← Chapters

အင်ပါယာ၏ ပုံရိပ်

Vol. 017 Ch. 1646

အင်ပါယာ၏ ပုံရိပ်

Vol. 017 Ch. 1646

အမွေအနှစ်နယ်မြေအတွင်းမှ လူတိုင်းသည် အစစ်အမှန် နတ်နန်းဆောင်တစ်ခုကဲ့သို့ ဖြစ်လာသည့် ကောင်းကင်နန်းတော်ကို မော့ကြည့်လိုက်ကြသည်။

မရေတွက်နိုင်သည့် နေအလင်းတန်းများသည် ကောင်းကင်ထက်မှ ဖြာကျလာကာ အောက်သို့ ထိုးဖောက်လာသည့် အလင်းတန်းတို့က ကောင်းကင်သို့ စင်္ကြန်လမ်းကို အသက်သွင်းလိုက်သည်။ အချို့သော ရန်ဟောင်အဆင့်တန်ခိုးရှင်များ၏ နတ်စွမ်းအားများက ထိုနေရာသို့ ရွေ့လျားသွားကြသော်လည်း သူတို့သည် စွမ်းအားများက ပိတ်ဆို့တားဆီးခံထားရကာ တောက်ပသည့် နေအလင်းတန်းအား မထိုးဖောက်နိုင်သည်ကို တွေ့ရှိကြရသည်။

“ကောင်းကင် ပွင့်လာပြီ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းက အလွန် လှပပေသည်။

“အဲဒါ ဘာလဲ။” ကောင်းကင်နန်းတော်အထက်တွင် ပုံရိပ်ယောင်တို့ ထွက်ပေါ်လာကာ တဖြည်းဖြည်း ဖွဲ့စည်းလာ၏။

၎င်းသည် တဖြည်းဖြည်းနှင့် အလွန် မြင့်မြတ်သည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နန်းတော်အထက်တွင် ရပ်နေခဲ့သည်။

ကြည့်ရသည်မှာ အစစ်အမှန် နတ်ဘုရားကဲ့သို့ပင် ထင်မှတ်ရသည်။

ထိုသည်က နတ်ဘုရားအမွေအနှစ် နယ်မြေ၏ အရှင်သခင်ပေလားဟု လူအများက သိချင်သွားကြသည်။ သူတို့က ဤနေရာသို့ ရောက်လာပြီးနောက် ကျန်ချင်းကျူ ပြောသည့်အတိုင်း ခန့်မှန်းမိခဲ့ကြသည်။ အမွေအနှစ်နယ်မြေမှ အရပ်လေးမျက်နှာလုံးသည် ဤနေရာသို့သာ ညွှန်ပြနေသည်။ ရှုထောင့်များအားလုံးမှ ဆုံးဖြတ်ရလျှင် ဤနေရာသည် အထွတ်အထိပ် နန်းတော်၏ တည်နေရာဖြစ်မည်မှာ ရှင်းလင်းပေသည်။

ဤအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးသည် တစ်ချိန်က ဤနေရာ၏ အရှင်သခင် ဖြစ်ခဲ့ဖူးသည်။ လေဟာနယ်ခန်းမအတွင်းမှ ရတနာများ၊ နတ်သစ်ပင်များ၊ စာအုပ်များ အားလုံးသည် တစ်ချိန်က သူနှင့် သက်ဆိုင်ပေသည်။

သူတို့ရှေ့တွင် ပေါ်ပေါက်လာသည့် ပုံရိပ်မှာ နတ်ဘုရားတို့၏ ဖြစ်တည်မှုတစ်ခု ဖြစ်နိုင်ပေသည်။

မဟာအင်ပါယာ။

ထိုအချိန်၌ လူတိုင်းသည် အလွန် လေးနက်သွားခဲ့သည်။ မဟာလမ်းစဥ် ဘုံသုံးထောင်ရှိ မည်သူမှ ထိုအဆင့်သို့ မရောက်နိုင်ခဲ့ပေ။ ကျင့်ကြံခြင်း အထွတ်အထိပ်အဆင့်၌ ရပ်နေသူ တစ်စုံတစ်ယောက်က အမှန်ပင် ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

ထျန်းရှန်ကျောင်းတော်မှ နံပါတ်တစ် ပါရမီရှင်၊ ရှန်းကလန်၏ ဆက်ခံသူနှင့် နန်ထျန်းနတ်ပြည်ထောင်၏ မင်းသမီးသည်ပင် လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးက လောက၌ ရှိသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ သူတို့က မလေးမစားမပြုမူရဲကြပေ။

လူအများသည် လေထဲရှိ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးကို လေးစားစွာနှင့် ဦးညွှတ်လိုက်ကြသည်။

ထိုအရိပ်ကြီးသည် အသက်ရှိနေသကဲ့သို့ ထင်မှတ်ရသော်လည်း နက်နဲသိမ်မွေ့ကာ ထိတွေ့၍ မရနိုင်ပေ။ ရီဖူရှင်းသည် ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး သူက ပထမဆုံးအကြိမ် အင်ပါယာရီချင်နှင့် တွေ့ဆုံခဲ့စဥ်ကနှင့် ဆင်တူသည်များကို ပြန်တွေးလိုက်သည်။

သို့သော် ဤအထွတ်အထိပ်ပုဂ္ဂိုလ်က လောကအတွင်းတွင် သူ၏ သိစိတ်အပိုင်းအစမျှသာ ကျန်ရစ်ပေသည်။ ထိုအပိုင်းအစသည် ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်ရှိသောကြောင့် အားနည်းသွားသည်လား။

ဤနေရာက မည်သည့်နေရာမျိုး ဖြစ်သနည်း။

အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်က လောကကို ပေါင်းစည်းခဲ့ပြီးနောက် သူတို့က မည်သည့်အတွက် ဤနယ်မြေအား ဖွင့်လှစ်၍ မဟာလမ်းစဥ် ဘုံသုံးထောင်မှ လူများကို လာရောက်ကျင့်ကြံစေခဲ့သနည်း။ မဟာလမ်းစဥ် ဘုံသုံးထောင်မှ တန်ခိုးရှင်များကို စစ်မှန်၍ ပြီးပြည့်စုံသည့် နတ်ဝင်ရိုး ဖန်တီးနိုင်မည့် အခွင့်အရေးကို ပေးလိုခဲ့၍လား။

သူ သိသလောက် အင်ပါယာနှစ်ဦးသည် လောကကို အသိပညာဖြန့်ဝေ၍ သိုင်းပညာရပ်များကို တိုးတက်လာစေရန် မျှော်လင့်ထားကြရာ ထိုသည်က ဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူတို့က ဤနေရာသို့ ရှေးဟောင်းမဟာအင်ပါယာ၏ အမွေအနှစ်တို့ကို လက်ခံရရှိရန် ရောက်လာခဲ့သည်လား။

နတ်ဘုရားအမွေအနှစ် နယ်မြေကို ချိုးဖျက်၍ အမွေအနှစ်နယ်မြေအတွင်း ဝင်ရောက်နိုင်မည့် တံခါးများအား ဖွင့်လှစ်ခြင်း ကောင်းကင်နန်းတော်ကို စောင့်ကြပ်နေသည့် နတ်စစ်သူကြီးများအား ဖြေရှင်းခြင်းတို့သည် အမွေအနှစ်ကို အပြည့်အစုံ ဆက်ခံနိုင်ရန်နှင့် တူပေသည်။

ထိုသည်ကို ရီဖူရှင်းသာလျှင် ခန့်မှန်းမိသည် မဟုတ်ဘဲ လူတိုင်းသည်လည်း သူတို့၏ ကိုယ်ပိုင်တွေးဆချက်များ ရှိကြပေသည်။ ထိပ်သီးအင်အားစုမှ လူများသည်  ဤသည်မှာ နတ်ဘုရားတို့ ချန်ရစ်ခဲ့သော အမွေအနှစ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခု ပေါ်ပေါက်လာသည့် ထိုသိမ်မွေ့နက်နဲသော ပုံရိပ်သ​ည် ရှေးစစ်ပွဲအချိန်ကာလများမှ ကျဆုံးခဲ့သော မဟာအင်ပါယာ ဖြစ်နိုင်သည်လား။

သူတို့အားလုံး၏ နှလုံးသားထဲတွင် အားကောင်းသည့် ဆန္ဒနှင့် မျှော်လင့်ချက်များ ရှိကြပေသည်။ သူတို့သည် အင်ပါယာ၏ အမွေအနှစ်ကို အမှန်တကယ် ဆက်ခံနိုင်သည့် အခွင့်အရေးကို ရလိုကြပြီး ထိုသို့သော အခွင့်အရေးမျိုးသည် ကံတရားပေါ်၌ လုံးလုံးလျားလျား မှီခိုနေသည်။ မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း တည်ရှိသည့် အမွေအနှစ်များအကြား မည်သည့်အရာကမှ ဤအဆင့် အမွေအနှစ်နှင့် နှိုင်းယှဥ်မရနိုင်ပေ။ အနည်းဆုံး အင်ပါယာအမွေအနှစ်ကို ရှာတွေ့သည့် နေရာတိုင်း၌ မည်သူမဆို အမွေဆက်ခံနိုင်မည် မဟုတ်ပေ။

မကြာသေးခင်က ကောင်းကင်အာဏာစက်ဘုံတွင် နတ်ဆိုးအင်ပါယာ၏ အမွေအနှစ် ပေါ်ပေါက်လာသော်လည်း နတ်ဆိုးအင်ပါယာက ထွက်ပေါ်လာခြင်း မရှိပေ။ နတ်ဆိုးအင်ပါယာ၏ စွမ်းအားများမှာ နတ်ဆိုးဘုံအတွင်း ပေါင်းစပ်နေခဲ့ပြီး ဖြစ်သည့်အတွက်  အင်ပါယာထံမှ အမွေအနှစ် အမှန်တကယ် ထွက်ပေါ်လာခြင်း မဟုတ်ပေ။

ရှန်းကလန်မှ ရှန်းဟောက်၏ မျက်လုံးများထဲ၌ အလွန်အားကောင်းသည့် မျှော်လင့်ချက်များ ဖြစ်ပေါ်နေခဲ့သည်။ အကယ်၍ သူသာ မဟာအင်ပါယာ၏ အမွေအနှစ် အစစ်အမှန်ကို ရရှိနိုင်ပါက တစ်နေ့တွင် ရှန်းကလန်က မဟာလမ်းစဥ် ဘုံသုံးထောင်၏ ထိပ်ဆုံး၌ ရပ်တည်နိုင်မည် ဖြစ်သည်။

ထို့ပြင် သူသည်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးလည်း ရရှိလာပေမည်။

ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူသည် ပြင်းပြသည့် မျှော်လင့်ချက်တို့ဖြင့် လေထဲ၌ စူးစိုက်ကြည့်နေသည်။ သူသည် ဤအမွေအနှစ် နယ်မြေအတွင်း၌ မဟာအင်ပါယာက အမှန်တကယ် တည်ရှိမည်ဟု ထင်မှတ်မထားခဲ့ပေ။

နန်လော့ရှန်း၏ လှပသော မျက်လုံးများသည်လည်း ကောင်းကင်နန်းတော်မှ မလွှဲဖယ်ဘဲ ရှိနေခဲ့သည်။ ဤတစ်ကြိမ်၌ သူမက ယူဆောင်နိုင်ပါမည်လား။

လူတိုင်း အမွေအနှစ်ကို ဆက်ခံနိုင်ရမည်ဟူသော အကြံအစည်များ တူညီစွာ ရှိနေခဲ့သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ခွန်အား၊ ပါရမီတို့ကိုပင် မေ့သွားခဲ့ပြီဖြစ်ကာ ဤထိပ်သီးပါရမီရှင်များနှင့် ယှဥ်ပြိုင်ရန် အသင့်ဖြစ်နေခဲ့သည်။

သူတို့၏ ရှေ့မှ ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သူက လက်လွတ်ခံနိုင်ပါမည်နည်း။

သူတို့က ထိုအမွေအနှစ်ကို ရရှိသွားသည်နှင့် ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူနှင့် ရှန်းကလန်မှ ရှန်းဟောက်ကဲ့သို့ မဟာလမ်းစဥ် ဘုံသုံးထောင်၌ အထွတ်အထိပ်တွင် ရပ်တည်လာနိုင်မည့် အခွင့်အရေးဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်နန်းတော်မှ အလွန် တောက်ပသည့် နတ်အလင်းတို့ ဖြာလင်းနေပြီး ကောင်းကင်နှင့် မြေကြီးအကြား ပျံ့နှံ့သွားသည်။ ချက်ချင်းပင် တော်ဝင်စွမ်းအားများ ပါဝင်နေသည့် အလင်းတန်းများသည်  ကောင်းကင်နန်းတော်အောက်ခြေ နေရာသို့ ကျဆင်းလာပြီး ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဖွင့်ဆို၍မရအောင် တောက်ပသည့် အလင်းတို့ လင်းလက်လာသည်ဟု ခံစားရပြီး ပုံရိပ်တစ်ခုက ​ရှေ့ထွက်လာခဲ့သည်။ ထိုသည်မှာ ရှန်းကလန်၏ ရှန်းဟောက် ဖြစ်သည်။ သူသည် ကောင်းကင်နန်းတော် အောက်ခြေသို့ လျှောက်သွားခဲ့ပြီး နတ်အလင်းတို့ဖြင့် ပြည့်နေခဲ့သည့် နေရာကို ဝင်ရောက်သွားခဲ့သည်။ ခဏချင်းအတွင်း အားကောင်းသည့် ဖိအားတစ်ခုက သူ့ပေါ်သို့ ကျဆင်းလာကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကောင်းကင်အောက်မှ ကြီးမားသည့် ဖိအား ကျဆင်းလာသလို ခံစားမိပေသည်။

ရှန်းဟောက်၏ လှုပ်ရှားမှုကို မြင်သောအခါ လူအများက တစ်ခုခုကို တဖြည်းဖြည်း နားလည်လာကြသည်။ ကောင်းကင်သို့တိုင် ရောက်ရှိနိုင်သည့် အလင်းတန်းကဲ့သို့ ကောင်းကင်နန်းတော်မှ နတ်အလင်းတို့ လွှမ်းခြုံထားရာ နေရာသည် နောက်ဆုံးစမ်းသပ်ချက် ဖြစ်နေသည်လား။

အလားတူပင် ကျန်ချင်းကျူသည်လည်း ရှေ့သို့လှမ်းလာကာ တွေဝေခြင်းမရှိ အထဲဝင်သွားခဲ့သည်။ ထို့နောက်တွင် နန်လော့ရှန်း၊ ကွေကျန်းနှင့် တိဝူ စသည့် ထိပ်သီးပါရမီရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားတော့သည်။

သူတို့ အထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ခန္ဓာကိုယ်မှ လမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူတို့ပေါ် ကျဆင်းလာနေသည့် သန့်စင်သည့် ရောင်ဝါများကို ခုခံရန် အကန့်အသတ်သို့ လျင်မြန်စွာ မြင့်တက်သွားသည်။ သို့ဆိုလျှင်ပင် သူတို့သည် အားကောင်းစွာ ဖိနှိပ်ခံနေရဆဲပင် ဖြစ်၏။

“သွား” လူတစ်စုက ဝှီးခနဲ ဖြတ်သန်းသွားကာ ထိုနေရာသို့ ဦးတည်လိုက်ကြသည်။ သို့သော် အချို့သည် ထိုနေရာသို့ ဝင်ရောက်သွားသည့် အချိန် သူတို့ပေါ်သို့ တောက်ပသည့် အလင်းများ ကျဆင်းလာသောအခါတွင် သူတို့၏ ခန္ဓာကိုယ်များသည် တောင့်ခံမထားနိုင်ဘဲ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွားလေသည်။ သူတို့၏ စွမ်းအားများက ပျက်စီးလုနီးပါး ဖြစ်သွားကာ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

အထက်မှ ခန္ဓာကိုယ်များက ဆက်လက်၍ ပြိုလဲနေခဲ့ပြီး တခဏအတွင်းတွင် မရေတွက်နိုင်သည့် လူများ မြေပေါ်သို့ ပြုတ်ကျလာကာ ပြင်းထန်စွာ ရိုက်မိသွားကြလေသည်။ အချို့က ထ၍ပင် မလာနိုင်ကြတော့ပေ။

အမွေအနှစ်နယ်မြေ၏ နောက်ဆုံးစမ်းသပ်ချက်သည် လွယ်ကူလိမ့်မည် မဟုတ်ပေ။ အစစ်အမှန် နတ်ဘုရားအမွေအနှစ်က သူတို့၏ ရှေ့တွင် ရှိနေသော်လည်း မည်သူမဆို ဆက်ခံနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ရီဖူရှင်းနှင့် သူ့လူများက အတူ စုဝေးနေကြပြီး ယူချင်းက သူ့ဘေးတွင် ရှိနေသည်။ သူတို့အားလုံးက ရှေ့သို့ ကြည့်နေခဲ့ကြ၏။

“ဖိအားက အဲဒီလောက်တောင် အားကောင်းတာလား။” သောကျောက်က ရေရွတ်လိုက်သည်။

“အင်ပါယာအဆင့်။ မင်း ကြိုးစားကြည့်ချင်လား။” ရီဖူရှင်းက မေးလိုက်သည်။

“ကောင်းပြီလေ။ ငါ ကြိုးစားကြည့်မယ်။” သောကျောက်က ခေါင်းညိတ်ကာ ဘန်းခနဲ အသံနှင့်အတူ ခြေသို့ ခြေလှမ်းလိုက်သည်။ ဤတစ်ကြိမ်၌ သူသည် တိုက်ပွဲနတ်ဘုရား၏ သတ္တမဆင့် စွမ်းအားကို အသုံးပြုရန် တွေဝေမနေခဲ့ပေ။ သူက လျှောက်သွားသည့်အခါ နတ်ဘုရားတစ်ပါး မြေပေါ် ဆင်းသက်လာသကဲ့သို့ ဖြစ်ကာ ကောင်းကင်နန်းတော်သို့ ဦးတည်သွားခဲ့လေသည်။ ရှန်းဟောက် ကျန်ချင်းကျူနှင့် အခြားသူများ အားလုံးက ကြီးမားသည့် ဖိအားအောက် ရောက်နေခဲ့ခြင်းကြောင့် သောကျောက်က နည်းနည်းလေးမှ မပေါ့ဆရဲဘဲ အကောင်းဆုံး ကြိုးစားရပေမည်။

သူသည် ထို ဖိအားက မည်သည့်အဆင့် ဖြစ်သည်ကို သေသေချာချာ သိရှိပေသည်။

ဘုန်း... သောကျောက် အထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် အပြင်းအထန် ဖိနှိပ်ခံရပြီး နတ်ဖိအားအောက်၌ သူ့ခန္ဓာကိုယ်က ဆက်လက်ပြိုလဲနေသည်။

“အဲဒါက အဆင့်နဲ့ ဘာမှမဆိုင်ဘူး။” ရီဖူရှင်းက ရှေ့သို့ ကြည့်နေရင်းနှင့် ပြောလိုက်သည်။  “ဒါက အရင်ကနဲ့ တူတယ်လို့ ထင်ရတယ်။ နောက်ထပ် ဖိနှိပ်ခြင်းစွမ်းအား ဖြစ်လိမ့်မယ်။”

“ဒီစမ်းသပ်ချက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။” လီဟန်ဓားသမားက ရေရွတ်လိုက်သည်။ သူက ဇဝေဇဝါ ဖြစ်နေခဲ့၏။

“ကိုယ်တိုင် အဖြေသွားရှာကြည့်လို့ရတယ်လေ။” ရီဖူရှင်းက အဆက်မပြတ်ဝင်သွားနေသည့် လူအများစုသည် ဖိအားဒဏ်ကို မခံနိုင်ဘဲ မြေပေါ်သို့ ပြိုလဲသွားနေသည်ကို ကြည့်ရင်း ပြောလိုက်သည်။ ထိုသူများ၏ စွမ်းအားက လုံလောက်ခြင်းမရှိပါက ဖိအားကြောင့် ပြိုလဲသွားမည် ဖြစ်၏။

ရီဖူရှင်း၏ ထိုပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူက ရှေးဟောင်းအချိန်ကာလများမှ မဟာအင်ပါယာတစ်ဦး ဖြစ်သလားဟု သိချင်နေခဲ့သည်။

သူက အင်ပါယာစွမ်းအားတို့ကို ထုတ်ဖော်ခဲ့လျှင် ထိုဖိနှိပ်မှုကို တန်ပြန်တွန်းလှန်နိုင်ရန် လုံလောက်မည်လား။

သူတို့၏ ရှေ့မှ ရှန်းဟောက်နှင့် ကျန်ချင်းကျူတို့သည် ဖိအားကို တဖြည်းဖြည်း ခံနိုင်ရည်ရှိလာပြီး သူတို့သည် ဖိအားများ ကြား၌ပင် ရှေ့သို့ ဆက်သွားနေနိုင်ပေသည်။ သူတို့သည် ကောင်းကင်နန်းတော်ကို မော့ကြည့်လိုက်ပြီး သူတို့၏ နတ်စွမ်းအားတို့ကို နန်းတော်ထဲသို့ ဝင်ရောက်စေကာ အထဲ၌ မည်သည်တို့ ရှိနေသည်ကို စူးစမ်းလိုက်သည်။ ဤသန့်စင်သည့် အလင်းတို့က မည်သည့်နေရာကို ဦးတည်နေသနည်း။

“ဝင်သွားလိုက်” ရီဖူရှင်းက ပြောလိုက်ပြီး ရုတ်တရက် လူတစ်စုက ရှေ့သို့ လျှောက်လာကာ အတွင်းပိုင်းသို့ ဦးတည်သွားလေသည်။ သူတို့သည် ဖိအားကို ခံနိုင်ရည် ရှိရှိမရှိရှိ ကျရှုံးသွားလျှင်ပင် ကြိုးစားကြည့်ရဦးမည် ဖြစ်၏။

ရီဖူရှင်း၊ ယူချင်း၊ လီဟန်ဓားသမား၊ ရာရာ၊ ရှားရှင်းယွန် နှင့် အခြားသူများသည် ကောင်းကင်နန်းတော် အောက်ဘက်သို့ လျှောက်သွားခဲ့ကြသည်။

ထိုတခဏတွင် ရီဖူရှင်းသည် အင်ပါယာ၏ အလွန်သန့်စင်သော စွမ်းအားတို့ကို ခံစားမိလိုက်သည်။

ကျင့်ကြံခြင်းနှင့် အဆင့်သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ဧကရာဇ်၏ စွမ်းအားတို့ ဖိနှိပ်ကျဆင်းလာသည့်အခါ ဖြစ်တည်မှုအားလုံးသည် ဒူးထောက်အရိုအသေပြုရန် ဖိအားပေးခံရပေမည်။ ထိုသည်မှာ သူ ပိုင်ဆိုင်ထားသည့် ဧကရာဇ်စွမ်းအားအပိုင်းအစနှင့် ကွဲပြားခြားနားမှု ဖြစ်သည်။ ဤသည်မှာ အစစ်အမှန် မဟာအင်ပါယာ၏ အမွေအနှစ် ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် တွေးဆနိုင်သည်ထက် ကျော်လွန်နေသည်။

အဆုံးမဲ့ နတ်အလင်းတို့ သူ့ခန္ဓာပေါ်ကျဆင်းကာ သူ့ကို ဖိနှိပ်လာသည်။ သူ၏ လွှမ်းမိုးနိုင်သော စွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ထိုစွမ်းအားကို ခုခံနေခဲ့သည်။

သူသည် ခေါင်းကို မော့လိုက်ပြီး ကောင်းကင်နန်းတော်သို့ ကြည့်လိုက်သည်။  သူသည် မရေတွက်နိုင်သည့် အလင်းတန်းများက ကောင်းကင်သို့ ရောက်ရှိနေကာ နတ်ဘုရားကဲ့သို့ အမြင့်မြတ်ဆုံး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာစေသည်။ ၎င်းသည် အစစ်အမှန် နတ်ဘုရားတစ်ပါး ရပ်နေကာ လောကရှိ အရာအားလုံးကို ကြည့်ရှုနေသကဲ့သို့ ထင်မှတ်ရသည်။ သူ့ထံမှ အကြည့်တစ်ချက်ကပင် သည်းခံနိုင်ရန်မစွမ်းသာသည့် ခံစားမှုကို ပေးစွမ်းပေသည်။

လက်ရှိ ရောက်ရှိနေသော အဓိကလူများမှာ ထိုနေရာသို့ ခြေချနေကြပြီ ဖြစ်၏။ သို့သော် အဓိကအင်အားစုများရှိ ထိပ်သီးပါရမီရှင်များမှ လွဲ၍ အခြားသူတိုင်းသည် ခံနိုင်ရည်မရှိလောက်အောင် ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

ရပ်၍ ကျန်ရစ်နိုင်သူများမှာ အလွန် ထူးခြားဆန်းကြယ်သည့် စွမ်းအားကို ပိုင်ဆိုင်သူများ ဖြစ်ကြသည်။

ဘုန်း...

ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နန်းတော်အောက်မှ တစ်စုံတစ်ယောက်သည် ဖိအားကို ဆန့်ကျင်ကာ လျှောက်သွားခဲ့သည်ကို မြင်တွေ့လိုက်ကြရသည်။ ထိုသူမှာ ရှန်းဟောက် ဖြစ်သည်။

သူသည် သွေးများကို နှိုးဆွကာ သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေခဲ့သည့်အတွက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လျင်မြန်ဖျတ်လတ် ကြံ့ခိုင်လာကာ ယခုတွင် သူသည် ကောင်းကင်နန်းတော်၏ လျှို့ဝှက်ချက်များကို ထောက်လှမ်းနိုင်ကာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိလာသည်။ နတ်ဘုရားအမွေအနှစ် အစစ်အမှန်က ထိုနန်းတော်အတွင်း ရှိနေသည်လား။

“ဘယ်လောက် အစွမ်းထက်လိုက်သလဲ။”

လူအများသည် ရှန်းကလန်၏ ဤမျိုးဆက်အတွင်း အားအကောင်းဆုံး ရှန်းဟောက်ကို ကြည့်လိုက်ကြသည်။ သူက အင်ပါယာ၏ စွမ်းအားများကို ခုခံ၍ နတ်ဘုရားအမွေအနှစ်ကို ဆက်ခံနိုင်မည်လား။

“ကျန်ချင်းကျူလည်း တက်သွားနေပြီ။” အခြားတစ်ဖက်မှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူတို့သည် ကျန်ချင်းကျူ၊ နန်လော့ရှန်းနှင့် ကွေကျန်းတို့လည်း တက်သွားနေပြီကို မြင်လိုက်ရပေသည်။ ကွေကျန်းသည် အင်ပါယာ၏ စွမ်းအားများကို ခုခံရန် ရွှေရောင်ဗုဒ္ဓအဖြစ် ပြောင်းလဲထားပြီး ဖြစ်သည်။

သူ၏ မျက်လုံးများသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရသည်။ သူ၏ နတ်စွမ်းအားများက အင်ပါယာစွမ်းအားတို့အား ဖြတ်ထွင်းကာ ကြည့်ဖို့ရာ မဖြစ်နိုင်လျှင်ပင် သူသည် ကောင်းကင်နန်းတော်အတွင်း နတ်ဘုရားအမွေအနှစ် လျှို့ဝှက်ချက်ကို ထောက်လှမ်းနိုင်ပေသည်။ သူ၏ နတ်စွမ်းအားနှင့် ကောင်းကင်နန်းတော်သို့ ဝင်ရောက်ထောက်လှမ်းနိုင်သည်နှင့် သူက အမွေအနှစ်တို့အား လေ့လာဆန်းစစ်၍ လက်ခံရရှိရန် ဖြစ်နိုင်သွားမည် ဖြစ်သည်။

နတ်ဘုရား အမွေအနှစ်အတွင်း ကောင်းကင်နန်းတော်တွင် မဟာအင်ပါယာ၏ စွမ်းအားနှင့် ပုံရိပ်ပင် ပေါ်ပေါက်လာခဲ့သည်။ မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံနိုင်ရန် သိပ်မဝေးကွာတော့ပေ။

တူညီသော အကြံအစည်မှာလည်း ရီဖူရှင်းထံ၌ ပေါ်ပေါက်လာသည်။ သူ၏ နတ်စွမ်းအားများက ထွက်ပေါ်လာပြီး ထိုစွမ်းအားများကို ဖျက်ဆီးကာ နန်းတော်အတွင်းသို့ ဝင်ရောက်၍ အထဲ၌ မည်သည်တို့ ရှိသည်အား တွေ့မြင်ချင်ပေသည်။

***

All Chapters