← Chapters

သူတို့ရဲ့ အသက်တွေနဲ့ လဲလှယ်ခဲ့တယ်

Vol. 124 Ch. 1860

သူတို့ရဲ့ အသက်တွေနဲ့ လဲလှယ်ခဲ့တယ်

Vol. 124 Ch. 1860

“ ကောင်လေး … မင်း ဘယ်လိုတွေ ခံစားနေရလဲ ငါ နားလည်တယ်…” သက်လတ်ပိုင်း အမျိုးသားက လေးလေးနက်နက် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် မင်း ကိုယ့်လုပ်ရပ်ကိုယ်တော့ ဆင်ခြင်သင့်တယ်လေ … မထင်ဘူးလား …”

“ ခင်များ ပြောတာ မှန်တယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်လုပ်နေတာ ဘာမှားလို့လဲ … ကျုပ် လုပ်ရပ်က ဘယ်သူ့ကိုများ ထိခိုက်နေလို့ …”

သက်လတ်ပိုင်း အမျိုးသားမှာ ပြောစရာစကား ရှာမရ ဖြစ်သွားခဲ့သည်။

မင်းက သူများကိုတော့ မထိခိုက်ဘူး … သူတို့ကို လန့်အောင် လုပ်နေတာကွ ….

“ ဒီလိုဆိုရင်ကော … မင်း နောက်တစ်ခါမှ ထပ်လာခဲ့ပါလား … ဒါမှမဟုတ် လူနည်းတဲ့ အချိန်ပေါ့ …”

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့၏။

“ ဘာကြောင့်မို့ …”

“ အဲ့ဒါက …..”

“ ခင်များကြည့်ရတာ အရင်က ဒီလိုပုံစံမျိုး အရိုအသေပေးတာကို မမြင်ဖူးလို့နဲ့ တူတယ်…” လင်းရီ ပြောလိုက်ပြီး “ မပူနဲ့ … ကျုပ်က လူကောင်းကြီး … ဘာရောဂါမှ မရှိဘူး …”

မင်း ပြောနေတဲ့ပုံကိုလည်း ကြည့်ပါဦး … ဘယ်အရူးကရော သူ့ကိုယ်သူ အရူးပါဆိုပြီး ဝန်ခံတာ မြင်ဖူးလို့ ….

“ ဒါက ကျုပ် အိုင်ဒီ … ဒီလောက်ဆို လုံလောက်ပြီမလား …”

လင်းရီ ကမ်းပေးလာသည့် စစ်တပ်အိုင်ဒီကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားမှာ လုံးဝ ကြက်သေသေသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကလည်း အနားယူထားသည့် စစ်သားဟောင်း တစ်ယောက် ဖြစ်သောကြောင့်ပင်။

သက်လတ်ပိုင်း အမျိုးသားမှာ တလေးတစား အမူအရာဖြင့် အိုင်ဒီကို ဖွင့်ကြည့်လိုက်၏။

ပုံစံကြည့်ရသလောက်တော့ ဤကောင်လေးက နှစ်ဆယ် အလယ်အလတ်ပိုင်းမျှသာ ရှိလိမ့်ဦးမည်။ သို့သော် အတည်ကြီး ဒုဗိုလ်မှူးကြီး ဖြစ်နေသည်တဲ့လော။

မြင်နေရသည့် သူ့မျက်လုံးသူပင် မယုံနိုင်ချေ။

ဒီလို ရာထူးမျိုး ရဖို့ဆို သူ ဘယ်လောက်တောင် အကျိုးဆောင်ပေးဖို့ လိုအပ်ထားမလဲ …

“ အလေးပြုပါတယ်…”

သက်လတ်ပိုင်း အမျိုးသားက လင်းရီကို စစ်တပ်ပုံစံဖြင့် နှုတ်ဆက်လိုက်၏။

“ ဒါတွေ လုပ်စရာ မလိုပါဘူး .. သွားပြီးတော့သာ ခင်များ လုပ်စရာ ရှိတာကိုလုပ် … ကျုပ်ကို ခဏလောက် တစ်ယောက်တည်းပေးနေ …”

“ ကောင်းပြီ ကောင်းပြီ .. ဆက်လုပ် ဆက်လုပ် … မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို ခေါ်လိုက် …”

“ အိုကေ …”

ဝန်ထမ်းလည်း လှည့်ထွက်လာခဲ့၏။ ထို့နောက် နဖူးထက်ရှိ ချွေးအေးတို့အား သပ်ချလိုက်လေသည်။

ထိုအချိန်တွင် လင်းရီအား တိုင်တန်းခဲ့သည့် သားအမိနှစ်ယောက်က သူ့ကို ဟန့်တားလာခဲ့၏။

“ အစ်ကိုကြီး .. သူ ဘာလို့ အခုထိ ထွက်မသွားသေးတာလဲ … သူတစ်ယောက်တည်း စကားပြောနေတာ ကြောက်စရာကြီး …” သက်လတ်ပိုင်း အမျိုးသမီးက ရင်ဘက်ကို လက်ဖြင့် ဖိနှိပ်ထားရင်း ပြောလိုက်သည်။

“ ငါ့မှာ အဲ့လူကို မောင်းထုတ်ပိုင်ခွင့် မရှိဘူး … ဒါပေမယ့် မပူနဲ့ … လူတိုင်းမှာ သူတို့ကိုယ်စီ အရိုအသေပေးတဲ့ နည်းလမ်းတွေ ရှိကြတာပဲဟာ .. သူ အဆင်ပြေပါတယ်…”

“ မဟုတ်သေးဘူးလေ … ရှင်က ဒီမှာ တာဝန်ခံကို ဘာကိစ္စ သူ့ကို မောင်းမထုတ်နိုင်ရမှာလဲ …”

“ သူက ဒုဗိုလ်မှူးကြီးပဲ … ငါ အရင် စစ်တပ်ထဲက အနားမယူခင်တုန်းက ဒုတိယအဆင့် ဆာဂျင်အဆင့်ပဲ ရှိခဲ့တာ သူက ငါ့ထက်ရာထူးကြီးတယ်… ငါ့မှာ သူ့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး …”

“ မဖြစ်နိုင်တာ … ဒီလောက် ငယ်ငယ်လေးနဲ့ ဒုဗိုလ်မှူးကြီး ဟုတ်လား ….”

သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ စစ်တပ် ရာထူး အစဉ်လိုက်အား မသိရှိသည်မှာ သိသာလေသည်။ သို့သော် သမီးဖြစ်သူကတော့ ကောင်းကောင်းနားလည်နေခဲ့၏။

“ ငါ ကိုယ်တိုင် သူ့အိုင်ဒီကို ကြည့်ခဲ့တာ … တကယ်ကြီး ဒုဗိုလ်မှူးပဲ … “ သက်လတ်ပိုင်း အမျိုးသားက သက်ပြင်းချလျက် ဆက်ပြောသည်။

“ အသက် ငယ်ငယ်လေးနဲ့ ဒီအဆင့်မျိုး ရောက်ဖို့ဆိုတာ တကယ့်ကို ထူးခြားမှပဲ ဖြစ်မှာ …. တစ်နည်းပြောရရင် ငါတို့လူတွေ ဒီနေ့လို အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာ သူတို့လို လူတွေရဲ့ အသက်နဲ့ လဲလှယ်ခဲ့လို့ပဲ … ဒီတော့သည်းခံလိုက် … သူတို့အတွက်လည်း လွယ်ကူမနေပါဘူး …”

သင်္ချိုင်းတာဝန်ခံ၏ စကားလုံးတို့က လူတိုင်း၏ ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။

သူပြောခဲ့သည့်အတိုင်း ဤလူများက ယနေ့လို ကောင်းမွန်သည့် နေ့ရက်များအတွက် သူတို့၏ အသက်ဖြင့် ဖလှယ်ပေးခဲ့ရသည်။

ဤတစ်ကြိမ်တွင်တော့ လင်းရီကို ကြည့်သည့် အခြားသူများ၏ မျက်ဝန်းထဲ၌ လေးစားမှု အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေခဲ့တော့၏။

သူ၏ ဝမ်းနည်းကြောင်း ဖော်ပြသည့် နည်းလမ်းက အနည်းငယ် ကြောက်ဖို့ကောင်းသော်လည်းပဲ သူက လူကောင်းတစ်ယောက်ပင်။

အခြားတစ်ဖက်ခြမ်းတွင်တော့ ကျိုးလျန်၏ အုတ်ဂူရှေ့၌ လင်းရီသည် အရက်ဖြူကို တစ်ကျိုက်တည်း အပြတ်မော့ပစ်လိုက်၏။ တစ်ချိန်တည်းတွင် အခြား တစ်ပုလင်းကို မြေကြီးပေါ်သို့ လောင်းချနေပြီး ဝေးကွာသည့် တစ်နေရာသို့ အမှန်တကယ် လွှဲပြောင်းပေးနေဟန်ပင်။

ကလင် ကလင် ကလင် …

လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။

နင်ချဲ့ထံကပင်။

“ နင် အခု ဘယ်မှာလဲ …”

“ သင်္ချိုင်းမှာ … “

“ ပြန်ခဲ့တော့ … ငါ နင့်ဖို့ အဝတ်တွေ အများကြီး ဝယ်ခဲ့ပေးတယ်… ပြီးရင် တစ်ခုခု သွားစားကြမယ်… ငါ ဟော့ပေါ့ဆိုင် ကောင်းကောင်း တစ်ခု တွေ့ထားတာရှိတယ် .. အရသာက လုံးဝ အမေးဇင်းပဲ …”

“ ကောင်းပြီ .. ငါ ခဏဆို ပြန်လာခဲ့မယ်…”

လင်းရီ အဝတ်အစား စမ်းဝတ်ကြည့်ရမှာနှင့် စားသောက်ရမှာကို စိတ်မဝင်စားချေ။ အဓိကက သူ ယူလာသည့် အရက်ပုလင်းများ ကုန်သွားပြီ ဖြစ်သောကြောင့် ဖြစ်၏။

ထို့ပြင် သူ ပြောစရာရှိသည်များကိုလည်း ပြောပြီးသွားခဲ့လေပြီ။ ယခုက ပြန်ဖို့ အချိန်ပင်။

ကျန်သည့် စီးကရက်များကို မီးညှိ၍ ကျိုးလျန်၏ အုတ်ဂူရှေ့တွင် ချပေးခဲ့လိုက်သည်။

မထွက်ခွာမီ ၊ ကျိုးလျန်၏ အုတ်ဂူအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်၏။ ထို့နောက် လှည့်ထွက်လာခဲ့လိုက်သည်။

ဟိုတယ်ထဲ၌ နှစ်ယောက်မှာ ပစ္စည်းတော်တော်များများ ဝယ်ခဲ့ကြပြီး ဆိုဒ်အမျိုးမျိုးနှင့် ပစ္စည်းအမျိုးအစားတို့က စုစုပေါင်း ဒါဇင်ကျော်သည်။

“ နင်သိလား … ဒီက အင်္ကျီစတိုင်တွေက တကယ် မတူဘူးနော် … တော်တော်မျာများက ရန်ကျင်းမှာ မတွေ့ရဘူး … ဒီတစ်ခေါက်လာခဲ့တာ တန်သွားပြီ …”

“ နင် သေချာ အာရုံစိုက်ပေးလို့မရဘူးလား …” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါတို့လာခဲ့တာ အလုပ်ကိစ္စနဲ့နော်…”

“ နင်ကများ ငါ့ကို ပြောရတယ်ရှိသေး …” နင်ချဲ့ ပြောလိုက်ပြီး “ အလှကုန်ပစ္စည်းတွေကို သောင်းနဲ့ချီအောင် အကုန်ကျခံပြီး ဝယ်တာ ဘယ်သူလဲ … နင် ဒီကို အလုပ်လုပ်ဖို့ လာတာ မဟုတ်ဘူးလား …”

“ ငါ ဝယ်တဲ့ အလှကုန်တွေက ဈေးကြီးတယ်… အသားအရည်အတွက်လည်း ကောင်းတယ်… နင်လို့ သောက်ရေးမပါတဲ့ အိတ်တွေချည်း လိုက်ဝယ်နေတာ မဟုတ်ဘူး …”

“ ဘာထူးလို့ … နင်လည်း မိတ်ကပ်ပစ္စည်းတွေ မြင်ရင် ရူးသွားတာပဲ မဟုတ်လား …”

“ တော်ပြီ တော်ပြီ .. နင်နဲ့ မငြင်းတော့ဘူး …” ချိုးယွီလော့ စကားလမ်းလွှဲလိုက်ပြီး “ အခု သုံးနာရီတောင် ကျော်ပြီ … လင်းရီက ဘယ်တော့ ပြန်လာမှာလဲတဲ့ … ငါဗိုက်ဆာနေပြီ …”

နင်ချဲ့ သူမ နာရီကို ကြည့်လိုက်ပြီး “ ငါ ဖုန်းဆက်တုန်းက သူ သင်္ချိုင်းမှာ … နာရီဝက်ကျော်သွားပြီဆိုတော့ ခဏဆို ပြန်ရောက်တော့မှာပါ … နည်းနည်း ထပ်စောင့်လိုက်ကြတာပေါ့ ….”

“ ဒါဆို ငါ မိတ်ကပ်လိမ်းလိုက်ဦးမယ်..”

“ ဟဲ့ ငါ နင့်နှုတ်ခမ်းနီလေး စမ်းသုံးကြည့်မယ်နော်… ကာလာလေးက မဆိုးဘူး…”

ချိုးယွီလော့ သူမ၏ အလှကုန်ပစ္စည်းများအား ကြက်မကြီးသဖွယ် ကာထားလိုက်ပြီး “ ကာလာက မဆိုးဘူးထင်ရင် နင့်ဘာနင် ဝယ်လေ….”

“ နင် ဝယ်ထားတာကို ငါ ထပ်ဝယ်လိုက်ရင် ဖြုန်းတီးရာ မကျဘူးလား … နင့်ဟာပဲ သုံးမယ်…”

“ သပပဲ … လုံး၀ မရဘူး …” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါ ရေသွားချိုးဦးမယ်… သုံးချင်ရင် နင့်ဟာနင်ပဲ သုံး .. “

“ မြန်မြန်လုပ် … နင်ပြီးရင် ငါဝင်မှာ … ငါ စကတ် လှလှအသစ်လေး စမ်းဝတ်ကြည့်ရမယ်…”

“ နင် အတွင်းခံ အသစ်ကို စမ်းကြည့်ချင်နေတာမလား … ဒီည ဝတ်ရမှာဆိုတော့လေ…”

“ အိုက်ယား … နင်ကလည်း တည့်ကြီး မပြောနဲ့လေဟယ် … ရှက်စရာကြီးဟာကို ….. ဟားဟား ….. ဒေါက် ဒေါက် ဒေါက်…..”

နှစ်ယောက်မှာ အချင်းချင်း စနောက်ကျီစယ်နေသည့်အချိန်၌ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာသည်။

“ မြန်လိုက်တာ … နင် ဘယ်လို …”

နင်ချဲ့ များများစားစား တွေးတောမနေဘဲ တံခါး ဖွင့်ပေးလိုက်သည်။

သို့သော် တံခါး ပွင့်သွားသည့်အချိန်၌ အပြင်၌ ရှိနေသူက လင်းရီ မဟုတ်သည်ကို သတိပြုမိလိုက်လေသည်။

“ နင်တို့ ဒီကို ဘာလာလုပ်တာ …”

ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ဦးလုံး အပြင်တွင် ရပ်နေသည့် လူကို မှတ်မိကြသည်။

သူတို့က ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ ဖြစ်၏။

သူတို့နှစ်ယောက် အထဲဝင်လာသည်ကိုမြင်တော့ ချိုးယွီလော့မှာ ရေချိုးမည့် သူမ၏ အကြံကို စွန့်လွှတ်လိုက်ပြီး နင်ချဲ့ဘေး၌ သွားရပ်နေလိုက်သည်။

ဤ နှစ်ယောက်က အဘယ်ကြောင့် ဤနေသို့ ရောက်လာခဲ့လဲဆိုတာကို သူမတို့တွေ သိချင်နေကြသည်။

သို့သော် ကောင်းသည့် ကိစ္စနှင့် လာခဲ့ခြင်း မဟုတ်သည်မှာတော့ သေချာသည်။

အဘယ်ကြောင့်ဆိုသော် သူမရော နင်ချဲ့ကပါ ဤနှစ်ယောက်နှင့် မည်သည့် အဆက်အစပ်မျှ မရှိသောကြောင့်ပင်။

“ ငါလည်း မေးချင်နေတာ.. မင်းတို့နှစ်ယောက်က ရန်ကျင်းမှာ ရှိနေရမယ့် အစား ဘာလို့ ဒီရောက်နေကြတာလဲ ….”

“ အဲ့တာ နင်နဲ့ ဆိုင်လား … နင် ငါတို့ ကိစ္စကို တအား ဝင်စွက်ဖက်လွန်းနေပြီ မထင်ဘူးလား …”

“ အမယ်လေး အမယ်လေး … အသင်းခေါင်းဆောင် ဖြစ်သွားပြီဆိုတော့ လေသံလည်း ပြောင်းသွားပြီပေါ့ .. ငါ့ကိုတောင် ဒီလိုလေသံမျိုး စကားလာပြောဝံ့နေတယ်…” ကျူးကျွင်းချီ ကျီစယ်လိုသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“ နင်အဲ့လိုထင်ရင်လည်း သဘောပဲ …” နင်ချဲ့ နံရံကို မှီပြီး ထူးမခြားနားသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“ ငါက အသင်းခေါင်းဆောင် … နင်တို့က အသင်းသားတွေ … ဘယ်လိုပဲကြည့်ကြည့် ငါ့အဆင့်အတန်းက နင်တို့နှစ်ယောက်ထက် ပိုပြီး မြင့်တယ်… ဒီတော့ နင့်ကို အမိန့်ပေးတယ်ဆိုတာ ကျိုးကြောင်းသင့်ပြီး တရားမျှတတယ်… မဟုတ်လို့လား …”

“ ဟက် … မင်းကိုယ်မင်းရော အရမ်း မောက်မာနေတယ်လို့ မထင်ဘူးလား …”

ကျူးကျွင်းချီ နှာမှုတ်လိုက်ပြီး “ အရင်တုန်းကတော့ နားလည်ပေးလို့ရတယ်… လင်းရီက မင်းတို့ကို ကျောထောက်နောက်ခံ လုပ်ပေးထားတော့ ဘယ်သူမှ မင်းတို့နဲ့ ဇယားလာမရှုပ်ရဘူး … ဒါပေမယ့် လင်းရီက အခု သေပြီ … ဒါတောင် မင်းက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ပြီး ဘဝင်မြင့်နေသေးတယ်ဆိုရင်တော့ ငါမေးပါဦးမယ်… မင်းကိုယ်မင်း အဲ့လောက် အရေးကြီးတဲ့လူလို့ ထင်လား …”

စာစဉ် (၁၂၄) ပြီး၏။

All Chapters