← Chapters

အချိန်ဆွဲပြီး သူဌေးချင်ကိုကာကွယ်!

Vol. 61 Ch. 911

အချိန်ဆွဲပြီး သူဌေးချင်ကိုကာကွယ်!

Vol. 61 Ch. 911

ချင်လင်ကလက်မှတ်ထိုးပြီး လီခိုင်ဆီပြန်ပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် အလကားရတဲ့သုတေသနရံပုံငွေကိုမယူရင် သူအရူးပဲ။

ထို့နောက် လီခိုင်နှင့်သုံးရောင်စပ်ဖရဲသီးအကြောင်းပြောပြီး လီခိုင် အပန်းဖြေစံအိမ်မှပြန်သွားသည်။

နောက်တစ်နေ့_

ချင်လင်လည်း အပန်းဖြေစံအိမ်မှထွက်ပြီး ရုံချန်းထဲသွားသည်။

ရုံချန်းသားများ ပိုပျော်ပျော်ရွှင်ရွှင်နေနိုင်လာကြသည်။ အကြောင်းရင်းကရှင်းပါသည်။ ချင်းလင်ကုမ္ပဏီကြောင့်ပင်။

မြို့သားတွေကိုပျော်ရွှင်အောင်လုပ်နိုင်သော၊ဆန်းကြယ်သောကုမ္ပဏီဖြစ်လေသည်။

ဒါက အမှန်တရား။

ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာလူတိုင်းသုံးချင်ပြီးဝယ်မရသောပစ္စည်းများကို သူတို့ကအရင်သုံးရတတ်သည်။

ဒါမှပျော်စရာမဟုတ်ရင် ဘာလဲ?

ဥပမာ သန့်စင်မြက်ကိုတခြားနေရာမှာမရောင်းသေး။ ချင်းလင်ဓာတ်ခွဲခန်းကသာ အင်တာနက်ပေါ်မှလူများအော်ဒါတင်ရန် တစ်ခါတလေထုတ်ရောင်းပေးသည်။

သူတို့ရုံချန်းကတော့ သန့်စင်မြက်နဲ့နေရတာကြာပြီ။

မြောက်ပိုင်းကအပြင်ဆိုင်တွေမှာပဲဝယ်နိုင်တဲ့ ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့အားဆေးရည်ကရော? သူတို့ဘယ်လောက်များ သောက်ပြီးပြီလဲ?

နောက်ထပ်ဥပမာက ဒီတစ်ခေါက် ချင်းလင်ခွေးစာပင်။ တခြားနေရာများမှာမရောင်းသေးသော်လည်း သူတို့ရုံချန်းမှာစင်ပေါ်ရောက်နေပြီ။

ဒါ ချင်းလင်ခွေးစာကိုအရင်ဝယ်နိုင်သူတွေအတွက် ဝမ်းသာစရာမလား?

ဆံသဆိုင်ကြီးတစ်ခု၏ရုံးခန်းတွင်_

မန်နေဂျာချန်ကလေးစားသောအကြည့်များနှင့် ချင်လင်အား_

"ဥက္ကဌချင်... ကျေးဇူးအများကြီးတင်ပါတယ်!''

ဒါရိုက်တာချူ(အခန်း ၃၁)ကလည်း ဝင်ပြောသည်_

"ဟုတ်တယ်... ဥက္ကဌချင်ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့စူပါမားကတ်မှာ ချင်းလင်ခွေးစာကိုဒီလောက်မြန်မြန်ရောင်းနိုင်မှာမဟုတ်ဘူး!''

သူတို့နှစ်ယောက်သား အတော်စိတ်လှုပ်ရှားနေကြသည်။ သူတို့ရဲ့ရုံးပတီသီးကံကြမ္မာက ချင်းလင်ကုမ္ပဏီသူဌေးနဲ့မိတ်ဆွေဖြစ်ခွင့်ပေးမည်ဟုမထင်မိပေ။

သူတို့ရှေ့ကလူငယ်လေးကို ချင်းလင်ကုမ္ပဏီသူဌေးလို့ သူများတွေမသိလောက်။

ချင်လင်လည်းပြုံးပြီး ပြန်ပြောသည်_

"ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး... ကျွန်တော်ဖုန်းနံပါတ်တစ်ခုပေးမယ်... ရှေ့လျှောက် ချင်းလင်ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတရာရှိရင် အစားအသောက်ကုမ္ပဏီရဲ့ဥက္ကဌတန့်ကွမ်းကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်... ကျွန်တော် သူ့ကိုပြောထားမယ်''

ဒီနှစ်ယောက်နဲ့သူက ဇာတ်လမ်းနည်းနည်းရှိထားသည်။ အကျိုးအမြတ်အတွက်အချင်းချင်းပတ်သက်ကြသည်ဆိုသော်လည်း သူ့ရဲ့ပထမဆုံးရွှေအိုးကို ဒီဆံသဆိုင်ကြီးကရခဲ့သည်။ နောက်ပြီး သူတို့ချင်းလင်စံအိမ်စဖွင့်စဉ်က ကြော်ငြာဖန်သားပြင်ကြီးမှာ အခမဲ့ကြော်ငြာခွင့်ပေးခဲ့သည်။

ထို့ကြောင့် သူတို့ကမဆက်စဖူးဖုန်းဆက်ပြီး ချင်းလင်ခွေးစာအော်ဒါတင်လာသောအခါ သူမျက်နှာပေးရမည်။

သို့ရာတွင် သူတစ်ခါ၊နှစ်ခါသာ လာနိုင်မည်။ သူတို့အရင်ဆက်ဆံရေးကြောင့်ဆိုရင်တောင် သူ့ကိုဆက်တိုက်ဆက်နေပါက လျစ်လျူရှုရလိမ့်မည်။

ထို့ကြောင့် တန့်ကွမ်းဖုန်းနံပါတ်ကိုပေးခဲ့သည်။ ရှေ့လျှောက် စီးပွားရေးအကြောင်းပြောစရာရှိရင် သူတို့နှစ်ယောက်ကိုတန့်ကွမ်းနှင့်ပြောစေမည်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်က သူ့မိတ်ဆွေတွေမဟုတ်။ စူပါးမားကတ်တစ်ခုက မန်နေဂျာနှင့်အဝယ်တော်သက်သက်သာ။ အခု သူတို့နဲ့စကားမပြောနိုင်တော့။

ဒါရိုက်တာချူနှင့်မန်နေဂျာချန်က ချင်လင်၏စကားကိုသဘောပေါက်သောကြောင့် ချက်ချင်းနားလည်ကြောင်းပြသည်။

သူတို့က အရူးမဟုတ်။ နည်းနည်းသိကျွမ်းရုံနဲ့ ဥက္ကဌချင်ကိုတောက်လျှောက်တွေ့နိုင်မည်ဟု သူတို့မထင်။

ဒါက ကိုယ့်အဆင့်ကိုယ်မသိသလိုဖြစ်မည်။

အခု ဥက္ကဌချင်ဆီက CEO တန့်ရဲ့ဖုန်းနံပါတ်ရတယ်ဆိုတော့ သူများထက်သာသေးသည်။

ခဏအကြာ ချင်လင်လည်း ဆံသဆိုင်မှထွက်လာသည်။ စျေးကွက်အပြင်ထွက်လာသောအခါ ချင်းလင်ခွေးစာအိတ်ဆွဲလာသော လူများစွာတွေ့ရသည်။

ဆံသဆိုင်ကြီးမှာ အခုမှတင်ရုံရှိသေး၊ အတော်များများကဝယ်ပြီးကြပြီ။ ကြည့်ရတာ ချင်းလင်ခွေးစာက သူတို့ရင်ထဲမှာအမြစ်တွယ်နေပြီ။

စျေးကွက်ထဲမှခုံတန်းရှည်တစ်ခုတွင် ချင်းလင်စုံတွဲခွေးစာကိုဖောက်နေသောစုံတွဲတစ်တွဲကိုတောင် ချင်လင်မြင်ရသည်။ သူတို့ခြေရင်းနားမှခွေးကလည်း ချင်းလင်ခွေးထီးစာစားနေသည်။

ချင်လင်ကြည့်ပြီး စိတ်ဝင်စားသွားသည်။ နောက်ကျရင် ဒါတွေကပုံမှန်လိုဖြစ်သွားမည်။

"ဝု ဝု ဝု!''

ရုတ်တရက် ခွေးဟောင်သံကြားရသည်။

ပြီးမှ ခွေးကသူ့ကိုဟောင်နေမှန်း ချင်လင်သတိထားမိသည်။ သူ့အကြည့်ကိုသတိထားမိသလို သူ့ကိုစိုက်ကြည့်နေ၏။

ချင်းလင်စုံတွဲစားနေသောအတွဲကလည်း သူ့ကိုကြည့်လာသည်။

"သွားပြီ''

ချင်လင်ကချက်ချင်း ရှက်ကိုးရှက်ကန်းနှင့် စျေးကွက်အပြင်ခပ်သုတ်သုတ်ထွက်လာသည်။

"အဲဒါ အင်တာနက်ဆယ်လီရှောင်ချင်မလား?''

"မဟုတ်ဘူးထင်တယ်... အဲဒီရှောင်ချင်မှာ ကောင်မလေးနဲ့... စောစောက တို့ခွေးရဲ့ခွေးစာကိုစိုက်ကြည့်နေတာ... အဲဒါခွေးထီးစာလေ... မဟုတ်ရင် ချင်းလင်ခွေးထီးစာကိုကြည့်ပြီးရှက်နေမှာမဟုတ်ဘူး''

"ယောက်ျား​ပြောတာ ဟုတ်သား''

ကျွတ် ကျွတ်။ ချင်လင်ကြားဖြစ်အောင် ကြားလိုက်သေးသည်။ 'သော*က်ရမ်းအဓိပ္ပါယ်ရှိတာပဲ' ဟုပြောလိုက်ချင်သည်။

ကားပေါ်တက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်ရောက်လာသောအခါ တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့သုံးဦးက သူတို့ယူလာသောကိရိယာများထုပ်ပိုးထားသည်ကို ချင်လင်တွေ့ရသည်။

ချင်လင်ပြန်လာသောအခါ တော်ဝင်ပညာရှင်သုံးဦးကလည်း လာနှုတ်ဆက်သည်။

"သူဌေးချင်... ဒီအတောအတွင်း ဒုက္ခပေးမိပြီကွာ''

"အင်း... သူဌေးချင်ဆီမလာခင်က မလာချင်ခဲ့ဘူး... အခု လာပြီးတော့လည်း မပြန်ချင်တော့ဘူး''

"ဟား ဟား... ချင်းလင်အပန်းဖြေစံအိမ်လိုနေရာမျိုးဖန်တီးပေးနိုင်တဲ့အတွက် သူဌေးချင်ကိုလေးစားမိပါတယ်''

တော်ဝင်ပညာရှင်သုံးဦးက စိတ်ရင်းအတိုင်းပြောကြသည်။ ဒီမှာတခဏတည်းပြီး ဒီအပန်းဖြေစံအိမ်ရဲ့ကောင်းကွက်များကိုခံစားမိသည်။

"စီနီယာကြီးတို့သုံးဦးက ပြန်တော့မလို့လား?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

တော်ဝင်ပညာရှင်ကျူးကခေါင်းညိမ့်ပြီး_

"ငါတို့ဒီမှာ အမြင်တချို့ရခဲ့တယ်... တရုတ်သိပ္ပံအကယ်ဒမီမှာ ရုပ်ပိုင်းစမ်းသပ်မှုစနေပြီ... ပြီးတော့ ဒုံးပျံက အကြမ်းဖျင်းပြီးတော့မယ်... ငါတို့ပြန်ပြီး အခြေအနေအားလုံးကိုတာဝန်ယူပေးရမှာဆိုတော့ မနက်ဖြန်ဝန်ကြီးလုလာရင် ပြန်တော့မယ်ကွာ''

"တို့နိုင်ငံကအောင်အောင်မြင်မြင်လွှင့်တင်တဲ့သတင်းကို သူဌေးချင်ကြားရဖို့ မကြာလောက်တော့ဘူး''

တော်ဝင်ပညာရှင်စွန်းကလည်းပြောသည်။

"တော်ဝင်ပညာရှင်ကြီးသုံးယောက်က ကျွန်တော့်ကိုသတင်းကြည့်ဖို့အသိပေးရမယ်နော်''

ချင်လင်က ဒီသတင်းအလွန်ကြားချင်နေသည်။

All Chapters