ပဏီ?

Vol. 61 Ch. 903

လူတွေကိုခွေးစာစားခွင့်မပေးတဲ့ မကောင်းဆိုးဝါးချင်းလင်ကုမ္ပဏီ?

Vol. 61 Ch. 903

နေ့သစ်ရောက်လာသည်။

ချင်းလင်စံအိမ်မှာ ခရီးသည်များတိုးဝှေ့နေဆဲ။

ခရီးသည်အတော်များများက လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ရွက်လွှင့်နေရာသွားကြသည်။

တောင်တန်းစံအိမ်မှရွက်လွှင့်အစမှတ်သို့သွားသော လမ်းနှစ်လမ်းရှိသည်။ တစ်လမ်းက တောင်ပေါ်တက်ခရီးသည်ကားဖြစ်ပြီး နောက်တစ်လမ်းက ရှုခင်းကြည့်ရထားဖြစ်သည်။

လိုင်းပေါ်တွင် ရွက်လွှင့်ပရောဂျက်မှာပိုပိုပြီးနာမည်ကြီးလာသည်။ ချင်းလင်စံအိမ်ကနံပါတ်တစ်ရွက်လွှင့်မှန်း အားလုံးသိပြီး ချင်းလင်ရွက်လွှင့်ဖူးသူခရီးသည်များက တကယ်ပျော်စရာကောင်းကြောင်းဖော်ပြကြသည်။ မသိလိုက်မသိဘာသာနှင့်စိတ်နစ်ဝင်သွားပြီး ပြဿနာတွေအကုန်မေ့ကာ ရေကစားရသောပျော်ရွှင်မှုသာသိကြသည်။

တစ်ယောက်ကပြောရင် မသေချာ။ နှစ်ယောက်သုံးယောက်ကပြောရင် စဉ်းစားရမည်။ ဆယ်ယောက်ကပြောလာရင် လေ့လာသုံးသပ်ရမည်ဖြစ်ပြီး လူတိုင်းကပြောလာရင်တော့ အမှန်တရားဖြစ်သည်။

ဒီတော့ ချင်းလင်စံအိမ်လာတဲ့ခရီးသည်တွေက ကောလာဟလတွေနဲ့ဆန်းကြယ်တဲ့ရွက်လွှင့်ကို မစီးကြည့်ချင်ဘဲနေမလား?

အခု ချင်းလင်စံအိမ်မှာရေပန်းအစားဆုံးက ပန်းပင်လယ်မဟုတ်၊ ရေပေါ်တံတားမဟုတ်၊ ချင်းလင်မွေးမြူရေးခြံမဟုတ်ဘဲ ချင်းလင်ရွက်လွှင့်ဖြစ်နေသည်။

ချင်းလင်ရွက်လွှင့်ဖူးသူများက နောက်တစ်ခါလာရင် သေချာပေါက်ရွက်လွှင့်ဖို့စီစဉ်ထားကြသည်။

ဘာပဲဖြစ်ဖြစ် +၃ အရည်အသွေးနှစ်ခုကို တခြားပရောဂျက်တွေမယှဉ်နိုင်။

သို့ရာတွင် ဒီနေ့ခရီးသည်များရောက်လာသောအခါ ဖန်သားပြင်အကြီးကြီးရှိနေပြီး ထိုအပေါ်တွင် နံပါတ်တပ်ထားသည်ကိုတွေ့ရသည်။

ထိုနံပါတ်မှာ နေ့စဉ်ရောင်းသောရွက်လွှင့်လက်မှတ် အကျန်အရေအတွက်ဖြစ်သည်။

"ချင်းလင်ရွက်လွှင့်က ခွဲတမ်းချနေပြီ'''

"အွန်လိုင်းမှာကြိုယူထားတာ ထက်ဝက်ကျော်တယ်!''

"မတတ်နိုင်ဘူး... ချင်းလင်က အခုအရမ်းနာမည်ကြီးနေတာ''

"……"

အမှန်ပင်။ ချင်းလင်ရွက်လွှင့်ကိုကန့်သတ်ထားပြီး တစ်နေ့လူဦးရေ ၃၀၀၀ သာလက်ခံသည်။

ချင်းလင်ရွက်လွှင့်နာမည်ကြီးသောကြောင့် ချင်းလင်ရွက်လွှင့်ပရောဂျက်သို့လာသောခရီးသည်များမှာ နေ့တိုင်းပြည့်ကြပ်နေသည်။ အတော်များများက မမှောင်ခင်အထိစောင့်ပြီး နေရာမရကြ။

ထို့ကြောင့် မဖြစ်မနေ လူဦးရေကန့်သတ်ထားရသည်။ ထို့အပြင် ရွင်လွှင့်နေရာတွင်လူများတန်းစီမနေအောင် အွန်လိုင်းကြိုတင်ယူစနစ်လုပ်ထားသည်။

လူအုံရင် လုံခြုံမှုမရှိ။

သို့ဆိုရင်တောင် ရွက်လွှင့်ပရောဂျက်မှာ တစ်နေ့လူ ၂၀၀၀ သာလက်ခံရာမှ ၃၀၀၀ အထိတိုးထားရသည်။ ဒါကြောင့်လည်း ရွက်လွှင့်ပရောဂျက်အတွက်ဝန်ထမ်းအသစ်ထပ်ခေါ်ခြင်းပင်။

ချင်းလင်အပန်းဖြေစံအိမ်_

ကျောက်မိုချင်းက ချင်လင်ရုံးခန်းထဲရောက်လာပြီး နာမည်စာရင်းများပေးကာ_

"ယောက်ျား... အသစ်လျှောက်ထားတဲ့စာရင်းကိုကြည့်လိုက်ပါဦး... ကျွမ်းကျင်သူရှိတယ်''

ကျောက်မိုချင်းဗိုက်က ပိုကြီးလာပြီ။ လင်းဖန်က သူမကိုစံအိမ်မသွားစေချင်တော့။ ဘာပဲဖြစ်ဖြစ် သူမဗိုက်ထဲမှာ ချင်မိသားစုဆက်ခံသူရှိ၍ မတော်တဆဖြစ်မှာစိုးသည်။

သို့သော် ကျောက်မိုချင်းက အလုပ်မရှိဘဲမနေချင်သောကြောင့် သူလည်းမတတ်နိုင်။ လင်းဖန်ကတိုက်တွန်းသောကြောင့် ချင်းလင်အပန်းဖြေစံအိမ်မှာ ရုံးခန်းသာစီစဉ်ပေးထားရသည်။

ချူယဲ့က နာမည်စာရင်းယူလိုက်သည်။ ရွက်လွှင့်ပရောဂျက်အတွက် ဝန်ထမ်းအသစ်ဖြစ်သည်။ ကျောက်မိုချင်းပြောသောကျွမ်းကျင်သူကို သူလည်းတွေ့သည်။ သူတို့ချင်းလင်ဆေးဝါးကုမ္ပဏီမှတာဝန်ခံချူယွဲ့နှင့် နာမည်တစ်လုံးသာကွာသောချူယဲ့ဆိုသူပင်။



ချူယဲ့မှာ ရွက်လွှင့်ခြင်းနှင့်အကျွမ်းဝင်သူဖြစ်ပြီး သူကိုယ်ရေးအချက်အလက်မှာ ရွက်လွှင့်ခြင်းနှင့်ဆက်စပ်သည်ချည်း။ အထူးသဖြင့် သူကဟားဗတ်တက္ကသိုလ်မှဘွဲ့ရထားသူဖြစ်သည်။

ဟားဗတ်တက္ကသိုလ်ထိပ်တန်းကျောင်းသားက ရွက်လွှင့်ပရောဂျက်ကသာမန်ဝန်ထမ်းနေရာကိုလျှောက်တာ စိတ်ကူးမရနိုင်အောင်ပင်။

ဘယ်သူမှဒါမျိုးလုပ်မည်မဟုတ်။

ရွက်လွှင့်တဲ့အထဲမှာနစ်ဝင်သွားလို့ ရုတ်တရက်အလုပ်ထလျှောက်တာလား?

ချင်လင်ကဖြစ်နိုင်သည်ထင်သောကြောင့် ကျောက်မိုချင်းအား_

"ကျွမ်းကျင်တော့ မကောင်းဘူးလား? သူကရွက်လွှင့်ကျွမ်းကျင်မှတော့ တို့ရွက်လွှင့်ပရောဂျက်အတွက်အကျိုးပိုရှိရင်ရှိမှာပေါ့''

ကျောက်မိုချင်းလည်း ခေါင်းညိမ့်လိုက်သည်။

ရွက်လွှင့်ပရောဂျက်က စံအိမ်အတွင်းပိုင်းနဲ့ဘာမှမဆိုင်။ တစ်ဖက်လူလျှောက်လိုက လျှောက်စေ။ ဒီလိုကျွမ်းကျင်သူမျိုးက စိတ်ကျေနပ်သည်အထိနေပြီးဘာမှဖြစ်မလာရင် မကြာခင်ထွက်သွားလိမ့်မည်။

သူကရာထူးတိုးချင်ရင်လည်း ဒီလိုကျွမ်းကျင်သူမျိုးကိုအခွင့်အရေးပေးရတာ ကိစ္စမရှိ။

နောက်ပြီး အခုချင်းလင်စံအိမ်က ဒီလိုကျွမ်းကျင်သူမျိုးခန့်ဖို့လိုနေပြီ။

အချိန်ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်သွား၏။

အင်တာနက်ပေါ်တွင် ချင်းလင်ရွက်လွှင့်သတင်းများငြိမ်သွားသော်လည်း လူတိုင်းကချင်းလင်ဆိုသောနာမည်ကိုနားယဉ်နေကြပြီ။

ရွက်လွှင့်နှင့်ပတ်သက်သောစကားဝိုင်းများ၊ဖိုရမ်များတွင် ပျော်စရာအကောင်းဆုံးရွက်လွှင့်အကြောင်းပြောတိုင်း ချင်းလင်ရွက်လွှင့််ကိုသေချာပေါက်ပြောကြလိမ့်မည်။

ချင်းလင်ရွက်လွှင့်နာမည်ငြိမ်သွားမှ ယမကာရောင်းသောဆယ်လီများ၊ မိသားစုလုပ်ငန်းအတွက် live လွှင့်သူများ၊ အင်တာနက်ဆယ်လီများအားလုံး စိတ်သက်သာရာရသွားသည်။

အမှန်အတိုင်းပြောရရင် ဖန်သားပြင်ကိုအမြဲစိုးမိုးထားသော၊ အမြဲရေပန်းစားနေသော ချင်းလင်စံအိမ်ကို သူတို့နည်းနည်းလန့်သည်။

ဒီတစ်ကြိမ် အားလုံး၏အာရုံကချင်းလင်စံအိမ်အပေါ်ရောက်သွားသောကြောင့် သူတို့ဘက်မှာနည်းသွားသည်။ နောက်ပြီး ချင်းလင်စံအိမ်ကိုဝင်ကြည့်သူများ၍ သူတို့ဘက်ကသိသိသာသာလျော့သွားသည်။

သူတို့အသက်မွေးဝမ်းကြောင်းက လူဝင်နှုန်းအပေါ်အားထားနေရသည်။

ဒါပေမဲ့ သူတို့ဘာတတ်နိုင်မလဲ? ချင်းလင်ကုမ္ပဏီက ဒီလောက်ဆန်းကြယ်နေတာ။

အထူးသဖြင့် အားလုံးက ချင်းလင်ကုမ္ပဏီဘယ်လောက်စွမ်းလဲသိထားကြသည်။ မကြာမီ စူပါကုမ္ပဏီကြီးဖြစ်တော့မည်။

ဆယ်လီတွေ၊အင်တာနက်ဆယ်လီတွေက ကျားနှုတ်ခမ်းမွေးကိုဆွဲရဲပါ့မလား? အသက်မရှည်ချင်ရင်ပေါ့။

သို့သော် သူတို့သက်ပြင်းမချနိုင်သေးခင် ခွေးနှင့်ခွေးစာက ရုတ်တရက်ရေပန်းစားလာပြန်သည်။ ပြီးတော့ ခွေးရော ခွေးစာရောက ချင်းကုမ္ပဏီကတဲ့။

ဒီကောင်!!!

…

ကျဲ့မြို့_

ခရိုင်ငယ်တစ်ခုတွင်_

ယွီလင်း(အခန်း ၃၄၂)က အခန်းထဲရှိသန့်စင်မြက်အိုးတချို့ကို ကရားနှင့်ရေလောင်းနေသည်။

ချင်းလင်စံအိမ်သွားစဉ်က သန့်စင်မြက်ပထမအသုတ်ကိုလိုင်းပေါ်မှမဝယ်နိုင်ခဲ့။ နောက်ပိုင်း ချင်းလင်ဓာတ်ခွဲခန်းကသန့်စင်မြက်အော်ဒါအများကြီးထုတ်သောအခါ သုံးလေးအိုးဝယ်နိုင်ခဲ့သည်။

ဒီသန့်စင်မြက်သုံးလေးအိုးက လေသန့်စက်ထက်ပိုစွမ်းသည်။

နေ့စဉ် အိမ်တွင်းလေအရည်အသွေးကအရမ်းကောင်းပြီး လူများလည်းစိတ်လက်ကြည်သာရှိကြသည်။

ထိုအချိန်တွင်_

ယွီလင်းက သူ့ကောင်မလေးအော်သံကိုကြားရသည်_

"ယောက်ျား... ကလေးရဲ့အစာကုန်သွားပြီ... လိုင်းပေါ်ကသုံးလေးထုပ်မှာပေးဦး... နာမည်ကြီးတံဆိပ်လိုချင်တာနော်... အာမခံချက်ရှိတဲ့ဟာ''

All Chapters