← Chapters

အထွက်နှုန်းတိုး! စိုက်ပျိုးချိန်လျော့!

Vol. 61 Ch. 908

အထွက်နှုန်းတိုး! စိုက်ပျိုးချိန်လျော့!

Vol. 61 Ch. 908

"မျိုးစေ့စက်!''

ချင်လင်ကမနေနိုင်ဘဲ ဖန်သားပြင်ကိုထပ်ကြည့်လိုက်သည်။

မျိုးစေ့စက် အမျိုးအစား ၀၃!

တကယ်ဟုတ်နေတာပဲ!

မျိုးစေ့စက်မှာ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအမျိုးမျိုးထဲတွင်ပါသည်။

ထိုစက်က မျိုးစေ့ထုတ်ပြီး အထူးထပ်တိုးအရည်အသွေးများရသည်။ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအမျိုးမျိုးတွင် ပုံကြီးအချဲ့ဆုံးတစ်ခုမှာ ဒိုရေမွန်နှင့်စိတ်ကူးယဉ်ဖြစ်သည်။

ထိုပုံစံထဲတွင် ဒိုရေမွန်နှင့်နိုဇိုမီက သတ္တုမြို့တော်မွေးမြူရေးခြံထဲကူးပြောင်းဝင်ရောက်လာပြီး ဂိမ်းဇာတ်ကောင်ကိုကူညီပေးရသည်။

ထိုပုံစံက တကယ်ထူးဆန်းသည်။ ဒိုရေမွန်အကြောင်းသာ တွေးကြည့်ပါတော့။

အဲဒီထဲကမျိုးစေ့စက်မှာ အင်္ဂါဂြိုလ်အပေါ်စိုက်နိုင်သောမျိုးစေ့တောင် ထုတ်ချင်ထုတ်ရနိုင်သည်။

ချင်လင်ကတွေးတောရင်း မျှော်လင့်စောင့်စားမိသည်။ တကယ် ဒိုရေမွန်နဲ့နိုဇိုမီမျိုးစေ့စက်ဖြစ်ရင် ဂြိုလ်သားကမ္ဘာအဖြစ်တောင်ပုံပြောင်းပစ်နိုင်သည်။

ဒီမျိုးစေ့စက်က ဘယ်ပုံစံထဲကလဲ သူမသိခြင်းသာ။

ချင်လင်ကစဉ်းစားကြည့်ပြီး ချက်ချင်းဂိမ်းဇာတ်ကောင်ကို မျိုးစေ့စက်စမ်းစေသည်။ မျိုးစေ့စက်ပေါ်မှမျိုးစေ့ပုံစံလေးလင်းလာပြီး စာတန်းပေါ်လာသည်:

မျိုးစေ့စက် အမျိုးအစား ၀၃: အရည်အသွေး ၁!



(အမျိုးအစား ၃ မျိုးစေ့စက်အသစ်ဖြစ်သည်။ အထူးအာနိသင်များရှိသည်။ မျိုးစေ့ထုတ်ရန်သုံးပြီး ထွက်လာသောမျိုးစေ့ကိုအထွက်နှုန်းတိုးစေသည်။ သီးနှံများအချိန်တိုအတွင်းဖြစ်ထွန်းနိုင်သည်။)

(မျိုးစေ့ထုတ်ချင်ပါသလား?)

ချင်လင်ကစာဖတ်ပြီး ဒိုရေမွန်နဲ့နိုဇိုမီရဲ့မျိုးစေ့စက်မဟုတ်ကြောင်း သိလိုက်သည်။ သာမန်စက်တစ်လုံးသာ။

နောက်ပြီး မျိုးစေ့အထွက်နှုန်းတိုးစေသောစက်သာဖြစ်၏။

သို့သော် မျိုးစေ့စက်ကအသုံးမတည့်ဟုမဆိုလို။ အလွန်အသုံးတည့်သည်။

သီးနှံသုတေသနမှာ သီးနှံအရည်အသွေးတိုးတက်ဖို့ထက် တခြားရည်ရွယ်ချက်ဘာရှိသေးလဲ? သီးနှံအထွက်နှုန်းတိုးဖို့ပဲပေါ့။

စီနီယာကြီးယွမ်၏သုတေသနကြောင့် စပါးအထွက်နှုန်းတိုးပြီး အရင်လိုမငတ်ကြတော့။ အများစုက ဘဝသာယာပြီး လုပ်စရာမရှိရင် ပြဿနာတောင်ရှာနိုင်ကြသည်။

ဒါ နိုင်ငံအတော်များများ စိတ်ကူးသာယဉ်နိုင်သောဘဝပင်။

အဓိကက ပြည်တွင်းမှာအလုံအလောက်မထုတ်နိုင်သောသီးနှံများရှိသေးသည်။ တချို့က ရှိသည်ဆိုရုံမျှသာရှိသည်။ သိပ္ပံပညာရှင်များက ထိုသီးနှံများအထွက်တိုးအောင် သုတေသနလုပ်ကြ၏။

နောက်ဥပမာတစ်ခုက ရှန်းရွှေလက်ဆောင်ဆန်ပင်။ ထိုစပါးကို မင်မြို့တော်စီရင်စုတိုင်းတွင်စိုက်ပျိုးထားသည်။ ဂိမ်းမျိုးစေ့က ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရှန်းရွှေကဆန်ထက်ပိုကောင်းတယ်ဆိုရင်တောင် အကန့်အသတ်ရှိသေးသည်။ မင်မြို့တော်အပြင်မှာ စိုက်မရချေ။

ထို့ကြောင့် အထွက်နှုန်းအကန့်အသတ်ရှိနေသည်။

သို့ရာတွင် မျိုးစေ့စက်နှင့် ရှန်းရွှေလက်ဆောင်ဆန်ထုတ်ပါက ရှန်းရွှေလက်ဆောင်ဆန်အထွက်နှုန်းအများကြီးတိုးလာမည်။

ချင်းလင်စံအိမ်တွင် အရည်အသွေး ၁ သီးနှံများလည်းရှိသည်။ စံအိမ်လာသောခရီးသည်ပိုများလာသောကြောင့် အရင်အထွက်နှုန်းနှင့်မလောက်တော့။



အခု မျိုးစေ့ထွက်သရွေ့ အထွက်နှုန်းလည်းအများကြီးတက်တော့မည်။

ဒီမြေကွက်ကပဲ ထူးထူးခြားခြားအထွက်နှုန်းတက်လာမည်။ အထွက်နှုန်းအလုံအလောက်တက်ရင် ခေတ်တစ်ခေတ်တောင်ထနိုင်သည်။

စီနီယာယွမ် စပါးအထွက်နှုန်းကိုသုတေသနလုပ်ခဲ့သလိုပင်။

အထူးသဖြင့် မျိုးစေ့စက်က အထွက်နှုန်းတက်ပြီး သီးနှံစိုက်ပျိုးချိန်တိုတောင်းသည်။

ထိုအတွေးနှင့် ချင်လင်က အပန်းဖြေစံအိမ်အပြင်ထွက်ပြီး မျိုးစေ့ဆိုင်သွားလိုက်သည်။ အိမ်တိုင်းအသုံးများသော သာမန်သီးနှံမျိုးစေ့ ၂၀ ကျော်ဝယ်လာ၏။

မျိုးစေ့ ၂၀ ကျော်မှ ၁၆ မျိုးကို နိုင်ငံခြားမှတင်သွင်းထားသည်ဆို၍ သူအံ့ဩမိသည်။

ဒီမျိုးစေ့ဆိုင်တွေက နိုင်ငံရပ်ခြားကိုကိုးကွယ်နေကြတာလား?

မဟုတ်ရင် မျိုးစေ့အများစုကို ဘာလို့တင်သွင်းနေမလဲ?

သူမျိုးစေ့သွားဝယ်တုန်းက လုံးဝသတိမထားမိ။

သို့သော် ဆိုင်ရှင်ကဘယ်မျိုးစေ့ရောင်းရောင်း သူ့လွတ်လပ်ခွင့်ဖြစ်၍ ဝင်ပါချင်စိတ်မရှိပေ။

ဘာပဲဖြစ်ဖြစ် သူမျိုးစေ့ဝယ်တာ စမ်းသပ်ဖို့သာ။

အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး ရုံးခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ မျိုးစေ့များကိုဂိမ်းထဲယူသွား၏။



သူဂိမ်းထဲမှပြန်ထွက်လာသောအခါ ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် သူယူလာသောမျိုးစေ့များပြည့်နေပြီ။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံမှထွက်စေသည်။ သတ္တုမြို့တော်ရှိ စက်ပစ္စည်းခန်းမထဲမှမျိုးစေ့စက်နားသွားစေပြီး စတင်စမ်းသပ်သည်။

(မျိုးစေ့ထုတ်ချင်ပါသလား?)

ချင်လင်က ဒီတစ်ခါ 'ထုတ်မည်'ကိုရွေးလိုက်သည်။ နောက်ခဏတွင် စာတန်းပေါ်လာသည်။

(ထုတ်မည့်မျိုးစေ့ရွေးပါ!)

ပေါ်လာသောလေးထောင့်ကွက်ထဲတွင် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား ပန်းပွင့်စိမ်းမျိုးစေ့တန်းထည့်စေသည်။ မျိုးစေ့ဆယ်စေ့ကျော်ရှိပြီး 'အတည်ပြုမည်'ကိုနှိပ်လိုက်သည်။

ပန်းပွင့်စိမ်းမျိုးစေ့က နိုင်ငံခြားက။

(ပန်းပွင့်စိမ်းမျိုးစေ့ကိုထုတ်နေပါသည်။

အိုး... စိတ်မကောင်းပါ။ ပန်းပွင့်စိမ်းမျိုးစေ့ထုတ်မရပါ!)

အောင်မြင်ဖို့က အခွင့်အရေးလိုသည်။ အခွင့်အရေးသက်သက်သာ။ ပထမတစ်ခုက မအောင်မြင်။

ချင်လင်ကချက်ချင်း ပန်းပွင့်စိမ်းမျိုးစေ့များထပ်ထည့်လိုက်သည်။

(မျိုးစေ့ထုတ်မရပါ!)

(မျိုးစေ့ထုတ်မရပါ!)

နှစ်ကြိမ်ဆက်တိုက် မအောင်မြင်။

အောင်မြင်နှုန်းနည်းပုံရသည်။

မျိုးစေ့နည်းနည်းသာကျန်သောကြောင့် အကုန်ထည့်ပစ်လိုက်သည်။

(အိုး ဂုဏ်ယူပါတယ်... ပန်းပွင့်စိမ်းမျိုးစေ့ထုတ်လုပ်မှုအောင်မြင်ပါပြီ... အထွက်နှုန်း ၂၀% တိုးပြီး သီးနှံစိုက်ပျိုးချိန် ၁၀% လျော့သွားပါပြီ!)

"နောက်ဆုံးတော့ တစ်မျိုးရပြီ!''

ချင်လင်က သက်ပြင်းချလိုက်သည်။

သို့ရာတွင် အထွက်နှုန်း ၂၀% တိုးပြီး သီးနှံစိုက်ပျိုးချိန် ၁၀% သာလျော့သောကြောင့် အထွက်နှုန်းအကန့်အသတ်ရှိမည်။ ကုန်ကျစရိတ်သက်သာရုံသာရှိပြီး ဩချရလောက်အောင်မဟုတ်ချေ။



All Chapters