ဩချလောက်သော ချင်းလင်ဝိုင်သိုလှောင်ခန်း!
Vol. 61 Ch. 913
ချင်းလင်အပန်းဖြေစံအိမ်_
တော်ဝင်ပညာရှင်များပြန်သွားပြီးနောက် တော်ဝင်ပညာရှင်လီတစ်ဦးတည်းကျန်ခဲ့သည်။
တော်ဝင်ပညာရှင်လီမှာ ကင်ဆာကြောင့်အားဖြည့်ရန်လာခဲ့ခြင်းဖြစ်၍ နာမကျန်းခွင့်ရသည်။ အခုသူနေခဲ့ပြီး အားဖြည့်ရမည်။
နောက်ပြီး လတ်တလောသူ့မှာ ဘာသုတေသနမှမရှိသောကြောင့် စံအိမ်ထဲမှာပစ္စည်းများကြည့်လိုက်၊ ခြံထဲမှာ မျိုးဆက်သစ်များ၏အစီရင်ခံစာများ၊စာတမ်းများဖတ်လိုက်နှင့် ဇိမ်ကျနေသည်။
သို့ရာတွင် တော်ဝင်ပညာရှင်များပြန်သွားပြီးနောက် အပန်းဖြေစံအိမ်ကနည်းနည်းခြောက်ကပ်လာသည်။
ဆေးကုသခန်း_
လင်းရန်က သူ့လက်ထဲမှစမ်းသပ်ချက်ကို အသည်းအသန်ဖတ်နေသည်။
ထန်ရှိုးဝမ်ကလည်း ဘေးမှာနေပြီးစမ်းသပ်ချက်ကိုကြည့်နေသည်။ ချင်လင်နှင့်တော်ဝင်ပညာရှင်လီသာ စောင့်နေကြ၏။
လင်းရန်နှင့်ထန်ရှိုးဝမ်က တော်ဝင်ပညာရှင်လီ၏ဆေးစစ်ချက်ကိုဖတ်နေခြင်းပင်။
တကယ်တော့ တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာက ပြန်ကောင်းလာသောလက္ခဏာများပြနေပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင်မမြင်နိုင်သောကင်ဆာဆဲလ်များရှိသေးသည်။
ဒါကြောင့်လည်း အနောက်တိုင်းဆေးပညာက ကင်ဆာကျိတ်များခွဲပြီးတိုင်း ဓာတ်ကုထုံးပေးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲမှမမြင်နိုင်သောကင်ဆာဆဲလ်များကိုဖယ်ရှားဖို့ပင်။
ဆေးကုသမှုအားလုံးပြီးပြီးနောက် ဒီတစ်ကြိမ်တွင် တော်ဝင်ပညာရှင်လီ၏ကိုယ်ထဲမှကင်ဆာဆဲလ်များကိုကြည့်ရန် နှံ့နှံ့စပ်စပ်စစ်ဆေးကြသည်။
"ဟူး!''
လင်းရန်က စမ်းသပ်ချက်ဖတ်ပြီး သက်ပြင်းချကာ_
"တော်ဝင်ပညာရှင်လီ ဂုဏ်ယူပါတယ်... အစာအိမ်ကင်ဆာကိုကုသပြီးပါပြီ''
ထန်ရှိုးဝမ်ကခေါင်းညိမ့်ပြီး_
"အစာအိမ်ကင်ဆာကုနိုင်ရုံတင်မဟုတ်ဘူး... ကျန်းမာရေးလည်းကောင်းတယ်... အချက်အလက်တွေအရ သက်လတ်ပိုင်းလူတစ်ယောက်လိုကျန်းမာတယ်''
သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေပုံရသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကအနောက်တိုင်းဆေးဆရာတွေ။ မခွဲမစိတ်ရဘဲ ဆေးစွပ်ပြုတ်နဲ့တင် တော်ဝင်ပညာရှင်လီရဲ့အစာအိမ်ကင်ဆာက လုံးဝပျောက်ကင်းသွားမည်ဟုမထင်မိပေ။
တော်ဝင်ပညာရှင်လီရောက်ခါစက အနောက်တိုင်းဆေးကလက်လျှော့ထားမှန်း သိကြသည်။
"တော်ဝင်ပညာရှင်လီ ဂုဏ်ယူပါတယ်!''
ချင်လင်လည်း တော်ဝင်ပညာရှင်လီကိုချက်ချင်းဂုဏ်ပြုစကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်!''
တော်ဝင်ပညာရှင်လီကအဖြေကြားပြီး စိတ်လှုပ်ရှားသွားသည်။
ချင်းလင်အပန်းဖြေစံအိမ်မလာခင်က သူ့မှာအချိန်သိပ်မကျန်တော့ဟုထင်ခဲ့သည်။ အခု အစာအိမ်ကင်ဆာသက်သာရုံသာမက နိုင်ငံတော်သုတေသနကို နောက်ထပ်နှစ် ၂၀ လောက်လုပ်နိုင်သေးသည်ဟုခံစားရသည်။
ချင်လင်က တော်ဝင်ပညာရှင်လီကိုထပ်ပြီးဂုဏ်ပြုမည်တွင် သူ့ဖုန်းမြည်လာသည်။
လီရှင်းပင်။
ဒီလူ သူ့ဆီမလာတာကြာပြီ။
သူကဖုန်းကိုင်လိုက်ရာ လီရှင်းအသံထွက်လာသည်_
"ချင်လင်... ဒီတစ်ခါ မင်းဆီလူတစ်ယောက်ခေါ်လာပြီး ဒုက္ခပေးရဦးမယ်''
"အင်းလေ.. လာပါ!''
ချင်လင်ကပြုံးပြုံးနှင့်ပြန်ဖြေလိုက်သည်။
သူနှင့်လီရှင်းက သိတာကြာပြီဖြစ်၍ လီရှင်းအကြောင်း သူကောင်းကောင်းသိသည်။
သူလုံးဝမငြင်းသာလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတစ်ခုခုဖြစ်နေတာမဟုတ်ရင် သူ့ဆီခေါ်လာမည်မဟုတ်။
နောက်ပြီး လီရှင်းပြဿနာကကြီးသည်ဟုထင်သည်။
မကြာမီ_
လီရှင်းလည်း ရုံချန်းထဲကားမောင်းဝင်လာသည်။ ရှေ့ခရီးသည်ထိုင်ခုံတွင် လူကြီးတစ်ယောက်ပါသည်။ လူကြီးကမျက်ခုံးများကို တင်းနေအောင်ကုပ်ထားသည်။ သူ့မှာအခက်အခဲတချို့ရှိနေပုံပင်။
လူကြီးကမျက်မှောင်ကြုတ်ပြီး_
"ရှောင်လီ... မင်းပြောတဲ့သူဌေးချင်က တို့ကိုတကယ်ကူညီနိုင်လား... ချင်းလင်ဆေးဖက်ဝင်ဝိုင်ကအရမ်းနာမည်ကြီးတယ်ဆိုပေမဲ့ ဘာမှမတတ်နိုင်ဘူးနော်''
"ဥက္ကဌပေါင်''
လီရှင်းကပြောသည်_
"သူမှမကူညီနိုင်ရင် ဒီနိုင်ငံမှာကူညီနိုင်တဲ့သူမရှိလောက်တော့ဘူး... ဒီတစ်ခါ နိုင်ငံခြားကလူတွေ အရမ်းလွန်တယ်''
"အိုက်ယိုး!''
သူ့စကားကြောင့် ဥက္ကဌပေါင်သက်ပြင်းမချဘဲမနေနိုင်တော့။
ချင်းလင်အပန်းဖြေစံအိမ်ကားပါကင်သို့ ကားတစ်စီးအမြန်ဆိုက်ရောက်လာသည်။
လီရှင်းကကားအပြင်ထွက်ပြီး ဥက္ကဌပေါင်ကိုချင်လင်ရုံးခန်းထဲခေါ်လာသည်။
လမ်းတလျှောက်တွင် ဥက္ကဌပေါင်က စံအိမ်ထဲမြင်မြင်သမျှကိုစူးစမ်းပြီး အံ့ဩနေသည်။
ချင်းလင်အပန်းဖြေစံအိမ်ရဲ့ရှုခင်းက အင်တာနက်မှာပြောကြသလို တကယ်ဆန်းကြယ်တာပဲ။
သူကပိုက်ဆံရှိသူဖြစ်၍ အပန်းဖြေစံအိမ်များစွာကိုရောက်ဖူးသော်လည်း ချင်းလင်အပန်းဖြေစံအိမ်ကိုမြင်ပြီးနောက် တစ်ခုမှမယှဉ်နိုင်တော့။ ဒါမှမဟုတ် ချင်းလင်အပန်းဖြေစံအိမ်ရဲ့ခြေဖျားတောင်မမီ။
မကြာမီ လီရှင်းနှင့်ဥက္ကဌပေါင်က ချင်လင်နှင့်တွေ့သည်။
"ချင်လင်... ဒါပိုင်ကျိုအဖွဲ့အစည်းရဲ့ဥက္ကဌပေါင်... သူက မောက်ထိုက် ဖန်းကျိုတို့လို ပြည်တွင်းထိပ်တန်းဝိုင်လုပ်ငန်းတွေရဲ့အတိုင်ပင်ခံလည်းဟုတ်တယ်''
လီရှင်းက သူတို့ဆုံဆုံချင်း မိတ်ဆက်ပေးသည်။
ဥက္ကဌပေါင်ဘယ်သူမှန်းသိပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
ပိုင်ကျိုအဖွဲ့အစည်းရဲ့ဥက္ကဌက တော်ရုံလူမဟုတ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ မောက်ထိုက်နဲ့ဖန်းကျိုရဲ့ထုတ်လုပ်မှုတန်ဖိုးက မနည်းပေ။
သို့သော် ထိုဝိုင်မိသားစုများ၊ကုမ္ပဏီများထဲက ဘယ်သူမှဥက္ကဌဖြစ်မလာ။ အခု သူ့ရှေ့မှလူကြီးကဥက္ကဌဖြစ်ပြီး မောက်ထိုက်၊ဖန်းကျိုတို့လိုထိပ်တန်းဝိုင်ကုမ္ပဏီတွေရဲ့အတိုင်ပင်ခံတောင်ဖြစ်နေသေး။
ဒီလောက်ဆို သူ့အရည်အချင်းကိုသိရပြီ။
"ဥက္ကဌပေါင်... တွေ့ရတာ ဝမ်းသာပါတယ်''
ချင်လင်ကပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဥက္ကဌပေါင်လည်း စိတ်လှုပ်ရှားသံနှင့်_
"သူဌေးချင်... တွေ့ရတာဝမ်းသာပါတယ်... မင်းကိုမြင်တော့ ငါလိုအဘိုးကြီးတောင် စိတ်ထဲကမလေးစားဘဲမနေနိုင်ဘူး... တို့နိုင်ငံမှာ မင်းလိုလူငယ်မျိုးတွေ့ရမယ်မထင်မိဘူးကွာ''
ထိုစကားများက သူ့ရင်ထဲမှထွက်လာခြင်းပင်။
သူ့ဘဝမှာ သူဌေးကြီးမာနှစ်ယောက်အပါအဝင် မျက်နှာပြောင်သုန့်နှင့်သုံးယောက်၊ အရည်အချင်းရှိသူများစွာတွေ့ဖူးသော်လည်း အသက်အရွယ်နှင့်အောင်မြင်မှုက သူအံ့ဩရလောက်အောင်မရှိခဲ့။
လီရှင်းကဝင်ပြောသည်_
"ချင်လင်... ဥက္ကဌပေါင်က မင်းဆီအကူအညီလာတောင်းတာ... ဒီတစ်ခါ မင်းတစ်ယောက်ပဲ သူ့ကိုကူညီနိုင်မှာ... ဒါမှမဟုတ် ပြည်တွင်းဝိုင်လောကတစ်ခုလုံးကို မင်းကကူညီနိုင်မှာ''
"လောင်လီ... ဘာဖြစ်လို့လဲ?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
"ဥက္ကဌပေါင်ပဲရှင်းပြလိုက်ပါ''
လီရှင်းကမျက်မှောင်ကြုတ်ပြီး_
"ဒါ ပြည်တွင်းဝိုင်လုပ်ငန်းတွေရင်ဆိုင်နေရတဲ့ပြဿနာလည်းဟုတ်တယ်''
ချင်လင်က ဥက္ကဌပေါင်ကိုကြည့်လိုက်သည်။
ဥက္ကဌပေါင်ကသက်ပြင်းချပြီး_
"သူဌေးချင်... တရုတ်ဝိုင်ဖြူနဲ့နိုင်ငံခြားဝိုင်ဖြူက ပြိုင်နေကြတယ်ဆိုတာ မင်းသိမှာပါ''