← Chapters

ခွေးထီးနဲ့စုံတွဲများအတွက် စက်အသစ်!

Vol. 61 Ch. 906

ခွေးထီးနဲ့စုံတွဲများအတွက် စက်အသစ်!

Vol. 61 Ch. 906

ဗီဒီယိုကြည့်ပြီး ယွီလင်းနည်းနည်းကြောင်သွားသည်_

"ဒီလူက ရူးနေတာလား? ခွေးစာလုစားနေတယ်!''

သူ့ကောင်မလေးကဇဝေဇဝါနှင့် အနားကပ်လာပြီးကြည့်ရာ ဗီဒီယိုထဲတွင် ခွေးနှင့်အတူ ခွေးစာအားရပါးရစားနေသောလူကိုတွေ့ရသည်။

သူမလည်း နည်းနည်းအံ့ဩသွားကာ_

"ဒီလူကဘယ်လိုဖြစ်ရတာလဲ? ပြခန်းမှာအထားခံချင်တာလား?''

ခွေးပိုင်ရှင် ခွေးစာစားတာမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။

နောက်ဆုံး ခွေးပိုင်ရှင်က ခွေးစာကိုလတ်စသတ်လိုက်သည်။ သူကအားရကျေနပ်ပုံနှင့် ကင်မရာကိုကြည့်ကာ_

"ကျုပ်ရူးနေတယ်လို့ထင်ကြတယ်မလား? ခွေးဆီကခွေးစာလုစားတာ ဦးနှောက်များချောင်နေလားပေါ့? မငြင်းနဲ့... ခင်ဗျားတို့အကုန် အဲလိုထင်နေတာ''

"ဖွီး"

ယွီလင်း။

"သူ့ကိုယ်သူတော့ သိသားပဲ!''

ကောင်မလေး။

သူတို့နှစ်ယောက်သား နည်းနည်းမှင်တက်သွားသည်။

သို့ရာတွင် ဗီဒီယိုတင်သူကဆက်ပြောသည်_

"ဟုတ်တာပေါ့... ခင်ဗျားတို့က ကျုပ်ကိုစိတ်ရောဂါရှိတယ်ထင်နေရင် ကျုပ်ကလည်း ခင်ဗျားတို့မသိတဲ့စားကောင်းသောက်ဖွယ်ကိုစားနေရတယ်လို့ထင်တာ''

"ခင်ဗျားတို့မယုံလောက်ဘူးဆိုပေမဲ့ ကျုပ်ကချင်းလင်ကုမ္ပဏီရဲ့ခွေးစာကိုမတော်တဆစားမိတာ... အဲတော့မှ အရမ်းစားကောင်းမှန်းသိတာ''

"အမှန်ပဲ... ခင်ဗျားတို့စားကြည့်မှ ဒီခွေးစာက စျေးကွက်ထဲကဘီစကစ်တွေမုန့်တွေထက် ပိုစားကောင်းမှန်းသိလိမ့်မယ်''

"ယုံတာမယုံတာကတော့ ခင်ဗျားတို့သဘောပါပဲ!''

ယွီလင်းကဗီဒီယိုကြည့်ပြီး တန်းအတွန့်တက်လိုက်သည်_

"မင်းကိုသာ ယုံရင်တော့''

အဲဒီနောက် မှတ်ချက်ထဲဝင်ပြီး မှတ်ချက်ပေးရန်၊ ငြင်းခုံရန်ပြင်လိုက်သည်။



သို့ရာတွင် ဗီဒီယိုမှတ်ချက်များက ပလူပျံပြီးစည်ကားနေ၏။

"လူတွေက ခွေးစာစားတယ် ခွေးစာစားတယ်လို့ပြောကြတာ ကြားဖူးပါတယ်... နောက်ဆုံးတော့ ခွေးစာစားတယ်ဆိုတာ သိလိုက်ပြီ!''

"ဗီဒီယိုတင်တဲ့သူက တစ်ကိုယ်တည်းလူပျိုကြီးဖြစ်မယ်... မဟုတ်ရင် ခွေးစာတွေဒီလောက်စားမလား?''

"ပြည်သူတွေအချစ်ခံချင်တာထင်ပါတယ်... မဟုတ်ရင် ဘာလို့ခွေးစာအများကြီးစားပြမလဲ?''

"……"

တစ်ယောက်ပြီးတစ်ယောက်မှတ်ချက်ပေးကြသည်ကိုကြည့်ရင်း ယွီလင်းအားတုံ့အားနာဖြစ်သွားသည်။

ဒီဗီဒီယိုတင်တဲ့သူက နည်းနည်းသနားစရာကောင်းတဲ့ပုံပဲ။

သို့ရာတွင် ထပ်တက်လာသောမှတ်ချက်ကို သူအာရုံစိုက်မိသည်။

"မင်းတို့ယုံလားမသိဘူး... ငါတော့ယုံတယ်... ငါချင်းလင်ခွေးစာစားကြည့်ပြီးပြီ... တကယ်ကောင်းတာ''

"ငါလည်း တစ်ခုစားကြည့်ပြီးစွဲသွားတာ... မနေနိုင်ဘူး ထပ်စားချင်တယ်!''

"ကြောက်စရာကောင်းလိုက်တာ... ခွေးစာတစ်ခုစားပြီး ခွေးနဲ့ပြိုင်လုချင်လာပြီ!''

"……"

"???"

ထိုမှတ်ချက်များမြင်ပြီး ယွီလင်းနှင့်သူ့ကောင်မလေး ကြောင်သွားသည်။

ဟာသလုပ်ရင်လုပ်ပါ။ ဒါပေမဲ့ ခွေးစာကို မနောက်နဲ့လေ။

ဘာရယ်မဟုတ် ယွီလင်းက ဘေဘီရဲ့စားခွက်ကိုကြည့်လိုက်ပြီး ရုတ်တရက်ထူးထူးဆန်းဆန်းအတွေးဝင်လာသည်။



သူကအမြန်ခေါင်းခါပြီး သူ့အတွေးကိုရှင်းထုတ်ပစ်သည်။

ဒီခွေးစာကို ဘာလို့စားကြည့်ရမှာလဲ?

သူ့ကောင်မလေးက အရူးလို့ထင်ရင်ဒုက္ခ။

"အချစ်... တစ်ခုစားကြည့်ချင်လား?''

ရုတ်တရက် သူ့ကောင်မလေးကမေးသည်။

"???"

သူမစကားကြောင့် ယွီလင်းကြောင်သွားသည်။

သို့ရာတွင် သူ့ကောင်မလေးကဒီလိုပြောလာ၍ သူအတွေးဝင်လာပြန်သည်။ သူကအမှတ်တမဲ့ခေါင်းညိမ့်ပြီး ခွေးစာအိတ်ကိုလက်လှမ်းကာ တစ်ခုနှိုက်၍ပါးစပ်ထဲထည့်လိုက်သည်။

ခွေးစာပါးစပ်ထဲရောက်သည်နှင့် ရုတ်တရက်ယွီလင်းမျက်နှာထား​ပြောင်းသွားပြီး ဝါးစားတော့သည်။

ခွေးစာက ဗီဒီယိုထဲကလူပြောထားသလိုအရသာရှိနေတာ သူမယုံနိုင်။

စားကောင်းခြင်း +၂၊ အရသာ +၂၊ ပိုင်ရှင်အကြိုက် +၂ ကြောင့် ယွီလင်းကြိုက်သွားသည်။

ဒီခွေးစာက သူစားတဲ့ဆန်ထက်၊ ဒါမှမဟုတ် သူ့ဘဝမှာစားဖူးသမျှထက် အရသာပိုရှိနေသည်။ ချင်းလင်စံအိမ်မှချင်းလင်ဖရဲသီးသာ ဒီခွေးစာကိုယှဉ်နိုင်လိမ့်မည်။

ဘုရားရေ!

ယွီလင်းရူးတော့မည်။

သူ့လက်ကခွေးစာအိတ်ထဲထပ်ရောက်ပြီး သုံးလေးခုနှိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ဝါးရင်းဝါးရင်း စားကောင်းလိုက်ပုံက လျှာထဲစိမ့်ဝင်လာသည်။ သူကမနေနိုင်ဘဲ တစ်ကြိမ်ထက်တစ်ကြိမ်ပိုနှိုက်ကာ ပါးစပ်ထဲထိုးသိပ်လိုက်သည်။



သူ့ကောင်မလေးက သူ့ကိုကြည့်ပြီးအံ့ဩနေသည်။

စိုက်ကြည့်ခံရသောကြောင့် ယွီလင်းကရှက်ပြီး သူ့ကောင်မလေးကိုခွေးစာအမြန်ပေးကာ_

"အချစ်... ဒီခွေးစာစားကြည့်... ဗီဒီယိုထဲမှာပြောထားသလိုကောင်းတာ... ကိုယ်မထင်မိဘူး''

ကောင်မလေးကဇဝေဇဝါဖြစ်နေသော်လည်း သူ့ကောင်လေးယွီလင်းအားရပါးရစားပုံကိုကြည့်ပြီး ခွေးစာတစ်ခုပါးစပ်ထဲထည့်ကြည့်သည်။

ထည့်ပြီး အမှတ်တမဲ့ ပါးစပ်အဟောင်းသားဖြစ်သွား၏။

တကယ်အရသာရှိတာပဲ။

ထိုအရသာကြောင့် နောက်ထပ်သုံးလေးခုနှိုက်ပြီး ပါးစပ်ထဲထည့်သည်။

ထို့နောက် မြင်ကွင်းကလှသွားသည်။

လူငယ်စုံတွဲတစ်တွဲမှာ ဆိုဖာပေါ်ထိုင်ပြီး TV ကြည့်နေသည်။ သူတို့လက်ထဲတွင်ခွေးစာတစ်အိတ်ရှိပြီး အိတ်ထဲဆက်တိုက်နှိုက်ကာ ပါးစပ်ထဲထိုးသိပ်စားကြသည်။

မြင်သူတိုင်းက သူတို့ဦးနှောက်ပျက်နေပြီလို့ထင်ကြလေမလား?

သူတို့ခွေးဘေဘီမှာ ဂနာမငြိမ်ဖြစ်လာသည်။

သူ့ပန်းကန်ထဲမှာခွေးစာကုန်ပြီ။ ဒါပေမဲ့ ထပ်စားချင်သေးသည်။ သူ့မိဘများကိုဟောင်ပြီးအသံပေးသော်လည်း မိဘများက သူ့ခွေးစာကိုအားရပါးရစားနေကြလေသည်။

ဒီလိုအဖြစ်မျိုး တခြားခွေးပိုင်ရှင်များလည်းဖြစ်သွားသည်။

နောက်ပြီး အတော်များများ၏စူးစမ်းချင်စိတ်ကြောင့် အင်တာနက်ပေါ်မှာ ခွေးစာစားသောဗီဒီယိုများတက်လာတော့သည်။

လူကခွေးစာစားတာ လုံးဝအဆန်းကြီး။

ပြီးတော့ အငမ်းမရစားကြတာ။

ခွေးစာက ချင်းလင်ကုမ္ပဏီနဲ့ဆက်စပ်နေသေးရင် အချက်အလက်စကားဝှက်ဖြစ်မည်။ ဒီတော့ မကြာခင် ခွေးစာမှာထိန်းမနိုင်သိမ်းမရ​ဖြစ်တော့မည်။

ဗီဒီယိုမြင်သူများကလည်း စူးစမ်းကြသည်။ ခွေးမရှိသူတောင် ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီမှ ခွေးစာမှာကြ၏။

တစ်ညလွန်ပြီးနောက် ချင်းလင်ခွေးစာကပိုပြီးနာမည်ကြီးလာသည်။

ဟိုတယ်တစ်ခု၌_

အစ်ကိုရီက မနက်အစောကြီးအိပ်ရာနိုးလာသည်။

မနေ့ညက ဒီမြို့ကိုလေယာဉ်စီးလာပြီး ကျောက်ရှုံကျိုးနှင့်ဗီဒီယိုရိုက်သည်။ ဒီည သယ်လာသောပစ္စည်းများကို live လွှင့်ပြီး ဗီဒီယိုတင်ရင် လူဝင်ကြည့်နှုန်းများလိမ့်မည်။

All Chapters