ဘိုးဘေးနတ်ဆိုးသစ်ပင်အသစ်....
Vol. 19 Ch. 295
သို့သော် ယခု လင်းယွမ်က စိုးရိမ်စရာမလိုတော့ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဖိနှိပ်မှုကြောင့် လင်းယွမ်မှလွဲ၍ အခြားနတ်ဆိုးသစ်ပင်အားလုံး၏ အမြင့်ဆုံးကြီးထွားမှုက အဆင့်ငါးသာ ရှိကြလေသည်။ သူတို့က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းရည်များစွာကို နိုးထနိုင်လျှင်တောင် အချိန်တိုအတွင်း အဆင့်ခုနှစ်သို့ ရောက်နိုင်ကြမည်မဟုတ်ပေ။
ထို့ကြောင့် လင်းယွမ်က ဖိအားများမရှိပေ။ ပြင်ဆင်မှုအချို့ပြုလုပ်ပြီးလျှင် သူက အဆင့်ခုနှစ်သို့ ချိုးဖျက်နိုင်ပြီဖြစ်သည်။ အမှန်တွင် အဆင့်ခြောက် အထွတ်အထိပ်တွင် ရှိနေသော နတ်ဆိုးသစ်ပင်တစ်ပင်က အဆင့်ခုနှစ်သို့ စိန်ခေါ်ခြင်းမှာ အန္တရာယ်များ ရှိလေသည်။
နတ်ဆိုးသစ်ပင်တစ်ပင်၏ ကြီးထွားမှုအဆင့်တိုင်းက အသွင်ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုလေသည်။ သို့သော် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မူလရင်းမြစ်များစွာကို ဝါးမျိုပြီးနောက် သူ့အတွက် အန္တရာယ်မရှိသလောက် ဖြစ်နေပြီဖြစ်သည်။
ထို့အပြင် လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အဆင့်ခုနှစ်သို့ မချိုးဖျက်နိုင်ခဲ့လျှင် ဆင်းသက်ခြင်းကို အဆုံးသတ်၍ မူလကမ္ဘာသို့ ပြန်သွားနိုင်လေသည်။
ဝုန်း ဝုန်း ဝုန်း....
ဆယ်ရက်ကြာပြီးသောအခါ လင်းယွမ်က အဆင့်ခုနှစ် နတ်ဆိုးသစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။ အဆင့်ခုနှစ်သို့ တက်လှမ်းပြီးချိန်တွင် လင်းယွမ်က အံ့ဩစရာကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
အစတွင် လင်းယွမ်က အခြားနတ်ဆိုးသစ်ပင်များ၏ တည်ရှိမှုကို မသိခဲ့ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ သေဆုံးမှုနှင့်အတူ သူက အဝေးမှ နတ်ဆိုးသစ်ပင်များ၏ တည်ရှိမှုကို ဝေဝါးစွာ ခံစားခဲ့ရသည်။ ထို့အတူ အခြားနတ်ဆိုးသစ်ပင်များကလည်း လင်းယွမ်၏ တည်ရှိမှုကို ခံစားနိုင်လေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်အသစ် မထွက်ပေါ်လာမီ နတ်ဆိုးသစ်ပင်အားလုံးက တန်းတူသာဖြစ်သည်။ ယခု အဆင့်ခုနှစ်သို့ ချိုးဖျက်ပြီးနောက် ဝေဝါးသော ခံစားချက်က ပြည့်စုံသော ထိန်းချုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လင်းယွမ်၏ အခွင့်အာဏာက နတ်ဆိုးသစ်ပင်အားလုံးနှင့် အတင်းအကျပ် ချိတ်ဆက်သွားခဲ့သည်။ လင်းယွမ်က နတ်ဆိုးသစ်ပင်များ၏ သေခြင်းရှင်ခြင်းကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ရိုးရှင်းစွာ ပြောရလျှင် လင်းယွမ်က ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်လေသည်။ နတ်ဆိုးသစ်ပင်အားလုံးကလည်း ၎င်းကို သိရှိခဲ့ပြီး သူတို့၏ အတွေးအခေါ်နှင့် ကန့်သတ်ချက်များကလည်း ပြောင်းလဲသွားခဲ့သည်။
ယခုချိန်မှစ၍ ထိုနတ်ဆိုးသစ်ပင်များ၏ စိတ်ထဲတွင် လင်းယွမ်ကို အကြွင်းမဲ့ သစ္စာစောင့်သိသွားပြီဖြစ်သည်။ ယခင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ သေဆုံးမှုမှ ဖြစ်ပေါ်လာသော ရည်မှန်းချက်များနှင့် အတွေးများကလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ နတ်ဆိုးသစ်ပင်မျိုးနွယ်၏ သဘာဝပင်ဖြစ်၏။
ဘိုးဘေးနတ်ဆိုးသစ်ပင် အသက်ရှင်နေလျှင် သူတို့၏ စိတ်ထဲတွင် တူညီသော ဆန္ဒတစ်ခုသာ ရှိလေသည်။
" ကျွန်တော်တို့ ဘိုးဘေးကို အရိုအသေပေးပါတယ်။ "
" ကျွန်တော်တို့ ဘိုးဘေးကို အရိုအသေပေးပါတယ်။ "
" ကျွန်တော်တို့ ဘိုးဘေးကို အရိုအသေပေးပါတယ်။ "
လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ဖြစ်လာပြီးနောက် ကန့်သတ်ချက်များကို မချထားရသေးသောကြောင့် နတ်ဆိုးသစ်ပင်များက သူနှင့် ဆက်သွယ်နိုင်နေဆဲ ဖြစ်သည်။ ယခုမူ နတ်ဆိုးသစ်ပင်များက အခြားအတွေးများ မရှိဘဲ ဂုဏ်ပြုနေကြလေသည်။
" ကောင်းပြီ။ " လင်းယွမ်က အနည်းငယ် တုန့်ပြန်လိုက်သည်။
ယခင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ရက်စက်ကြမ်းကြုတ်သော သဘာဝနှင့်ယှဉ်လျှင် သူက ပို၍ သဘောကောင်းသည်ဟု ခံစားလိုက်ရသည်။
" အခုက စပြီး မင်းတို့နဲ့အတူ ရတနာတွေအားလုံးကို ယူခဲ့ကြ။ " လင်းယွမ်က နတ်ဆိုးသစ်ပင်များအားလုံးကို အမိန့်ထုတ်လိုက်သည်။
ယခင် ဘိုးဘေးနတ်ဆိုးသစ်ပင်က နတ်ဆိုးသစ်ပင်များစွာကို ဒေသအသီးသီးတွင် ထားခဲ့ခြင်းမှာ ချက်ချင်း မရယူနိုင်သေးသော စိတ်ဝိညာဉ်ရတနာများ သို့မဟုတ် ထူးခြားသော အရာများကို စောင့်ကြပ်ရန် ဖြစ်သည်။ ယခုအခါ အကျိုးအမြတ်များကို ရိတ်သိမ်းချိန်ရောက်လာပြီဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့အတွက် အမွေအနှစ်များ ချန်ထားခဲ့လေသည်။
" ဟုတ်ကဲ့ ဘိုးဘေး "
" ဘိုးဘေး ကျွန်တော် အခုထွက်လာပါပြီ။ "
" ဘိုးဘေး ကျွန်တော်နေရာကနေ ဘိုးဘေးဆီ ရောက်ဖို့ နှစ်ပေါင်း ၃၂၀ ကြာပါလိမ့်မယ်။ "
နတ်ဆိုးသစ်ပင်များက သူတို့၏ ကိုယ်ပိုင်အခြေအနေများကို စတင် တင်ပြလိုက်ကြသည်။ ဟင်းလင်းပြင်ထဲတွင် သွားလာရန် အဓိကပြဿနာမှာ ခံနိုင်ရည်နှင့် အသက်ရှင်နေထိုင်ပုံဖြစ်လေသည်။ ကမ္ဘာအတွင်း တွေ့ရတတ်သော နူးညံ့သည့် စွမ်းအားများမရှိဘဲ ထိုကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရန် မလွယ်ကူလှပေ။ဘ
သို့သော် နတ်ဆိုးသစ်ပင်များက ဟင်းလင်းပြင်အမြစ်များကို ပိုင်ဆိုင်ကြပြီး လင်းယွမ်က သူတို့၏ စွမ်းရည်များကို ကန့်သတ်မထားရန်သာ လိုအပ်လေသည်။
နတ်ဆိုးသစ်ပင်များ၏ ကိစ္စများကို ဖြေရှင်းပြီးနောက် သူလင်းယွမ်ကကိုသူ အာရုံစိုက်လိုက်သည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင် မိစ္ဆာနတ်ဘုရား... တော်တော်ထူးခြားတဲ့ ခံစားချက်ပဲ။ "
လင်းယွမ်က သူ၏ အကိုက်းအခက်များကို ဝှေ့ရမ်းလိုက်ပြီး အဆင့်ခုနှစ်သို့ ရောက်ပြီးနောက် လင်းယွမ်က မီတာတစ်သောင်းအထိ ကြီးထွားဘာခဲ့သည်။ အနက်ရောင်တောင်တန်းတစ်ခုလုံးကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်လေသည်။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်၏ အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်ပြီး ဟင်းလင်းပြင်ထဲတွင် လှည့်ပတ်နေသော ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အရွယ်အစားသို့ ရောက်လာပေလိမ့်မည်။
လင်းယွမ်က ၎င်းကို ဖိနှိပ်ခြင်းမရှိဘဲ ခွင့်ပြုထားသည်။ ထျန်းချင်းကမ္ဘာတစ်ခုလုံးက သူ၏ ထိန်းချုပ်မှုအောက် ရောက်နေပြီဖြစ်သောကြောင့် ဆက်လက်ပုန်းကွယ်နေရန် မလိုအပ်တော့ပေ။
" ထျန်းချင်းကမ္ဘာရဲ့ မူလရင်းမြစ်...." လင်းယွမ်က မြေပြင်သို့ ကြည့်နေပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ထူးခြားသော အာရုံက ထျန်းကမ္ဘာ၏ ကျယ်ပြောလှသော မူလရင်းမြစ်ကို ခံစားမိစေလေသည်။
လင်းယွမ်က ကမ္ဘာမူလရင်းမြစ်ကို ခံစားနိုင်ရုံသာမက ပေါင်းစည်းနိုင်စွမ်းလည်း ရှိလေသည်။ ထိုအချိန်တွင် ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်တစ်ခုလုံးက လင်းယွမ်၏ အစားအစာဖြစ်လာပြီး အလိုအလျောက် ဝါးမျိုပေလိမ့်မည်။ ၎င်းက ဟင်းလင်းပြင်အမြစ်များကဲ့သို့သော နည်းလမ်းများနှင့် ကွဲပြားပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်များသာ ကျွမ်းကျင်နိုင်လေသည်။
၎င်းက နတ်ဆိုးသစ်ပင်မျိုးနွယ်၏ ထူးခြားသော စွမ်းရည်ဖြစ်သည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်က ကျင့်ကြံသူတွေ တိုက်ခိုက်မှာ မစိုးရိမ်ဘဲ ထျန်းချင်းကမ္ဘာထဲ ဝင်ရောက်ဖို့ စိတ်အားထက်သန်နေတာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က နားလည်သွားသည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားနှင့်ဆိုလျှသ် ကမ္ဘာအပြင်ထက် အတွင်းပိုင်းတွင် ပို၍ သန်မာသော တိုက်ခိုက်ရေးစွမ်အားကို ထုတ်လွှတ်နိုင်လေသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာထဲသို့ ဆင်းသက်လာလျှင် ခြံထဲမှ ကြက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်နှင့် ပေါင်းစည်းနိုင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ချင်နေခြင်းဖြစ်သည်။ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ပင် ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ထဲသို့ မဝင်ရောက်နိုင်ပေ။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ဝင်ရောက်သွားလျှင် ကမ္ဘာရင်းမြစ်ကို လွတ်လပ်စွာ ဝါးမျိုနိုင်ပြီး လျင်မြန်စွာ သန်မာလာပေလိမ့်မည်။ မူလရင်းမြစ်ကို ဝါးမျိုခြင်းဖြင့် ထျန်းချင်းကမ္ဘာက အားနည်းသွားခြင်း သို့မဟုတ် ပျက်ဆီးခြင်းကို ကြုံတွေ့နိုင်သော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က စိုးရိမ်စရာမရှိပေ။
" ငါသာ ဆန္ဒရှိရင် ကမ္ဘာမူလရင်းမြစ်ထဲကို ပေါင်းစည်းပြီး မူလရင်းမြစ်တစ်ခုလုံးကို ဝါးမျိုပစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဗီဇက သူ့ကို ထိုသို့ပြုလုပ်ရန် တိုက်တွန်းနေလေသည်။
" ဒါပေမယ့် ငါက ဘိုးဘေးနတ်ဆိုးသစ်ပင်မဟုတ်ဘူး..."
လင်းယွမ်က ဤကမ္ဘာသို့ အလည်လာသူတစ်ယောက်သာ ဖြစ်ပြီး အချိန်ကုန်လျှင် သူနှင့်အတူ မည်သည်ကိုမှ မယူဆောင်နိုင်ဘဲ ပြန်သွားရပေလိမ့်မည်။
ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို ဝါးမျိုခြင်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးပြီး အဆင့်ရှစ်သို့ တွန်းပို့ပေးနိုင်လေသည်။
သို့သော် ၎င်းက လင်းယွမ်နှင့် ဘာဆိုင်လို့လဲ။ သူက ကြီးမားသော တန်ဖိုးကို ပေးပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကို မူလကမ္ဘာသို့ ယူဆောင်လိုခြင်းမရှိလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ခွန်အားက အလွန်ကြောက်စရာကောင်းသွားလျှင်တောင် သူနှင့် မသက်ဆိုင်ပေ။
လင်းယွမ်၏ အစီအစဉ်က ထျန်းချင်းကမ္ဘာကို တည်ငြိမ်စေပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းက အကျိုးကျေးဇူးများစွာ ရရှိနိုင်လေသည်။ အနည်းဆုံး ၎င်းက လင်းယွမ်၏ အနာဂတ် အန္တိမအသိအမြင်ကို အထောက်အကူပြုနိုင်လေသည်။
" ထျန်းချင်းကမ္ဘာရဲ့ မူလရင်းမြစ်အားလုံးကို ဝါးမျိုးရင်တောင် ဘိုးဘေးနတ်ဆိုးသစ်ပင်က နတ်ဆိုးသစ်ပင်တွေရဲ့ ဒဏ္ဍာရီအဆင့်ဖြစ်တဲ့ အဆင့်ရှစ်ကို ရောက်နိုင်မှာမဟုတ်ဘူး။ "
နတ်ဆိုးသစ်ပင်များ၏ ကျင့်ကြံခြင်းက သူတို့၏ အလားအလာပေါ်တွင် အခြေခံလေသည်။ ထို့ကြောင့် လင်းယွမ်က သူ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများနိုင်သောကြောင့် ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို ဝါးမျိုရန် စိတ်မကူးခဲ့ပေ။
" ဆက်ပြီးကျင့်ကြံရမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ဆက်လက်ကျင့်ကြံလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်လာသောအခါ လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် သီးသန့်နည်းစနစ်များကို နားလည်ခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ပေါင်းထည့်ရန် စဉ်းစားခဲ့သည်။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းသုံးရာ ကြာသွားခဲ့သည်။