အထွက်နှုန်းတိုး! စိုက်ပျိုးချိန်လျော့! ၃
Vol. 61 Ch. 910
ဖုန်းချပြီးနောက် ခဏစဉ်းစားကာ ဂိမ်းထဲပြန်ဝင်လိုက်သည်။ အထူးမြေကြီးအိတ်တစ်ဝက်ထုတ်လာကာ ကြမ်းပေါ်ချလိုက်၏။
ဒီမျိုးစေ့တွေ ရုတ်တရက်အထွက်နှုန်းတိုးလာတာ အကြောင်းရင်းရှိရမည်။ ထို့ကြောင့် ဒီအထူးမြေကြီးအပေါ်ပုံချရန်ဆုံးဖြတ်လိုက်သည်။
မကြာမီ ယွီရွှေ့ရောက်လာသည်။ သူဌေးကိုယ်တိုင်ဖုန်းဆက်၍ အချိန်မဆိုင်းရဲ။
"သူဌေး... ဘာခိုင်းစရာရှိလို့လဲ?''
ယွီရွှေ့က ဝင်လာလာချင်း တရိုတသေမေးသည်။
ချင်လင်က စားပွဲပေါ်မှမျိုးစေ့များကိုလက်ညိုးထိုးပြပြီး ယွီရွှေ့ကိုမျိုးစေ့နှင့်အထူးမြေကြီးအိတ်သယ်ခိုင်းသည်။ ထို့နောက် အပန်းဖြေစံအိမ်မှအတူတူထွက်လာကြ၏။
ယွီရွှေ့က ဘာမှမမေး။ သူဌေးခိုင်းတဲ့အတိုင်းသာလုပ်သည်။
ဒါ မန်နေဂျာချန်ဆီက သူသင်ယူထားတာ။
ချင်းလင်စံအိမ်က စံအိမ်နှင့်မွေးမြူရေးခြံချဲ့ထွင်ရေးအတွက် မြေဧက ၅၀၀၀ စာချုပ်ချုပ်ထားသည်။ ကျန်မြေများကို အပင်စိုက်ရန်သုံးသည်။
နောက်ပိုင်း အရည်အသွေး ၁ သီးနှံများတိုးလာသောကြောင့် စံအိမ်နှင့်ရုံချန်းက မြေဧက ၁၀၀၀၀ ကို စိုက်ပျိုးမြေအဖြစ်စာချုပ်ထပ်ချုပ်ခဲ့သည်။
စာချုပ်ချုပ်ရန်လျှောက်ထားသူချင်လင်မှာ အခွန်အများဆုံးဆောင်သူ၊ အလုပ်အကိုင်ရှာပေးသူကြီးဖြစ်၍ ချင်းလင်စံအိမ်ကိုရုံချန်းကအကောင်းဆုံးတည်နေရာဦးစားပေးရသည်။
အခု စိုက်ပျိုးမြေက ချင်းလင်စံအိမ်ကိုဝိုက်ပြီး ယပ်တောင်ကြီးပုံဖြစ်နေပြီ။ မိုးပေါ်မှကြည့်လျှင် ထူးခြားခမ်းနားသောမြင်ကွင်းပင်။

ချင်းလင်စံအိမ်၊ ချင်းလင်မွေးမြူရေးခြံ၊ စိုက်ခင်းမြေ စုစုပေါင်းအကျယ်အဝန်းက ဘယ်ရှုမျှော်ခင်း 5A နေရာထက်မှမလျော့ဟုဆိုနိုင်သည်။
ထို့ကြောင့် စိုက်ပျိုးရေးဌာနနှင့်လုံခြုံရေးဌာနမှာ လူအများကြီးထပ်ခေါ်ရသည်။ စိုက်ပျိုးရေးဌာနက စိုက်ခင်းကိုထိန်းသိမ်းပြီး လုံခြုံရေးဌာနက စိုက်ခင်းကိုပတ္တရောင်လှည့်ရသည်။
တံတိုင်းကာထားရင်တောင် မဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်ရဦးမည်။
စိုက်ခင်းနေရာအသစ်ရောက်သောအခါ ချင်လင်ကယွီရွှေ့တို့အား သီးသန့်နေရာထားခိုင်းသည်။ ထို့နောက် မြေလှန်ပြီးအထူးမြေကြီးရောကာ မျိုးစေ့ချမည်။
ယွီရွှေ့က သူ့လူများနှင့်ချက်ချင်းအလုပ်စပြီး သေသေချာချာမျိုးစေ့ချသည်။ သူစိုက်လိုက်တဲ့မျိုးစေ့က ဘယ်လောက်လှုပ်လှုပ်ရွရွဖြစ်လာမည်ကိုသူမသိချေ။
ချင်လင်က ယွီရွှေ့တို့မျိုးစေ့ချပြီးမှ အပန်းဖြေစံအိမ်ဘက်ပြန်လာသည်။ ရုံးခန်းထဲရောက်ရောက်ချင်း လီခိုင်နှင့်တွေ့သည်။ သူဝင်လာသည်နှင့် သတင်းကောင်းကြားရ၏_
"ညီလေးချင်... မင်းကိုသတင်းကောင်းနှစ်ခုပြောပြမယ်... သုံးရောင်စပ်ဖရဲသီးကို အပူချိန်နိမ့်နည်းပညာသုံးလို့ရပြီ... ငါစမ်းသပ်ခိုင်းတော့ အပူချိန်နိမ့်မျိုးစိတ်နဲ့သုံးရောင်စပ်ဖရဲသီးပေါင်းစပ်မှုကအောင်မြင်တယ်... ဒီတော့ အစေ့လွတ်အောင်လုပ်နိုင်ရင် ရာသီမရွေးတဲ့အစေ့လွတ်သုံးရောင်စပ်ဖရဲသီးကိုဖန်တီးလို့ရပြီ''
တကယ် သတင်းကောင်းပင်။
ရှေ့လျှောက် သုံးရောင်စပ်ဖရဲသီးက သေချာပေါက်နာမည်ကြီးလာလိမ့်မည်။ ဒီလိုလုပ်ရင် မျိုးစေ့ကိုကာကွယ်နိုင်ပြီ။ မဟုတ်ရင် သုံးရောင်စပ်ဖရဲသီးထွက်လာတာနဲ့ မျိုးစေ့ကိုယူသွားနိုင်သည်။ ဒါဆို တလွဲမျိုးစေ့တွေဖြစ်လာမှာမလား?
"အစ်ကိုလီ... နောက်ထပ်သတင်းကောင်းက?''
ချင်လင်ကမေးသည်။
လီခိုင်ကစာဖိုင်ထုတ်ပြီး ချင်လင်ကိုပေးကာ_
"အထက်လူတွေက တို့ဓာတ်ခွဲခန်းကိုရံပုံငွေချပေးတော့မယ်''

"အထက်လူတွေက ရံပုံငွေချပေးမယ်?''
ချင်လင် ဇဝေဇဝါဖြစ်သွားသည်။
"ဘာဖြစ်လို့လဲတော့ ငါမသိဘူး''
လီခိုင်က ရှင်းပြ၏_
"အထက်လူတွေက ရုတ်တရက်ကြီး ကြေညာစာထုတ်တယ်... တို့သီးနှံသုတေသနဓာတ်ခွဲခန်းတွေကို သုတေသနမှာကူညီပေးဖို့တဲ့... သုတေသနဦးတည်ချက်က တချို့သီးနှံမျိုးစေ့တွေ အထွက်နှုန်းတိုးစေရေးတဲ့... ပြီးတော့ ဓာတ်ခွဲခန်းတိုင်းက သုတေသနရံပုံငွေအများကြီးထုတ်မယ်''
"တို့ဓာတ်ခွဲခန်းမှာ အရည်အသွေး ၁ မျိုးစေ့သုတေသနကိုအထူးပြုတဲ့သုတေသနအဖွဲ့ရှိတယ်... အရည်အသွေး ၁ မျိုးစေ့ကနေ ဘာမှမယ်မယ်ရရမတွေ့သေးပေမဲ့ အရည်အသွေး ၁ မျိုးစေ့ရဲ့ကိုးကားချက်အရ မူလမျိုးစေ့အထွက်နှုန်းကို ၁၅% လောက်တက်အောင်လုပ်ပေးနိုင်တယ်''
"တစ်နည်းပြောရရင် ဒီရံပုံငွေရတဲ့အခါ တို့ဓာတ်ခွဲခန်းကဘာမှမလုပ်ရင်တောင် အချက်အလက်ပေးတာနဲ့ အလကားရနိုင်တယ်''
"ဓာတ်ခွဲခန်းကနေ ဒီလိုဝင်ငွေရအောင်လုပ်လို့ရလား?''
ချင်လင် မအံ့ဩဘဲမနေနိုင်။ ဘာပဲဖြစ်ဖြစ် သူ့မှာမျိုးစေ့စက်ရခါစ။ ပြီးတော့ ထုတ်ထားတဲ့မျိုးစေ့တွေက အထွက်နှုန်းတိုးလာဦးမည်။
"တကယ်တော့ ဒါဝင်ငွေရအောင်လုပ်တာမဟုတ်ဘူး''
လီခိုင်ကရှင်းပြသည်_
"ဘာပဲဖြစ်ဖြစ် တို့ကသုတေသနမှာ ငွေအားလူအားသုံးထားရတာ... အဲဒါ အရင်းပဲ''
"ဒါပေမဲ့ ဒီလောက်အကြီးအကျယ်ကြေညာထားတာ သူတို့ကြီးကြီးမားမားလုပ်တော့မှာ... နောက်ပြီး မျိုးစေ့ထုတ်လုပ်ရေးနဲ့ဆက်စပ်တဲ့ပုံရိပ်ကြီးကြီးရှိလိမ့်မယ်''
"မဟုတ်ရင် အထက်လူတွေက ဒီလောက်အရေးတကြီးကြေညာမှာမဟုတ်ဘူး... တို့ဓာတ်ခွဲခန်းက သုတေသနအကူစာတမ်းအတွက် မင်းလက်မှတ်လိုနေတာပေါ့ကွာ''
ချင်လင်လည်း သုတေသနစာတမ်းယူဖတ်လိုက်သည်။ သို့ရာတွင် မျိုးစေ့အထွက်တိုးစေရေးလေ့လာရန်တောင်းဆိုချက်ကိုကြည့်ပြီး သူကြောင်သွားသည်။
ပန်းပွင့်စိမ်း၊ ပြောင်းဖူး၊ နံနံပင်...
ဒီမျိုးစေ့တွေအကုန် သူထုတ်ပြီးပြီထင်သည်။
နောက်ပြီး သူအမှတ်မမှားရင် ဒီမျိုးစေ့တွေက တင်သွင်းကုန်တွေ!
ဒီကိစ္စမရိုးသော်လည်း သူစုံစမ်းမည်မဟုတ်။ ကိစ္စဘယ်လောက်ကြီးကြီး သူနဲ့ဘာမှမဆိုင်။
နောက်ဆုံး ချင်လင်က စာဖိုင်ပေါ်သူ့နာမည်လက်မှတ်ထိုးပေးလိုက်သော်လည်း ဒီကိစ္စမှာသူတန်းပါရမည်ဟု လုံးဝမထင်ပေ။