ဩချလောက်သော ချင်းလင်ဝိုင်သိုလှောင်ခန်း! ၂
Vol. 61 Ch. 914
"အဲဒီနိုင်ငံခြားအရက်တွေကို ကမ္ဘာအနှံ့တွေ့တယ်ပြောရမယ်... ပြည်တွင်းမှာအရမ်းနာမည်ကြီးတဲ့မောက်ထိုက်နဲ့ဖန်းကျိုလိုတရုတ်ထိပ်တန်းအရက်တွေတောင် နိုင်ငံအပြင်မရောက်ဘူး''
"အခုနှစ်တွေဆို နိုင်ငံခြားအရက်က တရုတ်မှာပိုပိုပြီးရေပန်းစားလာပြီ... အရက်ဖြူစျေးကွက်ကိုထိုးဖောက်နေတာ''
"အင်း!''
ချင်လင် ဒီအကြောင်းသိသည်။
ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်ချင်းလင်ဝိုင်လုပ်ငန်းက သုတေသနတချို့လုပ်ထားသည်။
နောက်ဆုံးဝိုင်အရောင်းတင်ပြချက်အရ အရက်ဖြူက စျေးကွက်၏ ၄၂%၊ နိုင်ငံခြားအရက်က ၂၈% နှင့် ဝိုင်က ၁၄% သာရှိသည်။
လွန်ခဲ့သောနှစ်များက အရက်ဖြူ၏စျေးကွက်ရှယ်ယာမှာ ဒီထက်များသည်။ အခု နိုင်ငံခြားအရက်ကို အရက်ဖြူထက်တပ်မက်လာကြပြီး ကြော်ငြာအမျိုးစုံ တစ်ခုပြီးတစ်ခုထွက်လာသည်။
KTV များ၊ ဘားများ၊ နိုက်ကလပ်များကဲ့သို့ အရက်သောက်သုံးမှုများသောနေရာများတွင် နိုင်ငံခြားအရက်ကိုတွေ့ရများလာပြီး အရက်ဖြူကိုမတွေ့ရတော့။
ဤအဖြစ်အပျက်အပြောင်းအလဲကမြန်သည်။ နိုင်ငံခြားအရက်ဝင်ရောက်အခြေယူသည်မှစ၍ ဒီလောက်စျေးကွက်ကြီးကိုလုယူသွားပြီ။
အကြောင်းရင်းကို ချင်လင်မသိ။ ဘာပဲဖြစ်ဖြစ် သူကအရက်မကြိုက်သလို သိပ်လည်းနားမလည်။
"တကယ်တော့ တို့အရက်ဖြူက နိုင်ငံခြားအရက်ထက်မညံ့ဘူး''
လီရှင်းကပြောသည်_
"ပေါင်းခံအရက်တွေထဲမှာတောင် တို့အရက်ဖြူကဘုရင်ပဲ''
ဥက္ကဌပေါင်ကခေါင်းညိမ့်ပြီး_
"အကြမ်းဖျင်းပြောရရင် မှန်တယ်... ဒါပေမဲ့ ကြော်ငြာပိုင်းမှာ အပြင်လူတွေသိထားတာတောင် သူတို့ကအကောင်းဆုံးပဲ''
လီရှင်းကထောက်ခံသည်_
"ဟုတ်တယ်... အလှမယ်ပြိုင်ပွဲလိုပဲ... သေချာပေါက် အလှဆုံးမိန်းကလေးကိုပို့တာ... အဲဒီအလှလေးက တစ်နေရာမှာနိုင်တာနဲ့ သူတို့ဘက်မှာအလှမယ်သုံးလေးယောက်ရှိရင်တောင် အဲဒီတစ်ယောက်ကိုအလှဆုံးလို့ပြောကြတာ''
ဥက္ကဌပေါင်ကဆက်ပြီး_
"အခု ပြည်တွင်းအရက်ကုမ္ပဏီက အဲဒီအကြပ်အတည်းနဲ့ရင်ဆိုင်နေရတာ... ဒီခေတ်အခြေအနေကြောင့် အရက်လုပ်ငန်းအားလုံး ချောက်ထဲရောက်နေပြီ... ပြန်ကောင်းလာတာမှဆယ်နှစ်မကြာသေးဘူး''
"ဒါကြောင့် တရုတ်မှာ ထိပ်တန်းအရက်တွေတောင် နှစ် ၃၀ ၄၀ သက်တမ်းက အရမ်းရှားတာ... အဲဒီအပေါ်မှာ နိုင်ငံခြားအရက်တွေက အခွင့်ကောင်းယူတာပေါ့... အတော်များများက 82 Lafite နဲ့ နှစ် ၇၀ သက်တမ်း ဝီစကီကိုကြားဖူးကြလိမ့်မယ်''
"နိုင်ငံတကာအရက်ဖလှယ်ပွဲမှာ ဒီထိပ်တန်းအရက်တွေကိုသူတို့ကထုတ်လာတာ တို့ကသွားရော... အဲဒါကြောင့် နိုင်ငံခြားအရက်က အရက်ဖြူကို အရသာပိုင်း အနံ့ပိုင်းနဲ့ တခြားရှုထောင့်တွေမှာသာသွားတာ''
"အဓိကအကြောင်းရင်းက တရုတ်အရက်က သက်တမ်းမလုံလောက်လို့ပဲ... အနံ့နဲ့အရသာ မပြည့်ဝသေးတော့ နိုင်ငံတကာထိပ်တန်းအရက်တွေနဲ့မယှဉ်နိုင်ဘူးပေါ့''

"တချို့က သက်တမ်းရင့်အရက်ဖြူရှိရင်တောင် အလကားဖလှယ်ဖို့သက်သက်နဲ့မထုတ်ချင်ကြဘူး''
"နောက်ဆယ်နှစ်ဝန်းကျင်လောက်ဆို ဝိုင်သိုလှောင်ခန်းမှာ သက်တမ်းရင့်အရက်ဖြူတစ်သုတ်ရှိလာမယ်... ဒါဆိုရင် အခြေအနေက တစ်မျိုးဖြစ်သွားပြီ''
လီရှင်းကစိတ်လှုပ်ရှားသံနှင့်ပြောသည်။
"ဒါပေမဲ့ ခက်တာက အချိန်မရှိတာပဲ... ဝိုင်ကိုကြော်ငြာပြီးရင် တချို့အမြင်တွေကစွဲသွားပြီး စျေးကွက်ကသူတို့လက်ထဲရောက်သွားမှာ''
"လူငယ်မျိုးဆက်တွေထဲမှာ နိုင်ငံခြားအရက်က အရက်ဖြူထက်ပိုကောင်းတယ်လို့ အသိစွဲနေတယ်တဲ့သူတွေပိုများလာပြီ... အဲဒါကြောင့် ဒီတစ်ခါ ဥက္ကဌပေါင်ရောက်လာတာ သူဌေးချင်ရဲ့ဝိုင်သိုလှောင်ခန်းထဲက သက်တမ်းရင့်အရက်ဖြူနည်းနည်းတောင်းချင်လို့ပါတဲ့''
နောက်ဆုံး လီရှင်းလည်း ဥက္ကဌပေါင်လာရင်းကိစ္စကိုပြောပြလိုက်သည်။
အရင်က ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းထဲရောက်ပြီး ချင်လင်ဘယ်လောက်အစုအဆောင်းကောင်းလဲ သူသိသည်။
ဒီဝိုင်တွေထုတ်ပြလိုက်ရင် 82 lafite ဖြစ်ဖြစ်၊ နှစ် ၇၀ ဝီစကီဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီထက်သက်တမ်းရင့်တဲ့ဝိုင်တောင် အနံ့နဲ့အရသာက နိုင်ငံခြားအရက်တွေထက်သာလိမ့်မည်။
လီရှင်းကသူ့အတွက်ပြောပေးသောကြောင့် ဥက္ကဌပေါင်က အမြန်ဝင်ပြောသည်_
"သူဌေးချင် ကူညီပါဦး... စျေးကွက်ပေါက်စျေးအတိုင်းဝယ်ပါ့မယ်''
"အရက်လုပ်ငန်းအားလုံးအတွက်ဆိုမှတော့ ငြင်းစရာမရှိပါဘူး''
ချင်လင်ကသဘောတူခေါင်းညိမ့်သည်။
သူအရက်မကြိုက်သော်လည်း သူတို့နိုင်ငံအရက်ကို နိုင်ငံခြားအရက်လောင်းရိပ်ကျမှာမလိုချင်။
နောက်ပြီး ချင်းလင်ဝိုင်လုပ်ငန်းကိုသူပိုင်ဆိုင်ထားသည်။
ချင်းလင်ဝိုင်သာ နိုင်ငံတကာဖလှယ်ပွဲမှာ ထိပ်တန်းနေရာရခဲ့ရင် ချင်းလင်ဝိုင်က ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့အဓိပ္ပါယ်သက်ရောက်သည်။ ဒါသူ့အတွက်လည်းကောင်းသည်။
"ကျွန်တော့်ဝိုင်သိုလှောင်ခန်းထဲသွားကြစို့!''
ချင်လင်လည်းမတ်တပ်ရပ်ပြီးလက်ဆန့်တန်းကာ လီရှင်းနှင့်ဥက္ကဌပေါင်ကိုဖိတ်သည်။
လီရှင်းမျက်နှာက ချက်ချင်းစိတ်လှုပ်ရှားပုံပေါက်သွားသည်။
ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းထဲထပ်ဝင်ရတော့မည်။
သူလိုဝိုင်ချစ်သူအဖို့ ဝိုင်ကိုကြည့်ပဲကြည့်ရရင်တောင် စိတ်ချမ်းသာစရာတစ်မျိုးပင်။

ချင်လင်ကိုယ်တိုင်တောင် မလိုအပ်ဘဲ ဝိုင်သိုလှောင်ခန်းထဲဝင်လေ့မရှိ။ သို့ရာတွင် သိုလှောင်ခန်းထဲဝိုင်များလာသည်နှင့်အမျှ ဝိုင်နံ့ကလှိုင်နေသည်။
နောက်ပြီး ဝိုင်သိုလှောင်ခန်းထဲမှဝိုင်ကို ဂိမ်းထဲထည့်ထားခြင်းဖြစ်သည်။ သက်တမ်းရင့်ရုံသာမက ဂိမ်းပါဝင်ပစ္စည်းနှင့်လုပ်ထားသောဆေးဖက်ဝိုင်များဖြစ်သောကြောင့် ဝိုင်နံ့ပိုပြင်း၊ ပိုနှစ်သက်စရာကောင်း၊ ပိုစွဲမက်စရာကောင်းသည်။
ဥက္ကဌပေါင်ကဝင်ဝင်ချင်း ဝိုင်နံ့ကိုစွဲသွားသည်။
လီရှင်းလည်း ဝိုင်သိုလှောင်ခန်းမြင်ကွင်းကိုစိတ်ဝင်တစားကြည့်နေသည်။ အရင်က ချင်လင်နှင့်ရောက်ဖူးသောကြောင့် ချင်လင်၏ဝိုင်သိုလှောင်ခန်းထဲကဝိုင်စင်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်များ၊ သက်တမ်းရင့်ဝိုင်များပြည့်နေမှန်းသိသည်။
သို့သော် ဒီတစ်ခါ ဝိုင်စင်ပေါ်တွင် ငွေပုလင်းနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်များတွေ့သည်။ ထူးထူးခြားခြားသေတ္တာနှင့်ထည့်ထားသောဝိုင်ပုလင်းတောင်ရှိသည်။
အလယ်တွင်ထားသောကြေးညိုဝိုင်ပုလင်းများက ဘေးရောက်သွား၏။
ချင်လင်ရဲ့ဆေးဖက်ဝင်ဝိုင်မှာ ငွေပုလင်းက ကြေးပုလင်းထက်၊ သက်တမ်းရင့်သစ်သားသေတ္တာက ငွေပုလင်းထက်ပိုတန်ဖိုးကြီးကြောင်း သူသိသည်။
ဒါဆို အမြင့်ဆုံးက အံ့အားသင့်စရာ နှစ် ၁၀၀ သက်တမ်းဝိုင်ပါသော ရွှေပုလင်းဖြစ်သည်။
ဒီတစ်ခါ အလယ်တွင်ဝိုင်စင်တစ်စင်တွေ့သည်။ ဝိုင်စင်တစ်ခုလုံး ရွှေပုလင်းများနှင့်ပြည့်နေ၏။
သူကြောင်သွားသည်။
ဒါ နှစ် ၁၀၀ ကျော်တဲ့ဆေးဖက်ဝင်ဝိုင်မလား?
ဒီလိုသက်တမ်းရှိတဲ့ဆေးဖက်ဝင်ဝိုင်ကို အပြင်မှာမတွေ့နိုင်ကြောင်းသိကြသည်။ ချင်လင်က အလကားရနေသလိုပင်။
ချင်လင်က ထူးထူးခြားခြားဆေးဖက်ဝင်ဝိုင်ဆက်ခံသူဖြစ်မည်၊ သူတို့မသိသောလျှို့ဝှက်ဝိုင်သိုလှောင်ခန်းတောင်ရှိနိုင်သည်ဟု သူနှင့်လောင်ချန်ကခန့်မှန်းခဲ့ဖူးသည်။
ကြည့်ရတာ လျှို့ဝှက်ဝိုင်သိုလှောင်ခန်းရှိရုံသာမက အမွေရထားတာ ကြောက်စရာတောင်ကောင်းသည်။
မဟုတ်ရင် ဝိုင်တွေက ဘယ်ကမှန်းမသိရောက်လာမှာမဟုတ်။

"ဥက္ကဌပေါင် ဒီဘက်ကြွပါ... အရက်ဖြူအားလုံး ဟိုမှာပါ!''
ချင်လင်က ဥက္ကဌပေါင်နှင့်လီရှင်းကို ဝိုင်သိုလှောင်ခန်းထောင့်ခေါ်လာသည်။
ထိုနေရာတွင် ဝက်သစ်ချသားနှင့်လုပ်ထားသောစည်ပိုင်းများရှိသည်။
ထိုစည်ပိုင်းများတွင် အရက်ဖြူအမျိုးစုံအပြည့်ရှိသည်။
ရှန်းရွှေလက်ဆောင်ဆန်မှထုတ်ထားသောချင်းလင်ဆန်အရက်အပါအဝင် စျေးကွက်ထဲမှအမျိုးအစားစုံရှိသည်။
ထိုဝိုင်များကိုဂိမ်းထဲထည့်ပြီးမှထုတ်ထားသဖြင့် အားလုံးသက်တမ်းရင့်များဖြစ်သည်။
"သူဌေးချင် ဒီဝိုင်တွေရဲ့သက်တမ်းကိုသိပါရစေ? နိုင်ငံတကာဖလှယ်ပွဲမှာ နိုင်ငံခြားအရက်တွေထက်သာအောင် အရက်ဖြူကအနည်းဆုံး နှစ် ၅၀ သက်တမ်းရှိမှဖြစ်မယ်''
ဥက္ကဌပေါင်က ဝိုင်စည်ပိုင်းများကိုမြင်ပြီး နည်းနည်းကြောင်သွားသည်။
ဒီဝိုင်တွေက သူ့ကိုမကူညီနိုင်ဟုသူထင်သည်။ စျေးကွက်ထဲမှာ နှစ် ၃၀ သက်တမ်းအရက်ဖြူကရှားပြီး နှစ် ၄၀ ကပိုတောင်ရှားသေးသည်။ နှစ် ၅၀ ကိုစုဆောင်းထားသူရှိရင်တောင် ပုလင်းနှင့်သာရောင်းနိုင်မည်။
သူဌေးချင်က လီရှင်းပြောသလောက်စွမ်းရင်တောင် အဲလောက်သက်တမ်းရှိတဲ့ဝိုင်ကိုစည်ပိုင်းနဲ့ပေးဖို့မဖြစ်နိုင်ဘူးမလား?
မဟုတ်ရင် အဲလောက်သက်တမ်းရှိတဲ့ဝိုင်က အပြင်လောကမှာ ဒီလောက်ရှားမည်မဟုတ်။
"ဝိုင်သက်တမ်းကို စည်ပိုင်းမှာထွင်းထားတယ်... ဥက္ကဌပေါင်ကိုယ်တိုင်ကြည့်လိုက်ပါ''
ချင်လင်ကပြောသည်။
ဥက္ကဌပေါင်က ချက်ချင်းရှေ့တိုးကြည့်ရာ စည်ပိုင်းပေါ်တွင်ထိုးထားသောသက်တမ်းကိုတွေ့သည်။ သို့ရာတွင် နံပါတ်ကိုမြင်သောအခါ သူကြောင်သွားသည်။
"နှစ် ၅၀ မောက်ထိုက်.. နှစ် ၆၀ မောက်ထိုက်.. နှစ် ၇၀ မောက်ထိုက်.. နှစ် ၅၀ ဖန်းကျို.. နှစ် ၆၀ ဖန်းကျို.. နှစ် ၇၀ ဖန်းကျို.. ဂလု''
ဥက္ကဌပေါင်ကရေရွတ်ရင်း အမှတ်တမဲ့တံတွေးမြိုချလိုက်သည်။
ဘယ်လိုလုပ်ပြီး မောက်ထိုက်နဲ့ဖန်းကျိုက ဒီလောက်သက်တမ်းတွေရှိနေတာလဲ?
နောက်ပြီး တခြားသက်တမ်းရင့်ဝိုင်များလည်းရှိနေသည်။
ဒါပေမဲ့ မဖြစ်နိုင်။
ဝိုင်အစစ်ဆိုရင် သူဌေးချင်ရဲ့ဝိုင်သိုလှောင်ခန်းက ဘယ်လောက်ကြက်သီးထစရာကောင်းလဲ? ပြည်တွင်းက ဝိုင်ဆရာကြီးတွေအားလုံးရဲ့ဝိုင်သိုလှောင်ခန်းတွေပေါင်းလိုက်ရင်တောင် ဒါကိုမမီနိုင်။
သူတို့ရဲ့လျှို့ဝှက်ဝိုင်သိုလှောင်ခန်းမှာ ဒီလောက်သက်တမ်းရင့်တဲ့မောက်ထိုက်နဲ့ဖန်းကျိုရှိမည်မဟုတ်မှန်းသိကြသည်။ မဟုတ်ရင် နိုင်ငံခြားအရက်က သူတို့စျေးကွက်ကိုသိမ်းသွားတာ လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
လောလောဆယ် မောက်ထိုက်နဲ့ဖန်းကျိုက ဒီလိုသက်တမ်းရင့်မရှိတာတောင် သူဌေးချင်မှာစည်ပိုင်းလိုက်ကြီးတွေလား?
ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းလိုက်လဲ?
မောက်ထိုက်နဲ့ဖန်းကျိုသူဌေးသာ ဒီအကြောင်းသိရင် ရူးများသွားမလား?
"သူဌေးချင်... ဒီဝိုင်သက်တမ်းတွေက အမှန်ပဲလား?''
ဥက္ကဌပေါင်ကမေးရင်း စိတ်လှုပ်ရှားပြီး လျှာတောင်လိပ်သွားသည်။