← Chapters

အချိန်ဆွဲပြီး သူဌေးချင်ကိုကာကွယ်! ၂

Vol. 61 Ch. 912

အချိန်ဆွဲပြီး သူဌေးချင်ကိုကာကွယ်! ၂

Vol. 61 Ch. 912

မျောကျောက်ရပြီး သူတိုးတိုးတိတ်တိတ်ပါဝင်ဆောင်ရွက်ချင်လာသည်။ ဒီစီနီယာကြီးတွေကိုကူညီနိုင်ရင် အကောင်းဆုံးပင်။

"မပူပါနဲ့ သူဌေးချင်... သေချာပေါက်အသိပေးမှာပါ''

တော်ဝင်ပညာရှင်ဖေးကပြောသည်။

တော်ဝင်ပညာရှင်ဟောင်နှင့်တော်ဝင်ပညာရှင်လင်းတို့လည်းထုပ်ပိုးနေ၍ ချင်လင်အံ့ဩမိသည်။

အစာအိမ်ကင်ဆာပြန်ကောင်းလာသော တော်ဝင်ပညာရှင်လီအပြင် တခြားတော်ဝင်ပညာရှင်များပါပြန်သွားရမည်။

တော်ဝင်ပညာရှင်ဟောင်နှင့်တော်ဝင်ပညာရှင်လင်းလည်း သုတေသနတာဝန်ရှိ၍ ချင်းလင်အပန်းဖြေစံအိမ်မှာ ဘယ်လောက်သက်သောင့်သက်သာရှိရှိ ပြန်ရတော့မည်။

သူတို့တာဝန်က ပြည်တွင်းသိပ္ပံသုတေသနအတွက်စမ်းသပ်ရမည်။

နောက်နေ့နေ့လယ်တွင် ဝန်ကြီးလုရောက်လာပြီး ကျေးဇူးတင်စကားဆိုသည်_

"သူဌေးချင်... တော်ဝင်ပညာရှင်တွေကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးပါပဲ''

ချင်လင်ကခေါင်းခါပြီး_

"ဝန်ကြီးလု... ဒီလိုပြောတာ သူစိမ်းဆန်ပါတယ်... လက်ဖက်ရည်အရင်သောက်ရအောင်... ညနေကျ ကျွန်တော်ကိုယ်တိုင်တော်ဝင်ဆေးစွပ်ပြုတ်ချက်ပြီး တော်ဝင်ပညာရှင်တွေကိုနှုတ်ဆက်ပါမယ်''

"သူဌေးချင်ပြောတဲ့အတိုင်းပါပဲ!''

ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောသည်။

ချင်လင်ကဝန်ကြီးလုကိုရုံးခန်းထဲဖိတ်ပြီး အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်ထုတ်ကာ လက်ဖက်ရည်တစ်အိုးနှပ်သည်။

လက်ဖက်ရည်သောက်ပြီး ဝန်ကြီးလုကမေးသည်_

"သူဌေးချင်... မျိုးစေ့ထုတ်လုပ်ရေးအကြောင်းဖတ်ပြီးပြီမလား?''

ချင်လင်ကခေါင်းညိမ့်ပြီး_

"ဟုတ်ကဲ့... အစ်ကိုလီပြောပါတယ်... ကျွန်တော်လက်မှတ်ထိုးပြီးပါပြီ''

"ပါမောက္ခလီခိုင်ပါတယ်ဆိုရင် အချိန်မီမယ်ထင်တယ်!''

ဝန်ကြီးလုကသက်ပြင်းချလိုက်သော်လည်း ချီတုံချတုံဖြစ်နေသည်။

ချင်လင်ကသူ့ကိုသတိထားမိပြီး မေးသည်_

"ဘာဖြစ်လို့လဲ ဝန်ကြီးလု?''

"ဘာမှမဟုတ်ပါဘူး''

ဝန်ကြီးလုက အမြန်ခေါင်းခါပြီး စကားလမ်းလွှဲလိုက်သည်_

"ဒါနဲ့ သူဌေးချင်... ပါမောက္ခလီခိုင်ရဲ့အပူချိန်နိမ့်မျိုးစိတ်သုတေသနက ဘယ်လိုဖြစ်သွားပြီလဲ?''



ချင်လင်ကရှင်းပြသည်_

"အစ်ကိုလီက အခြေအနေကောင်းတယ်တဲ့... သုတေသနလက်ထောက်နဲ့ဆက်လွှဲထားပါတယ်... မကြာခင် ထွက်ပါလိမ့်မယ်''

"ကောင်းလိုက်တာ... အခု လိုက်ပြနိုင်မလား?''

ဝန်ကြီးလုပြုံးလိုက်သည်။

"ကောင်းပါပြီ!''

ချင်လင်ကမငြင်း။ သူကဖုန်းထုတ်ပြီး လီခိုင်ကိုဆက်လိုက်သည်။ ဖုန်းချပြီးနောက် ဝန်ကြီးလုနှင့်ချင်းလင်ဓာတ်ခွဲခန်းသွားလိုက်သည်။

သူတို့ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ လီခိုင်ကအသင့်စောင့်နေပြီး_

"ညီလေးချင် ဝန်ကြီးလု ဒီဘက်ပါ!''

ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်နေရာမှာ အတွင်းရေးဖြစ်၍ လူတိုင်းဝင်မရ။ ဝန်ကြီးလုကခြွင်းချက်ပင်။

ချင်လင်နှင့်ဝန်ကြီးလုက လီခိုင်နောက်လိုက်ပြီး ဝင်ပေါက်တစ်ခုဆီရောက်လာသည်။ ဝင်ပေါက်တွင်ကတ်လည်းဖြတ်ရသည်။ လေ့ကျင့်ထားသောလုံခြုံရေးအစောင့်များကလည်း စောင့်ကြပ်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းမှာ ပုံစံကျလာသည်နှင့်အမျှ ဌာနများ၊သုတေသနပရောဂျက်များပိုများလာပြီး လုံခြုံရေးကပိုတင်းကြပ်လာသည်။

ဝင်ပေါက်ရောက်သောအခါ ချင်လင်နဲ့လီခိုင်အတူတူလာတာတောင် လုံခြုံရေးအစောင့်များကတားသည်။

"ID ပြပြီး စစ်ဆေးခံပေးပါ!''

လုံခြုံရေးအစောင့်တစ်ဦးကပြောသည်။

တချိန်တည်းမှာ နောက်တစ်ယောက်ကလည်း ကိရိယာတစ်ခုနှင့် သူတို့သုံးယောက်ကိုစကင်န်ဖတ်သည်။

"ဒုက္ခများလိုက်တာ!''

လီခိုင်ကညည်းတွားပြီး လုံခြုံရေးအစောင့်ကို သူ့ ID ပေးလိုက်သည်။ ဒုက္ခများသည်ဆိုသော်လည်း သူကအတော်ကျေနပ်နေပုံနှင့်။

ဘာပဲဖြစ်​ဖြစ် သိပ္ပံသုတေသနမှာ အချက်အလက်ပေါက်ကြားမှာ အကြောက်ရဆုံးပင်။ သုတေသနအခိုးခံရမှာ လုံခြုံရေးကအရေးအကြီးဆုံးဖြစ်သည်။

ပြဿနာမရှိကြောင်းအတည်ပြုပြီးမှ သူတို့လည်းရိုရိုသေသေနှင့်_

"ပါမောက္ခလီ ဥက္ကဌချင် ဝင်လို့ရပါပြီ''

လုံခြုံရေးအစောင့်နှစ်ယောက်မှာ လေးစားသောအမူအရာနှင့်ဖြစ်သွား၏။

စစ်ဆေးရမှာက သူတို့တာဝန်။

ဘာပဲဖြစ်​ဖြစ် တာဝန်ခံဖြစ်သောပါမောက္ခလီနှင့်သူဌေး ဓားစာခံဖြစ်သောအခြေအနေအပါအဝင် အရေးပေါ်အခြေအနေအားလုံးကို သူတို့လေ့ကျင့်ထားရသည်။



စစ်ဆေးမှုမှာပြဿနာမရှိရင် ပါမောက္ခလီက သူတို့သူဌေး၊ ဥက္ကဌချင်ကလည်း သူတို့သူဌေး။

သူတို့သုံးယောက်ဝင်လာပြီးနောက် ဝန်ကြီးလုကစိတ်လှုပ်ရှားသံနှင့်_

"သူဌေးချင် ပါမောက္ခလီခိုင်... မင်းတို့ဓာတ်ခွဲခန်းလုံခြုံရေးက ကောင်းလှချည်လား''

"ဥက္ကဌရှန်က တခြားဓာတ်ခွဲခန်းကနေ လုံခြုံရေးကြီးကြပ်ဆွဲခန့်ထားလို့ပါ''

ချင်လင်ကပြောသည်_

"အဲဒီဓာတ်ခွဲခန်းက သူဌေးကြီးမာတည်ထောင်ထားတဲ့ဓာတ်ခွဲခန်းပါ''

ဘယ်ဓာတ်ခွဲခန်းလဲ ဝန်ကြီးလုကတန်းသိသည်။ အရင်ကပြည်တွင်းမှာအလွန်နာမည်ကြီးသောဓာတ်ခွဲခန်းပင်။ သူဌေးကြီးမာကလည်း ဓာတ်ခွဲခန်းအတွက်ကျွမ်းကျင်သူများစွာခန့်ထားသည်။

သူဌေးကြီးမာက အကွက်ရွှေ့ကောင်းသည်ဟုပြောရမည်။

သို့ရာတွင် သူဌေးကြီးမာပြိုလဲသည်နှင့် ဓာတ်ခွဲခန်းကဖရိုဖရဲ​​ဖြစ်ရတော့သည်။ အားချင်းပြိုင်ပြီး အရည်အချင်းရှိသူအားလုံးကို တခြားဓာတ်ခွဲခန်းများကဆွဲခေါ်သွားကြသည်။

ချင်းလင်ဓာတ်ခွဲခန်းက အများဆုံးဖြစ်မည်။

သူတို့သုံးယောက်ဝင်လိုက်သောအခါ သုတေသနဇာတ်လမ်းထဲရောက်သွားသည်။ မှန်တံခါးပေါ်တွင် 'အပူချိန်နိမ့်မျိုးစိတ်သုတေသန'ဟုရေးထားသည်။

သုတေသနသမားများက သူတို့သုံးယောက်ကိုမြင်သောအခါ လာရောက်နှုတ်ဆက်ကြသည်။

"ပါမောက္ခလီခိုင် ဥက္ကဌချင်!''

"ပါမောက္ခလီခိုင် ဥက္ကဌချင်!''

ဝန်ကြီးလုကိုမူ လျစ်လျူရှုထားကြသည်။ ဘာပဲဖြစ်​ဖြစ် သူ့ကိုဘယ်သူမှမသိ။ သူကလည်းဂရုမစိုက်ပေ။

သူသာဂရုစိုက်နေရင် သူဌေးချင်နှင့်သီးသန့်လာမည်မဟုတ်။ အကြောင်းကြားစာပို့လိုက်ရုံနှင့် အပြည့်အဝအာရုံစိုက်ခံရမည်။

သို့ရာတွင် သူကဒါမျိုးမကြိုက်။ လူအများကြီးနှင့်ရုတ်ရုတ်သဲသဲတွေမပါဘဲ သူဌေးချင်၊ပါမောက္ခလီတို့နှင့် ဒီလိုတိတ်တိတ်လေးလာရတာအကောင်းဆုံးပင်။

"ဆောင်းရာသီအဝတ်သုံးစုံပေးပါ!''

လီခိုင်က သုတေသနသမားတစ်ဦးကိုအမိန့်ပေးလိုက်ရာ သုတေသနသမားကချက်ချင်း ဆောင်းတွင်းအဝတ်သုံးစုံပေးသည်။



အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုဆိုမှတော့ အပူချိန်ကိုနှိမ့်ထားရသည်။ ဆောင်းတွင်းထက်တောင်အေးလောက်သည်။

ချင်လင်ကဆောင်းတွင်းအင်္ကျီဝတ်ပြီး အတွင်းဘက်ဝင်လိုက်သောအခါ ချမ်းစိမ့်စိမ့်ခံစားရသည်။ နံရံပေါ်မှသာမိုမီတာကိုကြည့်လိုက်ရာ အနုတ်ဒီဂရီ ၅ ရှိသည်။

လီခိုင်ကလည်း ရှင်းပြသည်_

"-5 ဒီဂရီက စိုက်ပျိုးနေရာအများစုရဲ့ဆောင်းတွင်းအပူချိန်အတိုင်းပဲ... အဲဒီထက်နိမ့်ရင် အပူချိန်နိမ့်နည်းပညာကအဆင်မပြေတော့ဘူး... ဘာပဲဖြစ်ဖြစ် မြေကြီးကကွန်ကရစ်လိုမာပြီး ရေခဲပြင်ဖြစ်သွားပြီ''

စမ်းသပ်စိုက်ခင်းနေရာရောက်သောအခါ မြူလွှာပါးပါးဖုံးလွှမ်းထားသည်ကိုတွေ့ရသည်။

ဒီလိုအပူချိန်မှာ အအေးဒဏ်ခံနိုင်ရည်ရှိသောသီးနှံတချို့မှလွဲ၍ တခြားရာသီသီးနှံများတန်းသေကုန်သည်။ အရွက်တွေ၊အမြစ်တွေအကုန်အေးခဲပြီး ညိုးခြောက်ပုပ်သွားသည်။

ဒါပေမဲ့ အခုစိုက်ခင်းများတွင် အညှောင့်လေးများထွက်နေသည်ကို မြူပါးပါးမှတဆင့်မြင်ရသည်။ ထို့အပြင် အပင်ကသန်ပြီးစိုပြေနေသည်။

ပုံမှန်အခြေအနေအတိုင်းဆို လုံးဝယုတ္တိမရှိ။

သို့ရာတွင် လီခိုင်၏အပူချိန်နိမ့်နည်းပညာကြောင့် ထိုနွေရာသီသီးနှံအားလုံးရှင်သန်ပြီး ကောင်းကောင်းဖြစ်ထွန်းနေသည်။

လီခိုင်ကလည်း_

"ညီလေးချင် ဝန်ကြီးလု... ဒီအညှောင့်တွေအကုန် နွေရာသီသီးနှံတွေ... ဒါပေမဲ့ ဒီအပူချိန်မှာကောင်းကောင်းဖြစ်နေကြတယ်... အားလုံးအသီးတင်ပြီး အသီးတွေကအဆင်ပြေရင် ဒီနည်းပညာသုတေသနကပြီးပြီ''

"တို့အားလုံးက ပါမောက္ခလီခိုင်ရဲ့နည်းပညာကိုစောင့်မျှော်နေကြတာ... ဒါသီးနှံရဲ့ပုံစံကိုလုံးဝပြောင်းပစ်နိုင်တယ်!''

ဝန်ကြီးလုက စိတ်လှုပ်ရှားသံနှင့်​ပြောသည်။ ထို့နောက် ရုတ်တရက်_

"ပါမောက္ခလီခိုင်... မျိုးစေ့အထွက်နှုန်းတိုးဖို့ အထက်လူတွေထုတ်ပြန်ထားတဲ့သုတေသနကိစ္စကိုဂရုစိုက်ပေးပါဦး''

ဝန်ကြီးလုကပြောရင်း မျက်နှာထားတည်ပြီးငြိမ်သွားသည်။

ဝန်ကြီးလုဒီလာပြီး အပူချိန်နိမ့်မျိုးစိတ်နည်းပညာအခြေအနေလာကြည့်တာ ရည်ရွယ်ချက်ရှိသည်ဟုချင်လင်ကတွေးမိပြီး လှမ်းကြည့်လိုက်သည်။

ဒီမျိုးစေ့အထွက်တိုးရေးသုတေသနက တကယ်အရေးကြီးပုံရသည်။ မဟုတ်ရင် ဝန်ကြီးလု ဒီလိုဝေ့ဝိုက်နေမည်မဟုတ်။

လီခိုင်က ချင်လင်ကိုတစ်ချက်ကြည့်လိုက်သည်။ သူ ချင်လင်နဲ့ဆွေးနွေးထားတဲ့ သုတေသနရံပုံငွေအလကားရမည့်အကြံက မလွယ်ကြောင်း၊ ဝန်ကြီးလု၏ရည်ရွယ်ချက်ကို သူသဘောပေါက်ကြောင်းပင်။

အခြေအနေက အရေးကြီး၍ ရံပုံငွေရပြီးရင် သုတေသနနည်းနည်းလုပ်ရမည်။ ဘာပဲဖြစ်ဖြစ် သူကအသိတရားမရှိတဲ့သူမဟုတ်။

ထို့ကြောင့် သူ့သဘောထားကို ဝန်ကြီးလုအားအမြန်ပြောပြလိုက်သည်_

"မပူပါနဲ့ ဝန်ကြီးလု... သုတေသနလုပ်ဖို့ ကျွန်တော့်လူတွေကိုဦးဆောင်လိုက်ပါမယ်''

"ဟူး!''

လီခိုင်စကားကြောင့် ဝန်ကြီးလုကသက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် ချင်လင်၊လီခိုင်တို့နှင့်အတူ ချင်းလင်ဓာတ်ခွဲခန်းထဲလျှောက်ကြည့်ပြီး ချင်လင်နှင့်အပန်းဖြေစံအိမ်ပြန်လာသည်။

ဝန်ကြီးလုက မနက်ဖြန် တော်ဝင်ပညာရှင်များနှင့်ပြန်မည်ဖြစ်၍ ချင်းလင်အပန်းဖြေစံအိမ်မှာ သူ့အတွက်တစ်ခန်းစီစဉ်ပေးရမည်။

ဝန်ကြီးလုက ဘာမှမငြင်း။ ဒီရောက်လာမှ​တော့ သူဌေးချင်စီစဉ်ပေးတဲ့အတိုင်းနေမည်။ သို့ရာတွင် ညပိုင်း သူ့ဆီဖုန်းဝင်လာသည်။ နံပါတ်ကြည့်ပြီး သူ့မျက်နှာထားနည်းနည်းတည်သွားသည်။

အထဲမှအသံကို သူကမျက်နှာထားတည်တည်နှင့်နားထောင်ရင်း_

"အချိန်ဆွဲထားပေးပါဦး... ငါပါမောက္ခလီခိုင်နဲ့ပြောပြီးပြီ... သူအတတ်နိုင်ဆုံးလုပ်မယ်တဲ့... ပါမောက္ခလီခိုင်ရဲ့အရည်အချင်းနဲ့ဆို တစ်လနှစ်လအတွင်း အဖြေထွက်မှာပါ''

"ဘယ်လိုပဲဖြစ်​ဖြစ် အဲဒါတို့ကျင့်ဝတ်နဲ့မညီဘူး... ပြီးတော့ သူဌေးချင်က အများကြီးလုပ်ပေးခဲ့တာ... သူ့ကိုကာကွယ်ရမယ်... သူ့ကိုခက်ခဲအောင်လုပ်လို့မဖြစ်ဘူး!''



All Chapters