← Chapters

ခပ်သိမ်းသောမူလ တာအို ... ။

Vol. 29 Ch. 338

ခပ်သိမ်းသောမူလ တာအို ... ။

Vol. 29 Ch. 338

“ လျှို့ဝှက်ချက်တဲ့လား ... မဟာကရုဏာရှင်က ခေါင်းကိုးလုံးပါတဲ့ ငှက်တစ်ကောင်လို့ မင်းပြောဖို့ ကြိုးစားနေတာလား။ ”

စုရီမေးခွန်းကြောင့် တာအိုဘုန်းကြီးခမျာ အံ့အားသင့်သွားပြီး၊

“ စီနီယာ ... ကျေးဇူးပြုပြီး ငါ့အသက်ကိုချမ်းသာပေးပါ ငါကတိပေးပါတယ် အခုချိန်ကစပြီး ကမ္ဘာကြီးကို ထိခိုက်စေတဲ့ ကိစ္စမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး။ ”

-ဟု ချက်ချင်း တောင်းပန်တော့၏။

သေလွန်ပြီးနောက် မကောင်းမှုများ ကျူးလွန်သော သူများအပေါ် ခွင့်မလွှတ်နိုင်ချေ။ ထို့ကြောင့် စုရီက ကြင်နာခြင်းမရှိဘဲ တာအိုဘုန်းကြီး၏ ဝိညာဉ်ကို သုတ်သင်ပစ် လိုက်လေသည်။

“ ယွမ်ဟမ် ... ဒီနေရာကိုရှင်းပြီး အဲဒီကလေးတွေကို အိမ်ပြန်ပို့ပေးလိုက်ပါ ငါတို့ မိုးမလင်းခင် ထွက်သွားကြမယ်။ ”

“ ဟုတ်ကဲ့ ... သခင်။ ”

ယွမ်ဟမ်မှ အမိန့်ကို လက်ခံခဲ့သည်။ များမကြာခင် ကလေးများ ခေါ်ဆောင်လျက် ယွမ်ဟမ်တစ်ယောက် ထွက်ခွာသွား၏။

စုရီသည်သာ တင်ပျဉ်ခွေထိုင်ပြီး တရားမှတ်လျက် ကျန်ရစ်ခဲ့သည်။ အတွင်းပိုင်း သန့်စင်ခြင်းအဆင့်၌ ကနဦး၊ အလယ်အလတ်၊ နှောင်းပိုင်းနှင့် ပြီးပြည့်စုံမှုဟူ၍ (၄)ဆင့် ခွဲခြားထားသည်။

ဤနယ်ပယ်သို့ ရောက်သောအခါ စွမ်းအင်မျိုးစေ့သည် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးကာ တာအိုကျက်သရေကို ရရှိနိုင်ပေမည်။

ဆိုလိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝတရား၏ နိယာမအပေါ် နားလည်နိုင်ကာ ‘တာအို’ကို ဒါန်တမ်၌ စုစည်းပေးမည်ဖြစ်သည်။

ဤအဆင့်၌ စိတ်ဝိညာဉ်စွမ်းအင်ကို နတ်အာရုံအဖြစ် ပေါင်းစည်းနိုင်၏။ သေမျိုးနှင့်​ ကျင့်ကြံသူအကြား ကွာခြားချက်ပေပင်။ ၎င်းအပြင် နောက်ထပ်ခြားနားချက် နှစ်ရပ်လည်း ရှိသေးသည်။

၎င်းတို့မှာ စွမ်းအင်မျိုးစေ့နှင့် တာအိုကျက်သရေတို့ဖြစ်၏။ သေမျိုးများတွင် ဤအရာများ မရှိချေ။ တာအိုကျက်သရေတွင် အဆင့်သုံးဆင့်ရှိသည်။

မြေကြီး၊ ကောင်းကင်နှင့် နက်နဲအဆင့်ဖြစ်သည်။ မြေကြီးသည်အနိမ့်ဆုံး ဖြစ်ကာ နက်နဲသည် အမြင့်ဆုံးဖြစ်၏။

စွမ်းအင်မျိုးစေ့သည် ကျင့်ကြံမှု၏ အုတ်မြစ်ဖြစ်သည်။ အားကောင်းသည်နှင့်အမျှ တိုက်ပွဲဝင်စွမ်းအား မြင့်တက်ပေမည်။ သူသည် အစွမ်းအထက်ဆုံးသော တာအိုမျိုးစေ့ကို ရရှိထားသည်။

နတ်အာရုံသည် စိတ်ဝိညာဉ်၏ အုတ်မြစ်ဖြစ်သည်။ ၎င်းဖြင့် ကောင်းကင်နှင့် မြေကြီးကြား အရာခပ်သိမ်းအပေါ် ခံစားနိုင်၏။

လက်ရှိ သူ့နတ်အာရုံသည် အချင်းဝက် ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားနိုင်နေပြီဖြစ်သည်။

ဤပမာဏသည် အရိုင်းမြေကိုးပါးမှ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်နေပြီဖြစ်၏။

လမ်းတစ်လျှောက်တွင် ခရီးသည်တစ်ဦး ကဲ့သို့ သဘာဝတရားအပေါ် ရှုထောင့်အမျိုးမျိုးမှ စူးစမ်းကြည့်လာခဲ့သည်။

နိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိသည့် အချိန်တိုင်းတွင် ကျင့်ကြံမှုနှင့် ပတ်သက်သည့် အကြောင်းအရာများအပေါ် စူးစမ်းဖြစ်၏။

လက်ရှိအချိန်ထိ အသန်မာဆုံးသော နိုင်ငံသည် မဟာချင်မင်းဆက်နှင့်သာ ယှဉ်နိုင် သေးသည်။ အများစုသည် မဟာကျိုးနှင့် မဟာဝေတို့ထက်ပင် နိမ့်ကျနေ၏။

ဆိုလိုသည်မှာ ဤနိုင်ငံများရှိ အရင်းအမြစ်များသည် သူ့လိုအပ်ချက်အပေါ် မဖြည့်ဆည်းပေးနိုင်ချေ။

ရလဒ်အနေဖြင့် အတွင်းပိုင်းသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလာချိန်၌ အရင်းအမြစ်များ ကုန်ဆုံးလုနီးပါးဖြစ်နေ၏။

ဤအတိုင်း ဆက်သွားနေသော် ကောင်းကင်နှင့်မြေကြီးရှိ ဝိညာဉ်စွမ်းအင်ကိုသာ စုပ်ယူရပေတော့မည်။

“ ကောင်းပြီ ... ကျင့်ကြံဖို့လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိရင် တာအိုကို သန့်စင်​ဖို့ အာရုံစိုက်ရအောင်။ ”

စုရီက ဆုံးဖြတ်ချက်ချလိုက်သည်။ ချီစုစည်းခြင်းအဆင့်၌ တာအိုကျက်သရေကို စုစည်းနိုင်ခဲ့သည်။

ဤအဆင့်သည် ဝင်ခွင့်အဆင့်သာဖြစ်ပြီး မူလတာအိုနယ်ပယ်၏ ကန့်သတ်ချက်လည်း ဖြစ်ချေသည်။

ထို့ကြောင့် ၎င်းကိုသိုင်းတာအိုနယ်ပယ်ဖြင့် စောလျင်စွာ သူ နားလည်ခဲ့သော်မှ တိုးတက်ရန် လုပ်နိုင်သည်များ မရှိတော့ချေ။

ဆိုလိုသည်မှာ သာမန်ကျင့်ကြံသူများသည် မူလတာအိုအဆင့်၌သာ တာအိုကျက်သရေကို စတင်နားလည်နိုင်သည်။

‘တာအိုအမှန်တရား’ အတွက်ကိုမူ ဝိညာဉ်တာအိုနယ်ပယ်သို့ ရောက်မှသာလျှင် နားလည်မည်ဖြစ်၏။

အဆုံးတွင် နက်နဲတာအိုနယ်ပယ်၌ တာအိုနိယာမကို ပေါင်းစည်းနိုင်သည်။ ယင်းကို တာအိုကျက်သရေ၊ တာအိုအမှန်တရားနှင့် တာအိုနိယာမ ဟူ၍ ခေါ်ဆိုကြ၏။

ထိုသုံးမျိုးကို မြေကြီး၊ကောင်းကင်၊ နက်နဲဟူ၍ ထပ်မံခွဲခြားကာ၊ ကျင့်ကြံမှုနယ်ပယ် သုံးရပ်ဖြင့် တိုက်ရိုက်သက်ဆိုင်၏။

အံ့ဖွယ် ဉာဏ်ကြီးရှင်များသည်သာ နယ်ပယ်တစ်ခုတွင် ပြိုင်ဘက်ကင်း တာအို အဆင့်ကို ရရှိကြသည်။

ဥပမာအားဖြင့်၊ လ၊ နေ၊ အလင်းနှင့် အမှောင်ကဲ့သို့ အလွန်ရှားပါးသော တာအိုများ၏ ကျက်သရေကို နားလည်နိုင်လျှင် ၎င်းအပေါ် ပြိုင်ဘက်ကင်းတာအိုရှင် အဖြစ် သတ်မှတ်၏။

သည့်ပြင် အပြန်အလှန်မှီခိုရသော တာအိုကျက်သရေများကို အထက်တန်းစား တာအိုအဖြစ် သတ်မှတ်သည်။ ဥပမာအားဖြင့် ယင်နှင့်ယန်၊ ဒြပ်ငါးပါး၊ လေနှင့်မီး၊ လေနှင့် မိုးကြိုး စသည်တို့ဖြစ်သည်။

၎င်းတို့မှာ ရှားပါးပြီး တစ်ပါးကို နားလည်ရုံဖြင့် တာအို၌တောက်ပနေနိုင်သည်။ ကောင်းကင်နှင့် မြေကြီးကြား တာအိုများကိုမူ ပင်မတာအိုနှင့် အခွဲတာအိုအဖြစ် ခေါ်၏။

သို့သော် တာအိုကျက်သရေ၏ စွမ်းအားများသည် ထိုအဆင့်ပေါ်တွင်သာမက မူတည်သည် မဟုတ်ချေ။ နားလည်ထား သူ၏ ထိန်းချုပ်နိုင်စွမ်းပေါ်တွင် မူတည်သည်။

အခွဲတာအိုကို နက်နဲအဆင့်ထိ နားလည်ထားသော ကျင့်ကြံသူတစ်ဦးသည် ပင်မတာအိုမြေကြီးအဆင့် နားလည်နေသူ အပေါ် ရင်ဆိုင်နိုင်သည်။

ကျင့်ကြံမှုလမ်းတွင် သက်ဆိုင်ရာ နယ်ပယ်များ၌ သက်ဆိုင်ရာ တာအိုများအပေါ် ပြီးပြည့်စုံအောင် နားမလည်ထားပါက အဆင့်တက်ရန် အခွင့်အလမ်းမရှိချေ။

ဤပြဿနာကို စုရွှမ်ကြွယ်ဘဝတွင် ကြုံခဲ့ရသည်။ အထွတ်အထိပ် ဧကရာဇ်တစ်ပါး ဖြစ်ချိန်၌ နောက်ထပ် အောင်မြင်မှုတစ်ခုရရှိရန် ပျက်ကွက်ခဲ့သည်မှာ ထိုတာအိုတွင် ပိတ်ဆို့ သွားသောကြောင့်ဖြစ်၏။

ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် တာအိုနိယာမကို ပေါင်းစည်းပြီးချိန်တွင် အဆင့် မရှိတော့ချေ။

ထို့ကြောင့် အရိုင်းမြေကိုးပါးအနှံ့ ဖြန်ကျက်ကာ တာအိုကိုရှာဖွေခဲ့စဉ် နှစ်ပေါင်း သိန်းဂဏန်း ကုန်လွန်သွားခဲ့ရသည်။

အဆုံးတွင် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်လိုသော် ကိုယ်ပိုင် ပြိုင်ဘက်ကင်း တာအိုတစ်ခု လိုအပ်ကြောင်း သိရှိလာ၏။

ထို့ကြောင့် စုရီဘဝတွင် ယခင်ဘဝ မရရှိခဲ့ဖူးသော ပြိုင်ဘက်ကင်းတာအိုတစ်ပါးကို ရှာဖွေရန် လိုအပ်ပေမည်။ မဟုတ်သော် ယခင်အတိုင်း ပိတ်မိသွားနိုင်၏။

သည့်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်။ ထင်းရှူးကြိုးကြာ ခန္ဓာကိုယ် နည်းစနစ်၊ တာအိုကျက်သရေ၊ စွမ်းအင်လမ်း (၁၀၈)ပါး၊ လျှို့ဝှက်သွေးပြန်ကြော၊ ဒြပ်စင် ငါးပါး တာအိုရောင်ဝါ၊ စသည်တို့သည် ဥပမာဖြစ်၏။

မူလတာအို နယ်ပယ်တွင် ဒြပ်စင်ငါးပါး တာအိုရောင်ဝါကို စုစည်းကာ ယင်နှင့်ယန်ကို သန့်စင်ထား၏။ လေနှင့်မိုးကို ထင်ရှား စေခဲ့သည်။

ဤတာအိုသုံးပါးကို ပေါင်းစည်းကာ ပြိုင်ဘက်ကင်းတာအိုကျက်သရေ ရရှိစေမည်။ ဒြပ်စင်ငါးပါးသည် အုတ်မြစ်ဖြစ်ပြီး ယင်ယန်ဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးမည်။

လေနှင့်မိုးသည် လောက၏ အရာခပ်သိမ်းသော သက်ရှိများကို မွေးဖွားပေး ချေမည်။ ဤသည်မှာ ပြိုင်ဘက်ကင်း သူ့တာအို ကောက်ကြောင်းပေပင်။

အရိုင်းမြေကိုးပါး၌ပင် နှစ်ပေါင်း တစ်ထောင်အတွင်း ယင်းကိုအောင်နိုင်သော ပါရမီရှင်မျိုး ရှာတွေ့နိုင်မည် မဟုတ်ချေ။

ဝိညာဉ်တာအိုသို့ ခြေချသောအခါ၊ ထိုသုံးပါးကို ပေါင်းစည်းခြင်းဖြင့် ခပ်သိမ်းသော မူလ ရရှိနိုင်မည်။ ခပ်သိမ်းသောမူလ ဟူသည် အရာရာတိုင်း၏ မူလအစဖြစ်၏။ မျိုရိုးဗီဇဟု သတ်မှတ်ကြသည်။

တာအိုအမှန်တရားနှင့် တာအိုနိယာမကို ထပ်မံပေါင်းစည်းပြီးနောက် အသွင်ပြောင်းကာ ပြိုင်ဘက်ကင်းတာအိုကို ရရှိနိုင်မည်။

ဤနည်းအားဖြင့် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း တာအိုနိယာမအသစ် တစ်ပါးကို မွေးဖွားပေးပေမည်။ သို့သော် ရှေးဦးခေတ်မှစပြီး ယနေ့အထိ မည်သူမျှ မအောင်မြင်သေးချေ။

ယင်းသည် မည်သည့် မှတ်တမ်းများ အတွင်းတွင် မရှိသော အချက်အလက်များ ဖြစ်သည်။ ငရဲဘုံကိုးပါးဓားမှ သူရရှိသော ထိုးထွင်းသိမြင်မှုများသာ ဖြစ်၏။

ထို့ကြောင့် ဤလျှို့ဝှက်ချက်ကို ခပ်သိမ်းသော မူလ အမည်ပေးထားသည်။ ဗီဇများ၏မူလသည် အစဖြစ်၏။

နှစ်ပေါင်းများစွာ နားလည်မှုနှင့် တွေးတောဆင်ခြင်ပြီးနောက် ဤနိယာမကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

လက်ရှိအချိန်၌ ထိုအဆင့်ရောက်ရန် စောလွန်းနေသေးသည်။ မူလတာအိုနယ်ပယ်၌ လက်ရှိ သူ လုပ်ဆောင်ရမည့်အရာမှာ လုပ်ငန်းစဉ် သုံးရပ်ရှိသည်။

ဒြပ်စင်ငါးပါးတာအို၊ ယင်ယန်တာအို၊ ​လေနှင့်မိုးကြိုးတာအိုတို့ကို ပြိုင်ဘက်ကင်းသည် အထိ ဦးစွာ ထိန်းချုပ်နိုင်ရန်ပေပင်။

ဤနည်းဖြင့်သာ ဝိညာဉ်တာအို နယ်ပယ်ရောက်ချိန်၌ ‘ခပ်သိမ်းသော မူလ’ကို ရရှိနိုင်မည်ဖြစ်သည်။

အဓိပတိနန်းတော်နှင့် အမှောင် စကြဝဠာကြီး တို့အတွက်မူ နက်နဲနယ်ပယ် ရောက်မှသာ ဖန်တီးနိုင်မည်။

( အဓိပတိနန်းတော်နှင့် အမှောင် စကြဝဠာကြီးဟူသော ဝေါဟာရအသစ်ကို ကျွန်တော် နားမလည်သေးချေ။

ထို့ကြောင့် မှတ်သားထားပေးရန် တောင်းဆိုပါသည်။ နောင်ထပ် အခန်းများတွင် ၎င်းနှင့်ပတ်သတ်သော အချက်အလက်များ ပါရှိမည်ထင်၏။ )

လက်ရှိအချိန်၌ ဒြပ်စင်ငါးပါးတာအိုကို ပြီးပြည့်စုံမှု ရရှိရန် မဝေးတော့ချေ။ ယင်ယန်၊ လေနှင့်မိုးကြိုးတာအိုကို အမြန်ဆုံး နားလည်အောင် ကြိုးစားရပေမည်။

နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုများအရ တာကိုကျက်သရေကို နားလည်ရန် အရေးကြီး ဆုံးသောလိုအပ်ချက်မှာ ‘ဉာဏ်အလင်း’ဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြား နိယာမများအပေါ် နားလည်မှသာ ဉာဏ်အလင်း တံခါးဝကို ထိမိနိုင်မည်။

သည့်နောက် ထိုအသိကို နေ့ရောညပါ ဆင်ခြင်သုံးသပ်ပေးခြင်းဖြင့် ပြီးပြည့်စုံသော ဉာဏ်ပညာ ဖြစ်လာပေမည်။

အချိန်များ ကုန်လွန်လာ၏။ စုရီခမျာ တရားထိုင်ရာမှ နိုးလာချိန်တွင် မိုးလင်းနေပြီ ဖြစ်သည်။ သို့သော် ကလေးများကို အိမ်ပြန် ပို့ပေးနေသည့် ယွမ်ဟမ်သည် ပြန်ရောက် မလာသေးချေ။

လမ်းတွင် တစ်စုံတစ်ရာ ပြဿနာ ကြုံနေခြင်းဖြစ်ပေမည်။ ထိုကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လျက် ထရပ်ကာ ဦးတည်ရာ တစ်ရပ်ထံ မျှော်ကြည့်လိုက်တော့သည်။

***

All Chapters