နတ်ဆိုး နှိမ်နှင်းရေး စခန်း၏ လျှို့ဝှက်ချက်များ၊ ထူးဆန်းစွာ ပျောက်ဆုံးသွားသော ထိပ်တန်းကျွမ်းကျင်သူများ
Vol. 19 Ch. 260
ဤအရာကို မြင်သည်နှင့် စုရှင်းသည် သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ကာကွယ်ရေး ဂန်ချီ က ကောင်းကောင်း အောင်မြင်ပြီပဲ၊ မူလအင်အားကို အပြည့်အဝ ထုတ်လွှတ်နိုင်ဖို့ သိပ်မလိုတော့ဘူး..."
"ဒီလိုဆိုရင် နောင်လာမယ့် သရုပ်ပြခြင်းကျရင် ဧရာမသားရဲရဲ့ ဗိုက်ထဲမှာ ဖြတ်ကျော်မှုတစ်ခု ထပ်လုပ်ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ထဲကို ဝင်ဖို့ ကြိုးစားနိုင်ပြီ!"
စုရှင်းသည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ထဲသို့ သူဝင်ရောက်မည့်နေ့သည် မဝေးတော့ကြောင်း ခံစားမိသည်။
"လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ထဲကို ရောက်သွားပြီးရင်... တကယ်တမ်းက ခွေးကောင်ကျုံးကို သတ်ဖို့ စဉ်းစားသင့်ပြီလေ၊ ဟုတ်တယ်မလား"
စုရှင်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။ သူသည် ခွေးကောင်ကျုံး၏ အမွေအနှစ်ကို ကြာမြင့်စွာကတည်းက လိုချင်တောင့်တနေခဲ့သည်။
အကယ်၍ ခွေးကောင်ကျုံး၏ သိုလှောင် မှော်ပစ္စည်းကို ရရှိနိုင်ခဲ့ပါက ကျင့်ကြံမှုလောက အပေါ် ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် ကျင့်ကြံမှု နည်းစနစ်များ နှင့် နတ်စွမ်းရည်များ တိုးတက်ခြင်းတို့နှင့် ပတ်သက်၍ စုရှင်းအတွက် အရည်အသွေးပိုင်းအရ တိုးတက်မှုတစ်ခုကို ခံစားရမည်ဖြစ်သည်။
"ပြီးတော့ ပြန်လည်မွေးဖွားခြင်းဆေး လည်း ရှိသေးတယ်..."
စုရှင်း ဂရုတစိုက် သတိရလိုက်သည်။
တကယ်တော့ လီမီးနည်းပညာတွင် ထိုကဲ့သို့သော ဆေးဖော်စပ်နည်း မှတ်တမ်းတစ်ခု ရှိခဲ့သည်။
ဒဏ္ဍာရီအရ ပြန်လည် မွေးဖွားခြင်းဆေးကို ပထမဆုံး ဖန်တီးခဲ့သည်မှာ စုန်းနတ် ဘီလူးမျိုးနွယ်မှ ဖြစ်ပြီး သူတို့၏ ဘုန်းကြီးများက ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ အဓိကအားဖြင့် မျိုးနွယ်စုအတွင်းမှ မွေးကင်းစ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးကို မြှင့်တင်ဖို့ရန် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် စုန်းနတ် ဘီလူးမျိုးနွယ်များ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးသည် ကလေးဘဝကတည်းကပင် အားကောင်းပြီး ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူများနှင့် တန်းတူပင်။
သို့သော် မတော်တဆမှုများကြောင့် လမစေ့ဘဲ မွေးလာလျှင် စုန်းနတ်ဘီလူးမျိုးနွယ် မွေးကင်းစ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးသည် အလွန်အားနည်းပြီး နောက်ပိုင်းတွင် ကျင့်ကြံမှုများကို လိုက်မီနိုင်တော့မည် မဟုတ်ပါ။
ထို့ကြောင့် ဘုန်းကြီးများသည် စုန်းနတ်ဘီလူးမျိုးနွယ် မွေးကင်းစ ကလေးငယ်များ၏ ခန္ဓာကိုယ်ကို မြှင့်တင်ဖို့ရန် အတွက် ဤ ပြန်လည် မွေးဖွားခြင်းဆေးကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာလာသည့်အခါ စုန်းနတ် ဘီလူးမျိုးနွယ်သည် အချိန်၏ လှိုင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့တိုင် ပြန်လည် မွေးဖွားခြင်းဆေးကိုမူ ထိန်းသိမ်းထားနိုင်ခဲ့သည်။ အဓိကအားဖြင့် ကိုယ်ခန္ဓာ အားကောင်းအောင် ကျင့်ကြံခြင်းကို စတင် ကျင့်ကြံသူများ အတွက် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများကို မြှင့်တင်ရန် စားသုံးခဲ့ကြခြင်း ဖြစ်သည်။
ပြန်လည် မွေးဖွားခြင်းဆေး၏ တကယ့် အာနိသင်မှာ သာမန်သာ ဖြစ်သော်လည်း ဝိညာဉ်သားရဲများ၏ အားကောင်းသည့် အသားနှင့် သွေးအား အဓိက ပါဝင်ပစ္စည်း အဖြစ် အထူး လိုအပ်သည်။ စုရှင်း အဆင့်နိမ့်စဥ်က ထိုကဲ့သို့သော အရာမျိုးကို လက်လှမ်းမမီနိုင်ခဲ့ပါ။ ထို့ကြောင့် သဘာဝကျကျပင် သူဖော်စပ်နိုင်ခဲ့ခြင်း မရှိခဲ့။
နောက်ပိုင်းတွင် သူ၏ နယ်ပယ်နှင့် စွမ်းအား တိုးတက်လာသည့်အခါ ထိုပစ္စည်းသည် စုရှင်းအတွက် အသုံးမဝင်တော့ပါ။
သို့သော် ယခုအခါ နတ်ဆိုးမျိုးနွယ်၏ အသားဓာတ်သည် ပြန်လည် မွေးဖွားခြင်းဆေးကို ဖော်စပ်ရန် အတွက် အဓိကပ ါဝင်ပစ္စည်း ဖြစ်နိုင်သည့်ပုံပင်။
ထို့ပြင် အာနိသင်သည်လည်း သာမန် ဝိညာဉ်သားရဲများထက် ပိုကောင်းသည်!
"ဒီဘေးထွက်ဆိုးကျိုးလေးပဲ ရှိတာ..."
စုရှင်း အနည်းငယ် တုံ့ဆိုင်းနေသည်။
အကယ်၍ ဘေးထွက်ဆိုးကျိုးများကို လက်ခံနိုင်သည်ဆိုပါက ပြန်လည် မွေးဖွားခြင်းဆေးသည် နောင်အနာဂတ်တွင် လူသားမျိုးနွယ်၏ စွမ်းအားကို မြှင့်တင်ရန် အဓိကဆေးအဖြစ် ပြီးပြည့်စုံစွာ အသုံးပြုနိုင်မည်!
အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ဆေးပင်များသည် ကန့်သတ်ချက် ရှိသော်လည်း နတ်ဆိုး နှိမ်နှင်းရေး စခန်းရှိ နတ်ဆိုးသားရဲများ ကတော့ အဆုံးမဲ့ပင် ဖြစ်သည်…
စစ်ပွဲဖြင့် စစ်ပွဲကို အားဖြည့်ခြင်း၊ တွေးလိုက်ရုံနှင့်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်သည်!
ဤအရာကို တွေးမိသည်နှင့် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ပြန်လှည့်သွားသည်။
[ပြန်လည် မွေးဖွားခြင်းဆေး သုတေသန အောင်မြင်ပြီးနောက် ၎င်းသည် ပညာရှင်များ၏ အသက်ကို အန္တရာယ် ဖြစ်စေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် အတည်ပြုခဲ့သည်။ ထို့နောက် သင်သည် မာစတာအဆင့် နှင့် ကောင်းကင်ဘုံ ဘုရင်အဆင့် ပညာရှင်အချို့ကို ဆေးပေးရန် ရွေးချယ်ခဲ့သည်။]
[ပြန်လည် မွေးဖွားခြင်းဆေး၏ အာနိသင်သည် အလွန်အမင်း ပြင်းထန်သောကြောင့် သင်သည် စွမ်းအားနှင့် ကိုယ်ခန္ဓာရှိသော ပညာရှင်များကိုသာ ရွေးချယ်နိုင်သည်။ အာနိသင်များမှာ အလွန်အမင်း ပြင်းထန်လွန်းသဖြင့် ပညာရှင်များအား ပေါက်ကွဲသေဆုံးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။]
[အံ့အားသင့်စရာမှာ ပြန်လည် မွေးဖွားခြင်းဆေး၏ အာနိသင်သည် အလွန် ကောင်းမွန်သည်။]
[မာစတာအဆင့် ပညာရှင်များ သောက်ပြီးနောက် ၎င်းတို့၏ စွမ်းအားကို အမြဲတမ်း ပိဿာ သုံးသောင်းမှ ငါးသောင်း အထိ တိုးမြှင့်နိုင်သည်! ဤသည်မှာ ၎င်းတို့၏ စွမ်းအားကို ဆယ်ပုံနှစ်ပုံမှ သုံးပုံအထိ တိုးတက်စေခြင်းပင်!]
[ထို့ပြင် အကြိမ်ကြိမ် သောက်သုံးနိုင်ပြီး ဆေးသုံးလုံးသောက်ပြီးမှသာ အာနိသင်သည် လျင်မြန်စွာ ကျဆင်းသွားမည်။]
[ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင်များ သောက်သုံးသောအခါ ၎င်းတို့၏ စွမ်းအားကို ပိဿာ နှစ်သောင်းမှ သုံးသောင်း အထိသာ တိုးမြှင့်နိုင်သည်... ဤအနည်းငယ်မျှသော တိုးတက်မှုသည် ကောင်းကင်ဘုံ ဘုရင်အဆင့် အစွမ်းထက်သူများ အတွက်မူ ၎င်းတို့၏ စွမ်းအားကို တစ်ရာခိုင်နှုန်းခန့်သာ တိုးတက်စေခြင်း ဖြစ်သည်။]
[သို့သော် သင် စိတ်လှုပ်ရှားနေချိန်တွင် ပြန်လည် မွေးဖွားခြင်းဆေး၏ ဘေးထွက် ဆိုးကျိုးများကိုလည်း သင် တွေ့ရှိခဲ့သည်။]
[နတ်ဆိုးဘုရင်၏ အသားဓာတ်ကို အသုံးပြုထားသောကြောင့် ၎င်း၏ စွမ်းအားသည် ပြင်းထန်ပြီး ဆေးသောက်သူများကို နောက်ပိုင်းကာလတွင် စိတ်တိုလွယ်ကာ ဒေါသထွက်စေနိုင်သည်။]
[ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသည်အထိ မဟုတ်သော်လည်း ၎င်းတို့၏ ဆင်ခြင်တုံတရားနှင့် ကိုယ်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကိုမူ များစွာ လျှော့ချခဲ့သည်။]
[ဤကာလသည် သုံးလမှ တစ်နှစ်အထိ ကြာမြင့်နိုင်ပြီး လူတစ်ဦးချင်းစီအပေါ် မူတည်ကာ ပညာရှင်၏ ဝိညာဉ်ဆန္ဒအပေါ်လည်း များစွာ မူတည်သည်။]
[ထို့နောက် သင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ အရည်အချင်း ပိုမိုမြင့်မားသည့် ပညာရှင် အုပ်စုတစ်စုကို ရွေးချယ်ခဲ့သည်။ ၎င်းတို့သည် ပြန်လည် မွေးဖွားခြင်းဆေး၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုကောင်းမွန်စွာ ခုခံနိုင်ကြောင်း တွေ့ရှိရသည်။]
[သင်၏ စိတ်ထဲတွင် ဝမ်းမြောက်မိသည်။ ပြင်းထန်သော အာနိသင်နှင့် နှိုင်းယှဉ်ပါက ပြန်လည် မွေးဖွားခြင်းဆေး၏ ဘေးထွက်ဆိုးကျိုးများသည် အရေးမကြီးဟု ယူဆသည်။]
[ထို့ပြင် ၎င်း၏ အဓိက ပါဝင်ပစ္စည်းရဲ့ ပေါများသော ရင်းမြစ်နှင့်အတူ ပညာရှင်များကို မြှင့်တင်ရန်အတွက် အဓိကဆေးအဖြစ် သေချာပေါက် ဆောင်ရွက်နိုင်မည်!]
[ဆယ့်ခြောက်နှစ်မြောက်တွင် ကာကွယ်ရေး ဂန်ချီ၏ အကြီးစား အောင်မြင်မှု အပြီးတွင် သင်သည် နတ်စွမ်းရည်များ နှင့် မူလအင်အား ကျင့်ကြံခြင်းကို ဆက်လက် ကြိုးစားခဲ့သည်။]
[နေ့စဉ် တင်းကြပ်သော ကျင့်ကြံမှုမှတစ်ဆင့် မူလအင်အား အပေါ် သင်၏ ကျွမ်းကျင်မှုသည် ပိုမို ပြီးပြည့်စုံလာပြီး မူလအင်အားကို အသေးဆုံး အတိုင်းအတာအထိ တိတိကျကျ ထိန်းချုပ်နိုင်လာသည်။]
[သင်သည် တတိယအဆင့် ပြီးပြည့်စုံမှုကို ရောက်ရှိရန် မဝေးတော့ပေ။]
[ထိုနှစ်တွင်ပင် သင်သည် နတ်ဆိုး ဧကရာဇ်၏ အသားဓာတ်အား ပြန်လည် မွေးဖွားခြင်းဆေး၏ အဓိကဆေးအဖြစ် စတင် စမ်းသပ်ခဲ့သည်။ ထိုဆေးသည် ပိုမိုအားကောင်းသော အာနိသင်ရှိမည်ဟု သင် ယုံကြည်သည်။]
[နေ့ရက်များစွာသည် ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းများဖြင့်သာ ကုန်ဆုံးသွားသည်။ ထိုသို့ဖြင့် နှစ်နှစ်တာ ကုန်ဆုံးသွားသည်...]
စုရှင်းသည် ဤအသိတရားကို ရရှိသောအခါ ပျော်ရွှင်မှု လှိုင်းလုံးတစ်ခု တက်လာသည်။
ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေး၊ အနှစ်သာရ အားဖြည့်ဆေး နှင့် နဂါးဝိညာဉ်ဆေး ကဲ့သို့သော ဆေးများသည် ထိရောက်သော်လည်း ရှင်းလင်းသော အားနည်းချက်များ ရှိသည်။ ၎င်းတို့သည် ပြန်လည် မွေးဖွား၍ မရသောကြောင့် ဝိညာဉ်ဆေးပင် တစ်ပင်စီသည် ကြီးထွားရန် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာ လိုအပ်သည်။
ထို့ကြောင့် ဝိညာဉ်ဆေးပင်များသည် ကန့်သတ်ချက်ရှိပြီး ၎င်းတို့မှ ဖော်စပ်နိုင်သော ဆေးများမှာလည်း ကန့်သတ်ချက် ရှိသည်။
လူသားမျိုးနွယ် အကြားတွင် ပေါ်ထွက်လာနိုင်သည့် အစွမ်းထက်သူများ၏ အရေအတွက်သည်လည်း ကန့်သတ်ချက်ရှိသည်။
သို့သော် ပြန်လည် မွေးဖွားခြင်းဆေးကို သောက်သုံးပါက အလယ်အလတ် အဆင့် လူသားပညာရှင်များအား ၎င်းတို့၏ စွမ်းအား မြှင့်တင်ရာတွင် များစွာ အထောက်အကူပြုပါမည်။
အဘယ့်ကြောင့်ဆိုသော နတ်ဆိုးသားရဲ၏ အသားဓာတ်သည် ပေါများစွာ ရှိနေသောကြောင့် ဖြစ်သည်!
"ဝိညာဉ်ဆန် နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်... လူသားပညာရှင်တွေရဲ့ အောက်ခြေအဆင့် အရေအတွက်ကိုတောင် သိသိသာသာ တိုးမြှင့်နိုင်မှာပဲ!"
"ဒီအမြင်အရဆိုရင် လူသားမျိုးနွယ်ရဲ့ အလုံးစုံ စွမ်းအားက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ရလိမ့်မယ်!"
ဟုတ်ပါသည်။ ပြန်လည် မွေးဖွားခြင်းဆေးသည် စွမ်းအားနှင့် ကိုယ်ခန္ဓာ အရည်အသွေးကို မြှင့်တင်ပေးသည့် အတွက် စစ်သည်တော်များနှင့် စွမ်းအားအခြေခံ ပညာရှင်များ အတွက်သာ အလုပ်လုပ်သည်။
ထို့နောက် သင့်လျော်စွာပင် မှော်ဆရာများကဲ့သို့ ဝိညာဉ်ကို အဓိက ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သာမန် ပညာရှင်များသည် လူသားမျိုးနွယ်၏ အဓိက အစိတ်အပိုင်းကို ဖွဲ့စည်းထားသည်!
"နတ်ဆိုးဘုရင်ရဲ့ အသားဓာတ်ကနေ ဖော်စပ်ထားတဲ့ ပြန်လည် မွေးဖွားခြင်းဆေးက မာစတာ ပညာရှင် တစ်ဦးရဲ့ စွမ်းအားကို ပိဿာ သုံးသောင်းကနေ ငါးသောင်း အထိ တိုးမြှင့်နိုင်တယ်။ ဒီအရေအတွက်က နည်းတယ်လို့ ဆိုမရဘူးဘဲ!"
…