ဘိုးဘေးဖြစ်ချင်သော နတ်ဆိုးသစ်ပင်များ....
Vol. 19 Ch. 294
ယင်ယန်ပြောင်းပြန်ကောင်းကင်ကိုးပါး မဟာမှော်အင်းကွက်က ကျင့်ကြံသူတစ်ရာကျော်ဖြင့် ပြည့်ဝစွာ အသက်ဝင်လာသည်။ ထိုခနတွင် ကမ္ဘာဓားကို ကိုင်ဆောင်ထားသော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကလည်း ဓားချက်တစ်ချက် ထုတ်ဖော်လိုက်ပြီး လေဟာနယ်က အက်ကွဲကာ ကြောက်စရာကောင်းသော စွမ်းအားက ဆင်းသက်လာသည်။
" မဟုတ်ဘူး။ " ထိုဖြစ်ရပ်ကို မြင်သောအခါ ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒေါသပေါက်ကွဲသွားသည်။
" ငါက ဘိုးဘေးနတ်ဆိုးပဲ..." ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ အစစ်အမှန်ခန္ဓာကို ထုတ်ဖော်လိုက်ပြီး မီတာခြောက်ဆယ်နတ်ဆိုးသစ်ပင်က လျင်မြန်စွာ ကြီးထွားလာသည်။
ဝုန်း....
ချက်ချင်း ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ်က အက်ကွဲသွားသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က မလှုပ်ရှားနိုင်မီ နောက်ထပ် တိုက်ခိုက်မှုများက ထွက်ပေါ်လာပြန်သည်။
" အား..." ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာမှ အသက်ရှင်လျှက် ထွက်သွားနိုင်တော့မည်မဟုတ်သည်ကို နားလည်သွားပြီး ကြောက်စရာကောင်းသော စိတ်စွမ်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း...
ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများက ပြိုကွဲသွားသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က မသေဆုံးမီ သူ၏ စိတ်ထဲတွင် အတွေးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ယခုအချိန်ထိ သူ၏ စိတ်ထဲတွင် အဖြစ်အပျက်များကို မရှင်းသေးပေ။ လေဟာနယ်လမ်းကြောင်း၏ အပြင်ဘက်တွင် ကျင့်ကြံသူများစွာက ဘာကြောင့် ရှိနေကြတာလဲ။ သူတို့က ဘာကြောင့် ထျန်းချင်းကမ္ဘာ၏ အဆုံးစွမ်သော စွမ်းအားကို အသုံးပြုခဲ့ကြတာလဲ။
နတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာနဲ့ ပူးပေါင်းသွားတာလား။ သို့သော် ၎င်းက မဖြစ်နိုင်ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်စေ နတ်ဆိုးသစ်ပင်ဖြစ်စေ သူတို့က ထျန်းချင်းကမ္ဘာနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေကြပြီး ပူးပေါင်းရန် အခွင့်အရေးမရှိပေ။
နတ်ဆိုးသစ်ပင်က ပူးပေါင်းချင်လျှင်တောင် ထျန်းချင်းကမ္ဘာက ဆန္ဒရှိမှ ရပေလိမ့်မည်။ သို့မဟုတ် ထျန်းချင်းကမ္ဘာက နတ်ဆိုးသစ်ပင်ကို ထိန်းချုပ်ထားတာလား။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ထိုခနတွင် ထျန်းချင်းကမ္ဘာ၏ အသန်မာဆုံးဖြစ်သော မဟာမိတ်ခေါင်းဆောင်နှင့် ကျင့်ကြံသူအားလုံးက နတ်ဆိုးသစ်ပင်အား လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ဝုန်း ဝုန်း ဝုန်း.....
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကြီးမားသော ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။ သန့်စင်သော မိစ္ဆာစွမ်းအားများနှင့်အတူ မူလရင်းမြစ်များက ပြန့်ကျဲသွားသည်။
" ရပ်လိုက် " လင်းယွမ်၏ စိတ်ဝိညာဉ်အတက်အကျက ထွက်ပေါ်လာသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျန်ရှိသော မူလရင်းမြစ်များက သူ၏ ရှေ့တွင် စုစည်းသွားပြီး ချက်ချင်း ဝါးမျိုလိုက်သည်။
အနက်ရောင်မြူခိုးတောင်တန်းတွင် လေဟာနယ်အက်ကြောင်းများက တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသော်လည်း အလိုအလျောက် ကုသမှုအောက်တွင် လျင်မြန်စွာ ပြန်ကောင်းလာကြသည်။ အကယ်၍ လင်းယွမ်သာ နှစ်တစ်ရာကျော်ကြာအောင် လေဟာနယ်စွမ်းအားများကို ပြုပြင်ထားခြင်းမရှိလျှင် ဟင်လင်းပြင်ပင် အလိုအလျောက် ပြန်ကောင်းလာနိုင်မည်မဟုတ်ပေ။
အဆုံးတွင် ယခုဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှုက ကြောက်စရာကောင်းလှသည်။ လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို အခွင့်အရေး မပေးမိစေရန် သူ၏ လက်အောက်ငယ်သားများကို ချုပ်နှောင်ထားခြင်းမရှိခဲ့ပေ။ နည်းစနစ်များနှင့် ပြင်ဆင်မှုအားလုံးကို ဘိုးဘေးနတ်ဆိုးသစ်ပင်ပေါ်တွင် အသုံပြုခဲ့သည်။
မည်သို့ပင်ဖြစ်စေ လင်းယွမ်က အချိန်တန်လျှင် ဤကမ္ဘာမှ ထွက်ခွာသွားမည်ဖြစ်သည်။ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုခြင်းမရှိလျှင် ဤကမ္ဘာမှ မည်သည့်အရာကိုမှ ယူသွားနိုင်မည်မဟုတ်ပေ။
" ဘိုးဘေး ဘိုးဘေးရှိသေးလား။ " ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မူလရင်းမြစ်များကို ဝါးမျိုပြီးနောက် လင်းယွမ်က စိုးရိမ်သော အသံနှင့် မေးလိုက်သည်။
သို့သော် လင်းယွမ်က ဘိုးဘေနတ်ဆိုးသစ်ပင်ဆီမှ တုန့်ပြန်မှု မရခဲ့ပေ။ လင်းယွမ်က မအံ့ဩပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး သူ၏ အော်ရာလည်း ပျောက်ကွယ်သွားခဲ့သည်။ ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဝင်သက်ထွက်သက်ကိုပင် မခံစားမိတော့ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးဆက်အနေဖြင့် နတ်ဆိုးသစ်ပင်က သူ၏ အော်ရာကို အလိုအလျောက် ခံစားမိနိုင်လေသည်။
မည်မျှဝေးကွာသည်ဖြစ်စေ ကမ္ဘာအတားအဆီးများ ခြားနားထားလျှင်တောင် ဝေဝါးစွာ ခံစားနိုင်လေသည်။ ယခု မည်သည်ကိုမှ မခံစားမိသောကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က သေဆုံးသွားသည်မှာ သေချာလေသည်။
" ဒါပဲလား...." လင်းယွမ်က သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည်။
အစတွင် သူက ဘိုးဘေးနတ်ဆိုးနှင့် အနည်းငယ် တိုက်ခိုက်ချင်ခဲ့သည်။ သူက ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ကို ထိန်းချုပ်မထားရန် ပြောခဲ့သော်လည်း လက်တွေ့တွင် သူက အသန်မာဆုံး ပြင်ဆင်မှုဖြစ်လေသည်။
အနက်ရောင်မြူခိုးတောင်တန်းထဲတွင် လင်းယွမ်က သူ၏ အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။
" သခင် ကျွန်တော်တို့ အခုဘာလုပ်ရမလဲ။ " ထိုအချိန်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် ကျင့်ကြံသူများက ရှေ့တိုးပြီး ရိုသေစွာ မေးလိုက်ကြသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင် ထွက်ပေါ်လာသည့်အချိန်မှ စ၍ သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိဘဲ လင်းယွမ်က ရပ်လိုက်ဟု ပြောမှသာ သူတို့ရပ်ကြခြင်းဖြစ်သည်။
" မင်းတို့အားလုံး ပြန်သွားကြ။ " လင်းယွမ်က အမိန့်ပေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က လုံးဝ သေဆုံးသွားပြီဖြစ်သော်လည်း လင်းယွမ်က နောက်ထပ် ဖြေရှင်းရန် ပြဿနာတစ်ခု ရှိနေသေးသည်။ ၎င်းမှာ အခြားနတ်ဆိုးသစ်ပင်များဖြစ်ကြသည်။
ပထမဆုံး သူက မိစ္ဆာနတ်ဘုရား နတ်ဆိုးသစ်ပင်များ၏ လျို့ဝှက်ချက်များကို နာယလည်ရန် လိုအပ်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အသက်ရှင်နေချိန်တွင် အခြားနတ်ဆိုးသစ်ပင်များ၏ အကြွင်းမဲ့ အုပ်ချုပ်သူဖြစ်ပြီး နတ်ဆိုးသစ်ပင်တိုင်းက သူ၏ အမိန့်ကို နာခံကြလေသည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးတစ်ခု ဖြစ်လေသည်။
နောက်တစ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုလည်း ရှိလေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ၏ လက်အောက်ခံနတ်ဆိုးသစ်ပင်များကို အတွေးတစ်ချက်နှင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။
လင်းယွမ်ကတော့ ခြွင်းချက်ဖြစ်လေသည်။ သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဖြတ်၍ စိတ်အသိနှင့် သေခါနီး နတ်ဆိုးသစ်ပင်ထံသို့ ဆင်းသက်လာခဲ့သည်။
မူလနတ်ဆိုးသစ်ပင်ကို အစားထိုးခဲ့သော်လည်း သူက ဘိုးဘေးနတ်ဆိုးသစ်ပင်အပေါ် သစ္စာစောင့်သိသော ချုပ်နှောင်မှုများ မရှိပေ။
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ချုပ်နှောင်မှုများက ဘိုးဘေးနတ်ဆိုးသစ်ပင် အသက်ရှင်နေချိန်တွင်သာ ကန့်သတ်နိုင်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင် သေဆုံးသွားသည်နှင့် ကန့်သတ်ချက်အားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
မရေတွက်နိုင်သော နတ်ဆိုးသစ်ပင်များ၏ စိတ်ထဲတွင် အတွေးတစ်ခုက ရောက်လာပေလိမ့်မည်။ ၎င်းမှာ အဆင့်ခုနှစ်သို့ ကြီးထွားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်လုပ်ရန် ဖြစ်သည်။
လင်းယွမ်က အခြားနတ်ဆိုးသစ်ပင်များ၏ တည်ရှိမှုကို ခံစားနေရလေသည်။ ထိုနတ်ဆိုးသစ်ပင်များက ဘိုးဘေးနတ်ဆိုးသစ်ပင် ချန်ထားခဲ့ခြင်းဖြစ်ပြီး ရတနာများ သို့မဟုတ် လျို့ဝှက်နယ်မြေများကို စောင့်ကြပ်ရန်ဖြစ်လေသည်။ ယခု ထိုနတ်ဆိုးသစ်ပင်များက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ သေဆုံးမှုကို ခံစားမိသွားကြပြီဖြစ်သည်။
" ဘိုးဘေးက သေသွားပြီ။ "
" ဘိုးဘေးက အရမ်းစွမ်းအားကောင်းတာကို ဘယ်လိုလုပ် သေသွားတာလဲ။ "
" ဘိုးဘေးက သေသွားပြီ။ ငါ ဘိုးဘေးနတ်ဆိုးသစ်ပင်လုပ်မယ်။ "
သူတို့၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးသစ်ပင်များက ရည်မှန်းချက်များ ဖြစ်ပေါ်လာကြသည်။ တစ်ချိန်တည်းတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်အမျိုးမျိုးက နတ်ဆိုးသစ်ပင်များတွင် နိုးထလာခဲ့ကြသည်။
" အားလုံးက ဘိုးဘေးဖြစ်ချင်တာလား။ " လင်းယွမ်က အေးစက်စွာ ရေရွတ်လိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်ကို သူက ဂရုမစိုက်သော်လည်း အဆုံးတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို သတ်လိုက်သူက သူဖြစ်လေသည်။ ထို့ကြောင့် လင်းယွမ်က သူ၏ အသီးအပွင့်များကို အခြားသူများ ခူးဆွတ်ခွင့်ပြုမည်မဟုတ်ပေ။
" ဒါဆို ငါက ဘိုးဘေးနတ်ဆိုးသခင်ဖြစ်လာရမှာပေါ့..." လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိပေ။
ဤခရီးက စိတ်အသိဆင်းသက်ခြင်းသာ ဖြစ်သောကြောင့် သူက ဤကမ္ဘာတွင် မည်သည့်ပုံစံဖြစ်လာသည်ဖြစ်စေ မူလကမ္ဘာသို့ ပြန်သွားလျှင် သူ၏ မူလပုံစံသာ ပြန်ဖြစ်သွားပေလိမ့်မည်။ လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်လာသည့် ခံစားချက်ကို ခံစားကြည့်ချင်သေးသည်။
နတ်ဆိုးသစ်ပင်များ၏ ကြီးထွားမှုက အဆင့်ရှစ်ဆင့် ရှိလေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အဆင့်ရှစ်ဟု ပြောသော်လည်း အစစ်အမှန် ဝင်ရောက်သွားခြင်း မရှိသေးပေ။ အတိအကျပြောရလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်က အဆင့်ခုနှစ်သာ ရှိနေသေးသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင် သေဆုံးပြီးနောက် အဆင့်ခုနှစ်သို့ ပထမဆုံးရောက်သော နတ်ဆိုးသစ်ပင်က ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်လာပေလိမ့်မည်။
နတ်ဆိုးသစ်ပင်များအတွက် အဆင့်ခုနှစ်က အကန့်အသတ်တစ်ခုကို ရည်ညွှန်းလေသည်။ အဆင့်ခုနှစ်သို့ ရောက်သွားသော နတ်ဆိုးသစ်ပင်က ဘိုးဘေးနတ်ဆိုးအသက်ရှင်နေလျှင်တောင် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်လေသည်။
ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်က နတ်ဆိုးသစ်ပင်များကို အဆင့်ခုနှစ်သို့ ချိုးဖျက်ခွင့်မပြုခြင်းဖြစ်သည်။ အဆင့်ခုနှစ် နတ်ဆိုးသစ်ပင် ထွက်ပေါ်လာလျှင်တောင် မည်မျှဝေးကွာသည်ဖြစ်စေ ဘိုးဘေးနတ်ဆိုးသစ်ပင်က ၎င်းကို ခံစားမိနိုင်လေသည်။
ထို့ကြောင့်ပင် လင်းယွမ်က အဆင့်ခြောက် အထွတ်အထိပ်သို့ ရောက်ခဲ့သော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင် သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် အဆင့်ခုနှစ်သို့ ချိုးဖျက်ရန် တုန့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။