← Chapters

လူသေနှင့် စကားပြောခြင်း

Vol. 124 Ch. 1859

လူသေနှင့် စကားပြောခြင်း

Vol. 124 Ch. 1859

မနက် ဆယ်နာရီ အချိန်လောက်ရောက်တော့ လင်းရီ အိပ်ရာက နိုးလာပြီး မျက်လုံးပွင့်သည်နှင့် ချောင်ရှင်းထံ ချက်ချင်း ဖုန်းဆက်ကာ လီချူးဟန် အကြောင်း မေးသည်။

စစ်ဆေးထားသည့် မှတ်တမ်းများအရ လီချူးဟန်၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည် ကောင်းမွန်သက်သာလာချေပြီ။ သို့တိုင် အနည်းငယ်တော့ အားနည်းနေဆဲ ဖြစ်၏။ အကယ်၍ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့မည်ဆိုပါက ရင်ဘက်တင်းကြပ်မှုနှင့် အသက်ရှူမဝသည့် ပြဿနာများကို ခံစားနေရဆဲပင်။

သို့သော် ယင်းက ယာယီမျှသာ ဖြစ်၏။ ဖြည်းညင်းစွာဖြင့် ပြန်လည် အားပြည့်လာပြီး အချိန်တစ်ခုကြာသည်နှင့် ထိုပြဿနာက ဆက်ပြီး ရှိနေနိုင်မှာ မဟုတ်တော့ချေ။

ချောင်ရှင်းကို ဖုန်းခေါ်ပြီးနောက် လင်းရီ အိပ်ရာထဲက ထွက်ကာ မျက်နှာသစ် သွားတိုက်၏။ ထို့နောက် နင်ချဲ့ထံ ဖုန်းခေါ်လိုက်သည်။

“ ထပြီလား … မနက်စာ သွားစားမယ်….”

“ နေ့လည်မှ ပြောကြတာပေါ့ … ငါတို့ အခု ရှော့ပင် ထွက်နေလို့ ….”

“ ဟမ် … ဈေးဝယ်နေတာလား …”

“ စီစဉ်စရာ ရှိတာတွေ အကုန်စီစဉ်ပြီးပြီလေ… အခုကျန်တော့တာက ရလဒ် စောင့်ဖို့ကိုပဲ ဒါကြောင့်မို့ ဈေးဝယ်ဖို့ ထွက်လာလိုက်တာ …” နင်ချဲ့ ပြောလိုက်သည်။

“ နင်ရော နိုးပြီလား …”

“ အင်း …”

“ ကိုယ့်ဘာကိုယ်ပဲ စားလိုက်တော့ … ဒီနေ့ နင်နဲ့ အဖော်လုပ်ပေးဖို့ အချိန်မရှိဘူး …”

“ ကောင်းပြီလေ..”

ဖုန်းချပြီးနောက် လင်းရီသည် ဒုတိယလွှာရှိ စားသောက်ဆိုင်သို့ ရောက်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး တစ်ခု စားပြီးနောက် သင်္ချိုင်းသို့ ထွက်လာခဲ့လိုက်သည်။

ယနေ့က ဘာနေ့လည်း လင်းရီ မသိ။ စွန်လွှတ်နေကြသည့် ကလေးများ မရှိသော်လည်း အတွင်း၌ လူတို့က စည်ကားနေသည်။

သို့သော် ဤသို့သော နေရာမျိုး၌ မည်မျှပင် စည်ကားသိုက်မြိုက်နေစေကာမူ မောလ်ကဲ့သို့ လူများ ပြည့်ညှပ်ကြပ်နေမှာ မဟုတ်ချေ။

သင်္ချိုင်းတစ်ခုလုံး၌ လူဦးရေ ဒါဇင်ခန့်ကို ဟိုနည်းနည်း ၊ ဒီနည်းနည်း မြင်တွေ့နေရလေသည်။

လင်းရီ မာ့စ်နှင့် ဦးထုပ်ဆောင်းထားပြီး ကျိုးလျန်၏ အုတ်ဂူရှေ့သို့ ရောက်လာခဲ့သည်။ သူ ကလေးဘဝတုန်းကတော့ ယခုလို နေရာသို့ တစ်ခါ လာလည်ဖူးသည်။ သို့သော် အသက်ငယ်သေးလွန်းသောကြောင့်လားတော့ မသိ။ ဤနေရာသို့ လာရသည်အား မည်သို့သော ခံစားချက်မျှ မဖြစ်မိချေ။

သို့သော် ယခု ခံစားနေရသည့် ခံစားချက်တို့က အများကြီး ကွဲပြား၏။

ဤနေရာက တစ်မိုးအောက်၌ တည်ရှိသည့် နေရာတစ်ခု ဖြစ်သော်ငြားလည်း သီးခြားရပ်တည်နေသည့် ကမ္ဘာငယ်လေး တစ်ခုကဲ့သို့ပင်။ တံခါးပေါက်ဝမှ အထဲသို့ ဝင်လိုက်သည်နှင့် ဝမ်းနည်းမှုကို အလိုအလျောက် ခံစားလာရလိမ့်မည်။

မည်မျှပင် ပျော်ရွှင်နေသည့် လူတစ်ယောက် ဖြစ်နေပါစေ ၊ ICU တံခါးပေါက်ဝမှ အထဲသို့ ဝင်လိုက်သည်နှင့် ဖိနှိပ်မှုကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ခံစားချက်တို့အား ထိန်းချုပ်ဖို့ ခက်ခဲလာလိမ့်မည်။

လင်းရီကဲ့သို့ သန်မာသူပင် ခြွင်းချက်ဟူ၍ မရှိပေ။

ဤနေရာသို့ သူရောက်လာခဲ့သည့် အချိန်တိုင်း ပနားမားရှိ အဖြစ်အပျက်တို့က ရွေ့လျား ရုပ်ပုံကားချပ်သဖွယ် စိတ်အတွင်း၌ အဆက်မပြတ် ဖြစ်ပေါ်လာသည်။

သူတို့နှစ်ဦး လူးပေါက်ထဲသို့ ဆင်းသွားကြ၏။ ရေဆိုးမြောင်းထဲ၌ သုံးရက်သုံးည နေထိုင်ပြီးနောက် ချီပိုပါသို့ ဦးတည်လာခဲ့သည်။

အဖြစ်အပျက်များက မနေ့တနေ့ကကဲ့သို့ပင်။ ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ချေ။

တစ်ချိန်တည်းတွင် အဆိုပါ မှတ်ဉာဏ်တို့က သူ၏ ရင်ဝကို ဓားတစ်ချောင်းနှင့် အဆက်မပြတ် မွှန်းနေသကဲ့သို့ နာကျင်စွာ ခံစားနေရ၏။

တစ်လှမ်းချင်း တစ်လှမ်း ၊ လင်းရီ၏ ခြေလှမ်းတို့က နှေးကွေး လေးလံလာခဲ့သည်။ ကျိုးလျန်၏ အုတ်ဂူရှေ့မှောက်သို့ ရောက်ရန်အတွက် ဆယ်မိနစ်ကျော်ကြာအောင် လမ်းလျှောက်လိုက်ရလေသည်။

အုတ်ဂူရှေ့ရှိ အဖြူရောင်ပန်းတို့က အခြားသော အုတ်ဂူများထက် စည်ကားနေကာ တောင်ပူစာလေး တစ်လုံးသဖွယ် ဖြစ်ပေါ်နေသည်။ မည်သို့ပင်ဖြစ်စေ အခြားသော မိသားစုများ၏ အုတ်ဂူများက ကျိုးလျန်နှင့် ယှဉ်လျှင် သာမန်သာဖြစ်၏။ လာပြီး အရိုအသေ ပေးကြသူတို့ကလည်း စိတ်ရင်းစေတနာဖြင့်သာ ရောက်လာခဲ့ကြသူများဖြစ်၏။ သူတို့ကဲ့သို့ အပိုဗာဟီရများ ပြုလုပ်မနေကြချေ။

သို့သော် မည်သူ့လုပ်ရပ်ကမှန်သည်၊ မည်သူ့လုပ်ရပ်က မှားသည်ဟူ၍ ဝေဖန်ဖို့ကို မည်သူ့ မည်သူ့တွင်မျှ အခွင့်အာဏာမရှိပေ။ အားလုံးက မိမိ၏ ရွေးချယ်ပိုင်ခွင့်သာ ဖြစ်၏။

လင်းရီသည် အုတ်ဂူများကို ဖြတ်သန်းသွားပြီး မြေပြင်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ အနီးနားဝန်းကျင်ရှိ အရိုအသေလာပေးသူတို့မှာ လင်းရီ၏ အပြုအမူကြောင့် ကြောင်အမ်းသွားခဲ့ကြလေသည်။ ဤသို့သော နေရာမျိုး၌ ယခုလို လူစားမျိုးအား သူတို့ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းပင်။

သို့သော် ထိုလူ၏ မျက်လုံးတို့က အတော်လေးတော့ ကြည့်ကောင်းလှ၏။ သိပ်မဝေးသည့် အုတ်ဂူ တစ်ခု၌ အရိုအသေးနေသည့် မိန်းမငယ်လေးမှာ လင်းရီသည် လူချောတစ်ယောက်ဖြစ်မည်ဟု သူမကိုယ်သူမ တွေးတောမိသွားခဲ့၏။

အခြား သူစိမ်းများ၏ ထူးဆန်းသည့် မျက်ဝန်းတို့ကို လင်းရီ ဂရုစိုက်မနေချေ။ သူ အသင့်ယူလာသည့် အရက်ပုလင်းကို အုတ်ဂူရှေ့၌ ချလိုက်သည်။

ထို့နောက် စီးကရက် တစ်လိပ်ကို ကျိုးလျန်အတွက် မီးညှိပေးပြီး အရက်ပုလင်းနှင့်အတူ အတူထားလိုက်၏။

“ မင်း အောက်မှာ သုံးဖို့ ငွေရော ကျန်သေးလား … ငါ အချိန်ရရင် ငွေစက္ကူတစ်ချို့ မီးရှို့ပြီး ပို့ပေးမယ်….”

လင်းရီ အရက်တစ်ကျိုက်သောက်လိုက်ပြီး အနည်းငယ်ကို မြေပြင်သို့ လောင်းချလိုက်၏။

“ မင်းမှာ ရုပ်ခန္ဓာမရှိတော့ဘူးဆိုတော့ အရက်လည်း အတော်သောက်နိုင်ရောပေါ့ … များများသာသောက်ကွာ ….”

လင်းရီ သူ့ကိုယ်သူ စောက်ရူးတစ်ယောက်နှယ် စကားတွေ ပြောရင်း အရက်များအား မြေပြင်သို့ လောင်းချနေသည်။

ဘေးတွင် အသီးသီး အရိုအသေပေးနေကြသည့်လူများမှာ လင်းရီ၏ ထူးဆန်းသည့် လုပ်ရပ်ကြောင့် အနည်းငယ် ရှော့ခ်ရသွားခဲ့ကြ၏။ ဤလူက နည်းနည်းလေး စိတ်မမှန်ဟု သူတို့တွေ ခံစားနေရသည်။

သူ့ကြည့်ရသည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ချို့ ရှိနေသည့်ဟန်ပင်။ ထို့ကြောင့် အလျင်အမြန် ခပ်သွက်သွက် အရိုအသေပေးပြီး ထွက်ခွာသွားခဲ့ကြ၏။

“ ဒီလူက ဘာတွေမှားနေတာ … စိတ်မမှန်ဘူးလား …”

ပြောလိုက်သူက သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ယောက်ပင်။ လင်းရီ ကျိုးလျန်ကို အရိုအသေပေးနေစဉ်၌ သူမက မီတာ အနည်းငယ် အကွာရှိ အုတ်ဂူရှေ့၌ ရှိနေသည်။

အောက်တွင် မြုပ်နှံထားသည့်လူက သူမ၏ တူလေး ဖြစ်၏။

သို့သော် လင်းရီကြောင့်မို့ သူမ၏ အရိုအသေပေးသည့် လုပ်ငန်းစဉ်အား လျင်လျင်မြန်မြန် ရပ်တန့်လိုက်ရသည်။ ထို့ကြောင့် စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်စွာ ခံစားနေရ၏။

“ သူ အတော်လေး ဝမ်းနည်းနေလို့ ဖြစ်မှာပါ အမေရယ်… သွားကြတာပေါ့ …” မိန်းမငယ်လေးက ပြောလိုက်၏။

လင်းရီ၏ မျက်လုံးများမှတဆင့် လူချောလေး တစ်ယောက် ဖြစ်ကြောင်းကို သူမ ပြောနိုင်သည်။ ထို့ကြောင့် စကားကောင်းတစ်ချို့ ပြောပေးလိုက်၏။

အကယ်၍များ ရုပ်ဆိုးဆိုးနှင့် အခြားတစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက သူမ၏ တုံ့ပြန်ပုံကလည်း ကွဲပြားသွားနိုင်သည်။ သို့သော် သူမ အမေက သူမနှင့် အမြင်တူမနေခဲ့ချေ။

“ ငါ့မှာ တစ်ရက်တစ်လေ အားဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးဟဲ့ … ဒီလာပြီး သန့်ရှင်းရေး လုပ်ပါတယ်ဆိုနေမှ ပြီးတောင်မပြီးလိုက်သေးဘူး …” သက်လတ်ပိုင်း အမျိုးသမီးက စောဒကတက်လိုက်သည်။

“ ငါ ဒီကိစ္စကို တာဝန်ရှိသူဆီ ပြောရမယ်… ဒီလို တည်ကြည်လေးနက်တဲ့နေရာက သူလုပ်လိုက်မှပဲ ပုံရိပ်တွေ ပျက်ကုန်တော့တယ်…”

“ အဲ့လောက်ထိလည်း မလိုပါဘူး အမေရယ် … သမီး မနက်ဖြန် အားတယ်… သမီး အစ်ကို့ကို မနက်ဖြန် လာပြီး သန့်ရှင်းရေး လုပ်ပေးလိုက်မယ်နော် … အသေးမွှားလေးကို ကပ်တွက်မနေစမ်းပါနဲ့ …”

“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ … ငါက သူ့အဒေါ်ဟဲ့ … သူ့ဆီ လာမတွေ့ဖြစ်တာ တစ်နှစ်ကျော်ကြာပြီ …. ငါ သူ့ကို နည်းနည်းပိုပြီ ထပ်တွေ့ချင်သေးတယ်…” သက်လတ်ပိုင်း အမျိုးသမီးက ပြောလျက် သူမ၏ မျက်ရည်များအား ဖယ်သပ်လိုက်သည်။

“ အမေ့သဘောပဲ … သမီး ဝင်မပါတော့ဘူး …”

ပြီးနောက် သူတို့တွေသည် သက်ဆိုင်ရာ တာဝန်ရှိသူကို သွားရောက် ရှာဖွေကြသည်။

အုတ်ဂူရှေ့တွင် ရှိနေသည့် လင်းရီကတော့ ထိုသားအမိနှစ်ယောက်၏ စကားဝိုင်းကို မကြားလိုက်ဘဲ သူ့ကိုယ်သူသာ စကားတွေ ပြောနေခဲ့၏။

“ မင်းရဲ့ သောက်နိုင်စွမ်းက အတော်ကောင်းတာပဲ … တစ်ပုလင်းလုံး ကုန်တာတောင် ဘယ်လိုမှ မနေသေးဘူး … အသင်း ၁ ရဲ့ အဖွဲ့ဝင်ဆိုတာ ဒီလိုပဲ ဖြစ်နေရမှာ …”

သူ ပုလင်းနောက်တစ်လုံး ဖွင့်၍ ကျိုးလျန်၏ အုတ်ဂူရှေ့တွင် ချလိုက်သ်ည။

“ အချိန်ဆွဲမနေနဲ့ … သောက်ချင်သေးတယ်မလား … နောက်တစ်လုံး ဆက်ချမယ်…”

ဤအချိန်တွင်တော့ သား အမိနှစ်ယောက်သာလျှင် မဟုတ်ဘဲ အခြားသော ဖြတ်သွားဖြတ်လာလူတို့ကပါ လင်းရီ၏ ထူးဆန်းသည့် အပြုအမူတို့ကို သတိထားမိသွားခဲ့ကြသည်။

မသိစိတ်အလျောက် သူတို့တွေ ဝေးဝေးက ရှောင်ကွင်းသွားကြ၏။

စိတ်ထဲတွင်တော့ လင်းရီကို စိတ်မမှန်သည့် လူတစ်ယောက်အဖြစ် အသီးသီး မှတ်ယူသွားခဲ့ကြသည်။

လင်းရီ နောက်ထပ် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး ထို့နောက် တစ်လိပ်ကို ကျိုးလျန်၏ အုတ်ဂူရှေ့တွင် ချထားပေးလိုက်သည်။ “ အခု ကြည့်ရတာ မင်းမိသားစုမှာ ပြဿနာ နည်းနည်း ရှိနေတယ်… ငါ့ အဲ့ကိစ္စ အရင် ကူညီပေးလိုက်ဦးမယ်…”

“ ဒါပေမယ့် မပူနဲ့ .. ငါ သေချာပေါက် မင်းအတွက် လက်စားပြန်ချေမယ်..”

“ ငါတို့ အသင်းနဲ့ လာပြီး ဇယားရှုပ်ဝံ့တယ်တဲ့လား … ဒီမှာတင် မပြီးဘူးကွ … ချီးပဲ … သေစမ်း …”

“ တစ်စိတ်လောက်ပါ …”

လင်းရီ သူ့ကိုယ်သူ ရေရွတ်နေစဉ် တစ်စုံတစ်ယောက်က သူ့ပခုံး လာတို့သည်ကို ခံစားမိလိုက်သည်။

လင်းရီ မော့ကြည့်လိုက်တော့ ယူနီဖောင်းနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။

သူ့ရင်ဘက်တွင် နာမည်ကတ်ရှိပြီး ဤသင်္ချိုင်းက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည်။

စိတ်ဝင်စားဖို့ကောင်းစွာဖြင့် ဝန်ထမ်း၏ နောက်တွင် လူများစွာက ပစ္စည်းပစ္စယတို့ ကိုင်ဆောင်ထားလျက် ရှိနေကြသည်။ သူတို့လည်း ဤနေရာသို့ ဆွေမျိုးမိတ်ဆွေများအား အရိုအသေပေးဖို့ ရောက်လာကြသည့်ပုံပင်။

“ ဘာဖြစ်လို့လဲ …”

လင်းရီ မေးလိုက်သည်။

သက်လတ်ပိုင်း အမျိုးသားမှာ အနည်းငယ် အခက်တွေ့နေဟန် ရပြီး အစမ်းသဘော မေးမြန်းလိုက်သည်။

“ ကောင်လေး … မင်း ဘာမှမဖြစ်ဘူးမလား …”

“ မဖြစ်ပါဘူး … ကျုပ်ညီကိုဆီ စကားလာပြောနေတာလေ… ဘာမှားလို့တုန်း …”

သက်လတ်ပိုင်း အမျိုးသားမှာ ကြက်သီးဖြန်းသွားခဲ့ပြီး နေရထိုင်ရခက်လာခဲ့၏။

ညီကို … ငါမင်းရဲ့ အဖြေကို ဘယ်လို တုံပြန်ပေးရမှာတုန်း…

All Chapters