အခွင့်အရေး....
Vol. 19 Ch. 292
" သခင်..." ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လေးစားစွာ ပြောလိုက်သည်။
" ထတော့..." လင်းယွမ်က ပြောလိုက်သည်။
သူက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ကိုင်တွယ်ရန် အရန်အစီအစဉ်များကိုလည်း ပြင်ဆင်ထားခဲ့သည်။ ဥပမာ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လေဟာနယ်အကျဉ်းထောင်အား ခွဲထွက်နိုင်ချေကိုလည်း တွက်ထားခဲ့သည်။
" မင်း ကမ္ဘာဓားကို ထိန်းချုပ်နိုင်တုန်းလား။ " လင်းယွမ်က တိုက်ရိုက် မေးလိုက်သည်။
" သခင် ကျွန်တော် ထိန်းချုပ်နိုင်ပါတယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သူ၏ မျက်လုံးများကို မှိတ်၍ အာရုံခံလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
" ကောင်းတယ်။ " လင်းယွမ်က ကျေနပ်သွားသည်။
သူက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ထိန်းချုပ်ချင်သည့်အကြောင်းရင်းမှာ သူက ထျန်းချင်းကမ္ဘာတွင် အသန်မာဆုံး ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည်မှာ ကမ္ဘာဓားဖြစ်သည်။
ကမ္ဘာဓားက ထျန်းချင်းကမ္ဘာမှ မွေးဖွားလာခြင်းဖြစ်သည်။ သီအိုရီအရ ၎င်းက ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်နှင့် နီးကပ်စွာ ဆက်စပ်နေသောကြောင့် ပေါ်ထွက်လာနိုင်ချေမရှိပေ။
လင်းယွမ်က ကမ္ဘာဓားကို ရယူပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆင်ခြင်သုံးသပ်နိုင်ခဲ့လျှင် သူက ကမ္ဘာ လှည့်ပတ်ခြင်း၊ သေခြင်းနှင့် ရှင်ခြင်းတို့ကို သူ၏ အတွင်းကမ္ဘာထဲသို့ ပေါင်းစပ်နိုင်ပေလိမ့်မည်။
အဋ္ဌမအလွှာနှင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် အတွင်းကမ္ဘာကို အာရုံစိုက်ရလေသည်။ အတွင်းကမ္ဘာက ပြည့်စုံပြီး ကြီးထွားလာလျှင် စစ်မှန်သော ကမ္ဘာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
" သွား ကမ္ဘာဓားကို ပြန်ယူလာခဲ့။ " လင်းယွမ်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ချက်ချင်း ထွက်ခွာသွားသည်။
ခနကြာသောအခါ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကျောက်ဓားတစ်လက်နှင့် ပြန်ရောက်လာသည်။
ထိုဓားက မီးခိုးဖြူရောင်ကျောက်နှင့် ပြုလုပ်ထားပြီး ကမ္ဘာကို လွှမ်းမိုးသော စွမ်းအားအတက်အကျများကို ထုတ်လွှတ်နေသည်။
" ဒါက ကမ္ဘာဓားလား။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ လက်ထဲမှ ကမ္ဘာဓားက သူ့ဆီသို့ ပျံသန်းလာသည်။
ဝုန်း....
ကမ္ဘာဓားက တစ်စုံတစ်ခုကို ခံစားမိသွားပုံရပြီး ပြင်းထန်စွာ စတင်ရုန်းကန်လာသည်။
" ငါတို့အပြင်မှာဆိုရင်တော့ မင်း လွတ်မြောက်ဖို့ အခွင့်အရေးရှိပေမယ့် ဒီမှာဆိုရင်တော့...." လင်းယွမ်က အေးစက်စွာ ရယ်လိုက်သည်။
လင်းယွမ်က အနက်ရောင်မြူခိုးတောင်တန်းကို နှစ်ပေါင်းတစ်ရာကျော် ထိန်းချုပ်ခဲ့ရုံသာမက ထိုနေရာမှ လေဟာနယ်က သူ၏ လက်ထဲတွင် ရှိသောကြောင့် ကမ္ဘာဓားက ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
မကြာမီ လင်းယွမ်၏ စိတ်အသိက ကမ္ဘာဓားကို ထိလိုက်သည်။ ကမ္ဘာဓားကို ဖြတ်၍ လင်းယွမ်းက ကြီးမားသော မူလရင်းမြစ်ကို ခံစားလိုက်ရပြီး ကမ္ဘာစိတ်အသိက အိပ်မောကျနေခဲ့သည်။
" မျှော်လင့်ထားသလိုပဲ။ " လင်းယွမ်က ကမ္ဘာစိတ်အသိမှာ အိပ်မောကျနေမည်ကို မျှော်လင့်ထားသောကြောင့် အံ့ဩခြင်းမရှိပေ။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာကို ကြီးမားသော ခြိမ်းခြောက်မှု ပေးစွမ်းနိုင်သောကြောင့် ကမ္ဘာဓားက ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
" ကမ္ဘာဓားက ထျန်းချင်းကမ္ဘာရဲ့ အနှစ်သာရပဲ။ ကမ္ဘာဓားကို အသုံးပြုတဲ့အကြိမ်တိုင်း ထျန်းချင်းကမ္ဘာရဲ့စိတ်အသိကို တုန်ခါစေလိမ့်မယ်။ အကြိမ်အများကြီး အသုံးပြုပြီးတဲ့နောက်မှာ ထျန်းချင်းကမ္ဘာက အိပ်မောကျသွားလိမ့်မယ်။ "
" ကမ္ဘာစိတ်အသိက အိပ်မောကျသွားပေမယ့် ထျန်းချင်းကမ္ဘာရဲ့ ပြင်ပမှာတော့ အလိုအလျောက် ခုခံကာကွယ်မှုတွေ ရှိနေတုန်းပဲ။ ဒါပေမယ့် ကမ္ဘာအတွင်းပိုင်းမှာတော့...."
အကယ်၍ ကမ္ဘာစိတ်အသိသာ နိုးထနေခဲ့လျှင် လင်းယွမ်၏ ကြီးထွားမှုက ထိုမျှ ချောမွေ့နေမည်မဟုတ်ပေ။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်ကြောင့် ဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က မဟာမိတ်ခေါင်းဆောင်ကို ကမ္ဘာဓားအား မကြာခန အသုံးပြုစေခဲ့ပြီး ကမ္ဘာစိတ်အသိကို အိပ်ပျော်သော အခြေအနေသော ရောက်အောင် တွန်းပို့ခဲ့သည်။
လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ ကာကွယ်သူများ၊ အကြီးအကဲများ၊ နတ်သားရဲဘုရင်လေးပါးနှင့် နတ်ဆိုးသားရဲဘုရင်များကို ကြည့်လိုက်သည်။
အကယ်၍ လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို မထိန်းချုပ်နိုင်မီ ထျန်းချင်းကမ္ဘာ၏ လျို့ဝှက်ရုပ်သေးသခင်သာ ဖြစ်ပြီး ယခုအချိန်တွင် လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ စစ်မှန်သော ဘုရင် ဖြစ်လာခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကြာသွားခဲ့သည်။ ထိုအချိန်တွင် လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ပုံမှန်အတိုင်း သက်ရှိအားလုံး၏ ဂုဏ်ပြုခြင်းကို ခံယူရန် ထျန်းချင်းတောင်သို့ ပြန်သွားစေခဲ့သည်။
ထို့အပြင် လင်းယွမ်၏ တာဝန်ပေးမှုအောက်တွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ထျန်းချင်းကမ္ဘာ၏ တရားဝင် ကျင့်ကြံခြင်းစနစ်ဖြစ်လာပြီး မူလကျင့်ကြံခြင်းစနစ်နှင့် ဘေးချင်းယှဉ်၍ ရပ်တည်နိုင်ခဲ့သည်။
လင်းယွမ်၏ လွှမ်းမိုးမှုနှင့်အတူ ရာစုနှစ်အနည်းငယ်ကြာသောအခါ ထျန်းချင်းကမ္ဘာ၏ မူလကျင့်ကြံခြင်းစနစ်ကို သိုင်းတာအိုက လုံးဝ အစားထိုးသွားပေလိမ့်မည်။
အနက်ရောင်မြူခိုးတောင်တန်းတွင် လင်းယွမ်၏ စိတ်အသိက အမြစ်နေရာတွင် စုစည်းနေသည်။ ထိုနေရာတွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေသည်။
" အချိန်ပြည့်ခါနီးပြီ။ " လင်းယွမ်က တွေးလိုက်သည်။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ကိုင်တွယ်ရမည့်အချိန်ဖြစ်လေသည်။
လင်းယွမ်က ဆက်လက်စောင့်ဆိုင်းနေလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ဆက်သွယ်မှုဖြတ်တောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်လေသည်။
ထိုအတွေးဖြင့် လင်းယွမ်က အနက်ရောင်မီးတောက်များမှ တစ်ဆင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ဆက်သွယ်လိုက်သည်။
လင်းယွမ်နှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်တို့က အနက်ရောင်မီးတောက်မှတစ်ဆင့် ဆက်သွယ်နိုင်ကြလေသည်။ အစတွင် လင်းယွမ်ဘက်မှစ၍ ဆက်သွယ်နိုင်ခြင်းမရှိခဲ့သော်လည်း သူ၏ စွမ်းရည်များကို ရရှိပြီးနောက် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို အချိန်မရွေး ဆက်သွယ်နိုင်စေခဲ့သည်။ အခြားနည်းလမ်းမရှိပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်နိုင်ရန် လင်းယွမ်က တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။
အမှန်တော့ လင်းယွမ်က အတွေးလွန်နေခြင်းဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ မူလစွမ်းအားများကို ဆုံးရှုံးခံပြီး ထွက်သွားမည်မဟုတ်ပေ။ သူက စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးပြီး သူ၏ မျှော်လင့်ချက်များကို လင်းယွမ်အပေါ်တွင် ပုံအပ်ထားခဲ့သည်။
ထို့ကြောင့် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ဆက်သွယ်ပြီး အဆင့်ငါးသို့ ကြီးထွားလာပြီဖြစ်ကြောင့် ပြောပြသောအခါ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
" အခွင့်အရေး... ငါ စောင့်မျှော်နေတဲ့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ " ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က အဝေးမှ ကမ္ဘာကြီးကို တက်ကြွစွာ ကြည့်နေသည်။
မိစ္ဆာနတ်ဘုရားစစ်မြေပြင်ကို ဖျက်ဆီးပြီးနောက် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ တန်ပြန်တိုက်ခိုက်မှုကို တားဆီးရန် ကမ္ဘာဓားကို ချန်ထားခဲ့သည်။
လက်တွေ့တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က မူလစွမ်းအား ငါးဆယ်ရာခိုင်နှုန်းသာ ရှိတော့ပြီး မိစ္ဆာနတ်ဘုရား စစ်မြေပြင်ကို ဆုံးရှုံးပြီးနောက် နောက်ထပ်လှုပ်ရှားမှုများ မပြုလုပ်ရဲတော့ပေ။
" ငါ စိုက်ပျိုးခဲ့တဲ့ မျိုးစေ့က ထျန်းချင်းကမ္ဘာကို ငါဆင်းသက်ဖို့ သော့တစ်ခုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ကျေနပ်နေသည်။
လင်းယွမ်က သူ့ကို လှည့်စားနေမည်ဟု ဘယ်တော့မှတွေးမိမည်မဟုတ်ပေ။ သူ၏ မျိုးဆက်အနေဖြင့် သူက လင်းယွမ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိလေသည်။
" ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နဲ့ အခြားသူတွေ ပြန်လာတော့ မင်းကို သတိမထားမိကြဘူးလား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က မေးလိုက်သည်။
" ဘိုးဘေး ကျွန်တော်ပုန်းနေတဲ့ အနက်ရောင်မြူခိုးတောင်တန်းက ထိပ်ဆုံးတောင်တန်းဆယ်ခုကြားမှ ထင်ပေါ်ခြင်းမရှိလို့ အာရုံစိုက်မှုမခံရပါဘူး။ " လင်းယွမ်က ကျေနပ်စွာ ပြောလိုက်သည်။
" အဲ့ဒါကောင်းတယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ပြောလိုက်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လင်းယွမ်ကို သတိထားမိခဲ့လျှင် သူ့ကို ဘယ်လိုလုပ်ဆက်သွယ်နိုင်မှာလဲ။
" အခုကစပြီး ပြင်ဆင်တော့။ သုံးရက်အတွင်း လေဟာနယ်လမ်းကြောင်းကို ဖွင့်မယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ညွှန်ကြားချက် အနည်းငယ် ပေးပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
လေဟာနယ်လမ်းကြောင်းကို မဖွင့်မီ သုံးရက်စောင့်ရသည့် အကြောင်းရင်းမှာ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကိုယ်ပိုင်အစီအစဉ်ဖြစ်သည်။ သူ၏ အရွယ်အစားက ကြီးမားလွန်းသော်လည်း ထျန်းချင်းကမ္ဘာနှင့် ယှဉ်လျှင် မထင်ရှားပေ။ သို့သော် ထျန်းချင်းကမ္ဘာသို့ ထိုအရွယ်အစားနှင့် ဆင်းသက်လျှင် အာရုံစိုက်မှုခံရနိုင်လေသည်။ ထို့အပြင် ထိုကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်က လေဟာနယ်လမ်းကြောင်းကို ဖိအားဖြစ်စေနိုင်လေသည်။
ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ ခန္ဓာကိုယ်ကို မီတာတစ်ရာအထိ ချုံ့ပစ်မည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ပြီး လေဟာနယ်လမ်းကြောင်းကို ဖြတ်ပြီးသောအခါ ပုန်းကွယ်ပြီး ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို စုပ်ယူရန် အချိန်ရမည်ဖြစ်သည်။
" ငါ ထျန်းချင်းကမ္ဘာရဲ့ မူလရင်းမြစ်အားလုံးကို စုပ်ယူနိုင်ရင် အဲ့ဒါက ထိုက်တန်ပါတယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က တွေးလိုက်သည်။
အထင်ရှားဆုံးမှာ ရှင်သန်နိုင်စွမ်းဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ခြင်းက အလွန်နာကျင်သော ဖြစ်စဉ်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကိုလည်း သက်ရောက်မှုရှိလေသည်။
ဟင်းလင်းပြင်ထဲမှ မိစ္ဆာနတ်ဘုရားများ၏ ခန္ဓာကိုယ်များမှာ အလွန်ကြီးမားလှသည်။ အရွယ်အစားကြီးမားခြင်းက လျင်မြန်မှုကို လျော့ကျစေသော်လည်း အကျိုးကျေးဇူးများစွာ ရှိလေသည်။
မိုင်တစ်သန်းမြင့်မားသော မိစ္ဆာနတ်ဘုရားနှင့် မိုင်တစ်သောင်းရှည်သော မိစ္ဆာနတ်ဘုရားတို့က စွမ်းအားစုပ်ယူမှု ဘယ်သူက ပိုသာမလဲ။ ဟင်းလင်းပြင်ထဲတွင် နေထိုင်ခြင်းက ရှင်သန်ရန် ခက်ခဲလှပြီး မိစ္ဆာနတ်ဘုရားများပင် အချည်းနှီး သေသွားနိုင်လေသည်။
မိစ္ဆာနတ်ဘုရားများက ကမ္ဘာတစ်ခုကို ရှာတွေ့ခြင်းမှာ ရှားပါးသော ဖြစ်ရပ်ဖြစ်လေသည်။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာကို ဆင်းသက်ရန် အလွန်စိတ်အားထက်သန်နေခြင်းဖြစ်သည်။