ထိန်းချုပ်နိုင်ခြင်း....
Vol. 19 Ch. 291
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အရူးတစ်ယောက်မဟုတ်ပေ။ အားလုံးက သူ့ကို ဝိုင်းထားချိန်တွင် မယုံကြည်နိုင်စရာအတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ထိုလူအားလုံးက သူ့ကို သစ္စာဖောက်ပြီး နတ်ဆိုးသစ်ပင်လက်အောက်သို့ ဝင်ရောက်သွားကြသည်။
သူကိုယ်တိုင် နှစ်ပေါင်းများစွာ ပျိုးထောင်ပေးခဲ့သော လက်အောက်ငယ်သားများကို နတ်ဆိုးသစ်ပင်က မည်သည့်ကမ်းလှမ်းချက်များ ပေးခဲ့သနည်း။ ထို့အပြင် ၎င်းက မည်သည့်အချိန်တွင် ဖြစ်ပျက်ခဲ့တာလဲ။
သူ့ကိုဝန်းရံထားသော ကျင့်ကြံသူများကို ကြည့်ပြီး မဟာမိတ်ခေါင်းဆောင်၏ စိတ်များက အေးခဲသွားသည်။ မကြာသေးမီက သူတို့မှာ သူ့ကို လေးစားခဲ့ကြသော်လည်း ယခု သူတို့၏ မျက်နှာတွင် နောင်တအရိမ်အယောင်မရှိဘဲ အေးစက်နေခဲ့သည်။
" မင်းတို့ ဘာလုပ်နေတယ်ဆိုတာ မင်းတို့ တကယ်သိရဲ့လား။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အသံတိုးတိုးနှင့် ပြောလိုက်သည်။
သူတို့က နတ်ဆိုးသစ်ပင်ကို ဘာကြောင့် သစ္စာခံခဲ့ကြတာလဲ။ သူနောက်လိုက်ပြီး ထျန်းချင်းကမ္ဘာမှ မရေတွက်နိုင်သော လူများ၏ ကြည်ညိုလေးစားခြင်းကို ခံယူခြင်းက နတ်ဆိုးသစ်ပင်ကို သစ္စာခံခြင်းထက် ပို၍ သာလွန်လေသည်။
အထူးသဖြင့် မဟာမိတ်ခေါင်းဆောင်က အာယန်ကို ကြည့်လိုက်သည်။ သူမက သူနှင့်အတူ သတ္တဝါအားလုံး၏ အထက်တွင် ရပ်ပြီး မိစ္ဆာနတ်ဘုရားကို အတူတကွနှင်ထုတ်ခဲ့သော သူ၏ ချစ်သူဖြစ်လေသည်။ အခြားသူများက သူ့ကို သစ္စာဖောက်နိုင်ချေ အနည်းငယ် ရှိသော်လည်း အာယန်က သူ့ကို ဘာလို့သစ္စာဖောက်ခဲ့တာလဲ။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က မျှော်လင့်ချက်များနှင့် အာယန်ကို ကြည့်လိုက်သော်လည်း သူပြန်ရလိုက်သည်က အေးစက်သော အကြည့်တစ်ခုသာ ဖြစ်သည်။
" မင်းက တကယ်ဘယ်သူလဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဝန်းရံမှုမှ ဖောက်မထွက်ခဲ့ပေ။
သူ၏ လက်အောက်ငယ်သားများအားလုံး သူကို သစ္စာဖောက်သွားခြင်း၏ အဓိကတရားခံ လင်းယွမ်က လှုပ်ရှားခြင်းမရှိသေးပေ။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို သ်လေသည်။ သူတို့က သူ့ကို တိုက်ရိုက်ရင်ဆိုင်ရဲသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ထားမည်မှာ သေချာလေသည်။
ထို့ကြောင့် ယခု ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အချိန်ဆွဲကြီး ကမ္ဘာဓားကို ဆင့်ခေါ်နေခြင်းဖြစ်သည်။ သူက မိစ္ဆာနတ်ဘုရား၏ တုန့်ပြန်မှုကို တားဆီးရန် ကမ္ဘာဓားကို ကမ္ဘာအပြင်ဘက်တွင် ထခဲ့လေသည်။ အမှန်တွင် ၎င်းက ပြဿနာမဟုတ်ပေ။
သူမမျှော်လင့်ထားသည်မှာ သူ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုက ကမ္ဘာအပြင်ဘက်မှ ဘိုးဘေးနတ်ဆိုးသစ်ပင်မဟုတ်ဘဲ ကမ္ဘာထဲမှ နတ်ဆိုးသစ်ပင်ဖြစ်နေခဲ့သည်။ သို့သော် သူက မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ကမ္ဘာဓား လက်ထဲတွင် ရှိနေလျှင် ဘာကိုမှ ကြောက်ရွံ့မည်မဟုတ်ပေ။
ကမ္ဘာဓားက ထျန်းချင်းကမ္ဘာ၏ နှစ်ပေါင်းများစွာ သန့်စင်ခဲ့သော ကမ္ဘာလက်နက်ဖြစ်လေသည်။ ထျန်းချင်းကမ္ဘာနှင့် ပို၍ နီးသည်နှင့်အမျှ ကမ္ဘာဓားက ပို၍ စွမ်းအားကောင်းလာပေလိမ့်မည်။ ထိုဓားကို ကမ္ဘာထဲတွင် အသုံးပြုခဲ့လျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က အထွတ်အထိပ်တွင် ရှိနေလျှင်တောင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်ပေ။
သို့သော် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အချိန်ဆွဲနေသည်ကို လင်းယွမ်က သတိမထားမိမည်မဟုတ်ပေ။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင် ကမ္ဘာဓားနှင့် ခွဲခွာသည့်အချိန်ကို ရှာတွေ့ရန် မလွယ်ကူသောကြောင့် သူကလည်း နောက်မဆုတ်နိုင်ပေ။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ့ကို ကြည့်လိုက်ချိန်တွင် လင်းယွမ်က မိစ္ဆာနတ်ဘုရားအကြည့်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ထိုစွမ်းရည်က ဘိုးဘေးနတ်ဆိုးသစ်ပင်မှ ဆင်းသက်လာခြင်းဖြစ်ပြီး လင်းယွမ်၏ လက်ထဲတွင်လည်း အားနည်းနေမည်မဟုတ်ပေ။
ဝုန်း....
ကြောက်စရာကောင်းသော စိတ်ဝိညာဉ်လှိုင်းများက ပေါက်ကွဲသွားသည်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ အတွေးများ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်အသိက ဖြည်းညင်းစွာ နစ်မြှုပ်သွားသည်။
" မကောင်းတော့ဘူး။ "
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ထိတ်လန့်သွားသကဲ့သို့ သူ၏ လျှာကို ကိုက်၍ စိတ်ကို စုစည်းလိုက်ပြီး သူ့ကိုသူ ထိန်းချုပ်ရန် တားမြစ်နည်းစနစ်ကို အသက်သွင်းလိုက်သည်။ သူက ချက်ချင်း ကောင်းကင်သို့ ပျံသန်းသွားသည်။
ထိုထိပ်တိုက်ရင်ဆိုင်မှုအရ အချိန်ဆွဲနေခြင်းက ပို၍ အန္တရာယ်များသည်ကို သဘောပေါက်သွားခဲ့သည်။
" ဒီလှုပ်ရှားမှုက မိစ္ဆာနတ်ဘုရားထက် အားမနည်းဘူး။ ဒီနတ်ဆိုးသစ်ပင်က ဘာကြီးလဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဦးရေပြားများ ထုံကျဉ်သွားပြီး သူ၏ စိတ်ထဲတွင် သံသယများဝင်လာသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒီလိုမျိုးဆက်နတ်ဆိုးသစ်ပင်ကို ပိုင်ဆိုင်ထားတာလား။ ၎င်းက အဓိပ္ပါယ်မရှိပေ။ ပုံမှန်အားဖြင့် ဘိုးဘေး၏ ခွန်အားက သူ၏ မျိုးဆက်ထက် သာလွန်လေသည်။ သူရင်ဆိုင်နေရသော နတ်ဆိုးသစ်ပင်၏ စွမ်းအားက ဘိုးဘေးနတ်ဆိုးသစ်ပင်ထက် နိမ့်ကျခြင်းမရှိဘဲ ထျန်းချင်းကမ္ဘာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အတွေးများက ရှုပ်ထွေးနေပြီး သူက အနက်ရောင်မြူခိုးတောင်တန်း၏ အပြင်ဘက်သို့ ပျံသန်းသွားသည်။ သူက ကမ္ဘာဓားကို ဆင့်ခေါ်ထားပြီး မကြာမီ....
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အတွေးများ အဆုံးမသတ်မီ ကောင်းကင်နှင့်မြေကြီးက ပြောင်းပြန်လှန်သွားပြီး လေဟာနယ်စွမ်းအားများ လှည့်ပတ်ကာ အကျဉ်းထောင်တစ်ခု ပေါ်လာသည်။
" မျှော်လင့်ထားသလိုပဲ။ ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်တွေကိုပဲ အသုံးပြုရင် မင်းကို ဖမ်းဖို့ အရမ်းခက်ခဲတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သူ၏ နွယ်ပင်များကို ဝှေ့ရမ်းပြီး လေဟာနယ်ကို ထိန်းချုပ်ကာ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို သူ၏ ရှေ့သို့ နေရာရွေ့ပြောင်းလိုက်သည်။
ကမ္ဘာဓားမရှိလျှင်တောင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သတ္တမအလွှာ အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အထွတ်အထိပ်တွင် ရှိစဉ်ကပင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို သတ်ဖြတ်ရန် များစွာ အားထုတ်ရမည်ဖြစ်ပြီး လွတ်မြောက်နိုင်သည့်အခွင့်အရေးလည်း ရှိနေလေသည်။
" ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က တုန်လှုပ်သွားသည်။ သူက အဝေးသို့ ရောက်နေပြီဖြစ်သော်လည်း ယခု ထိုနေရာသို့ ချက်ချင်း ပြန်ရောက်လာသည်။
" လေဟာနယ်စွမ်းအား....လေဟာနယ်စွမ်းအားက ဒီလိုလည်း အသုံးပြုလို့ရတာလား။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အံ့ဩမိသွားသည်။ သူ၏ အဆင့်နှင့် လေဟာနယ်နိယာမကို စတင်နားလည်နိုင်နေပြီဖြစ်သည်။
သို့သော် ထျန်းချင်းကမ္ဘာက အကန့်အသတ်ရှိပြီး ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ လေဟာနယ်အပေါ်နားလည်နိုင်စွမ်းက မျက်ကန်းတစ်ယောက် ဆင်ကို ခန့်မှန်းကြည့်နေသည်နှင့် တူလေသည်။ သူ၏ လေဟာနယ်အပေါ် နားလည်မှုက အခြေခံသာရှိပြီး လေဟာနယ်ပုံစံများအဆင့်ကိုပင် မရောက်သေးပေ။
" ဟမ် " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ တုန်လှုပ်မှုကို လျစ်လျူရှု၍ လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။
ထိုနေရာက မိစ္ဆာနတ်ဘုရား စစ်မြေပြင်ရှိသော နေရာဖြစ်ပြီး ယခု အားကောင်းသော အော်ရာတစ်ခုက လျင်မြန်စွာ နီးကပ်လာနေသည်။
" အဲ့ဒါ ကမ္ဘာဓားလား။ " လင်းယွမ်က ၎င်းကို ကြိုတွေးထားပြီးသားဖြစ်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို နှစ်ပေါင်းလေးရာကြာအောင် အသုံးပြုခဲ့ပြီး ထူးခြားသော ဆက်နွယ်မှုများ ရှိမည်မှာ သေချာလေသည်။ သူ၏ သခင် အသက်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် ကမ္ဘာဓားက ကာကွယ်ရန် ထွက်ပေါ်လာသည်မှာ ပုံမှန်သာဖြစ်သည်။
" အင်း အရမ်းနောက်ကျသွားပြီ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
အကယ်၍ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အနက်ရောင်မြူခိုးတောင်တန်းသို့ ဝင်ချိန်တွင် ကမ္ဘာဓားကို ပြန်ခေါ်ခဲ့လျှင် အချိန်မီနိုင်သေးသည်။ ယခုမူ ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်မှ အနက်ရောင်မြူခိုးတောင်တန်းသို့ ပျံသန်းလာရန် ကမ္ဘာဓားဖြစ်နေလျှင်တောင် အမွှေးတိုင်တစ်ဝက်စာ အချိန်ယူရပေလိမ့်မည်။ ထိုအချိန်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လင်းယွမ်၏ ချေမှုန်းခြင်းကို ခံနေရလောက်ပြီဖြစ်သည်။
လင်းယွမ်က နေရာရွေ့ပြောင်းနိုင်သော စွမ်းရည်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ကမ္ဘာဓားက စွမ်းအားကောင်းသော်လည်း ၎င်းကို အသက်သွင်းရန် လိုအပ်ပေသည်။ အကယ်၍ အသက်သွင်းရန် မလိုအပ်လျှင် ကမ္ဘာဓားကို ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကိုင်ဆောင်စရာပင် မလိုပေ။ ကမ္ဘာဓားကိုယ်တိုင် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တိုက်ခိုက်ပေလိမ့်မည်။
လင်းယွမ်က အသက်သွင်းထားခြင်းမရှိသော ကမ္ဘာဓားကို နှောင့်နှေးစေရန် ယုံကြည်မှုရှိလေသည်။
" ကပ်ပါးကောင်စွမ်းရည်..." လင်းယွမ်၏ အတွေးတစ်ချက်နှင့် မီးခိုးရောင်မျိုးစေ့က လေဟာနယ်အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာသည်။
လင်းယွမ်က အလစ်ငိုက်တိုက်ခိုက်လျှင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ပြင်ထန်စွာ ဒဏ်ရာရရှိသွားခြင်း သို့မဟုတ် သေဆုံးသွားပြီဖြစ်သည်။
" အား.... ဒါက ကပ်ပါးကောင်စွမ်းရည်လား။ မဟုတ်လူး မိစ္ဆာနတ်ဘုရားရဲ့ ကပ်ပါးကောင်စွမ်းရည်က ဒီလိုမဟုတ်ဘူး။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က နာကျင်စွာ ညည်းတွားလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ လက်အောက်ငယ်သားများ၊ အကြီးအကဲများနှင့် ချစ်ခင်သူများ၏ မရေတွက်နိုင်သော ပုံရိပ်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
" ဒါဆို ဒီလိုဖြစ်ခဲ့တာပဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ မျက်နှာပေါ်တွင် နားလည်မှုတစ်ခု ပေါ်လာသည်။ သူတို့က သူ့ကို သစ္စာဖောက်ခြင်းမဟုတ်ဘဲ ကပ်ပါးကောင်စွမ်းရည်၏ ထိန်းချုပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ အကြည့်များက စိတ်သက်သာရာ ရသွားပြီး မျက်လုံးများ မှိတ်လိုက်သည်။
" သခင်ကို အရိုအသေပေးပါတယ်။ " ခနအတွင်း သူ၏ မျက်လုံးများ ပြန်ဖွင့်လာပြီး လင်းယွမ်ကို ဦးညွှတ်လိုက်သည်။ ကပ်ပါးကောင်စွမ်းရည်က အောင်မြင်သွားခဲ့သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က အဋ္ဌမအလွှာ တိုက်ခိုက်ရေးစွမ်းအားကိုပိုင်ဆိုင်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် နှစ်ပေါင်းလေးရာ တိုက်ခိုက်ခဲ့သည်။ သို့သော် အများစုက ကမ္ဘာဓားကို မှီခိုခြင်းဖြစ်ပြီး သူကိုယ်တိုင်က သတ္တမအလွှာတွင်သာ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ထက် များစွာ အားနည်းခြင်းမရှိသော လင်းယွမ်ကို ရင်ဆိုင်ရချိန်တွင် ခုခံနိုင်စွမ်းမရှိခဲ့ခြင်း ဖြစ်သည်။