လူတွေကိုခွေးစာစားခွင့်မပေးတဲ့ မကောင်းဆိုးဝါးချင်းလင်ကုမ္ပဏီ? ၃
Vol. 61 Ch. 905
သို့ရာတွင် နောက်ဆက်တွဲကြောင့် အစ်ကိုရီနှင့်ယမကာရောင်းရန်ပြင်နေသောဆယ်လီများ၊ ကုန်သည်အင်တာနက်ဆယ်လီများတောင် နည်းနည်းကြောင်သွားသည်။
တစ်ညလုံး ခွေးပိုင်ရှင်များက အွန်လိုင်းမှခွေးစာအော်ဒါတင်သောကြောင့် ချင်းလင်ကုမ္ပဏီခွေးစာကပိုနာမည်ကြီးလာသည်။
အရင်ချင်းလင်ထုတ်ကုန်များ၏ဂုဏ်သတင်းကြောင့် ခွေးပိုင်ရှင်များက ချင်းလင်ကုမ္ပဏီခွေးစာကို တစ်ယောက်ပြီးတစ်ယောက် ယုံယုံကြည်ကြည်ဝယ်ကြသည်။
ဒါကလည်း အွန်လိုင်းမှာရေပန်းစားရသောအကြောင်းအရင်းတစ်ခုဖြစ်သည်။
ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီလီမိတက်_
ခွေးစာကိုအွန်လိုင်းအော်ဒါလက်ခံပြီးနောက် ခုံးလင်လုံးဝအလုပ်ရှုပ်နေသည်။ သူက ကုမ္ပဏီခွဲတာဝန်ခံဖြစ်၍ဖိအားများသည်။
သို့ရာတွင် အွန်လိုင်းခွေးစာအော်ဒါမှာ ထူးထူးခြားခြားအခြေအနေကောင်းနေသောကြောင့် သူနည်းနည်းစိတ်သက်သာရာရသည်။ ဥက္ကဌချင်ကိုတင်ပြရာတွင်လည်း ယုံကြည်ချက်ရှိသည်။
ခုံးလင်မှာ ကုမ္ပဏီအသစ်တည်ထောင်ရာတွင်အတွေ့အကြုံရှိထားသောကြောင့် အွန်လိုင်းမှချင်းလင်ခွေးစာအော်ဒါများကို အမြန်ဆုံးပို့ပေးနိုင်သည်။
ဖြန့်ဝေသူရှာဖို့ သူအလျင်မလို။

ဒီအွန်လိုင်းခွေးစာတစ်သုတ်ရောင်းပြီးတာနဲ့ အရောင်းကိုယ်စားလှယ်တွေအများကြီး သူ့ကိုလာရှာလိမ့်မည်ဟုယုံကြည်ထားသည်။
နှစ်ရက်ကုန်လွန်သွားသည်။
ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီလီမိတက်မှဖြန့်ဝေသောခွေးစာများလည်း ဝယ်ယူသူများဆီရောက်ရှိနေပြီ။
ယွီလင်းနှင့်သူ့ကောင်မလေးက အလုပ်ဆင်းလျှင်အိမ်ပြန်ပြီး စာတိုက်သွားကြသည်။ ခွေးစာရောက်ပြီဟု သူတို့သတင်းရသည်။
ဒီတစ်ခါ ချင်းလင်ခွေးစာအိတ်ကြီးသုံးအိတ်မှာထားသည်။ အိမ်ယူလာပြီးနောက် သူတို့နှစ်ယောက်ကမနေနိုင်ဘဲ တန်းဖွင့်ကြည့်ကြသည်။
ချင်းလင်ကုမ္ပဏီထုတ်ကုန်တွေက ခွေးစာဆိုရင်တောင်ပေါက်သည်။
ခွေးလေးဘေဘီကလည်း မိဘများပြန်လာသည်ကိုမြင်သောကြောင့် အသံပေးပြီးပတ်ချာလည်လှည့်နေသည်။ ယွီလင်းကခွေးစာခွက်ယူပြီး ချင်းလင်ခွေးစာများလောင်းထည့်လိုက်သည်။
တစ်နေ့ခင်းလုံး ဘေဘီဆာနေသည်။
ဒါ သူအစာစားချိန်။

ခွေးလေးဘေဘီက ခွေးစာအပြည့်ထည့်ထားသောခွေးစာခွက်မြင်ပြီး ချက်ချင်းပြေးလာသည်။
ရုတ်တရက် ခွေးစာပြောင်းသွားမှန်း သူသတိထားမိသောကြောင့် အရင်ဆုံးအနံ့ခံပြီး ခွေးစာကိုနည်းနည်းလျက်ကြည့်သည်။
ခဏအကြာ ခွေးမျက်လုံးများမှေးစင်းပြီး သိသိသာသာသဘောကျပုံဖြစ်သွားသည်။ ထို့နောက် အားရပါးရစားတော့သည်။ စားရင်း ခွေးစာကိုအရမ်းကြိုက်သည့်အဓိပ္ပါယ်နှင့်မြူးတူးပြီး အသံထထပေးသည်။
စားကောင်းခြင်း +၂၊ အရသာ +၂ နှင့် ခွေးများကြိုက်ခြင်း +၂ ကြောင့် ခွေးများတင်းမခံနိုင်။
ထိုမြင်ကွင်းကြောင့် ယွီလင်းနှင့်သူ့ကောင်မလေးလည်း အံ့ဩသွားသည်။ သူတို့ခွေးဒီလိုဖြစ်နေတာ ဒါပထမဆုံးပင်။ ဒီခွေးစာကိုသူအရမ်းကြိုက်ပုံရှိသည်။
ချင်းလင်ကုမ္ပဏီထုတ်ကုန်ဆိုတဲ့အတိုင်း လူတွေကြိုက်ရုံသာမက ခွေးတောင်ကြိုက်သည်။
"ဗီဒီယိုရိုက်ပြီး အိမ်မွေးတိရစ္ဆာန်အဖွဲ့ထဲကြော်ငြာပေးလိုက်မယ်!''
သူ့ကောင်မလေးကချက်ချင်းဖုန်းထုတ်ပြီး ဗီဒီယိုရိုက်သည်။ ဒီကောင်လေး ဒီလောက်ပျော်နေတာ ဒါပထမဆုံး။ ဒါကိုမမျှဝေဘဲနေနိုင်မလား?
ယွီလင်းလည်းဖုန်းထုတ်ပြီး ဗီဒီယိုရိုက်တင်ဖို့ပြင်လိုက်သည်။ သို့သော် သူဗီဒီယိုတင်သောအခါ အင်တာနက်ပေါ်တွင် အတော်များများက ချင်းလင်ခွေးစာအကြောင်းဗီဒီယိုများတင်ထားသည်ကိုတွေ့ရလေသည်။
ဗီဒီယိုထဲတွင် ခွေးတိုင်းက ချင်းလင်ခွေးစာကိုအားရပါးရစားနေကြသည်။ ခွေးအားလုံးက ချင်းလင်ခွေးစာကိုအရမ်းကြိုက်ကြောင်း မြင်သာသည်။
မကြာမီ အံ့ဩစရာကောင်းသောဗီဒီယိုတစ်ပုဒ်ကို ယွီလင်းတွေ့ရသည်။ ဗီဒီယိုထဲတွင် ခွေးပိုင်ရှင်က သူ့ခွေးအတွက်ခွေးစာတစ်ပန်းကန်ထည့်ပေးနေသည်။ ခွေးကအားရပါးရစားနေချိန်တွင် သူကလူစားပန်းကန်ထုတ်ပြီး ခွေးစာဖြည့်လိုက်သည်။
ထို့နောက် အံ့အားသင့်စရာတွေ့လိုက်ရသည်။ ခွေးပိုင်ရှင်က တူတစ်စုံနှင့်ခွေးစာကိုယူကာ သူ့ပါးစပ်ထဲထည့်လိုက်လေသည်။ ခွေးစာကိုပလုတ်ပလောင်းဝါးစားပြီး သူ့မျက်နှာကလည်း သဘောကျနှစ်ခြိုက်ပုံနှင့်။
"???"
ယွီလင်းကြောင်သွားသည်။