တစ်ခဏအတွင်းလား
Vol. 015 Ch. 1471
ရွှမ်ထျန်းဝင်္ကပါက ကျိုးပျက်သွားပြီး ချင်းဟယ်နှင့် ဝင်္ကပါကို ထိန်းချုပ်နေသူများလည်း ဒဏ်ရာရရှိသွားကြသည်။
ရီထျန်းယွိ၏ အစွမ်းထက် အရှိန်အဝါက ပျက်ပြယ်သွားပြီး ယန်စွေ့ တီးခတ်နေခြင်းကလည်း ရပ်တန့်သွား၏။ နတ်ဘုရားနန်းတော်မှ တပည့်များသည် ချင်းဟယ်အား ကြည့်နေကြသည်။ သူတို့ မည်သူထံတွင်မှ အနိုင်ရသူတို့၏ အထင်အမြင်သေးခြင်းနှင့် မောက်မာခြင်းတို့ ရှိမနေပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် သူမအား လေးစားမှုများဖြင့်ပင် ကြည့်နေခဲ့သေး၏။
သူတို့ အားလုံးသည် အစွမ်းထက်သူများ ဖြစ်ပြီး သူတို့ ပူးပေါင်းတိုက်ခိုက်သည့် စွမ်းအားကို နတ်ဘုရားအသံဖြင့် ထောက်ပံ့ပေးသည့်အခါ အလွန်ပြင်းထန်သည့် စွမ်းအားကို ထုတ်ဖော်နိုင်ကြပေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များသည် သူတို့၏ ကျော်ကြားမှုနှင့် ထိုက်တန်ကြသည်။ သူတို့က ကိုယ်ပိုင်ခံယူချက် ရှိသည့် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ရီထျန်းယွိက စင်မြင့်ထက်သို့ လမ်းလျှောက်တက်လာပြီး သူ့လူများကလည်း ရွှမ်ထျန်းစံအိမ်ထိ ရောက်သည့်တိုင်အောင် သူ့နောက်မှ လိုက်ပါလာသည်။ ချင်းဟယ်၏ ဝတ်စုံမှာ လေထဲတွင် တလူလူ လွင့်နေသည်။ ယင်းတို့က သွေးစွန်းနေသော်လည်း သူမ၏ တောက်ပမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူမသည် အေးစက်သည့် မျက်နှာနှင့် ရီထျန်းယွိအား ကြည့်နေခဲ့သည်။
"မင်းက တကယ့်ကို အစွမ်းထက်ပါတယ်.. နတ်မိမယ်ချင်း။ ရွှမ်ထျန်းဝင်္ကပါကလည်း အံ့သြဖွယ်ပါပဲ။ ကျုပ် ညီအစ်ကိုတွေရဲ့ အကူအညီသာ မရှိဘဲ ကျုပ် တစ်ယောက်တည်း ကောင်းကင်အာဏာစက် ပြည်ထောင်က တန်ခိုးရှင်တွေနဲ့ ဝင်္ကပါကို ချိုးဖျက်ကြည့်ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ"
ထိုသည်က ရီထျန်းယွိ၏ သာမန်မဟုတ်သော သဘောထားပင် ဖြစ်သည်။ သူက အလွန် နှိမ့်ချတတ်ကာ ယဉ်ကျေးလှသည်။
"ရှင်က ဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့တာပဲ အိမ်ရှေ့စံ။ အဲဒါကြောင့် ရွှမ်ထျန်းစံအိမ်ကို လာခဲ့ပါ" ချင်းဟယ်က မည်သည့် ခံစားမှုမှ ထုတ်မပြဘဲ ရီထျန်းယွိကို ပြောလိုက်သည်။
ရီထျန်းယွိက ခေါင်းညိတ်လိုက်ပြီး သူနှင့် အခြားတန်ခိုးရှင်များက ရွှမ်ထျန်းစံအိမ်ဘက်သို့ ခြေလှမ်းလိုက်ကြသည်။
သို့သော် သူတို့က ချက်ချင်းမသွားသေးဘဲ အစွန်းတွင် ရပ်ကာ ငုံ့ကြည့်လိုက်ကြ၏။ သူတို့က ရွှမ်ထျန်းဝင်္ကပါအား စိန်ခေါ်မည့် အခြားသူများကို တွေ့မြင်ချင်နေပုံရသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများသည် သူတို့၏ မူလနေရာသို့ ပြန်သွားခဲ့ကြသော်လည်း မတိုက်ခိုက်နိုင်တော့သည့် သူများကတော့ တိုက်ပွဲမှ ထွက်ခွာသွားခဲ့ကြသည်။ ယခုတွင် ဝင်္ကပါသည် လူအတော်လေး နည်းပါးသွားခဲ့သည်။
လူတိုင်းက ချင်းဟယ်ကို ကြည့်လိုက်ကြသည်။ သူမသည် ကိုယ်တိုင်ပင် တိုက်ပွဲသို့ ဝင်ရောက်ကာ ရက်စက်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပေမဲ့ သူမသည်သာလျှင် ဒဏ်ရာရရှိခဲ့သည်။ ထိုသည်က နောက်တိုက်ပွဲ၌ သက်ရောက်မှု ရှိလာနိုင်ပေသည်။
သူမသည် ယခင်တိုက်ပွဲ၌ လက်လျှော့လိုက်ပါက ဖြစ်နိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။
ကောင်းကင်အာဏာစက် ပြည်ထောင် ပြီးနောက် ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးနန်းတော်သာလျှင် ကျန်ရှိတော့သည်။
ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးများ ရှိနေသည့် နေရာတွင် တောက်ပသည့် အလင်းများဖြင့် လင်းလက်နေသည်။ ကျွင့်၏ မျက်လုံးများက ရွှေရောင်မီးလျှံတို့ဖြင့် တောက်ပနေပြီး ချင်းဟယ်ကို ကြည့်လိုက်သည်။ "သွားစို့" သူက ခပ်တိုးတိုး ပြောလိုက်သည်။
သူက ထိုသို့ ပြောလိုက်ပြီးသည့်အခါ မီးလျှံတောင်ပံများက သူ့နောက်တွင် ပေါ်ပေါက်လာသည်။ နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး နတ်ငှက်များက သူ့အနီးတွင် ပျံသန်းနေပြီး ရွှမ်ထျန်းစင်မြင့်ထက် ဆင်းသက်လိုက်၏။
ကျွင့်က ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ သူ့ထံမှ တောက်ပသည့် အလင်းများ ထွက်ပေါ်နေသည်။ "မင်းက အခုလေးတင် တိုက်ခိုက်ထားခဲ့တာ" သူက ပြောလိုက်သည်။ "ကျုပ်တို့ကို အခု တိုက်ခိုက်ရင်တောင် မင်းဘက်က အရေးသာနိုင်ပါ့မလား။ ဘာလို့ ဒီတိုင်း လက်လျှော့ပြီး ကျုပ်တို့ကို တစ်ချက်လောက် ကြည့်ခွင့်မပေးတာလဲ"
"တက်လာခဲ့ပါ" ချင်းဟယ်က ငုံ့ကြည့်ကာ ပြောလိုက်သည်။ သူမက ပြောလိုက်ပြီးသည့်အခါ ခေါင်းကို ငုံ့၍ ကု့ချင်းကို စတင် တီးခတ်လိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တေးသွားက တစ်ဖန် ထပ်၍ ထွက်ပေါ်လာ၏။ လူတိုင်းသည် ထိုလှပသော မိန်းကလေး တစ်ဦးတည်း ကု့ချင်းတီးခတ်နေသည်ကို ကြည့်ကာ အထီးကျန်သည့် ခံစားချက်အား နင့်နင့်နဲနဲ ခံစားလိုက်ကြရသည်။
"အဲဒါဆိုလည်း တိုက်ဖို့ ခွင့်ပြုပါဦး" ကျွင့်က ပြောလိုက်သည်။ သူက တောင်ပံများကို ဖြန့်ကာ ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။ နတ်မီးလျှံများက ထွက်ပေါ်လာပြီး ကောင်းကင်ကို နေအလင်းတန်းများကဲ့သို့ ထိုးဖောက်လိုက်ကာ စင်မြင့်ထက်သို့ ထိုးတက်သွား၏။ အရိပ်များ ပေါ်ပေါက်လာသည့်အခါ ချက်ချင်းပင် မီးလျှံများဖြင့် လောင်ကျွမ်းခံလိုက်ရပြီး အစအနပင် မကျန်အောင် ဖြစ်သွားပေသည်။
အစွမ်းထက် အရှိန်အဝါများက အခြားသော နတ်ငှက်များဆီမှလည်း ထွက်ပေါ်လာသည်။ ကြီးမားသော နတ်ဆိုးသားရဲကြီး၏ ပုံရိပ် ပေါ်ပေါက်လာပြီး နေမင်းကို ပိတ်ကွယ်ကာ အထက်သို့ ပျံသန်းထွက်သွားခဲ့သည်။ ဤတစ်ကြိမ်၌ ဝင်္ကပါမဟုတ်သော်လည်း ကောင်းကင်နတ်ဆိုးနန်းတော်သည် နတ်ဆိုးဘုံ၏ နံပါတ်တစ်ဖြစ်သည်။
အကယ်၍ ကောင်းကင်အာဏာစက် ပြည်ထောင်၏ စွမ်းအားတွင် နတ်ဘုရားနန်းတော်ကိုပါ ထည့်ပေါင်းလျှင်ပင် ကောင်းကင်နတ်ဆိုးနန်းတော်က ကောင်းကင်အာဏာစက်ဘုံ၏ အားအကောင်းဆုံး အင်အားစု ဖြစ်နေဦးမည် ဖြစ်သည်။
ထို့ပြင် ကောင်းကင်နတ်ဆိုးနန်းတော်တွင် အမျိုးမျိုးသော မျိုးနွယ်စုများကို စုစည်းထားခြင်း ဖြစ်သည်။
သို့သော် ခွန်ပန်ကလန်သည် ကိုယ်ပိုင်သီးခြား လွတ်လပ်စွာ ရပ်တည်လိုကြသည်။
ထို့ပြင် ဖီးနစ်ကလန်နှင့် ရွှေတောင်ပံငှက်ကလန်တို့သည်လည်း အလွန်မာနကြီးသည့် မျိုးနွယ်များ ဖြစ်ကြသည်။
ဤသည်မှာ နောက်ထပ် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပေလိမ့်မည်။ ကျွင့် နှင့် ကောင်းကင်နတ်ဆိုးနန်းတော်မှ အခြားနတ်ဆိုးများက ပြင်းထန်စွာ တိုက်ခိုက်ကြသော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် ဖိအားအောက်သို့ ကျရောက်လာခဲ့သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ များပြားလှသော တန်ခိုးရှင်များသည် ဒဏ်ရာရရှိထားကြသော်လည်း ဝင်္ကပါကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ဆဲ ဖြစ်ကာ ကောင်းကင်နတ်ဆိုးနန်းတော်မှ တန်ခိုးရှင်အချို့ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ဆဲ ဖြစ်သည်။
အဆုံး၌ ကောင်းကင်နတ်ဆိုးနန်းတော်သည် ရွှမ်ထျန်းဝင်္ကပါ၏ ခုခံစွမ်းအားကို ထိုးဖောက်နိုင်ခဲ့ပေမဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် လုပ်ခဲ့သလို ဝင်္ကပါ ပြိုကျသွားအောင် မလုပ်နိုင်ခဲ့ပေ။ ဤတစ်ခေါက်တွင် ချင်းဟယ်သည် ယခင်ကလောက် အတင်းအကြပ် မခုခံခဲ့ပေ။ သူမနှင့် အခြား ဝင်္ကပါ ထိန်းချုပ်သူများသည် ယခင်တိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူတို့က ယခင်ကလောက် အားမကောင်းတော့ခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ကောင်းကင်နတ်ဆိုးနန်းမှ တန်ခိုးရှင်များသည်လည်း ရွှမ်ထျန်းစံအိမ်သို့ သွားခွင့်ရခဲ့ပေသည်။
သူတို့သည်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များရပ်နေသည့် အစွန်းတွင် ရပ်နေခဲ့သည်။ ရီထျန်းယွိ နှင့် ကျွင့် တို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သည် ယခင်က ခရမ်းရင့်ကောင်းကင်နန်းတော်တွင် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုစဉ်က သူတို့သည် အချင်းချင်း စမ်းသပ်ရုံမျှသာ ဖြစ်တာကြောင့် အင်အားအကုန် အသုံးမပြုခဲ့ကြပေ။ ထို့နောက် ရီထျန်းယွိ နှင့် ဂူတုံးလျှို တိုက်ပွဲသည်တော့ တိုက်ပွဲ အစစ်အမှန် ဖြစ်ခဲ့ပေသည်။
သို့သော် ရီထျန်းယွိ နှင့် ကျွင့်သည် နတ်ဆိုးလောကနှင့် လူသားတန်ခိုးရှင်လောကတွင် အရည်အချင်းရှိသူများ အဖြစ် ကျော်ကြားကြသည်။ သူတို့က ထိုနေရာမှာ ရပ်နေပြီး မမြင်ရသည့် တိုက်ခိုက်ရေးစွမ်းအားများက အနီးဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ကောင်းကင်နတ်ဆိုးနန်းတော်ပြီးသည့်နောက် ကြိုးစားရန် နောက်ဆုံး ကျန်ရှိသူမှာ ကောင်းကင်နတ်တံခါးဂိုဏ်းသာ ဖြစ်သည်။
သို့သော် တိုက်ပွဲနှစ်ခု ပြီးသည့်နောက် သူတို့ အပေါ်၌ ဖိအားက အများကြီး လျော့နည်းသွားခဲ့သည်။
နောက်ဆုံးတွင် ရွှမ်ထျန်းဝင်္ကပါ၏ စွမ်းအားက လျော့နည်းနေခဲ့ပြီး ဖြစ်သည်။ ယခင်က သူတို့သည် စွမ်းအားအပြည့်ရှိနေကာ ကောင်းကင်နတ်ဆိုးနန်းတော်မှ ထိပ်သီးအင်အားစုများသည်ပင် သူတို့ကို တိုက်ခိုက်ရန် ခက်ခဲခဲ့သည်။
လူတိုင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများကို ကြည့်လိုက်ကြသည်။ ကောင်းကင်အာဏာစက်ဘုံတွင် ရီဖူရှင်း နှင့် ချင်းဟယ်၏ ကောလာဟလ အများအပြား ထွက်နေခဲ့သည်။ သူက တိုက်ခိုက်ရန်အတွက် မည်သည့် အစီအစဉ်မှ ရှိမနေသည်လား။
ကျန်းထိုက်ချူး နှင့် ဟွားချင်းယွင်သည်လည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ကြည့်ရသည်မှာ သူက ကောင်းကင်နတ်တံခါး၏ တပည့်မဟုတ်သော်လည်း ဤအဖွဲ့၏ ပင်မအဖွဲ့သား ဖြစ်လာပုံရသည်။
ထိုသည်မှာ ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများသည် ရီဖူရှင်းကို ကျန်းထိုက်ချူး နှင့်ဟွားချင်းယွင် တို့၏ အထက်၌ နေရာပေးလိုက်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုသည်မှာ ဤအရေးကိစ္စတစ်ခုလုံး၌ ချင်းဟယ် ရွေးချယ်မည့် လက်တွဲဖော်အကြောင်းနှင့် ပတ်သတ်နေ၍သာ ဖြစ်သည်။
ကျန်းထိုက်ချူး နှင့် ဟွားချင်းယွင် မည်သူကမှ သူမ၏ လက်တွဲဖော်မဖြစ်လိုကြပေ။ သံသယဖြစ်စရာမလိုအောင်ပင် ရီဖူရှင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
အားလုံး၏ မျက်လုံးများက သူ့ထံသို့ ကျရောက်လာသည်ဟု ခံစားရသောအခါ သူက ရှေ့ထွက်လိုက်သည်။ ကောင်းကင်နတ်တံခါးမှ ကျန်သူများကလည်း လျင်မြန်စွာ လိုက်ပါလာသည်။ သူတို့အားလုံးသည် ရွှမ်ထျန်းစင်မြင့်သို့ လျှောက်သွားကြသည်။
သူတို့က စင်မြင့်အောက်ခြေသို့ ရောက်သည့် အခါ ချင်းဟယ်က သူတို့အား ငုံ့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက လေဟာနယ်ကို ဖြတ်ကာ ရီဖူရှင်းအား ထိုးဖောက်တော့မတတ် ကြည့်နေသည်ဟု ထင်မှတ်ရပေသည်။ သူမ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မဖော်ပြသည်ဖြစ်ရာ သူမက မည်သို့ ခံစားနေရသည်အား မသိရှိပေ။
သူမက လက်ချောင်းများကို ကု့ချင်း ကြိုးပေါ် တင်လိုက်ကာ တီးခတ်ရန် အသင့်ပြင်လိုက်သည်။
ရီဖူရှင်းသည် ချင်းဟယ်၏ အကြည့်တို့က သူ့အပေါ်ကျရောက်လာသည်ဟု ထင်မှတ်မိသည့်အခါ သူက နေမထိထိုင်မသာ ဖြစ်သွားရသည်။ သူက သူမ၏ အကြည့်များမှ ဖော်ပြသည့် ခံစားချက်က မည်သည့်ခံစားချက်ဆိုသည်အား မပြောနိုင်ပေ။
ချင်းဟယ် အပြင် ရီထျန်းယွိ နှင့် ကောင်းကင်နတ်ဆိုးနန်းတော်မှ တန်ခိုးရှင်များသည်လည်း သူ့အား ကြည့်နေကြပေသည်။
"အဲဒါက နတ်ဘုရားအသံကို ချိုးဖျက်ခဲ့တဲ့ တစ်ယောက်မလား" ရီထျန်းယွိဘေးမှ ယန်စွေ့က တီးတိုးမေးလိုက်သည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းအား အလွန် စိတ်ဝင်စားနေပုံပင် ဖြစ်၏။
ယခင်က ရီထျန်းယွိနှင့် တိုက်ခိုက်ခဲ့သည့် ဂူတုံးလျှိုက ယနေ့တွင် ဤနေရာ၌ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ နတ်ဘုရားအသံအား ဖြိုခွဲခဲ့သည့် တန်ခိုးရှင်အပေါ် အာရုံစိုက်နေကြခြင်း ဖြစ်ပေသည်။
ရီဖူရှင်းက ချင်းဟယ်အား ပြန်၍ ကြည့်နေသည့်အခါတွင် အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ "ရွှမ်ထျန်းဝင်္ကပါက အားနည်းနေခဲ့ပြီ" သူက ပြောလိုက်၏။ "တိုက်ခိုက်မှုက မျှတမှာမဟုတ်ဘူး။ ကျုပ်တို့ တခြားနည်းလမ်းနဲ့ ဘာလို့ မကြိုးစားကြည့်ရမှာလဲ"
"ကျေးဇူးပြု ပြီး စ ပါတော့.. သခင်လေးရီ" ချင်းဟယ်က သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ သူမ၏ လက်ချောင်းလေးများက ကု့ချင်းကြိုးများပေါ်တွင် လှုပ်ရှားလိုက်သည်။
သာယာသည့် တေးသွားအလယ်တွင် ရီဖူရှင်းသည် သူမအား မော့ကြည့်ကာ ပြောလိုက်သည်။ "ဒါဆို တိုက်ခိုက်ဖို့ ခွင့်ပြုပါ"
ထိုသို့ ပြောပြီးနောက် သူက တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
သူ့အနီးရှိ ကောင်းကင်နတ်တံခါးဂိုဏ်းမှ တန်ခိုးရှင်များ ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူက ချင်းဟယ်ကို အလွန် ယဉ်ကျေးစွာ ပြောနေခဲ့သော်လည်း သူက မည်သို့ တိုက်ခိုက်မည်ဟု မပြောခဲ့ပေ။
ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်သည် ရီဖူရှင်းကို ဤတိုက်ပွဲအတွင်း ခေါင်းဆောင် တိုက်ခိုက်ခွင့် ပြုခဲ့သည်။ သူက အဘယ့်ကြောင့် မည်ကဲ့သို့ တိုက်ခိုက်မည်ဟု မပြောရသနည်း။
သူ၏ လှုပ်ရှားမှုတိုင်းက ကျက်သရေရှိကာ ခန့်ညားနေသည်။
"ဘယ်လောက် တော်လိုက်သလဲ" လူအများက ချီုးကျူးပြောဆိုလိုက်သည်။
ထိုအခိုက်တွင် သူ၏ ရှေ့၌ ကု့ချင်းတစ်လက် ပေါ်ပေါက်လာ၏။ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။
ကု့ချင်းလား။
ချင်းဟယ်က ရွှမ်ထျန်းစင်မြင့်ထက်၌ ကု့ချင်းတီးခတ်နေပြီး ယခုတွင် ရီဖူရှင်းက ကု့ချင်းကို ထုတ်သုံးရဲသည်လား။
+
ဒါက....
ထိုနေရာရှိ လူအများစုက နားလည်ခြင်း မရှိကြပေ။
ဘုန်း...
သူက ထူးခြားလမ်းစဉ် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းနှင့် ပညာရှိကျမ်းကို အသက်သွင်းလိုက်သည့်အခါ တောက်ပသည့် နတ်အလင်းများက ရီဖူရှင်းထံမှ လင်းလက် ထွက်ပေါ်လာသည်။ ခဏချင်းအတွင်း မဟာလမ်းစဉ် စွမ်းအားများက ပြင်းထန်စွာ စီးဆင်းနေပြီး နတ်ဝိညာဉ်တစ်ခုက သူ့နောက်တွင် ဖြည်းညင်းစွာ ပေါ်ပေါက်လာသည်။
တစ်ချိန်တည်းတွင် ရီဖူရှင်း၏ လက်ချောင်းများက ကု့ချင်းပေါ် ကျရောက်သွားသည်။ ထိုခဏ၌ သူ၏ တေးသွားသည် လူအများကို အဆုံးမဲ့ သာယာလှပသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ လူတိုင်းသည် ထူးခြားဆန်းကြယ်သော လောကသစ်တစ်ခုသို့ ဝင်ရောက်သွားသလို ထင်မှတ်ရသည်။
"ဂီတလမ်းစဉ်" လူတိုင်း၏ နှလုံးသားများက တုန်ယင်သွားသည်။ ရီဖူရှင်းသည် မှော်ဂီတစွမ်းရည်ကိုလည်း တတ်မြောက်နေခဲ့ပေသည်။
"ခင်ဗျားတို့ရဲ့ ရှန့်ထိုစွမ်းအားတွေကို တေးသွားနဲ့အတူ စီးဆင်းစေလိုက်ပါ။ မခုခံပါနဲ့" ရီဖူရှင်းက ပြောလိုက်သည်။ ကောင်းကင်နတ်တံခါးမှ လူများသည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ထိုမျှထိ ရိုးရှင်းနိုင်သည်လား။
ရီဝူချင်း၊ ချင်ရွှမ်ကန်းနှင့် အခြားသူများက ထိုသို့ အရင် လုပ်ဆောင်ခဲ့ကြသည်။ အားကောင်းသည့် စွမ်းအားများက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တေးသွားနှင့် အတူ စီးဆင်းနေ၍ ရီဖူရှင်း၏ မှော်ဂီတစွမ်းရည်က ထိန်းချုပ်နေခဲ့သည်။
ကျန်းထိုက်ချူး နှင့် ဟွားချင်းယွင်သည်လည်း ထိုသို့ လုပ်ဆောင်လိုက်ကြသည်။ မကြာခင်၌ ကောင်းကင်နတ်တံခါးမှ အားလုံးသော တန်ခိုးရှင်များမှာ သူတို့၏ အစွမ်းထက် ရှန့်ထို စွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှတ်လိုက်ကြကာ တေးသွားနှင့် တသားတည်း ဖြစ်စေရန် လုပ်ဆောင်လိုက်၏။
မကြာမီတွင် တေးသွားအတွင်း ပါဝင်နေသည့် စွမ်းအားများက ပေါက်ကွဲထွက်လာသည်။
ရီဖူရှင်းသည် ကောင်းကင်ထက်သို့ ဖြေးညင်းစွာ လွင့်မျောတက်လာ၏။ အခြားသော တန်ခိုးရှင်အားလုံးသည် သူ့နောက်သို့ လိုက်ပါလာသည်။ ကု့ချင်းတေးသွား မုန်တိုင်းက တဖြည်းဖြည်း ကြမ်းတမ်းလာသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် အော်မြည်နေသည့် နတ်ဝိညာဉ်က ပို၍ ကြီးမားလာခဲ့သည်။ ထိုသည်မှာ အစစ်အမှန် နတ်တစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ကု့ချင်းတေးသွားမှနေ၍ ပြင်းထန်သည့် စွမ်းအားများ ထိုးဖောက်ထွက်လာခြင်းပင် ဖြစ်၏။ တေးသွားက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရွှမ်ထျန်းဝင်္ကပါအတွင်းမှ တန်ခိုးရှင်အားလုံးသည် ရုတ်တရက် ပြင်းထန်သည့် မွန်းကျပ်သော ခံစားမှုကို ခံစားလိုက်ကြရသည်။
ချင်းဟယ်သည်လည်း ရီဖူရှင်း၏ ကု့ချင်းစွမ်းရည်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ရုတ်တရက် သူမသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်ကာ သူမ၏ အမူအရာက ပြောင်းလဲသွားသည်။ သူမသည် အောက်ဘက်တွင် ကု့ချင်းတီးခတ်နေသော ရီဖူရှင်းကို စောင့်ကြည့်နေရင်း လက်များက အလွန် လျင်မြန်စွာ လှုပ်ရှားနေသည်။
လေထဲတွင် မျောလွင့်နေသည့် ရီဖူရှင်းက သူမအား ပြန်ကြည့်လိုက်သည်။ သူ့နောက်မှ နတ်ဝိညာဉ်သည် ကြောက်မက်ဖွယ် နတ်အလင်းတို့နှင့် တောက်ပလာသည်။ ထိုအခိုက်တွင် ရွှမ်ထျန်းဝင်္ကပါအတွင်းမှ တန်ခိုးရှင်များသည် သူတို့၏ ဝိညာဉ်များ တုန်ခါလာကြောင်း ခံစားမိလိုက်ကြသည်။
ရီဖူရှင်းက သူ၏ ညာလက်ဖြင့် ညွှန်ပြလိုက်ပြီးနောက် သူ့လက်ချောင်းများကို ကု့ချင်းပေါ်သို့ ပြန်တင်လိုက်သည်။
ဒင်...
ကု့ချင်းတေးသွားက သူတို့၏ ဝိညာဉ်ကို ဖြတ်သန်းကာ ရွှမ်ထျန်းဝင်္ကပါအတွင်းရှိ မရေတွက်နိုင်သော အရိပ်များကို ဖျက်ဆီးသွားခဲ့သည်။ ကျယ်လောင်သည့် ညည်းညူသံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် နတ်မိမယ်အားလုံးသည် သွေးဆုတ်ဖြူရော်သွားကာ နောက်သို့ လွင့်စင်သွားကြသည်။ သို့သော်လည်း သူတို့သည် တိုက်ရိုက်တိုက်ခိုက်ခြင်းကို မခံခဲ့ရပေ။
ချက်ချင်းပင် ရွှမ်ထျန်းဝင်္ကပါက ပြိုကျပျက်စီးသွားခဲ့သည်။ အလွန်အားကောင်းသည့် နတ်မိမယ်များသာ နေရာတွင် ကျန်နေခဲ့သော်လည်း ဝင်္ကပါကိုတော့ မဖော်ဆောင်နိုင်တော့ပေ။
လူတိုင်းသည် နတ်ဝိညာဉ်မှ ထွက်ပေါ်နေသော တောက်ပသည့် နတ်အလင်းများကို စိုက်ကြည့်နေကြသည်။ ယင်းသည် မဟာလမ်းစဉ်နှင့် ကိုယ်တိုင်ပေါင်းစပ်နေပုံရသည်။
"ဘာဖြစ်သွားတာလဲ"
သူတို့က သူတို့ မြင်လိုက်ရသည့်အရာကို နားမလည်ကြပေ။ ရီဖူရှင်းက ဂီတလမ်းစဉ်ကို နတ်ဝိညာဉ်ဆွဲဆောင်ခြင်း ထူးခြားလမ်းစဉ်နှင့် ပေါင်းစပ်အသုံးပြုသွားခဲ့သည်လား။
သူက ခဏအတွင်း ဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့သည်လား။
***