← Chapters

အခန်း (၂၄၉)

Vol. 18 Ch. 249

အခန်း (၂၄၉)

Vol. 18 Ch. 249

ဗုံး!

ကောင်းကင်ရနံ့ တောင်ထိပ်သခင်မ၏ ဦးခေါင်းမှာ မိုးကြိုးငါးချက်ပစ်ခံရသလိုမျိုး အငွေ့ပျံမတတ်ကိုက်ခဲသွားရပြီး မတ်တပ်ပင် မရပ်နိုင်တော့လုနီးနီး။

ဆရာတူမောင်လေးယဲ့က ကိုယ်ဝန်ဆောင် အမျိုးသမီးလေးနှစ်ယောက်ကို သူ့အိမ်ထဲမှာ ဖွက်ထားတာပဲ!

"ဆရာတူအစ်မ၊ ဘာကိစ္စရှိလို့ ဒီထိရောက်လာတာလဲ"

ကြည်လင်ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင် အရှေ့တက်လာလျက် မျက်နှာမထားတတ်စွာ ပြုံးပြလိုက်ရ၏။

လီဝူကျယ်နှင့် ဟုန်ချန်ယဲ့ တို့လည်း အနောက်ကလိုက်လာကြသည်။

ဟုန်ချန်ယဲ့၏ ကျင့်ကြံမှုဆင့် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ အထွဋ်အထိပ်တွင် ရှိသောကြောင့် သူ့ကျင့်ကြံဆင့် ကွာခြားချက် သိပ်မကြီးလှပေ။ ထို့ကြောင့် ဗိုက်ကြီးလက်ညှိုး၏ အာနိသင်သည် ကြာကြာမခံဘဲ ရက်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားတော့၏။

ကောင်းကင်ရနံ့တောင်ထိပ်သခင်မ၏ သံသယအပြည့်ဖြင့်အကြည့်များကိုမြင်လိုက်သော် ဟုန်ချန်ယဲ့နှုတ်ခမ်းတို့က ကောက်ကျစ်စွာကွေးညွှတ်လို့သွားသည်။

ပွဲကတော့ လှ‌တော့မှာပဲ။

"ဆရာတူမောင်လေးယဲ့၊ မင်းဘယ်လိုပဲ ဇနီးမယားတစ်ယောက် လိုချင်နေတယ်ဆိုဦးတော့၊ ငါ့တပည့်မကိုတော့ ဒီလိုမလုပ်သင့်ဘူးလေ။ ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေနဲ့ ဒီလုပ်ရပ်ကို သင့်တော်တယ်လို့ထင်လား! ဆရာတူအစ်မ မင်းအပေါ် အရမ်းစိတ်ပျက်တယ်!"

ဆံပင်ငွေရောင်နှင့် လူချောလေးကို ကြည့်ရင်း ကောင်းကင်ရနံ့တောင်ထိပ်သခင်မမှာ ရင်နာနာဖြင့် စိတ်ပျက်အားငယ်စွာ ပြစ်တင်ပြောဆိုလိုက်တော့သည်။

တကယ်တော့ သူမပြောချင်တာ တစ်မျိုးပါ။ ဘာလို့ ဆရာတူအစ်မဆီကျ မလာတာလဲ? ဆရာတူအစ်မက မလိုလားမှာကြောက်လို့လား?!

အခုတော့ ကျောက်လင်အာကိုမှ ကလေးရအောင်လုပ်လိုက်တော့ ဆရာတူအစ်မက မင်းနဲ့ တပည့်မအရင်းကြီးကို အနာဂတ်မှာ ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ?

လူရှုပ်ကောင်!

သို့ပေမဲ့ လက်ရှိအခြေအနေတွင် ထိုစကားများကိုပြောရန်ကား မသင့်တော်သည့်အတွက် ပြန်သာမျိုချလိုက်ရ၏။

ယဲ့ကျွင်းလင် ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်သည်။ "ဒါက ဆရာတူအစ်မ ထင်သလို တကယ်မဟုတ်ပါဘူးဗျာ"။

"ကောင်းပြီ၊ ဆရာတူအစ်မ မင်းကို မေးမယ်၊ သူတို့ရဲ့ ဗိုက်တွေက မင်းကြောင့် ကြီးလာတာလား!"

"ဟုတ်ပါတယ်..."

"ဒါဆို မင်း ဘာလို့ ဆက်ပြီး ငြင်းခုံနေသေးတာလဲ? ဆရာတူအစ်မကို သုံးနှစ်သား ကလေးလို့ ထင်နေတာလား?"

ကောင်းကင်ရနံ့ တောင်ထိပ်သခင်မ ဒေါသတကြီး ဖြစ်သွားပြီး ယဲ့ကျွင်းလင်အပေါ် လေးစားချစ်ခင်သောအမြင်မှာလည်း စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် အစားထိုးခံလိုက်ရတော့သည်။

လုပ်ချင်ရာလုပ်ပြီး တာဝန်မယူတတ်တဲ့ယောက်ျားမျိုးကို သူမအမုန်းဆုံးပဲ!

"ဒါဆို ဒီလောက်ပါပဲ။ ဆရာတူမောင်‌လေးယဲ့!"

နှုတ်ဆက်စကားဆိုပြီးသည်နှင့် သူမ ဝတ်ရုံလက်စကိုဝှေ့ယမ်းကာ ထွက်သွားရန်ဟန်ပြင်လိုက်သည်။

"ဆရာတူအစ်မ၊ တကယ်တော့ ကျွန်တော် အစ်မဗိုက်ကိုလည်း ကြီးအောင် လုပ်ပေးနိုင်ပါတယ်"။

ယဲ့ကျွင်းလင်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။

ကောင်းကင်ရနံ့တောင်ထိပ်သခင်မ- ???

ဒါက ဘယ်လိုတောင် ရိုင်းစိုင်းကောက်ကျစ်လိုက်တဲ့ စကားတွေလဲ!

"ဆရာတူမောင်လေးယဲ့၊ ကျေးဇူးပြု၍ မိမိကိုယ်ကို လေးစားသမှုတော့ထားပါဦး!" ကောင်းကင်ရနံ့တောင်ထိပ်သခင်မသည် ငွေရောင်အံသွားလေးများကို တင်းတင်းကြိတ်ထားကာ အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ဒေါသကြောင့် ပါးပြင်များလည်းနီမြန်းလာသည်။

သူမသည်လည်း ထိုအဖြစ်အပျက်ကို စိတ်ကူးမယဥ်ဖူးသည်မဟုတ်။ တစ်ခါတစ်ရံ ညနက်သန်းခေါင်တွင် တရားထိုင်နေစဉ် ထိုမြင်ကွင်းကို အိပ်မက်မက်တာမျိုးပင် ဖြစ်တတ်သေး၏။ တစ်ဖက်လူ၏ တည့်တိုးပြောဆိုလာချိန်တွင် သူမ၏ကိန်းအောင်းနေသော စိတ်ဆန္ဒမှာလည်း ပြင်းထန်လာသည်ကို ငြင်းမရနိုင်။

ဒါပေမဲ့ အတင်းအကြပ်ကြီးလုပ်တာတော့ လက်မခံနိုင်ပါဘူး။

"အား၊ မင်းတို့ အားလုံး ဘာလို့ ငါ့ကို ဒီလိုလုပ်မိအောင် ဖိအားပေးနေရတာလဲ။"

ယဲ့ကျွင်းလင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ အခြေအနေက ဒီလိုဖြစ်လာပြီမို့ သူ သက်သေမပြလို့ မရတော့ပြန်ပြီ။

ထို့နောက် လူတိုင်း၏‌ မျှော်လင့်တကြီးအကြည့်များအလယ်တွင် ယဲ့ကျွင်းလင်က လက်ညှိုးတစ်ချောင်းကိုမြှောက်ကာ ဆရာတူမမလှလှလေးအား ထိုးညွှန်လိုက်ရ၏။

လက်ချောင်းထိပ်ဖျားလေးတွင် အလင်းတန်းတစ်ခု မှိန်မှိန်လေး လင်းလက်လာပြီး စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ဗိုက်ကြီးလက်ညှိုး!

"အာ..."

နောက်တစ်စက္ကန့်အကြာတွင် ကောင်းကင်ရနံ့တောင်ထိပ်သခင်မ၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး သူမ၏ ဗိုက်သည် ပြင်းထန်စွာ နာကျင်လာကာ လျင်မြန်စွာ ဖောင်းကားလာသည်အား ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရသည်။ ဆယ်လသား ကိုယ်ဝန်အရင့်အမာကို လွယ်ထားရသော အမျိုးသမီးကဲ့သို့ပင်။

"ငါ ကိုယ်ဝန်ရှိနေတာလား?"

"ခဏလေး၊ ဗိုက်ထဲမှာ အသက်ရှိတဲ့ လက္ခဏာ မရှိဘူး၊ ဒါဆို ဒီဗိုက်ကအတုပဲ!"

ဗိုက်ဖောင်းဖောင်းနှင့် အလှပဂေးတောင်ထိပ်သခင်မက အလန့်တကြား အော်ဟစ်လိုက်သည်။

ဗိုက်ကြီးလက်ညှိုး၏ လွှမ်းမိုးမှုသည် ပစ်မှတ်ကို ကိုယ်ဝန်ရှိသည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးနိုင်သည်။ ကိုယ်တိုင်ကြုံဖူးသူများသာ အတုအစစ်ခွဲခြားနိုင်မှာဖြစ်ပြီး အပြင်လူများ၏အမြင်တွင်တော့ ဗိုက်ကြီးသည်အစစ်တို့နှင့် ခွဲခြားမရအောင် ထပ်တူကျပေလိမ့်မည်။

"ဆရာသခင်မ၊ အခု ယုံပြီလား" ကျောက်လင်အာ နှုတ်ခမ်းစူပြီး နာကျင်စွာ ပြောလိုက်သည်။

"ယုံပါပြီဟယ်" ကောင်းကင်ရနံ့တောင်ထိပ်သခင်မက သူမ၏ ဖောင်းကားနေသော ဗိုက်ကို ပွတ်သပ်လိုက်သည်။ ဒီကိုယ်ဝန်က အတုမှန်းသိသော်လည်း ဘာကြောင့်ရယ်မသိ သူမကိုယ်သူမ အရင်ကနှင့်မတူတော့စွာ အခြားတစ်ယောက်ဖြစ်သွားသကဲ့သို့ ခံစားမိရ၏။ သူမ၏ မျက်နှာလှလှလေးထက်တွင် မိခင်မေတ္တာအလင်းများ ဖြာကျနေပြီး ငြိမ်သက်အေးချမ်းနေသည်။

“ဒီအတောအတွင်း မင်းတို့ တောင်ပေါ်မှာပဲနေပြီး သဟဇာတဖြစ်အောင် ပေါင်းသင်းကြ” ယဲ့ကျွင်းလင် သူ့မျက်ခုံးမွေးများကို ပွတ်သပ်ရင်း စိတ်ပျက်လက်ပျက်မှာကြားသည်။

"ဟုတ်ကဲ့ပါ" ဗိုက်ကြီးကြီးနှင့် အမျိုးသမီးသုံးယောက်က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

တစ်ဖက်တွင်။

တောအုပ်ထဲမှ ပန်းကန်လုံးဆံပင်နှင့် ကောင်လေးတစ်ဦး လမ်းလျှောက်ထွက်လာစဉ် ထိုမြင်ကွင်းက သူ့အမြင်သုံးခုလုံးကို ပြောင်းပြန်လှန်လိုက်သလို ခံစားရကာ အလွန်ကြောက်လန့်သွားပြီး လှည့်ပြန်ပြေးသွားသည်။ သူ့ခြေလှမ်းများက အတော်လေး မြန်ဆန်သွက်လက်နေလျက်။

ကျွန်တော် ဘာတစ်ခုမှ မသိပါဘူး၊ မေးရဲလည်း မမေးရဲဘူးလေ...

All Chapters