ထွက်မလာရဲသော ဘိုးဘေးနတ်ဆိုးသစ်ပင်....
Vol. 19 Ch. 288
" သခင် ကျွန်တော်တို့ မဟာမိတ်ခေါင်းဆောင်ကို အခုခေါ်လာရမလား။ " နောက်ထပ် ဒုခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
လင်းယွမ်က ယခု ထျန်းချင်းကမ္ဘာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ သူ၏ ထောက်ပံ့မှု များစွာ ပါဝင်လေသည်။ ထျန်းချင်းမဟာမိတ်မှ ဒုခေါင်းဆောင်အများစုကို သူက ဦးဆောင်ခြင်းဖြစ်သည်။ လက်ရှိ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အတိုင်ပင်ခံဖြစ်သကဲ့သို့ ထိုဒုမဟာမိတ်ခေါင်းဆောင်က မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။ သူသာရှေ့ထွက်ခဲ့လျှင် အခြားဒုခေါင်းဆောင်များက ငြင်းဆန်ရဲမည်မဟုတ်ပေ။
" အခုတော့မဟုတ်သေးဘူး။ " လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ချက်ချင်း လှုပ်ရှားရန် မစီစဉ်ထားပေ။
သူ၏ အကြီးမားဆုံး အားသာချက်က အမှောင်ထဲတွင် ရှိလေသည်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ ကြိုးစားမှုအားလုံး လင်းယွမ်၏ လက်ထဲသို့ ရောက်နေသည်ကို မသိခဲ့ပေ။
ထို့ကြောင့် လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို တိုက်ခိုက်သည့်အချိန်က အရေးကြီးလေသည်။ မိစ္ဆာနတ်ဘုရားကို မရှင်းလင်းနိုင်မီ ထျန်းချင်းကမ္ဘာ၏ အသန်မာဆုံးလူက စစ်မြေပြင်မှ ထွက်ခွာလာလျှင် သင့်တော်မည်မဟုတ်ပေ။
ထို့အပြင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို လှည့်စားနိုင်ခဲ့လျှင်တောင် သူနှင့်အတူ ကမ္ဘာဓားကို ယူဆောင်လာနိုင်ချေ မြင့်မားလေသည်။ ထျန်းချင်းကမ္ဘာကိုယ်တိုင် နှစ်ပေါင်းများစွာ သန့်စင်ထားသော ကမ္ဘာဓားက လှုပ်ရှားမှုအနည်းငယ်ဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ကိုပင် ဒဏ်ရာရသွားစေနိုင်ခဲ့သဘ်ယာ
လင်းယွမ်က ကမ္ဘာဓားကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု ရေးဆွဲထားခဲ့သည်။ အခြေခံအားဖြင့် ပြောရလျှင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓား၏ စစ်မှန်သော ပိုင်ရှင်မဟုတ်ပေ။ ကမ္ဘာပေါ်ထွက်လာသည့်အကြောင်းရင်းမှာ မိစ္ဆာနတ်ဘုရားကြောင့် ဖြစ်သည်ယ
မိစ္ဆာနတ်ဘုရားကို ဖြေရှင်းနိုင်လျှင် ကမ္ဘာဓားက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ လက်ထဲတွင် ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ချက်ချင်းတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခြင်း ဖြစ်သည်။
" သခင် ကျွန်တော်တို့ကို အမိန့်ပေးပါ။ "
" မစိုးရိမ်ပါနဲ့ သခင်။ အဲ့ဒါက တာဝန်တစ်ခုမဟုတ်ဘူး အခုတစ်ရာဖြစ်ရင်တောင် ကျွန်တော်တို့ အောင်မြင်အောင် လုပ်မှာပါ။ "
" မှန်တယ် သခင်။ ကျွန်တော်တို့ကို ပြောပါ။ "
သန်မာသူ သုံးရာနီးပါးက အာရုံစိုက်ပြီး နားထောင်နေကြသည်။ နတ်ဆိုးမျိုးစေ့များအနေဖြင့် သူတို့က လင်းယွမ်ကို အလွန်နာခံကြလေသည်။
" ဒီကျင့်ကြံခြင်းစနစ်ကို ဖြည်းဖြည်းချင်း ဖြန့်ကျက်ထားလိုက်။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အနည်းငယ် ပြောင်းလဲပြီး နတ်ဆိုးမျိုးစေ့များမှတစ်ဆင့် အားလုံး၏ စိတ်ထဲသို့ ပို့ပေးလိုက်သည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခြင်းအပြင် ဖြန့်ကျက်ရန်လည်း စီစဉ်ထားခဲ့သည်။ သို့သော် ဤကမ္ဘာသို့ စရောက်ချိန်တွင် လင်းယွမ်၏ အသွင်အပြင်က ထူးခြားသောကြောင့် ပထမနှစ်တစ်ရာကို ပြင်ပသို့ ထွက်နိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ယခု မတူတော့ပေ။ ထျန်းချင်းကမ္ဘာ၏ သန်မာသော ကျင့်ကြံသူများ၏ အကူအညီဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် မခက်ခဲပေ။
" ဒီကျင့်ကြံခြင်းစနစ်က..."
" ကိစ္စမရှိပါဘူး သခင်။ ဒီကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်လိုက်ပါမယ်။ "
" စိတ်ချပါ သခင် ကျွန်တော်တို့ တာဝန်ပြီးမြောက်ဖို့ အာမခံပါတယ်။ " သန်မာသော ကျင့်ကြံသူ သုံးရာနီးပါးက ကတိပြုလိုက်ကြသည်။
" အင်း..." လင်းယွမ်က သူတို့ကို လုံးဝ သံသယမရှိပေ။
ယခု အားလုံးက ထျန်းချင်းကမ္ဘာ၏ အဆင့်မြင့်သော လူများဖြစ်ကြသောကြောင့် ထိုတာဝန်က အမှန်ပင် မခက်ခဲပေ။ ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အကန့်အသတ်မရှိသော အလားအလာ ရှိလေသည်။ ပစ်မှတ်ထားခြင်း သို့မဟုတ် ဖိနှပ်ခြင်းမရှိသရွေ့ အလိုအလျောက် တဖြည်းဖြည်း ပျံ့နှံ့သွားမည်ဖြစ်သည်။
" နောက်ထပ်ကတော့ မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ပြန်သွားပါ။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နဲ့အတူ မိစ္ဆာနတ်ဘုရားကို တန်ပြန်တိုက်ခိုက်ကြပါ။ " လင်းယွမ်က ပြောလိုက်သည်။
မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ဖျက်ဆီးခြင်းက လင်းယွမ်၏ ပန်းတိုင်တစ်ခုလည်း ဖြစ်သည်။ စစ်မြေပြင်သာ မရှိလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ရန် လင်းယွမ်နှင့် လေဟာနယ်လမ်းကြောင်းတစ်ခုကို ဖန်တီးရမည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းက လင်းယွမ်အတွက် အကျိုးအမြတ်များ ရရှိနိုင်လေသည်။ ဥပမာ လင်းယွမ်က မူလစွမ်းအားများကို ရယူခြင်းသည် သူ၏ ခွန်အားကို မြင့်တင်နိုင်ရုံသာမက ဘိုးဘေးနတ်ဆိုးသစ်ပင်ကိုလည်း အားနည်းသွားစေမည်ဖြစ်သည်။
အချိန်များကုန်လွန်လာပြီး ငါးနှစ်ကြာသွားခဲ့သည်။
ထျန်းချင်းကမ္ဘာ၏ အပြင်ဘက် မိစ္ဆာနတ်ဘုရား စစ်မြေပြင်။ ယခုအချိန်တွင် မိစ္ဆာနတ်ဘုရားစစ်မြေပြင်က ပျက်ဆီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထျန်းချင်းကမ္ဘာ၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုအောက်တွင် ကြီးမားသော နယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို ကိုင်ဆောင်ထားသောကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က လှုပ်ရှားရဲခြင်းမရှိပေ။
" သေစမ်း " အဝေးတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က စစ်မြေပြင် တဖြည်းဖြည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ပြီး နှလုံးသွေးယိုနေသည်။
မိစ္ဆာနတ်ဘုရားစစ်မြေပြင်က ပြင်ပဟင်းလင်းပြင်မှ အထူးသတ္တုနှင့် ပြုလုပ်ထားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်က များစွာ အားထုတ်ခဲ့ရလေသည်။ ၎င်းနှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာများကို ထိုးဖောက်ရန် ပို၍ လွယ်ကူခဲ့သည်။ သို့သော် ယခု ၎င်းက ပျက်ဆီးနေပြီဖြစ်သည်။
မိစ္ဆာနတ်ဘုရားစစ်မြေပြင်ကို ပြန်လည်ရယူရန် အချိန်များစွာ လိုအပ်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကလည်း စစ်မြေပြင်အထက်တွင် ရှိနေရန် လိုအပ်လေသည်။ ၎င်းကို ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။
" ငါ့ရဲ့ မူလစွမ်းအားတွေသာ ဒီလောက်မကုန်ထားရင် ငါမင်းကို ကြောက်နေရမှာလား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အံကျိတ်နေသည်။ အထွတ်အထိပ်အချိန်များတွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်တစ်ယောက်တည်းက သူ့ကို မရပ်တန့်နိုင်ပေ။
ထို့ကြောင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က တန်ပြန်တိုက်ခိုက်ချိန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က စစ်မြေပြင်သို့ ဆင်းသက်ပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ရက်စက်သော တိုက်ပွဲကို စတင်ခဲ့သည်။ ထိုသို့ဖြင့် တန်ပြန်တိုက်ခိုက်ရန် ကျရှုံးသွားပြီး စစ်မြေပြင်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
သို့သော် ယခုတော့ မူလစွမ်းအားများစွာ ဆုံးရှုံးလိုက်ရသဖြင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို ကိုင်ဆောင်ပြီး တစ်ယောက်တည်းနှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို အသာစီးမှ တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
မိစ္ဆာနတ်ဘုရားစစ်မြေပြင်အထက်တွင် မဟာမိတ်ခေါင်းဆောင်က ထိုင်၍ ကမ္ဘာဓားက သူ၏ ရှေ့တွင် မျောလွင့်နေပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေသည်။
" မိစ္ဆာနတ်ဘုရားက လှုပ်ရှားဖို့ အစီအစဉ်မရှိဘူးထင်တယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ရေရွတ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို စောင့်ရန်သာ ဖြစ်သည်။
တန်ပြန်တိုက်ခိုက်ပြီး မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ဖျက်ဆီးခြင်းက ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြသ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းလေးရာက ထျန်းချင်းကမ္ဘာမှာ ပြင်ဆင်ထားခြင်းမရှိသောကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က စစ်မြေပြင်ကို အလွယ်တကူ ဖန်တီးနိုင်ခဲ့သည်။ သို့သော် မိစ္ဆာနတ်ဘုရားစစ်မြေပြင်ကို ဖျက်ဆီးပြီး ထျန်းချင်းကမ္ဘာကို ပြင်ဆင်ထားလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒုတိယအကြိမ် လာခဲ့လျှင်တောင် ကမ္ဘာကို ထိုးဖောက်ပြီး စစ်မြေပြင်ကို ဖန်တီးနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အမြင်တွင် မိစ္ဆာနတ်ဘုရား စစ်မြေပြင် ဖျက်ဆီးခြင်းကို ဘိုးဘေးနတ်ဆိုးသစ်ပင်က အနည်းငယ်တော့ ရုန်းကန်သင့်လေသည်။ နောက်ဆုံးတွင် မိစ္ဆာနတ်ဘုရားစစ်မြေပြင်ပျက်ဆီးခြင်းက ဘိုးဘေးနတ်ဆိုးသစ်ပင် ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ရန် အခွင့်အရေးမရှိတော့ခြင်းကို ဆိုလိုလေသည်။
" သွမ့်လန်က ကျွမ်းကျင်တဲ့ နည်းဗျူဟာတွေနဲ့ ပြိုင်ဘက်ကင်းတဲ့ ခွန်အားကြောင့် မိစ္ဆာနတ်ဘုရားက သူ့ရဲ့ ပြိုင်ဘက်မဟုတ်တော့ဘူးဆိုတာ သိလို့ အဓိပ္ပါယ်မရှိတဲ့ လှုပ်ရှားမှုတွေကို မလုပ်တော့ဘူး။ " လှပသော အမျိုးသမီးတစ်ယောက်က သူ၏ ဘေးတွင် ပေါ်လာပြီး ပြောလိုက်သည်။
" အာယန် " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လှပသော အမျိုးသမီးကို ကြည့်ပြီး ပြုံးလိုက်သည်။
ထိုအာယန်ဟူသော အမျိုးသမီးက သူနှင့် မရေရာသော ဆက်ဆံရေးရှိပြီး သူတို့၏ ခံစားချက်များကို မျှဝေခဲ့ကြလေသည်။
မိစ္ဆာနတ်ဘုရား၏ ဖိအားကြောင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အာယန်နှင့် ဆက်ဆံရေးကို အတည်မပြုသေးခြင်းဖြစ်သည်။
သူတို့၏ ဆက်ဆံရေးက အတည်မပြုရသေးသော်လည်း မဟာမိတ်ခေါင်းဆောင်က အာယန်ကို ဒုခေါင်းဆောင်ရာထူး ပေးထားခဲ့ပြီးဖြစ်သည်။
" အာယန် စစ်မြေပြင်ကို ဖျက်ဆီးပြီးတာနဲ့ ငါတို့ ထာဝရအတူတူ နေနိုင်တော့မှာပါ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အာယန်ကို ဖက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင် မိစ္ဆာနတ်ဘုရားကို မောင်းထုတ်ပြီးနောက် အစီအစဉ်များကို စိတ်ကူးယဉ်နေပြီဖြစ်သည်။ ထို့နောက် သူက သူချစ်ရသော အမျိုးသမီးကို ခေါ်ပြီး ခရီးများထွက်ကာ ပျော်ရွှင်စရာနေ့ရက်များကို ဖန်တီးမည်ဖြစ်သည်။
မိစ္ဆာနတ်ဘုရားကို မောင်းထုတ်ခဲ့သော ဆောင်ရွက်မှုကြောင့် သူက ထျန်းချင်းကမ္ဘာ၏ သမိုင်းတွင် အကြီးမြတ်ဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး မရေတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားအားကျခြင်းကို ခံရပေလိမ့်မည်။
" ဟုတ်တယ် အဲ့ဒီအချိန်ကျရင် အာယန်က သွမ့်လန်နဲ့ ထာဝရရှိနေနိုင်လိမ့်မယ်။ " အမျိုးသမီးက ပြောလိုက်ပြီး သူမ၏ အသံတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသည်။
" ဟားဟား အဲ့ဒါ အမှန်ပဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကျေနပ်စွာ ရယ်မောလိုက်သည်။
သို့သော် သူသတိမထားမိသည်မှာ ထိုအခိုက်တွင် သူ၏ ရင်ခွင်ထဲမှ အာယန်၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။