ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တိုက်ခိုက်ခြင်း....
Vol. 19 Ch. 293
အနက်ရောင်မြူခိုးတောင်တန်း။
" သုံးရက်လား။ " လင်းယွမ်က စဉ်းစားနေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သုံးရက်ကြာမှ လေဟာနယ်လမ်းကြောင်းကို ဖွင့်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့သော် သူ၏ အစီအစဉ်အတွင်း ရှိနေဆဲ ဖြစ်သည်။
ထိုအရာများကို စဉ်းစားပြီးသောအခါ လင်းယွမ်က အောက်မှ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
" မင်းတို့ အားလုံးကို ပြင်ဆင်ပြီလား။ " လင်းယွမ်က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
" သခင် ယင်ယန်ပြောင်းပြန်ကောင်းကင်ကိုးပါး မဟာမှော်အင်းကွက်ကို ပြင်ဆင်ပြီးပါပြီယ အတွင်းမှာ သတ္တမအလွှာ ၁၆ ယောက်၊ ဆဋ္ဌမအလွှာ အထွတ်အထိပ် ၈၈ယောက်၊ ဆဋ္ဌမအလွှာ ၉၄ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ "
" ပြီးတော့ ကျွန်တော်တို့က မိုးကြိုးဖန်တီးခြင်းပုလဲ ၁၃လုံးကိုလည်း ယူလာခဲ့ပါတယ်။ အဲ့ဒီ မိုးကြိုးဖန်တီးခြင်းပုလဲ ၁၃လုံးက ကျွန်တော်တို့ ထျန်းချင်းကမ္ဘာမှာ နှစ်ပေါင်းများစွာ ကြာအောင် စုဆောင်းထားတာ ဖြစ်ပါတယ်။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ရင်ကော့ပြီး ပြောလိုက်သည်။
" ကောင်းတယ်။ " လင်းယွမ်က ကျေနပ်သွား၏။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင် ပြောခဲ့သော ယင်ယန်ပြောင်းပြန်ကောင်းကင်ကိုးပါး မဟာမှော်အင်းကွက်မှာ ထျန်းချင်းကမ္ဘာတွင် အသန်မာဆုံး မှော်အင်းကွက်တစ်ခု ဖြစ်လေသည်။ ထိုမှော်အင်းကွက်က ထျန်းချင်းကမ္ဘာကို မှီခိုခြင်းသာ မဟုတ်ခဲ့လျှင် မိစ္ဆာနတ်ဘုရားစစ်မြေပြင်သို့ ရောက်သွားသည်မှာ ကြာပြီဖြစ်သည်။
ဆဋ္ဌမအလွှာမှ စ၍ ရာချီသော ကျင့်ကြံသူများ၏ စွမ်းအားများနှင့် လည်ပတ်နေသောကြောင့် ထိုမဟာမှော်အင်းကွက်၏ စွမ်းအားကို စိတ်ကူးယဉ်ကြည့်နိုင်လေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က အထွတ်အထိပ်တွင် ရှိနေလျှင်တောင် ထိုမှော်အင်းကွက်ထဲသို့ ကျသွားလျှင် အလွယ်တကူ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
မိုးကြိုးဖန်တီးခြင်းပုလဲများမှာ အသက်သွင်းလိုက်သည်နှင့် အဋ္ဌမအလွှာရှိသော ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။
ထျန်းချင်းကမ္ဘာ၏ ကောင်းကင်ကိုးပါးမိုးကြိုးက နှစ်သန်းချီ စုစည်းခဲ့သော်လည်း မိုးကြိုးဖန်တီးခြင်းပုလဲ ၁၅ လုံးသာ ထုတ်ပေးနိုင်ခဲ့သည်။ ယခင်အသုံးပြုခဲ့သည့်အရာများမှလွဲ၍ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က မိုးကြိုးဖန်တီးခြင်းပုလဲ ၁၃လုံးကို ယူဆောင်လာခဲ့သည်။
မိုးကြိုးဖန်တီးခြင်းပုလဲက ကြောက်စရာကောင်းသော်လည်း အားနည်းချက်များ ရှိလေသည်။ တစ်ခုမှာ ၎င်းကို အသက်သွင်းနေချိန်တွင် မိုးခြိမ်းသံများ ထွက်ပေါ်နေပေလိမ့်မည်။ ထိုအချိန်တွင် ဝှက်ဖဲတစ်ခု အသုံးပြုနေသည်ကို အရူးတစ်ယောက်ပင် သိနိုင်လေသည်။ ထို့နောက် ရှောင်တိမ်းရန် ကြိုးစားပေလိမ့်မည်။
သို့သော် လင်းယွမ်က ထိုအားနည်းချက်ကို ထည့်တွက်ထားပြီးဖြစ်သည်။ သူက မိုးကြိုးဖန်တီးခြင်းပုလဲကို ကြိုတင်အသက်သွင်းထားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်လာချိန်တွင် ၎င်းကို အသက်သွင်းနိုင်လုနီးပါး ဖြစ်နေပေလိမ့်မည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က မိုးကြိုးဖန်တီးခြင်းပုလဲများကို သတိထားမိချိန်တွင် တုန့်ပြန်ချိန် ရမည်မဟုတ်ပေ။
" နည်းနည်း လိုနေတုန်းပဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။
ကမ္ဘာဓားက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၏ ရှေ့သို့ ပျံသန်းရောက်ရှိလာသည်။ ထိုကမ္ဘာဓားကို ထျန်းချင်းကမ္ဘာမှ လူများသာ အသက်သွင်းနိုင်လေသည်။ လင်းယွမ်က ၎င်းကို ဖိနှိပ်နိုင်သော်လည်း အသက်သွင်းနိုင်ခြင်းမရှိပေ။
ထို့အပြင် နတ်ဆိုးသစ်ပင်၏ မိစ္ဆာစွမ်းအားများက ကမ္ဘာဓား၏ သန့်စင်သော စွမ်းအားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ လင်းယွမ်က ကမ္ဘာဓားကို ယူဆောင်ထားခြင်းမှာ ထျန်းချင်းကမ္ဘာ၏ လည်ပတ်မှုကို ဆင်ခြင်နိုင်ရန် ဖြစ်သည်။
" မင်း ဒီဓားနဲ့ မိစ္ဆာနတ်ဘုရားကို ကိုင်တွယ်နိုင်တယ်ဆိုတာ အာမခံနိုင်လား။ " လင်းယွမ်က ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို မေးလိုက်သည်။
ကမ္ဘာဓားက ထျန်းချင်းကမ္ဘာ၏ အသန်မာဆုံး အခြေခံအုတ်မြစ်ဖြစ်လေသည်။ သူက အသက်မသွင်းနိုင်သောကြောင့် မူလပိုင်ရှင်ကို ပြန်ပေးရပေလိမ့်မည်။ ထို့အပြင် လင်းယွမ်က ယခု ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး သူ့အတွက် သိပ်ထူးခြားမသွားပေ။
" သခင် စိတ်ချပါ။ ကျွန်တော် ဒီဓားကို ကိုင်ထားရုံနဲ့ ဘိုးဘေးနတ်ဆိုးသစ်ပင်ကို သေချာပေါက် နှိမ်နင်းနိုင်ပါလိမ့်မယ်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က သိသိသာသာ စိတ်လှုပ်ရှားနေသည်။ ကမ္ဘာဓားက ထျန်းချင်းကမ္ဘာနှင့် နီးကပ်သည်နှင့်အမျှ ပို၍ စွမ်းအားကောင်းလာပြီး ယခု ထျန်းချင်းကမ္ဘာထဲတွင် ရှိသောကြောင့် ၎င်း၏ စွမ်းအားက ကြောက်စရာကောင်းအောင် ပြင်းထန်ပေလိမ့်မည်။
" အချိန်ကျခါနီးပြီ။ " လင်းယွမ်က နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ယင်ယန်ပြောင်းပြန်ကောင်းကင်ကိုးပါး မဟာမှော်အင်းကွက်၊ မိုးကြိုးဖန်တီးခြင်းပုလဲနှင့် ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်တို့ကို အဆင့်ဆင့် ရင်ဆိုင်ရပေလိမ့်မည်။ သူက အားလုံးကို ခုခံနိုင်ခဲ့လျှင်တောင် နောက်ဆုံးတွင် လင်းယွမ် ရှိနေသေးသည်။
နှစ်တစ်ရာကျော်အတွင်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် လင်းယွမ်ကိုယ်တိုင်ပင် သူ၏ ခွန်အားကို သေချာမပြောနိုင်ပေ။
အချိန်များကုန်လွန်လာပြီး သုံးရက်က ခနအတွင်း ပြည့်သွားခဲ့သဘ်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အနည်းငယ် မသက်မသာဖြစ်နေပြီး လင်းယွမ်ကို နောက်တစ်ကြိမ် စစ်ဆေးလိုက်သည်။
" မင်းဖွင့်မယ့် လေဟာနယ်လမ်းကြောင်းရဲ့ ပတ်ဝန်းကျင်က လုံခြုံတယ်ဆိုတာ သေချာရဲ့လား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်က တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြသော ကျင့်ကြံသူတစ်ရာကျော်၊ မိုးကြိုးဖန်တီးခြင်းပုလဲများနှင့် ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်တို့ကို ကြည့်လိုက်သည်။
" လုံးဝ လုံခြုံတယ်။ " လင်းယွမ်က အာမခံလိုက်သည်။ " ဘိုးဘေး စိတ်ချပါ ကျွန်တော်ကို မယုံဘူးလား။ "
ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ပြောပြီး လင်းယွမ်က လေဟာနယ်လမ်းကြောင်းကို စတင်ဖွင့်လှစ်လိုက်သည်။
ဝုန်း...
အားနည်းသော လေဟာနယ်စွမ်းအားက စုစည်းလာပြီး ဝင်ပေါက်တစ်ခု စတင်ဖွဲ့စည်းလာသည်။
ကမ္ဘာအပြင်ဘက်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ်က မီတာခြောက်ဆယ်ဝန်းကျင်သာ ရှိတော့လေသည်။
" နောက်ဆုံးတော့ လေဟာနယ်လမ်းကြောင်းကို ဖွင့်နေပြီ။ ငါ ဒီနေ့ကို စောင့်နေခဲ့တာ ကြာပြီ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။
" ငါလိုတဲ့အချိန်က နာရီဝက်တောင်မကြာဘူး။ ပြီးရင် ငါက လျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ထျန်းချင်းကမ္ဘာရဲ့ မူလရင်းမြစ်ထဲကို ပေါင်းစည်းနိုင်လိမ့်မယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က အချိန်ကို တွက်ချက်နေသည်။
လေဟာနယ်လမ်းကြောင်းကို ဖွင့်လိုက်သည်နှင့် လေဟာနယ်အတက်အကျများက ပျံ့နှံ့သွားမည်ဖြစ်ပြီး ထျန်းချင်းကမ္ဘာ၏ ကျင့်ကြံသူများက အချိန်အတော်ကြာမှ သတိပြုမိပေလိမ့်မည်။
ထျန်းချင်းကမ္ဘာအတွက် နာရီဝက်က တိုတောင်းလှပြီး သန်မာသော ကျင့်ကြံသူများ ရောက်လာချိန်တွင် သူက ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်နှင့် ပေါင်းစည်းသွားပြီဖြစ်ပြီး ဘယ်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။ ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို ဝါးမျိုပြီးသည်နှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကြောက်စရာကောင်းအောင် သန်မာလာပေလိမ့်မည်။
" ဟားဟားဟား ထျန်းချင်းကမ္ဘာရေ ငါလာပြီဟေ့...." ဘိုးဘေးနတ်ဆိုးသစ်ပင်က စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး လေဟာနယ်လမ်းကြောင့်အောင်မြင်စွာ ဖွင့်လှစ်နိုင်သည်ကို အတည်ပြုပြီးနောက် အတွင်းသို့ စိတ်ချလက်ချ ဝင်ရောက်သွားခဲ့သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်ပြီး အနက်ရောင်မြူခိုးတောင်တန်းထဲသို့ ရောက်သွားခဲ့သည်။
" ဒါက..." ဘိုးဘေးနတ်ဆိုးသစ်ပင်က ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရမီ အနံ့တစ်ခု ရလိုက်ပြီး ပျော်ရွှင်သွားခဲ့သည်။
" မွှေးလိုက်တဲ့ အနံ့လေး။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က သက်သောင့်သက်သာ ခံစားနေရပြီး ယခုပတ်ဝန်းကျင်က ဟင်းလင်းပြင်တွင် နေထိုင်သည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
" လျို့ဝှက်နည်းစနစ်ကို မြန်မြန် အသုံးချရမယ်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က လျင်မြန်စွာ သတိဝင်လာသည်။
" ဟမ် " ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ ပတ်ဝန်းကျင်ကို စတင်ကြည့်ရှုလိုက်ပြီး လင်းယွမ်ကို သတိထားမိသွားသည်။
" မင်း..." ကမ္ဘာအတားအဆီးမရှိတော့သည်နှင့် လင်းယွမ်က အဆင့်ခြောက်အထိ ကြီးထွားနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ထို့အပြင် အဆင့်ခြောက်၏ အထွတ်အထိပ်တွင် ရှိနေလေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ဆီမှ ထွက်ပေါ်နေသော တုန်လှုက်ဖွယ်ရာ အော်ရာတစ်ခုကို ခံစားလိုက်ရသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က လက်ရှိတွင် မူလစွမ်းအား ထက်ဝက်သာရှိပြီး အထွတ်အထိပ်နှင့် ဝေးကွာနေသော်လည်း မူလစွမ်းအား ဆယ်ပုံတစ်ပုံသာ ကျန်နေလျှင်တောင် သူ၏ မျိုးဆက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုကဲ့သို့ မခံစားသင့်ပေ။
" တစ်ခုခုမှားနေပြီ။ " ဘိုးဘေးနတ်ဆိုးသစ်ပင်က ချက်ချင်း သတိဝင်လာပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။
သို့သော်....
ခရက်....
သူ၏ ရှေ့မှ လေဟာနယ်လမ်းကြောင်း ဖြည်းညင်းစွာ ပြိုကွဲသွားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်က နေရာတွင် မှင်သက်နေသည်။
ထိုခနတွင် ကြောက်စရာကောင်းသော အော်ရာတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။ ယင်ယန်ပြောင်းပြန်ကောင်းကင်ကိုးပါးမဟာမှော်အင်းကွက်က ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်း မိုးကြိုးဖန်တီးခြင်းပုလဲများက ကြောက်းရာကောင်းသော စွမ်းအားအတက်အကျများကို ထုတ်လွှတ်လာသည်။ ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအားများက စုစည်းလာပြီး မိုင်တစ်သန်းကျယ်သော ကောင်းကင်ကိုးပါး မိုးကြိုးရေကန်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ဖုံးလွှမ်းသွားသည်။