← Chapters

ခွေးထီးနဲ့စုံတွဲများအတွက် စက်အသစ်! ၂

Vol. 61 Ch. 907

ခွေးထီးနဲ့စုံတွဲများအတွက် စက်အသစ်! ၂

Vol. 61 Ch. 907

အမှန်အတိုင်းပြောရရင် ဒါသူအရမ်းဂုဏ်ယူတဲ့ကိစ္စ။

ဘာပဲဖြစ်ဖြစ် ဒီအင်တာနက်ခေတ်မှာ ပရိသတ်တွေရှိနေသရွေ့ အင်တာနက်ဆယ်လီဆိုရင်တောင်၊ အင်တာနက်သူတောင်းစားလို့အလှောင်ခံရရင်တောင် ငွေအင်အားသုံးပြီး သရုပ်ဆောင်များကို ကိုယ့်အတွက်ခိုင်းနိုင်သည်။

သရုပ်ဆောင်က ကိုယ်ငယ်ငယ်တုန်းကစံပြပုဂ္ဂိုလ်ဆိုရင်တောင်ပေါ့။

အစ်ကိုရီကမျက်နှာသစ်သန့်စင်ပြီး အခန်းပြင်ထွက်လာရာ သူ့လက်ထောက် အလောတကြီးပြေးလာသည်ကိုတွေ့ရသည်_

"အစ်ကိုရီ မကောင်းတော့ဘူး... Tiktok ကိုကြည့်... ချင်းလင်ကုမ္ပဏီရဲ့ခွေးစာက ရေပန်းစားနေပြီ''

"ဘာ???''

ရုတ်တရက် အစ်ကိုရီဇဝေဇဝါဖြစ်သွားသည်။

ဒီအတွက် အစ်ကိုကျောက်ဆီမှာ သူပိုက်ဆံအများကြီးသုံးထားတာ။ အမြတ်ကောင်းကောင်းမရရင် ရှုံးပြီပေါ့?

သူကမယုံတဝက်နှင့်_

"ခွေးစာက ရေပန်းစားစာရင်းမှာထိပ်တန်းဝင်နိုင်လို့လား? နောက်နေတာလား? ဒီခွေးစာကိုစားပြီး အာရုံစိုက်ခံရအောင်လုပ်တဲ့သူရှိလို့နေမှာပေါ့?''

လက်ထောက်မျက်နှာက တစ်မျိုးဖြစ်သွားပြီး_

"အစ်ကိုရီ... အဲဒီခွေးစာက တကယ်လူစားလို့ရတယ်... စားပြတဲ့သူတွေအများကြီးပဲ''

"???"

အစ်ကိုရီ မျက်မှောင်ကြုတ်လိုက်သည်။ သူကဖုန်းထုတ်ပြီး ချန်နယ်တစ်ခုဖွင့်ကာဗီဒီယိုများကြည့်သည်။ သူလုံးဝကြောင်သွား၏။ အမှန်ပင် ခွေးစာစားပြသောဗီဒီယိုများက ရေပန်းစားနေသည်။

အကုန်သော*က်ရူးတွေလား?

ဘာပြောရမှန်းမသိ။ ဒီကမ္ဘာကြီးက တစ်ခုခုတော့မှားနေပြီဟု အစ်ကိုရီခံစားရသည်။

အထူးသဖြင့် ချင်းလင်ကုမ္ပဏီက ထူးထူးခြားခြားထိပ်တန်းရှာဖွေမှုဖြစ်လာသည်။

သို့ရာတွင် အင်တာနက်ပေါ်ရေပန်းစားခြင်းမှာ အင်တာနက်ဆယ်လီများ၊ သရုပ်ဆောင်များ ညည်းတွားခြင်းကြောင့် ရပ်တန့်မသွား။ ခွေးစာက အမှန်ပင် လူအများစုစားဖူးသောအစားအစာများထက်ပိုပြီး အရသာရှိနေသည်။ ဒါကြောင့် လူတချို့ ရူးသွားနိုင်လောက်သည်။

အရင်က ဒီလောက်အရသာရှိတာ ဘယ်သူမှမစားဖူး။ ခွေးကကံကောင်းပြီး အရင်စားရသည်။

အထူးသဖြင့် ဒီခွေးစာကဘယ်သူမဆိုစားနိုင်အောင်အရသာရှိလှတာ ချင်းလင်ကုမ္ပဏီကဘာလို့ခွေးစာအဖြစ်ရောင်းရတာလဲ?

မကြာမီ ရေပန်းစားရှာဖွေမှုထိပ်ဆုံးတွင် နောက်ဗီဒီယိုတစ်ပုဒ်တက်လာပြီး ထိုဗီဒီယိုကြောင့် အားလုံးအံ့ဩသွားသည်။ သုတေသနချစ်သူ ဘလော့ဂါတစ်ဦးက တင်ထားခြင်းပင်:

"ချင်းလင်ခွေးစာနာမည်ကြီးနေလို့ ဒီဗီဒီယိုကိုတင်ရတာ... လူသိခံချင်လို့တင်တယ်ဆိုတာလည်း ဝန်ခံပါတယ်''

"ကျွန်တော်တင်တဲ့ဗီဒီယိုက သူများထက်ထူးချင်ထူးမယ်... ကျွန်တော်က ဒီချင်းလင်ခွေးစာကိုစမ်းသပ်ထားလို့ပါ... စမ်းသပ်ဖို့လည်း အချိန်အများကြီးပေးခဲ့တယ်''



"ရလဒ်က အရမ်းကောင်းတယ်... ဒီခွေးစာမှာ လူ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေမပါပါဘူး... ဒါပေမဲ့ တိရစ္ဆာန်တွေရဲ့ကျန်းမာရေး ကြီးထွားရေးအတွက်အကျိုးရှိတဲ့အာဟာရဓာတ်တွေပါတယ်''

"အဲဒါကထားပါတော့... အဓိကပြောချင်တာ အာဟာရဓာတ်တွေက လူတွေအတွက်လည်းအကျိုးရှိလို့ ချင်းလင်ခွေးစာကို တကယ်လူစားလို့ရပါတယ်''

ဗီဒီယိုထွက်ထွက်ချင်း ချင်းလင်ခွေးစာစားထားသူများက မကျေမချမ်းဖြစ်ကြသည်။

တကယ်စားလို့ရတာပဲ။

ဒါဆို ချင်းလင်ကုမ္ပဏီကဘာလို့ ခွေးစာဆိုပြီးရောင်းတာလဲ? အခုတော့ ကိုယ့်ခွေးနဲ့ကိုယ် ခွေးစာလုစားနေရပြီ။ သူတို့ကလူဆိုးလိုလို။

ထိုအချိန်တွင် အခွင့်သင့်တုန်း ခုံးလင်က ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီမှလူများကို တခြားအိမ်မွေးတိရစ္ဆာန်အစာများကြော်ငြာခိုင်းသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရောင်းတာ ခွေးစာတစ်မျိုးတည်းမဟုတ်။

သူတို့ကြော်ငြာကို ပြည်သူအတော်များများစိတ်ဝင်စားကြပြီး အင်တာနက်ပေါ်တွင် သတိပေးသူများ၊ ဗီဒီယိုမျှဝေသူများ တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်:

"ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီကိုလာ!''

"သတိမပေးဘူးမပြောနဲ့နော်... ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီက ထုတ်ကုန်အသစ်ကိုကြည့်!''

ရုတ်တရက်ထွက်လာသောဗီဒီယိုကိုအတော်များများမြင်သွားပြီး ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီတရားဝင်ဝဘ်ဆိုဒ်ထဲ တဖွဲဖွဲဝင်ကြသည်။ ထို့နောက် ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီမှထုတ်သော အိမ်မွေးတိရစ္ဆာန်အစာမျိုးစုံကိုတွေ့သွားကြသည်။

ထို့ကြောင့် ပြည်သူများပိုပြီးမကျေမချမ်းဖြစ်ကြသည်။

သူတို့စားဖို့ကျဘာမှမရှိဘဲ တိရစ္ဆာန်အစာတွေပဲထုတ်နေတယ်?

ယွီလင်းနှင့်သူ့ကောင်မလေးလည်း ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီမှထုတ်ကုန်အသစ်ကိုအာရုံစိုက်မိသည်။

ဝက်စာ၊ ကြောင်စာ၊ မြေခွေးစာ၊ ခွေးထီး...

နေပါဦး!

ယွီလင်း ရုတ်တရက်ကြောင်သွားသည်။

ချင်းလင်ခွေးထီး!

ဒီထုတ်ကုန်က အရင်ခွေးစာနဲ့လုံးဝမတူ။ တခြားဘာမှမပါဘဲ စာလုံးနှစ်လုံးသာရေးထားသည်: ခွေးထီး။



ခွေးထီးဆိုတာ ဘာအဓိပ္ပါယ်လဲ? ခွေးအစစ်လား? ဒါပေမဲ့ ခွေးစာကရှိပြီးသား။ ခွေးတော့ လုံးဝမဖြစ်နိုင်။

ဒီတော့ ခွေးထီးဆိုတဲ့အဓိပ္ပါယ်က သိသာသည်။

"ချင်းလင်ခွေးထီး... ချင်းလင်စုံတွဲ!''

ယွီလင်းက ချင်းလင်ခွေးထီးနောက်မှတခြားထုတ်ကုန် ချင်းလင်စုံတွဲကိုမြင်သည်။

အဲဒါလူစားဖို့လား?

အမှန်ပင် လူစားဖို့ဖြစ်သည်။ လူစားရန်ဖြစ်သောကြောင့် လူကိုမရောင်းစရာအကြောင်းမရှိ။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ လူဦးရေ ၁.၄ ဘီလီယံရှိသည်။

တကယ်တော့ မူလနာမည်က ချင်းလင်ခွေးထီးစာ! သို့ရာတွင် ဖောက်သည်များကိုစော်ကားသလိုဖြစ်မည်စိုးသောကြောင့် ခုံးလင်တို့ကအစည်းအဝေးထိုင်ပြီး '-စာ'ကိုဖြုတ်ချလိုက်သည်။

ချင်းလင်ခွေးထီးပဲ!

သူဖြုတ်ချချင်သလောက် ဖြုတ်ချနိုင်သည်။

ဒီလောက်ဆို သူဆိုလိုတဲ့သဘောကို အားလုံးသဘောပေါက်လောက်ပြီ။

ဒါ ခွေးထီးတွေအတွက်အစာ။

ချင်းလင်စုံတွဲ။ ဒါကတော့ စုံတွဲခွေးစာ။ စုံတွဲလိုက်စားရင် စုံတွဲပြယုဂ်ဖြစ်ပြီ။

ယွီလင်းတို့အတွဲကသဘောပေါက်သောကြောင့် ခွေးထီးကိုမဝယ်။ စုံတွဲ ၁၀ ထုပ်တန်းမှာလိုက်သည်။

ဒီလောက်အရသာရှိတဲ့အစားအစာကိုစားရတာကောင်းသည်။ ခွေးနဲ့ပြိုင်လုစရာမလိုတော့။

အင်တာနက်ပေါ်မှပြည်သူများလည်း လူစားသောခွေးစာနှစ်မျိုးကိုမြင်ပြီး လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။

"ငါလိုခွေးထီးကိုသတိရပေးတဲ့အတွက် ချင်းလင်အိမ်မွေးတိရစ္ဆာန်စာကုမ္ပဏီကို ကျေးဇူးပါလို့''

"ဟား ဟား... နောက်ဆုံးတော့ ငါ့ကောင်မလေးနဲ့ရိုနိုင်ပြီ!''

"ခွေးထီးကိုသတိရပေးလို့ ဂုဏ်ယူမိပါတယ်!''



"နောက်ဆုံးတော့ ငါ့ခွေးလိုစားရပြီပေါ့... ဝမ်းသာလိုက်တာ!''

"ဟုတ်ပါ့... မဟုတ်ရင် ဒီလောက်အရသာရှိတဲ့အစားအစာက ငါလိုခွေးထီးနဲ့မဆိုင်ဘဲနေမှာပေါ့?''

ချင်းလင်အိမ်မွေးတိရစ္ဆာန်စာကုမ္ပဏီကရုတ်ချည်းနာမည်ကြီးလာပြီး အင်တာနက်တွင်ပေါ်ပင်ထနေသည်ဟုဆိုနိုင်သည်။ နောက်ရက်များတွင် ချင်းလင်တိရစ္ဆာန်အစာမှာ အင်တာနက်တစ်ခုလုံး၏အဓိကကျောရိုးဖြစ်လာသည်။

ဗီဒီယိုအတိုပလက်ဖောင်းများ၊ Wechat အခိုက်အတန့်များအားလုံးလိုလို ချင်းလင်အိမ်မွေးတိရစ္ဆာန်စာအကြောင်းတင်ကြသည်။ ချင်းလင်ခွေးထီးနှင့်ချင်းလင်စုံတွဲထုတ်ကုန်နှစ်မျိုးကို အတင်အများဆုံးပင်။

တကိုယ်တည်းသမားအတွက်ခွေးထီးဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ချစ်ကြောင်းပြသောစုံတွဲစာတင်ကြသည်!

နောက်ပြီး ထိုခွေးစာနှစ်မျိုးမှာ လူစားဖို့ဖြစ်သောကြောင့် ခွေးစာလုစားရသည်ထက်ပိုပြီး စိတ်ခံစားချက်ကောင်းသည်။

ထိုနှစ်မျိုးမှာ အော်ဒါအတိုင်းအဆမရှိတက်လာတော့သည်။

……

ချင်းလင်အပန်းဖြေစံအိမ်_

ခုံးလင်နှင့်တန့်ကွမ်းက မနက်အစောကြီး ရုံးခန်းထဲရောက်လာပြီး ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီ၏နောက်ဆုံးအခြေအနေကိုတင်ပြကြသည်_

"ဥက္ကဌချင်... စက်ရုံမှာအချိန်ပိုဆင်းနေပါပြီ... ပြီးတော့ စက်ရုံအသစ်ကထုတ်လုပ်ရေးတိုးမြှင့်ဖို့လိုပါတယ်''

"ဒီအတောအတွင်း ဖြန့်ဝေသူမရှာရသေးပါဘူး... ဒါပေမဲ့ အွန်လိုင်းအော်ဒါတွေနဲ့တင် သန်း ၅၀၀ ဖြစ်နေပါပြီ''

တန့်ကွမ်းကလည်း ရယ်ပြီး_

"ကုမ္ပဏီခွဲကစစချင်း ဒီလိုရလဒ်မျိုးဖြစ်မယ်မထင်မိဘူး... ရက်ပိုင်းနဲ့ ကုမ္ပဏီရုံးချုပ်ကရင်းနှီးမြှုပ်နှံထားတဲ့ ၁ ဘီလီယံကိုပြန်ရနိုင်တယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ဒီချင်းလင်အိမ်မွေးတိရစ္ဆာန်အစာရဲ့အရှိန်က တကယ်အံ့ဩစရာ။

လက်ရှိအော်ဒါများက အွန်လိုင်းမှာရေပန်းစားသောကြောင့်ဖြစ်သော်လည်း နာမည်ရပြီးထုတ်ကုန်များကအရသာတကယ်ရှိသောကြောင့် ရှေ့လျှောက်အော်ဒါမနည်းနိုင်ဟု သူယုံကြည်ထားသည်။

နောက်ပြီး ဒီထုတ်ကုန်နှင့်တင် ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီက ပြည်တွင်းမှာလူသိများသောကုမ္ပဏီဖြစ်လာနိုင်သည်။

ဘာပဲဖြစ်ဖြစ် လက်ရှိပြည်တွင်းတိရစ္ဆာန်အစာစျေးကွက်က ယွမ်ဘီလီယံ ၂၀၀ ကျော်နေပြီ။ နောက်ပြီး အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီက ချင်းလင်ခွေးထီးနှင့်နှင့်ချင်းလင်စုံတွဲဟူ၍ လူစားဖို့နှစ်မျိုးလည်းထုတ်ထားသည်။

ရှေ့လျှောက် ဒီခွေးစာနှစ်မျိုးက လူအများစုအတွက်အဓိကသရေစာဖြစ်လာနိုင်သည်။

ခုံးလင်နှင့်တန့်ကွမ်းလည်း အစီရင်ခံပြီးပြန်သွားသည်။

ထို့နောက် ချင်လင်ကထိုင်ရင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား အဝါရောင်သစ်မွှေးရှိသောဂိုဒေါင်ထဲသွားစေသည်။

ကျောက်မိုချင်းရုံးခန်းကို အပန်းဖြေစံအိမ်ထဲရွှေ့ထားပြီဖြစ်၍ ကျောက်မိုချင်းရုံးခန်းအတွက်တစ်ခုခုလုပ်ပေးရမည်။

သို့ရာတွင် သူ့ဂိမ်းဇာတ်ကောင်ကိုစက်ပစ္စည်းခန်းမထဲသွားစေလိုက်ရာ နောက်ထပ်စက်တစ်မျိုးရောက်နေသောကြောင့် သူအံ့ဩသွားသည်။

ထိုစက်က အစိမ်းရောင်ဖြစ်ပြီး စက်ပေါ်တွင်မျိုးစေ့ပုံအမှတ်အသားပါသည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကို ထိုစက်နားတန်းသွားစေသည်။ စက်ပေါ်တွင်ရေးထားသည်မှာ:

မျိုးစေ့စက် အမျိုးအစား ၀၃!



All Chapters