← Chapters

နှစ်တစ်ထောင်မိသားစု

Vol. 6 Ch. 71

နှစ်တစ်ထောင်မိသားစု

Vol. 6 Ch. 71

ကွမ်းယန်ပြည်နယ်။

နတ်ဆိုးနှိမ်နင်းရေးဗျူရို။

ကျန်း ချင် ပြန်ရောက်လာတော့ လူဝမ်ရွှမ်က "ဘယ်လိုလဲ?" ဟု မေးလိုက်သည်။

"သူ သဘောမတူဘူး"

ကျန်းချင်က ခေါင်းအနည်းငယ်ခါလိုက်ပြီး သူ့မျက်လုံးတွေက အေးစက်တဲ့အရောင် လင်းလက်သွားသည်။

"ဒါပေမဲ့ သိုင်းပညာလောကရဲ့ ကောလာဟလတွေက မှားယွင်းတယ် ဒီလူက ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ်မှာ မရှိဘူး ကိုယ်အင်္ဂါသန့်စင်ခြင်းနယ်ပယ်ရဲ့ သခင်အဆင့်ကို ရောက်နေပြီ"

"ဒါကြောင့် သူ့ကို ငါ ဘာမှမလုပ်ခဲ့တာ ကိုယ်အင်္ဂါသန့်စင်ခြင်းနယ်ပယ်က သခင်တစ်ဦးလည်းဖြစ်နေတယ် ပြီးတော့သိုင်းပညာရှင်အစစ်ဖြစ်နေတော့ ထိုက်ရှန်းလမ်းကို သံမှိုလို ရိုက်သွင်းခံရနိုင်တယ် ဘယ်မျိုးနွယ် ဘယ်ဂိုဏ်းကမှ ကုမိသားစုအိမ်တော်ကို ထိုက်ရှန်းလမ်းမှာ လွှမ်းမိုးဖို့ ခွင့်ပြုမှာ မဟုတ်ဘူး ဒါပေမဲ့ ကုမိသားစုအိမ်တော်ရဲ့ အိမ်တော်သခင်က သိုင်းဆရာတစ်ဦးဆိုရင်တော့ ကိစ္စက မတူတော့ဘူး

ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ဝိညာဉ်ထိန်းချုပ်ခြင်းနယ်ပယ်မှာရှိတဲ့သူတွေအတွက်တောင် ပြိုင်ဘက်ဖြစ်နိုင်တယ် ကွမ်းယန်ပြည်နယ်တစ်ခုလုံးကို ထည့်တွက်ကြည့်ရင် ဝိညာဉ်ထိန်းချုပ်ခြင်းနယ်ပယ်က မှော်ဆရာ ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲ!"

ကျန်းချင်က အေးစက်စွာ ရယ်မောပြီး နိဂုံးချုပ်လိုက်သည်။

လူဝမ်ရွှမ်ရဲ့ မျက်လုံးတွေ အနည်းငယ်ကျဉ်းသွားသည်- "ကိုယ်အင်္ဂါသန့်စင်ခြင်းသိုင်းဆရာ!"

သူ ဒါကို မမျှော်လင့်ခဲ့ပေ။

ကျောက်ဖြူဒေသလို သေးငယ်တဲ့နေရာကနေ ကိုယ်အင်္ဂါသန့်စင်ခြင်းသိုင်းဆရာတစ်ဦး ပေါ်ထွက်လာခဲ့သည်။

ကျောက်ဖြူဒေသမပြောနှင့် သိုင်းပညာ ထွန်းကားပြီး သိုင်းပညာလောကရဲ့ မျိုးနွယ်စုများစွာရှိတဲ့ ထိုက်ရှန်းလမ်းမှာတောင် သိုင်းဆရာအဆင့် အစွမ်းထက်သူတစ်ဦးမှ မပေါ်ထွက်ခဲ့ပေ။

ကျောက်ဖြူဒေသလေးကနေ သိုင်းဆရာတစ်ဦး ပေါ်ထွက်လာတာက တကယ်ကို မထင်မှတ်ထားစရာပဲဖြစ်သည်။

ကွမ်းယန်ပြည်နယ်ရဲ့ လမ်း ၇၂ လမ်းထဲမှာ ထိုက်ရှန်းလမ်းရဲ့ ခွန်အားက ထိပ်တန်းဆယ်ခုစာရင်းဝင်နိုင်သည်။

ယခင်က ထိုက်ရှန်းလမ်းကို အစိမ်းရောင်နေဂိုဏ်းက ထိန်းချုပ်ခဲ့သည်။ အခု အစိမ်းရောင်နေဂိုဏ်း ဖျက်ဆီးခံရပြီဆိုတော့ ထိုက်ရှန်းလမ်းက ကုမိသားစုအိမ်တော်ရဲ့ လက်ထဲကို နာမည်ခံအဖြစ် ရောက်သွားပြီဖြစ်သည်။

ဒီလိုဆိုရင်တော့ သိုင်းပညာလောကကဂိုဏ်းတွေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ သေချာသည်။

ကျန်း ချင် ပြောခဲ့တဲ့အတိုင်း ကွမ်းယန်ပြည်နယ်က လူတွေက သူ့ကို လျှော့တွက်ခဲ့ကြသည်။

ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ်လောက်ဆိုရင် ကိစ္စမရှိနိုင်ပေမဲ့ ကိုယ်အင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို ခြေလှမ်းလှမ်းနိုင်ပြီး သိုင်းဆရာတစ်ဦးအဖြစ် ဘွဲ့ခံနိုင်တဲ့ အစွမ်းထက်သူက ဒီလောက် မရိုးရှင်းပေ။

"မင်း လုပ်ခဲ့တာ မှန်တယ်"

"သိုင်းဆရာဆိုတာ အားကြီးပြီးသားပဲ အနည်းဆုံးတော့ ကွမ်းယန်ပြည်နယ်မှာဆိုရင် ထိပ်တန်း အစွမ်းထက်သူတွေထဲက တစ်ဦးအနေနဲ့ သတ်မှတ်နိုင်တယ်"

"ဒီလိုဆိုရင် သူတို့အချင်းချင်း တိုက်ခိုက်ပစေ ငါတို့ နတ်ဆိုးနှိမ်နင်းရေးဗျူရိုက ဝင်ပါစရာမလိုဘူး ဘေးကနေ ထိုင်ကြည့်နေရုံပဲ အခု အရေးကြီးတဲ့အလုပ်က အဲဒီ နတ်ဆိုးဝိညာဉ်ရဲ့ ခြေရာကို ရှာဖို့ပဲ"

"အဲ့နတ်ဆိုးဝိညာဉ်ကို နှိမ်နင်းနိုင်ရင် တခြား ဘာပြဿနာမရှိဘူး"

လူဝမ်ရွှမ်က လက်ဟန်ပြပြီး ကျန်းချင်ရဲ့ စကားတွေကို သဘောတူပြီး သိုင်းပညာလောကကိစ္စတွေကို ခေတ္တ မေ့ထားဖို့ ရွေးချယ်လိုက်သည်။

ကျားနှစ်ကောင် တိုက်ခိုက်ရင် တစ်ကောင်ကတော့ ဒဏ်ရာရမှာပဲဖြစ်သည်။

ဘယ်သူ ရှုံးရှုံး၊ ဘယ်သူ နိုင်နိုင် နတ်ဆိုးနှိမ်နင်းရေးဗျူရိုအတွက် အကျိုးအမြတ်ပဲရှိပြီး ဆုံးရှုံးမှု မရှိပေ။

ကုမိသားစု အိမ်တော်။

ကျန်း ချင် ထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာမှာ တခြားဧည့်သည်တစ်ဦး ရောက်လာပြန်သည်။

"ကျွန်တော် ကျိုးဖန်းပါ ကုသခင်ကို လာတွေ့တာပါ!"

ကုမိသားစုအိမ်တော်ရဲ့ ပင်မခန်းမထဲမှာ အဖြူရောင်ဝတ်စုံနဲ့ လူငယ်တစ်ဦးက နတ်ဆိုးလို ပေါ်လာပြီး သူ့မျက်နှာမှာ သိမ်မွေ့တဲ့ အပြုံးတစ်ခု ရှိနေသည်။

ကုချင်းဖန်ရဲ့ တည်ငြိမ်တဲ့အကြည့်က သူ့ရှေ့မှာရပ်နေတဲ့ ကျိုးဖန်းဆီ ရောက်သွားပြီး သူ့စိတ်ထဲမှာ ကျိုးမိသားစုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ချက်ချင်း ပေါ်လာသည်။

ကျိုးမိသားစု!

ကွမ်းယန်ပြည်နယ်ရဲ့ နှစ်တစ်ထောင်မျိုးနွယ်တစ်ခု။

သူတို့ရဲ့ ဇာစ်မြစ်ကို ဆွေးနွေးမယ်ဆိုရင် အစိမ်းရောင်နေဂိုဏ်းက သိသိသာသာ အားပိုကောင်းသည်။

လက်ရှိမှာတော့ ကျိုးဖန်းက ငယ်ရွယ်ပုံပေါပြီး သူ့ရဲ့ အငွေ့အသက်က ဝိုးတဝါးဖြစ်နေပေမဲ့ ကုချင်းဖန်ရဲ့ လက်ရှိခံစားမှုအရဆိုရင် အရွယ်နဲ့မလိုက်တဲ့ တစ်ဖက်သူရဲ့ သိမ်မွေ့ပြီူ မကောင်းဆိုးဝါးဆန်တဲ့ လေထုကို ခံစားမိသည်။

မှော်ဆရာ!

ဒါက အစိမ်းရောင်နေဘိုးဘေးအောက် မလျော့တဲ့ မှော်ဆရာတစ်ဦးပဲ!

ချက်ချင်းဆိုသလို ကုချင်းဖန်က အတွေးအားလုံးကို ဘေးဖယ်လိုက်ပြီး လျစ်လျူရှုလိုက်သည်။ "ကျိုးမိသားစုမှာ မင်းရဲ့ ရာထူးက ဘာလဲဆိုတာ သိချင်တယ်?"

"ကုသခင်အတွက် ဟာသဖြစ်နေနိုင်ပေမယ့် ကျွန်တော်က လက်ရှိကျိုးမိသားစုရဲ့ အကြီးအကဲပါ"

"ဒါဆို အကြီးအကဲ ကျိုးပဲ!"

ကုချင်းဖန် ခေါင်းညိတ်ပြီး တည့်တိုး ပြောလိုက်သည်။

"ကုမိသားစုအိမ်တော်မှာ ကျိုးမိသားစုနဲ့ ဘာမှ အထူးတလည် ဆက်ဆံရေး မရှိဘူး ဒီနေ့ အကြီးအကဲကျိုး ဘာလာလုပ်တာလဲ?"

ကုချင်းဖန်ရဲ့ တည့်တိုးပြောဆိုမှုကို ကျိုးဖန်းက တည်ငြိမ်အောင် ထိန်းထားပြီး သူ့မျက်နှာမှာ အမြဲတမ်း သိမ်မွေ့တဲ့ အပြုံးတစ်ခု ရှိနေသည်။

"ကုသခင်က အစိမ်းရောင်နေဂိုဏ်းကို ဖျက်ဆီးတဲ့သတင်းက ကွမ်းယန်ပြည်နယ်တစ်လျှောက်လုံး ပြန့်သွားတော့ ဟိုးအရင်ကတည်းက လေးစားခဲ့တာ ဒီနေ့မှ တွေ့ရတော့ ကောလာဟလတွေက မှန်နေတာပဲ"

ဒီလိုပြောပြီးတော့ ကျိုးဖန်းက ခေါင်းစဉ်ကို အနည်းငယ် ပြောင်းလိုက်ပြီး သူ့မျက်နှာအမူအရာက အနည်းငယ် ပိုပြီး လေးနက်လာသည်။

"ကျွန်တော် လာရောက်ရတဲ့ အကြောင်းရင်း နှစ်ခုရှိတယ် တစ်ခုကတော့ ကုသခင်ရဲ့ သိုင်းပညာလောကမှာ နာမည်ကြီးနေတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ ဒီနေ့ ထိုက်ရှန်းလမ်းနဲ့ ပတ်သက်ပြီး ကုသခင်ရဲ့ အမြင်ကို မေးချင်လို့ပါ"

"အကြီးအကဲ ကျိုး ဘာကို ဆိုလိုတာလဲဆိုတာ ငါသိပ်မရှင်းဘူး"

ကုချင်းဖန်က သူ့လက်ဖက်ရည်ခွက်ကို မပြီး သူ့မျက်လုံးတွေ အနည်းငယ် ကျဉ်းသွားကာ ပြောလိုက်သည်။

ဒါကို ကြားတော့ ကျိုးဖန်းက တည့်တိုးပြောလိုက်သည်၊ "ဒီလိုဆိုရင် ကျွန်တော် ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘူး ကုသခင်က ထိုက်ရှန်းလမ်းကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်ရှိလားလို့ မေးဖို့ လာတာပါ"

"ငါ လုပ်လုပ် မလုပ်လုပ် ဘာဆန်းလို့လဲ?"

"ကုသခင်က တကယ်ပဲ ထိုက်ရှန်းလမ်းကို ထိန်းချုပ်ဖို့ ရည်ရွယ်တယ်ဆိုရင် ကျိုးမိသားစုက သေချာပေါက် ကောင်းချီးပေးမှာပါ ဒါပေမဲ့ ထိုက်ရှန်းလမ်းကို အင်အားစုတွေက စောင့်ကြည့်နေတာ ကုသခင်ရဲ့ ခွန်အားနဲ့ဆိုရင် ထိုက်ရှန်းလမ်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် တကယ်ရှိပါတယ် ဒါပေမယ့် ပြဿနာတစ်ခု ရှိတယ် အဲ့ဒါက ကုသခင်က သိုင်းပညာရှင်ဖြစ်ပြီး မှော်ဆရာမဟုတ်ဘူးဆိုတာပါပဲ!"

ကျိုးဖန်း ဒီစကားပြောပြီးတော့ ကုချင်းဖန်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲမှု ရှိမရှိ ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့တော့ ဆက်ပြောသည်။

"မကြာသေးခင်က နတ်ဆိုးနှိမ်နင်းရေးဗျူရိုက လူတွေ ကုမိသားစု အိမ်တော်ကို လာရောက်လည်ပတ်ခဲ့တယ်လို့ ကျွန်တော် ကြားသိရပါတယ် ဒါကြောင့် မှော်ဆရာတွေနဲ့ သိုင်းပညာရှင်တွေကြား ကွာခြားချက်ကို ကုသခင် နားလည်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် ကျွန်တော်တို့ကျိုးမိသားစုက မူလက သိုင်းမိသားစုပါ ကျွန်တော်တို့က သိုင်းပညာရှင်တွေကို သေချာပေါက် မနှိမ့်ချပါဘူး"

"ဒါပေမယ့် လက်ရှိအခြေအနေက ဒီလိုပဲ မှော်ဆရာတွေကို ရိုသေကြပြီး သိုင်းပညာရှင်တွေကတော့ အနည်းငယ် နိမ့်ကျနေတယ် ထိုက်ရှန်းလမ်းနဲ့ ကျောက်ဖြူဒေသက မတူဘူး ကွမ်းယန်ပြည်နယ်ရဲ့ လမ်း ၇၂ လမ်းထဲမှာ ထိပ်တန်းဆယ်ခုထဲမှာ ပါတယ်

ကုသခင်က ထိုက်ရှန်းလမ်းကို အုပ်စိုးပြီး အရင် အစိမ်းရောင်နေဂိုဏ်းကို အစားထိုးဖို့ ဆန္ဒရှိရင် ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရလိမ့်မယ်

အစိမ်းရောင်နေဂိုဏ်းနဲ့ မတူဘဲ ကွမ်းယန်ပြည်နယ်မှာ အမြစ်တွယ်နေတဲ့ မျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေက အစိမ်းရောင်နေဂိုဏ်းထက် အများကြီး ပိုပြီး ခိုင်မာတယ် အစိမ်းရောင်နေဂိုဏ်းက နှစ်အနည်းငယ်လောက်ပဲ တည်ထောင်ခဲ့ရသေးတာ ကွမ်းယန်ပြည်နယ်မှာ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ဂိုဏ်းတွေ ရှိတယ်"

"ဒီမျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေမှာ အစွမ်းထက်တဲ့ ဝိညာဉ်ထိန်းချုပ်ခြင်းနယ်ပယ်က သိုင်းဆရာတွေက ကျောက်ချထားတယ် ကုသခင်ရဲ့ ခွန်အားက ဒီ နှစ်တစ်ထောင်မျိုးနွယ်တွေနဲ့ ဂိုဏ်းတွေကို ရင်ဆိုင်ရင် အသာစီးရနိုင်မှာ မဟုတ်ဘူး!"

ကျိုးဖန်းက အားသာချက်နဲ့ အားနည်းချက်တွေကို ပြောပြခဲ့ပေမဲ့ ကုချင်းဖန်ရဲ့ မျက်နှာအမူအရာ မပြောင်းလဲပေ။

ဒီစကားတွေကို ကျန်းချင်က ပြောခဲ့ပြီးသားဖြစ်ပြီး ကျိုးဖန်းက ပြန်ပြောနေတာသာ ဖြစ်သည်။

ဒီလိုနဲ့ ကျိုးဖန်း စကားဆုံးတော့ ကုချင်းဖန်က တိုက်ရိုက် ပြန်တုံ့ပြန်လိုက်သည်။

"စကားချိုချိုလေးတွေ ပြောစရာမလိုပါဘူး ကျိုးမိသားစုကလည်း နှစ်တစ်ထောင်မျိုးနွယ်တစ်ခုပဲ ထိုက်ရှန်းလမ်းကို သေချာပေါက် စဉ်းစားထားမှာပဲ"

"ဒါ့အပြင် အကြီးအကဲ ကျိုး ဒီကိုလာတာက ပေါ့ပေါ့ပါးပါး စကားပြောဖို့ မဟုတ်လောက်ဘူး မင်း တကယ် လိုချင်တာဘာလဲ? ပွင့်ပွင့်လင်းလင်း ပြောရအောင်"

ဒီစကားတွေ ကြားတော့ ကျိုးဖန်း ခဏတာ အံ့အားသင့်သွားပြီး ပြန်ပြုံးလိုက်သည်- "တကယ်ပဲ ကျွန်တော်တို့ကျိုးမိသားစုက ထိုက်ရှန်းလမ်းအတွက် ရည်ရွယ်ချက်ထားတာတွေရှိပါတယ် ကွမ်းယန်ပြည်နယ်ရဲ့ ထိပ်တန်းဆယ်ခု စာရင်းဝင်တာကော ပြီးတော့ အဲ့မှာရှိတဲ့ သယံဇာတတွေကလည်း ထူးခြားတယ်လေ"

"ကျွန်တော် ဒီကို လာရတဲ့ ရည်ရွယ်ချက်ကတော့ ထိုက်ရှန်းလမ်းနဲ့ ပတ်သက်ပြီး ကုသခင်ရဲ့ အမြင်ကို သိဖို့ပါပဲ"

"ကုသခင်က ထိုက်ရှန်းလမ်းအတွက် ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားဘူးဆိုရင် ကျိုးမိသားစုက ဒီနယ်မြေကို ထိန်းချုပ်ဖို့ အစွမ်းထက်တဲ့ အင်အားစုတွေကို စေလွှတ်မှာပါ

ဒါပေမယ့် အစိမ်းရောင်နေဂိုဏ်းကို ကုသခင်က ဖျက်ဆီးခဲ့တာဆိုတော့ ကျိုးမိသားစုက နစ်နာကြေးပေးဖို့ ဆန္ဒရှိပါတယ်"

All Chapters