နတ်ဘုရားလောကလျှို့ဝှက်ရတနာ
Vol. 017 Ch. 1647
ရီဖူရှင်း၏ နတ်ဝိညာဥ်က ဖိအားကို ဆန့်ကျင်ကာ ကောင်းကင်နန်းတော်သို့ စီးဆင်းသွားခဲ့သည်။ သို့သော် သူ့ရှေ့တွင် အင်ပါယာ၏ အရိပ်က ရပ်နေခဲ့ပြီး သူ့ကို ဖိနှိပ်ထားသည်။ မရေတွက်နိုင်သည့် နတ်အလင်းများက သူ၏ နတ်ဝိညာဥ် ထိုးဖောက်ဝင်ရောက်လာခြင်းမှ တားဆီးထားသည်။ ၎င်းက ဖြတ်ကျော်ရန် ခက်ခဲပေလိမ့်မည်။
ဘုန်း... ရီဖူရှင်း၏ အနီးတွင် တိုက်ပွဲအရိပ်အယောင်တို့ ထွက်ပေါ်လာပြီး သူ၏ နတ်ဝိညာဥ်ပင် ထွက်ပေါ်လာသည်။ သူက မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် နတ်အရှိန်အဝါတို့ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။
သူက အခုထိ မဝင်ရောက်နိုင်သေးသည်လား။
ရီဖူရှင်း၏ အသန့်စင်ဆုံး စွမ်းအားအပိုင်းအစက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာကာ နတ်ဝိညာဥ်အတွင်းသို့ ပေါင်းစပ်သွား၍ ကောင်းကင်နန်းတော်ဆီ တိုက်ရိုက် ပြေးဝင်သွားလေသည်။
ခြောက်ခြားဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး သူသည် စွမ်းအားဝင်ရောက်နိုင်ရန် အပေါက်ငယ်တစ်ခုကို ဖိအားပေးဖွင့်လှစ်နိုင်ခဲ့သလိုပင်ဖြစ်၏။ ဤဖိအား စွမ်းအားအောက်၌ သူ၏ နတ်ဝိညာဥ်သည် ကောင်းကင်နန်းတော်သို့ ကျူးကျော်ဝင်ရောက်သွားသည်။
သို့သော် သူက နတ်ဝိညာဥ်ကျူးကျော် ဝင်ရောက်ခြင်း၌ အခက်အခဲ ရှိနေဆဲ ဖြစ်သည်ကို မြင်တွေ့ရပေသည်။ သူသည် ကောင်းကင်နန်းတော်အတွင်း ဝင်ရောက်သွားပြီကို ခံစားမိသော်လည်း သူ့အနီးတွင် ထောက်လှမ်း စူးစမ်းကြည့်နိုင်သည့် အရာအားလုံးမှာ ရွှေရောင်နတ်အလင်းများသာ ဖြစ်သည်။ နန်းတော်အတွင်း၌ အလွန် သံသယဖြစ်ဖွယ် ခံစားမှုတို့ကို ခံစားရပြီး အရာအားလုံးမှာ စိတ်ကူးယဥ်ပုံရိပ်ယောင်များ ဖြစ်သည်ဟု ထင်မှတ်ရသည်။ မည်သည့်အရာကိုမှ မမြင်နိုင်သလို ရှင်းလင်းစွာလည်း မြင်နိုင်ပေသည်။
ထိုနန်းတော်အတွင်း မည်သည့်အရာမှ ရှိနေခြင်း ဖြစ်နိုင်သလားဟု ရီဖူရှင်းက တွေးလိုက်မိသည်။
ထိုသည်မှာ မဖြစ်နိုင်ပေ။
သူ၏ မျက်လုံးများက အလွန် ထက်ရှလာပြီး သူ၏ နတ်ဝိညာဥ်သည် လျှို့ဝှက်ဆန်းကြယ်လှသော အရှိန်အဝါရှိ ကောင်းကင်နန်းတော်ကို စူးစမ်းနေသည်။ သူ၏ နတ်ဝိညာဥ်အနီးတွင် နတ်လက်နက်များစွာ ရှိနေခဲ့သည်။ သူ၏ နတ်ဝိညာဥ်သည် ၎င်းတို့ကို ထိတွေ့ချင်သော်လည်း နေရာအတိအကျကို ထောက်လှမ်းနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နီးကပ်နေသည်ဟု ထင်မှတ်ရသော်လည်း လက်လှမ်းမမီအောင် ဝေးကွာနေပုံလည်း ရသည်။
နေရာအနှံ့တွင် ရှိနေသော အင်ပါယာ၏ အရိပ်သည် သူ့စိတ်ထဲတွင် စွဲထင်လာသည်။
တစ်စုံတစ်ယောက်က နန်းတော်အတွင်း ဝင်ရောက်ပြီး နတ်လက်နက်ပစ္စည်းများကို ထောက်လှမ်းနိုင်မှသာ ရှင်းလင်းစွာ မြင်ရ၍ ထိတွေ့နိုင်မည်လားဟု ရီဖူရှင်းက တွေးလိုက်သည်။ သို့သော် မည်သို့ လုပ်ရမည်နည်း။
သူ၏ နတ်ဝိညာဥ်သည် ကောင်းကင်နန်းတော်သို့ ဝင်ရောက်သွားပြီး ဖြစ်သော်လည်း အသုံးမဝင်ဘဲ ဖြစ်နေဆဲ ဖြစ်၏။ ဤနေရာသို့ ရောက်လာကြသူတိုင်းမှာ ပထမဆုံးဖြစ်ရာ မည်သို့ လုပ်ရမည်ကို မည်သူမှ မသိကြပေ။
အမွေအနှစ်၊ အမွေအနှစ်... ရီဖူရှင်းသည် ထပ်ခါတလဲလဲ တွေးတောနေပြီး သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက အဆက်မပြတ် ပေါ်ပေါက်လာနေသည်။ ကောင်းကင်နန်းတော်အတွင်းတွင် နတ်ဝိညာဥ်သည် ကြီးမားသည့် ဖိအားအောက်၌ တစ်ချိန်လုံးရှိနေခဲ့ပြီး သူ့တွင် ဖြုန်းနေရန် အချိန်မရှိပေ။
“ဟမ်” ထိုအချိန်၌ သူသည် နောက်ထပ် နတ်ဝိညာဥ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ သိသာစွာပင် ထို အခြားသော နတ်ဝိညာဥ်မှာလည်း သူ့ကဲ့သို့ပင် အပြင်မှ ကောင်းကင်နန်းတော်အတွင်း ဝင်ရောက်လာခြင်း ဖြစ်၏။ သူတို့သည်လည်း အတားအဆီးကို ခံစားမိကြသည်။
ဤနတ်ဝိညာဥ်သည် ထျန်းရှန်ကျောင်းတော်၏ နံပါတ်တစ်မျိုးဆက် ကျန်ချင်းကျူဖြစ်ပေသည်။ သူ၏ နတ်ဝိညာဥ်သည်လည်း ရီဖူရှင်းကဲ့သို့ပင် ကောင်းကင်နန်းတော်သို့ ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့သည်။
ထိုအချိန်တွင် သူသည် အထက်သို့ ဆက်လက် ရွေ့လျားနေပြီး နှိုင်းယှဥ်မရအောင် လင်းလက်သည့် လမ်းစဥ်စွမ်းအားတို့က သူ့ခန္ဓာမှ တောက်ပနေကာ သူ၏ နတ်ဝိညာဥ်နှင့်အတူ ကောင်းကင်နန်းတော်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည်။
“အဲဒါဘာလဲ”
ထိုအချိန်တွင် ကျန်ချင်းကျူသည် တစ်ခုခုကို ထောက်လှမ်းမိသွားပုံရသည်။ သူသည် သူ၏ နတ်ဝိညာဥ်မှ တဆင့် လေဟာနယ်အတွင်း၌ တောက်ပသည့် အလင်းတို့က တဖြည်းဖြည်း ဖွဲ့စည်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းသည် နက်နဲသိမ်မွေ့၍ ထိတွေ့၍ မရနိုင်ဟု ထင်ရပေသည်။
ထိုအခိုက်တွင် ကျန်ချင်းကျူသည် မည်သို့ လုပ်ရမည်ကို သိရှိပေသည်။ သူသည် ထိုသို့သော အခွင့်အရေးမျိုးကို လက်လွတ်မခံနိုင်ဘဲ ၎င်းအတွင်း၌ အပြည့်အဝ နစ်မြုပ်နေခဲ့သည်။
ဘုန်း... ကြောက်မက်ဖွယ် နတ်စွမ်းအားတို့က သူ၏ နတ်ဝိညာဥ်ကို ဖိနှိပ်ကာ သူ၏ စိတ်ကို တုန်ခါလာစေပြီး သူ၏ ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်လာသည်။ သူသည် ဖိအားအောက်၌ အချိန်မရွေး ပျက်စီးသွားတော့မလို ဖြစ်၏။
ကျန်ချင်းကျူး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာပြီး သူသည် ရှင်းလင်းစွာ မြင်တွေ့ရလုနီးပါးပင် ဖြစ်သည်။ သူက ဤသို့သော အခြေအနေတွင် မည်သို့ လက်လျှော့နိုင်ပါမည်နည်း။
ဖိအားက မည်မျှ အားကောင်းသည်ဖြစ်စေ သူက လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
နှိုင်းယှဥ်မရအောင် တောက်ပသည့် စွမ်းအားတို့က ကျန်ချင်းကျူထံမှ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်တွင် မရေတွက်နိုင်သည့် စာလိပ်များ ပျံသန်းသွားကာ ကျန်ချင်းကျူထံ ပေါင်းစပ်လာ၏။ သူ၏ ကိုယ်ပိုင်စွမ်းအားက အကန့်အသတ် ရှိကာ သူ့ နတ်ဝိညာဥ်စွမ်းအားကလည်း အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။ ကောင်းကင်နန်းတော်သို့ ဝင်ရောက်ရန် အဆုံးမဲ့ လမ်းစဥ်စွမ်းအားတို့ လိုအပ်ပေသည်။
ထိုအချိန်တွင် ထိုပုံရိပ်ယောင်က တဖြည်းဖြည်း ရှင်းလင်းလာနေပြီး ကြည်လင်စွာ မြင်ရလုနီးပါး ပြတ်သားလာသည်။
၎င်းသည် တောက်ပသည့် အလင်းများ လွှမ်းခြုံနေသော စာလိပ်တစ်စုံအဖြစ် ပြောင်းလဲသွားသည်။
ဖုန်း...
ကောင်းကင်နန်းတော်အတွင်း လေတစ်ချက် တိုက်ခတ်လာပြီး သန့်စင်တောက်ပသည့် အလင်းတို့ ကျဆင်းလာသည်။ ကောင်းကင်နန်းတော်အောက် ရှိနေသည့် လူအုပ်သည် ပိုမိုတောက်ပစွာ ကျဆင်းလာသည့် အဆုံးမဲ့ ရွှေရောင်အလင်းတို့အား မြင်တွေ့ရပေသည်။
ကြည့်ရသည်မှာ စာလိပ် ဖြစ်ပုံရသည်။
အလွန် သန့်စင်သည့် စာလိပ်တစ်ခုက ကျန်ချင်းကျူထံသို့ ပျံသန်းသွားလေသည်။
“နတ်ဘုရားလောကလျှို့ဝှက်ရတနာ... ”
ခဏချင်းပင် မရေတွက်နိုင်သည့် လူများသည် သူတို့၏ ခေါင်းကို မော့ကာ လေထဲမှ တောက်ပသည့် အလင်းတို့ကို ကြည့်လိုက်ပြီး မြင်တွေ့လိုက်ရသည့်အရာကြောင့် သူတို့၏ မျက်လုံးများထဲတွင် အလွန် ထိတ်လန့်အံ့အားသင့်မှုတို့ ပေါ်ပေါက်လာသည်။
နန်းတော်အတွင်းမှ နတ်လက်နက်ပစ္စည်းများ ထွက်လာခဲ့သည်လား။
သူတို့သည် ထိုစာလိပ်က ကျန်ချင်းကျူထံ တိုက်ရိုက် ပျံသန်းလာကာ ရှင်းလင်းစွာ မြင်တွေ့ကြရသည်။
မည်သည့် တွေဝေမှုမှ မရှိဘဲနှင့် ကျန်ချင်းကျူက လက်ကို မြှောက်ကာ ၎င်းအား ဆွဲယူလိုက်သည်။ ထို့နောက် သူက အနီးကပ် ကြည့်မနေဘဲ ဆွဲယူသွားသည်ကို ကြည့်ကာ လူအများက ထိတ်လန့်တုန်လှုပ်သွားပေသည်။
ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူက ကောင်းကင်နန်းတော်၏ အမွေအနှစ်ကို ဆက်ခံနိုင်သွားသည်လား။
ထျန်းရှန်ကျောင်းတော်မှ တပည့်များက ကျန်ချင်းကျူကို ကြည့်လိုက်ကြပြီး သူတို့သည် သူတို့အတွက် ဝမ်းသာနေကြသည်။ သို့သော် သူတို့သည်လည်း အနည်းငယ် မနာလိုဖြစ်နေခဲ့၏။ သူတို့ကိုယ်တိုင်အတွက် အမွေအနှစ်ကို မလိုချင်ဟုဆိုလျှင် လိမ်လည်ရာကျပေလိမ့်မည်။ မည်သူက ဤအမွေအနှစ်ကို မဆက်ခံလိုဘဲ နေပါမည်နည်း။
သို့သော် လောကတွင် ကျန်ချင်းကျူ တစ်ယောက်သာလျှင် ရှိပေသည်။
ဘုန်း...
ကျန်ချင်းကျူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားခဲ့သည်။ သူသည် စွမ်းအားကို ခုခံရန်အတွက် စွမ်းအားများစွာကို အသုံးပြုခဲ့ရသည်။ သူက စာလိပ်ကို ရှင်းလင်းစွာ မလေ့လာရသေးခင် ၎င်းက ပျံထွက်လာခြင်း ဖြစ်၏။ ယခု သူသည် ထိုဖြစ်စဥ်တစ်ခုလုံးကို အစမှ တစ်ဖန် ပြန်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။ သူက ပြန်လည်ကုသရန် အချိန်တချို့ လိုအပ်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ။” ကျန်ချင်းကျူ ကိုယ်တိုင်ပင်လျှင် မာ်သို့ မည်ပုံဖြစ်သွားသည်အား မသိခဲ့ပေ။
ယခင် အခြေအနေအရ ဆုံးဖြတ်ကြည့်ရလျှင် တစ်စုံတစ်ယောက်သည် နန်းတော်အတွင်းမှ ပစ္စည်းကို ထောက်လှမ်းကာ ဖော်ထုတ်နိုင်ပါက ၎င်းတို့ကို ပျံသန်းထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ပြီး ဆက်ခံရရှိနိုင်သည်လား။
ထို့ပြင် မည်သည့်အတွက် ဤစာလိပ်ဖြစ်ရသနည်း။
သူ မည်သည့်အရာကို ကျင့်ကြံထားသည်နှင့် သက်ဆိုင်နေသည်လား။ မတော်တဆ တိုက်ဆိုင်ခြင်းလား။
ကျန်ချင်းကျူသည် ထိုအဖြစ်က မတော်တဆ မဖြစ်နိုင်ဟု ခန့်မှန်းမိပေသည်။
ထိုသည်မှာ သူတို့က ကောင်းကင်နန်းတော်၏ လျှို့ဝှက်ချက်ကို ဖြေရှင်း၍ အမွေအနှစ်ကို ဆက်ခံခြင်းမဟုတ်ဘဲ ကောင်းကင်နန်းတော်က သူတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လူတစ်ယောက်သည် ကောင်းကင်နန်းတော်၏ သဘောကျ ရွေးချယ်မှုကို လက်ခံမရရှိခင် ဤဖိအားများကို အရင်ခံနိုင်ရည် ရှိရမည်ဖြစ်ကာ ထို့နောက်မှ ရွေးချယ်ခံရပေမည်။
ထိုသည်မှာ သူ့အတွက်ပင် သည်းမခံနိုင်ဖွယ်ပင် ဖြစ်၏။ သူသည် ယခင်အားထုတ်မှုများ အားလုံးကို ဖြုန်းတီးပစ်ခဲ့ပြီး ခုခံနိုင်စွမ်း မရှိလုနီးပါး ဖြစ်ခဲ့ရသည်။
အထက်ကိုးဘုံမှ လာကြသူတို့မှာ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သော်လည်း သူသည် လူအနည်းငယ်သာလျှင် ထိုပစ္စည်းများအတွက် ယှဥ်ပြိုင်ရန် အရည်ခအိင်းပြည့်မီသည်ကို နားလည်ပေသည်။ ထိုလူအနည်းငယ်သည်လည်း သူနှင့် တူညီသော အခြေအနေကို ကြုံတွေ့လိမ့်မည်ဟု မျှော်လင့်နိုင်ပေသည်။
သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်တို့ လင်းလက်လာခဲ့သည်။ ကောင်းကင်နန်းတော်မှ ဆင်းသက်လာသည့် နတ်ဘုရားပစ္စည်းဖြစ်ကာ မဟာအင်ပါယာ ချန်ရစ်ခဲ့သော အမွေအနှစ်ဖြစ်သည့် ထိုစာလိပ်သည် အလွန်ထူးခြားသာလွန်သည့် ပစ္စည်းဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ထိုသည်မှာ အဖိုးမဖြတ်နိုင်သော ဆုလာဘ်ဖြစ်သည်။
ကျန်ချင်းကျူသည် အံ့အားသင့်စွာပင် ကျေနပ်နေသော်လည်း သူက ထိုစာလိပ်အား ဖတ်ရန် အလျင်မလိုပေ။ ယခုက မှန်ကန်သော အချိန်အခါမဟုတ်ပေ။
ဖပ်..
ထိုအချိန်တွင် နောက်ထပ် လင်းလက်သည့် နတ်အလင်းတို့က ကောင်းကင်နန်းတော်မှ ကျဆင်းလာပြီး ကောင်းကင်နန်းတော်မှ နောက်ထပ် နတ်လက်နက်တစ်ခု ပျံသန်းထွက်ပေါ်လာပုံရသည်။
ဘန်းခနဲ ထွက်ပေါ်လာသည့် ကျယ်လောင်သော အသံနှင့်အတူ ကွေကျန်း ဖွဲ့စည်းထားသည့် ရွှေရောင်ဗုဒ္ဓက မဟာလမ်းစဥ် ဖိအားကြောင့် ပြိုကျပျက်စီးသွားခဲ့သည်။
သို့သော် ကွေကျန်းသည် လက်ကို မြှောက်ကာ သူ့လက်ထဲသို့ ပျံသန်းလာသည့် ပစ္စည်းအား ဖမ်းယူလိုက်သည်။
သူက လက်ဝါးကို ဖြန့်ကာ ကြည့်လိုက်သည်။ သူ၏ လက်ဝါးထက်မှ ပစ္စည်းသည် မျိုးစေ့တစ်ခု ဖြစ်ပေသည်။
ကွေကျန်းက ပြုံးကာ သူ၏ လက်ကို ဆုပ်လိုက်ပြီး ထိုမျိုးစေ့အား သွေးအတွင်း ပေါင်းစပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကွေကျန်း၏ ခန္ဓာကိုယ်အတွင်းမှ အော်မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး စွမ်းအားတို့အား ဖိနှိပ်နေသည်။
ကျန်ချင်းကျူ ပြီးနောက် ဒုတိယလူမှာ မျှော်လင့်မထားမိသည့် ကွေကျန်းဖြစ်ပေသည်။
ဤတောင်တန်းဘုံမှ ဆရာတော်သည် ကြောက်မက်ဖွယ် ပါရမီနှင့် ခွန်အားကို ပိုင်ဆိုင်ထားပုံရလေသည်။
ကောင်းကင်နန်းတော်မှ ထွက်လာသည့် ပစ္စည်းများအား မည်သူကမှ လုယူရန် မတွေးခဲ့ကြပေ။ မည်သူကမှလည်း ကွေကျန်းနှင့် ကျန်ချင်းကျူကို မေးခွန်းမထုတ်ကြပေ။ သူတို့သည် ကျင့်ကြံခြင်းတွင် အထွတ်အထိပ် ဖြစ်ကြကာ ပြီးပြည့်စုံသည့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သည်။ အနည်းဆုံးတော့ သူတို့သည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။ လုယူရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ထိပ်သီးပုဂ္ဂိုလ်အချင်းချင်း တိုက်ခိုက်သည်မှ မဟုတ်လျှင်
လှုပ်ရှားရဲသူ မည်သူမဆို တစ်ချက်တည်းနှင့် သေဆုံးရမည်မှာ အသေအချာပင် ဖြစ်သည်။
ဖပ်...
ထိုအချိန်၌ တစ်ချိန်တည်းတွင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုက တပြိုင်တည်း အလင်းရောင်များကို ဖမ်းယူလိုက်သည်။
သူတို့သည် ရှန်းကလန်မှ ရှန်းဟောက်နှင့် နန်ထျန်းနတ်ပြည်ထောင်မှ နန်လော့ရှန်း ဖြစ်သည်။
သိသာစွာပင် ထိုပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ဦးသည်လည်း ကောင်းကင်နန်းတော်မှ ပစ္စည်းတချို့ ရရှိခဲ့ပေသည်။
ရီဖူရှင်း၏ နတ်ဝိညာဥ်သည် ကောင်းကင်နန်းတော်အတွင်းတွင် ရှိနေဆဲဖြစ်ကာ သူသည် သူတို့လုပ်ဆောင်သမျှကို ခံစားမိသလို နတ်လက်နက်ပစ္စည်းများ ကောင်းကင်နန်းတော်အတွင်းမှ ပျံသန်းထွက်သွားသည်ကိုလည်း မြင်သည်။ သူသည် အပြင်ဘက်၌ မည်သူက မည်သည့်အရာကို လက်ခံရရှိသည်အားလည်း သိရှိပေသည်။ သူက တခဏမျှ စဥ်းစားနေပြီး ထိုသည်မှာ သူ၏ ကျင့်ကြံခြင်း ကျွမ်းကျင်မှုပေါ်တွင် မူတည်နေသည်ဟု ယူဆလိုက်ရသည်။
ဤအတွေးပေါ် မူတည်၍ သူ၏ နတ်ဝိညာဥ်အတွင်း ပြင်းထန်သည့် လမ်းစဥ်စွမ်းအားတို့ ပေါင်းထည့်လိုက်သည်။ ထိုအချိန်၌ သူ၏ နတ်ဝိညာဥ်သည် ဓားဝိညာဥ်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရကာ သူက ကောင်းကင်မဟာလမ်းစဥ်ကို ထိုးဖောက်ရန် ရည်ရွယ်လိုက်သည်။
သေချာသလောက်ပင် ထိုပုံရိပ်ယောင် ကောင်းကင်နန်းတော်အတွင်း၌ တစ်စုံတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။ ထိုသည်မှာ သူ အစက လေ့လာမိခဲ့သည့်အရာ ဖြစ်ပေသည်။
သူ၏ နတ်ဝိညာဥ်က ထိုအရာဆီ ချဥ်းကပ်သွားပြီး သူသည် ကောင်းကင်နန်းတော်အတွင်း၌ ဓားတစ်လက် မျောလွင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် ထိုဓားသည် ဓားအသိ မှ အသွင်ပြောင်းလဲထားခြင်း ဖြစ်ပုံရသည်။
ဖပ်...
တောက်ပသည့် ဓားအလင်းတို့က ပျံသန်းထွက်လာပြီး နန်းတော်အပြင်သို့ ထိုးထွက်လာကာ ရီဖူရှင်းထံ တည့်မတ်စွာ ဝင်ရောက်လာသည်။
ထို ဓားအသိ အပိုင်းအစသည် သူ၏ စိတ်စွမ်းအားများထဲ ပေါင်းစပ်ဝင်ရောက်သွားသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်ဟု ဆုံးဖြတ်နိုင်ပြီး ၎င်းက သူ၏ ခန္ဓာကိုယ်ကို တုန်ယင်လာစေသည်။
ရီဖူရှင်း၏ ခန္ဓာအတွင်းမှ သက်စောင့်ဝိညာဥ်က အော်မြည်နေပြီး ရှေးဟောင်းကမ္ဘာ့သစ်ပင်က ဓားအသိ ထံ ယိမ်းနွဲ့သွားသည်။ ထိုကြောက်မက်ဖွယ် ဓားအသိ က ရှေးဟောင်းကမ္ဘာ့သစ်ပင်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် သိမ်မွေ့လာကာ သက်စောင့်ဝိညာဥ်အတွင်း ပိတ်မိသွားလေသည်။
“ဟူး..” ရီဖူရှင်းက ပင့်သက်ရှိုက်လိုက်မိ၏။ သူသည် ရာရာ့ကို မည်သည့်အရာပေးရမည်ကို စိတ်သောကရောက်နေခဲ့ရသည်။ သို့သော် ဤ ဓားအသိ က ရှားရှင်းယွန်၏ ကြာပန်းထက် အားနည်းစရာ အကြောင်းမရှိပေ။ ၎င်းသည် ရာရာ၏ ဉာဏ်အလင်းပွင့်မှုကို အကူအညီပေးနိုင်ရန် လုံလောက်ပေသည်။
အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံ ကျရောက်လာသည်။
ရီဖူရှင်းသည် နတ်လက်နက်ပစ္စည်းတစ်ခုကို လက်ခံရရှိခဲ့ပြီး ၎င်းက ဓားတစ်လက် ဖြစ်ပုံရလေသည်။
သို့သော် လီဟန်ဓားသမား၏ တိုက်ပွဲကို မြင်တွေ့ထားဖူးသူများ ဖြစ်သည့်အတွက် သူတို့က ရီဖူရှင်းကို ရန်မစရဲကြပေ။
သူက ခေါင်းကို မော့လိုက်ပြီး ခြေလှမ်းလှမ်းလိုက်ကာ အားကောင်းသည့် စွမ်းအားတို့ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တစ်ဖန် တက်သွားခဲ့၏။
သိသာစွာပင် ထိုတစ်ခုတည်းက သူ့အတွက် လုံလောက်ခြင်း မရှိပေ။
“အဲဒီလောက် မြန်မြန် ပြန်ကောင်းသွားတယ်လား။” ရီဖူရှင်း၏ အပြုအမူကို လူအများက မြင်သည့်အခါ သူတို့က သိလိုစိတ်အား ထိန်းချုပ်မထားနိုင်တော့ပေ။ ရီဖူရှင်း နောက်တစ်ကြိမ် လှုပ်ရှားလာသည့်အချိန်တွင် ကျန်ချင်းကျူနှင့် အခြားသူများက သက်သာလာခြင်း မရှိသေးပေ။ သူက ထိုပစ္စည်းများအား ရယူရသည့် နည်းလမ်းကို သိရှိကာ ကောင်းကင်နန်းတော်အား ဖောက်ထွင်း ယူချင်နေသည်လား။
ကောင်းကင်နန်းတော်သည် နတ်ဘုရားအမွေအနှစ်နယ်မြေ၏ နောက်ဆုံး အမွေအနှစ် ဖြစ်သည်။ နန်းတော်အတွင်းမှ ရရှိသည့် မည်သည့်နတ်လက်နက်ပစ္စည်းမျိုးမဆို မဟာအင်ပါယာ အသုံးပြုခဲ့ခြင်းကြောင့် မဟာအင်ပါယာ၏ စွမ်းအားများ ပါဝင်နေပေသည်။
လက်နက်ပစ္စည်းတစ်ခုသည်ပင် ဤနေရာသို့ လာခဲ့ရသည့် ခရီးတစ်ခုလုံးက ထိုက်တန်ကြောင်း သက်သေပြနိုင်နေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က နှစ်ခု ပိုင်ဆိုင်သွားခဲ့ပါလျှင်....
လက်ရှိတွင် လူအနည်းငယ်သာလျှင် တစ်ခုစီ ရရှိထားသည်။ မည်သူကမှ နှစ်ခု ရယူရန် အိပ်မက်မမက်ရဲကြပေ။
ယခင်နှစ်များက မည်သူမှ ဤအခြေအနေထိ မရောက်ဖူးခဲ့ကြချေ။ ဤတစ်ကြထမ်၌ လူတိုင်းသည် အမွေအနှစ်နယ်မြေ အဆုံးသို့ ရောက်ရှိလာခဲ့သည်။ ယခု သူတို့သည် မဟာအင်ပါယာ ချန်ထားခဲ့သည့် ပစ္စည်းများကိုပင် ရယူနိုင်ခဲ့၏။ ဤတစ်ကြိမ်၌ ထိုသို့ လုပ်ဆောင်ခဲ့သော ထိပ်သီးပါရမီရှင် အဖွဲ့သည် အထက်ကိုးဘုံကို အုတ်အော်သောင်းနင်းပင် ဖြစ်သွားစေနိုင်သည်။
ကျန်ချင်းကျူ ၊ ရှန်းဟောက်နှင့် နန်လော့ရှန်း တို့ ဤနေရာမှ ထွက်ခွာသွားသည့်အခါ သူတို့၏ အနာဂတ်ကျင့်ကြံခြင်း လမ်းကြောင်းက မည်မျှ ပြောင်းလဲသွားလိမ့်မည်နည်း။
သူတို့သည် နှစ်ပေါင်းများစွာအတွင်း အားအကောင်းဆုံး မျိုးဆက်များ ဖြစ်လာနိုင်ပေသည်။
***