← Chapters

ချင်းယာနှင့် လင်းယွင်ဟဲ ... ။

Vol. 29 Ch. 339

ချင်းယာနှင့် လင်းယွင်ဟဲ ... ။

Vol. 29 Ch. 339

စုရီက မတ်တပ်ထရပ်ပြီး သူ့အဝတ်အစားများကို ဖုန်ခါလျက် ထွက်ခွာ လာခဲ့သည်။

ကောင်းကင်သည် တောက်ပလျက် နံနက်ခင်းအလင်းအောက်တွင် တောင်တန်းကြီး တစ်ခုလုံး တိမ်မြူများဖြင့် ဖုံးလွှမ်းနေ၏။

အရာခပ်သိမ်းသော အသက်ဓါတ်များ ပြည့်လျှံနေကာ မြက်ပင်များသည်ပင် ယိမ်းနွဲ့ တက်ကြွ​နေသည်။

တောင်တက်လမ်းတစ်ဝက်တွင် ဆောက်ထားသော တောင်နတ်ဘုံကျောင်းသည် အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။

စုရီက အပျက်အစီးများတွင် ခဏရပ်ပြီးနောက် ‌ကျောက်စိမ်းကမ္ပည်းပြား ကိုင်လျက် ဦးတည်ရာတစ်ရပ်ထံ စူးစိုက်ကြည့်လိုက်၏။

ဤအရာသည် စိတ်ဝိညာဉ်ကို အာရုံခံနိုင်သော လျှို့ဝှက်သင်္ကေတဖြစ်သည်။ ယွမ်ဟမ် သွားလေရာ အရပ်တိုင်းတွင် ထူးခြားသောရနံ့ကို ချန်ထားမည်။

ဤတံဆိပ်ဖြင့် ထိုရနံ့ကို ဖမ်းဆုပ်နိုင်၏။ များမကြာခင် စုရီတစ်ယောက် အရှေ့ဘက်ကို လှမ်းကြည့်ကာ ပြေးလွှားပျံသန်းတော့သည်။

တောင်ကြားလွင်ပြင် တစ်နေရာတွင် မြေပြိုကျနေပြီး အနီးနားရှိ ကျောက်တုံးများ၊ မြက်ပင်များနှင့် သစ်ပင်များ အမှုန်ဖြစ်နေ၏။ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပုံပေပင်။

“ ဆရာ၊ ဒီနတ်ဆိုးသားရဲရဲ့ နတ်ဆိုးရောင်ဝါက အားကောင်းပေမယ့် သူ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင် မရှိဘူး သူဟာ ကြင်နာတတ်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်သင့်တယ် မဟုတ်လား။ ”

ချင်းယာမှ မေးသည်။ သူမသည် အသက်(၁၆)နှစ်သာရှိပြီး ချောမောလှပသော ရုပ်ရည်ကို ပိုင်ဆိုင်ထား၏။

လက်ထဲတွင် ရှေးဟောင်း ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် လှပပြီး ချစ်စရာကောင်းနေသည်။

“ သူ့ကို ... ကြင်နာတယ်လို့တော့ သတ်မှတ်လို့မရဘူး သူက နတ်ဆိုးသားရဲပဲ မဟုတ်လား။ ”

လင်းယွင်ဟဲမှ ပြန်ဖြေသည်။ ထို့နောက် ယွမ်ဟမ်ထံ လှမ်းကြည့်ကာ၊

“ သူနဲ့ သူ့သခင်က အဲဒီကလေးတွေကို ကယ်တင်ခဲ့တာဆိုပေမယ့် နည်းနည်းတော့ ထူးဆန်းနေသေးတယ် ... စိတ်မပူပါနဲ့ သူ့သခင် ရောက်လာတဲ့အခါ ငါတို့တွေအမှန်တရားက ထုတ်ဖော်နိုင်ပါလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

လင်းယွင်ဟဲသည် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များကို ဆံညှပ်ဖြင့် ချည်နှောင်ထား၏။

ပုံသဏ္ဍာန်သည် သွယ်လျပြီး မေးစေ့အောက်တွင် မုတ်ဆိတ်မွေးများ ရှိနေ၏။ ပြေပြစ်ပြီး သပ်ရပ်ချေပြီ။

“ မူလတာအိုနယ်ပယ် ရောက်နေတဲ့ နတ်ဆိုးသားရဲတစ်ကောင်က လူသားဆီမှာ အစေခံနေတာလား ... သူ့သခင်က အရမ်း တန်ခိုးကြီးရမယ်။ ”

လင်းယွင်ဟဲက ပြုံးပြပြီး၊

“ သူ့သခင်က တန်ခိုးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သူ့ကို ငါတို့မြင်ရပါလိမ့်မယ်။ ”

ချင်းယာက ခေါင်းညိတ်လျက်၊

“ မိတ်ဆွေ ... ငါ့ဆရာနဲ့ငါ မင်းအတွက် အခက်အခဲတွေ လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ မင်းသခင်နဲ့တွေ့ပြီး မင်းကိုယ်မင်း သက်သေပြ နိုင်ရင် ငါတို့လွှတ်ပေးပါမယ်။ ”

လေဟာနယ်အတွင်း တောက်ပသော တာအိုဓားရှည်လေးစင်း ဆိုင်းငံ့နေ၏။ ၎င်းသည် သင်္ကေတလေးပါးအစီရင်ဖွဲ့စည်းပုံဖြစ်ကာ ယွမ်ဟမ့်အပေါ် ကောင်းစွာ ပိတ်လှောင် ထားနိုင်သည်။

“ ငါ့သခင် ရောက်လာရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်။ ”

သူသည် ကလေးငယ်များကို အိမ်ပြန် ပို့ပြီးနောက်တွင် ဤဆရာတပည့် နှစ်ဦးဖြင့် ဆုံတွေ့ခြင်း ဖြစ်သည်။

၎င်းတို့က စကားတစ်ခွန်းမျှမပြောဘဲ သူ့ကိုနတ်ဆိုးတစ်ကောင်အဖြစ် မှတ်ယူကြကာ တိုက်ခိုက်လာခြင်းဖြစ်၏။

အကြိမ်ကြိမ် ရှင်းပြခဲ့သည့်တိုင် သူ့ကိုလွှတ်ရန် ငြင်းဆန်နေခဲ့သည်။ သို့သော် ဤဆရာနှင့်တပည့်သည် ကြမ်းကြုတ်သူများ မဟုတ်ချေ။

သူ့ကို ချုပ်နှောင်ထားရုံသာဖြစ်၏။ ထိခိုက်စေလိုသော ရည်ရွယ်ချက်မျိုး မရှိခဲ့ချေ။ ဤအရာက သူ့ကို သက်ပြင်းချမိစေ၏။

ပထမအချက်အနေနှင့် ကျင့်ကြံမှု အားနည်းပြီး ပြိုင်ဘက်အပေါ် အနိုင်မယူနိုင် သောကြောင့် သူ့တွင် ပြောစရာမရှိချေ။

ဒုတိယအချက်မှာ ဤကိစ္စသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ပြီး တစ်ဖက်မှ ကြီးမားသော စေတနာကို ပြသခဲ့သည်။

ထို့ကြောင့် နှစ်ဖက်စလုံးသည် စုရီရောက်ရှိလာခြင်းအပေါ် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းပေပင်။

“ မင်းရဲ့သခင်က ... အရမ်း အစွမ်းထက်လို့လား ... သူ့ကျင့်ကြံမှု ဘယ်အဆင့်လဲ။ ”

ချင်းယာက စိတ်ဝင်တစားမေးသည်။

“ ငါ့သခင်က ... ကောင်းကင်ဘုံက တန်ခိုးရှင်ပဲ ဒီကမ္ဘာမှာ ရှာမတွေ့နိုင်တဲ့ တာအိုနဲ့ ဉာဏ်ပညာမျိုး ပိုင်ဆိုင်ထားတယ်။ ”

“ အိုး ... ကောင်းကင်ဘုံက တန်ခိုးရှင်လား စိတ်ဝင်စားစရာပဲ။ ”

ချင်းယာတစ်ယောက် မျက်ဝန်းများ တောက်ပလာ၏။ မလှမ်းမကမ်းရှိ လင်းယွင်ဟဲ သည်သာ ပြုံးရယ်လိုက်ချေသည်။

“ ဒီကမ္ဘာမှာ ... ဘယ်လိုလုပ်ပြီး ကောင်းကင်က တန်ခိုးရှင်တွေ ရှိမှာလဲ၊ ချင်းယာ သူ့စကားတွေကို နားမထောင်နဲ့ ... ဒါကအခု သူ့သခင်ကို မြှောက်ပင့်နေတာ။ ”

“ အိုး ... မှန်တယ် ... ခစ်ခစ်ခစ် ... ဒီကမ္ဘာကြီးမှာ နတ်သမီးတွေရှိရင် ငါလည်း နတ်သမီးဖြစ်ဖို့ အခွင့်အရေးရှိတယ်။ ”

ယွမ်ဟမ်က ဆက်မပြောတော့ချေ။ တစ်ဖက်လူများသည် သူ့စကားကို မယုံသည့် အတွက် စကားများဖြုန်းတီးခြင်းသည် အဓိပ္ပါယ်မဲ့ပေမည်။

“ မိတ်ဆွေ၊ မင်းရဲ့သခင်က အရမ်းအစွမ်းထက်တယ်ဆိုရင် မင်းဘာလို့ ငါ့ဆရာကို အနိုင်မယူနိုင်ရတာလဲ။ ”

သို့သော် တိတ်ဆိတ်သွားသော ယွမ်ဟမ်ပုံစံကြောင့် ချင်းယာက စကားပြောရန် ကြိုးစားလာပြန်သည်။ ထို့ကြောင့် ယွမ်ဟမ်မှ ချက်ချင်း မဖြေသေးဘဲ လင်းယွင်ဟဲထံ မျှော်ကြည့်ကာ၊

“ ငါမူလတာအိုနယ်ပယ် အတွင်းပိုင်း သန့်စင်မှု အဆင့်မှာပဲ ရှိသေးတယ် ... ဒါဆို ကြယ်စုစည်းခြင်းက တစ်စုံတစ်ယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ...

... ငါအခုလို အားနည်းနေတာဟာ ငါ့ရဲ့ညံ့ဖျင်းတဲ့ အရည်အချင်းတွေကြောင့်ပဲ ငါ့သခင်နဲ့ ဘာမှမဆိုင်ဘူး ... ပြီးတော့ ငါက ငါ့သခင်ဆီမှာ သင်ယူနေတာ တစ်လတောင် မပြည့်သေးဘူး။ ”

“ မိတ်ဆွေ၊ မင်း ကိုယ့်ကိုကိုယ် ... နှိမ့်ချနေစရာ မလိုပါဘူး မင်းကနတ်ဆိုးသားရဲ ဖြစ်ပေမယ့် မဟာတာအိုမှာ အခြေခံအုတ်မြစ် ခိုင်ပါတယ် ...

... ပြီးတော့ မင်းဟာ အကန့်အသတ်မဲ့ အလားအလာကို တူးဖော်နိုင်တဲ့ အမွေမျိုးကို ဆက်ခံခွင့် ရထားတာပဲ။ ”

ဤတစ်ကြိမ်တွင် ချင်းယာ၏ ထိုစကားများအပေါ် လင်းယွင်ဟဲမှ မငြင်းခဲ့ချေ။ တစ်ဖက်လူ၏ လေ့ကျင့်မှုနှင့် ခွန်အားသည် သာမန်နတ်ဆိုးကျင့်ကြံသူများထက် သာလွန် ကောင်းမွန်ကြောင်း သူ သိ၏။

ထို့အပြင် ၎င်းတွင် ‘သခင်’ရှိသည်ဟု ဆိုနေသောကြောင့် မပေါ့ဆဝံ့ချေ။ အဆုံးတွင် တစ်ဖက်လူကို ဒဏ်ရာမပေးဘဲ ပိတ်ဆို့ရုံသာ ကြိုးစားလိုက်ရသည်။

“ ငါ့သခင်သာ ... ငါ့ကိုဒီလိုမြင်ရင် သူစိတ်ပျက်သွားမှာ ကြောက်မိတယ်။ ”

ယွမ်ဟမ်မှ သက်ပြင်းချလိုက်သည်။ ထိုအသါင်အပြင်ကြောင့် ချင်းယာတစ်ယောက် စာနာစိတ်ဝင်လာပြီး၊

“ မှန်တယ် ... တပည့်တစ်ယောက်က ဆရာသခင် စိတ်ပျက်မှာကို အကြောက်ဆုံးပဲ မင်းဘယ်လိုခံစားရလဲ ငါနားလည်တယ် ဒါက အရမ်းအဆင်မပြေဘူး ...

... ဆရာ ... သူ့ကို လွှတ်ပေးနိုင်မလား ... သူ့သခင်သာ သူ့ကိုဒီလိုပိတ်မိနေတာ တွေ့ရင် သေချာပေါက် ကြိမ်းမောင်းလိမ့်မယ်။ ”

-ဟု လှည့်ကာ တောင်းဆိုလိုက်သည်။

ယွမ်ဟမ်က ကူကယ်ရာမဲ့စွာ ပြုံးမိ၏။ ကောင်မလေးတစ်ယောက်ထံမှ စာနာမှုမျိုးကို မည်သည့်အချိန်မှစကာ လိုအပ်နေခဲ့သနည်း။

“ ကောင်းပြီ ... ။ ”

လင်းယွင်ဟဲက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လျက် လက်ကို ဝှေ့ယမ်းလိုက်သည်။

“ ဝှစ် ... ။ ”

တာအိုဓားလေးစင်းသည် အသိုက်သို့ ပြန်လာသည့် ငှက်များကဲ့သို့ သိုလှောင်အိတ်ထဲ ဝင်ရောက်လာတော့သည်။

“ တာအိုမိတ်ဆွေ ... အရင်က မင်းကို စော်ကားခဲ့မိရင် ... မင်းငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ ”

တစ်ဆက်တည်းမှာပင် လင်းယွင်ဟဲက လက်ချောင်းများ အချင်းချင်း ယှဥ်ကိုင်ပြကာ တောင်းပန်လိုက်၏။

“ မင်းငါ့ကို မစော်ကားပါဘူး ဒါပေမယ့် ငါ့တာအိုမှာ အောင်မြင်မှုရလာတဲ့အခါ ဘယ်သူ ပိုသန်မာလဲ ... မင်းနဲ့ထပ်ပြီး ပြိုင်မယ်။ ”

ယွမ်ဟမ်မှ မကျေမနပ်ဖြင့် ပြောကြားလိုက်သည်။ ချင်းယာက မျက်လုံးများ တောက်ပလာပြီး လက်မထောင်ပြကာ၊

“ မိတ်ဆွေ ... ၊ မင်းက အရမ်းသတ္တိရှိတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ကြိုဆိုပါတယ် တာအိုမိတ်ဆွေ ... ဒါပေမယ့် မင်းသာ ကြယ်စုစည်းခြင်းအဆင့် ရောက်ရင် ... ငါဝိညာဉ်တာအို နယ်ပယ်ကို ရောက်သွားမှာ ကြောက်မိတယ် ... ဒါဆို အနိုင်အရှုံးက ကွာဟနေဦးမှာပဲ။ ”

“ ဟမ့် ... ကြယ်စုစည်းခြင်းအဆင့်ကို စောင့်စရာမလိုပါဘူး ယွမ်ဟမ်ရဲ့ မူလနန်းတော် ဖွင့်ပြီးရင် ... မင်းအပေါ် လွယ်လွယ် အနိုင်ယူနိုင်တယ်။ ”

ရုတ်တရက် တည်ငြိမ်ပြီး ပြတ်သားသော အသံနှင့်အတူ အရပ်ရှည်ရှည်ပိန်ပိန်ဖြင့် လူငယ် တစ်ယောက် လျှောက်လှမ်းလာသည်။

ကျောက်စိမ်းရောင်ဝတ်ရုံနှင် ၎င်းအသွင်အပြင်သည် နံနက်ခင်းအလင်းရောင် အောက်တွင် လင်းလက်နေချေ၏။

ယွမ်ဟမ်ခမျာ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားပြီး ရှက်ရွံ့သောမျက်နှာဖြင့် ခေါင်းငုံ့ သွားတော့သည်။

“ သခင်၊ ငါ ... ။ ”

“ ရှင်းပြနေစရာ မလိုပါဘူး ... ငါအကုန်မြင်တယ်။ ”

စုရီက လက်ဝှေ့ယမ်းကာ ဟန့်တားလိုက်တော့သည်။ ချင်းယာမှ မျက်ခုံးပင့်လျက်၊

“ မိတ်ဆွေ ... ဒါမင်းပြောနေတဲ့ မင်းသခင်လား ... သူက အရမ်းငယ်တဲ့ပုံပဲ။ ”

-ဟု ဝင်ရောက် မေးမြန်းလိုက်၏။

“ တာအိုမိတ်ဆွေ ... မင်းတစ်ချိန်လုံး ဒီမှာရှိနေတာလား။ ”

တစ်ချိန်တည်းမှာပင် လင်းယွင်ဟဲ သည်လည်း အံ့အားသင့်သွားကာ လူငယ်ထံ လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

“ တကယ်လို့ ... မင်းသာ အဲဒီဓားကို ရုပ်သိမ်းဖို့ငြင်းဆိုလိုက်ရင် အခုချိန်မှာ မင်းငါ့ကို မတ်တပ်ရပ်ပြီး စကားပြောနိုင်မှာ မဟုတ်ဘူး။ ”

စုရီက လင်းယွင်ဟဲ၏ မေးခွန်းကို တည်ငြိမ်စွာတုန့်ပြန်တော့၏။ လင်းယွင်ဟဲခမျာ မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားကာ မယုံကြည်မှုများ ဖြစ်ပေါ်လာသည်။

တစ်ဖက်လူ၏ ရောင်ဝါအရ အတွင်းပိုင်းသန့်စင်ခြင်းအဆင့်တွင်သာ ရှိပြီး ငယ်ရွယ်မှုကို ထိန်းထားသော မြေခွေးကြီးများ မဟုတ်ကြောင်း သေချာသည်။

သို့သော် ကြယ်စုစည်းခြင်းအဆင့်ရှိ သူ့ နတ်အာရုံဖြင့် တစ်ဖက်လူ ချဉ်းကပ်လာမှုကို သတိမထားမိသည်မှာ အဓိပ္ပါယ်မရှိချေ။

တစ်ဖက်တွင် ဤနားလည်မှု လွဲမှားခြင်းသည် သူ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ရာ လူငယ်နှင့် ရင်ဆိုင်ရာ၌လည်း အနည်းငယ် အပြစ်ရှိသလို ခံစားလာရသည်။

ယင်းကြောင့် ထိုလူငယ်၏ စကားအသုံးအနှုန်းသည် ရိုင်းပျနေသော်လည်း သူ ဒေါသ မထွက်မိချေ။

“ သခင် ... ၊ နားလည်မှု လွဲနေတာပါ။ ”

ထိုစဉ် ယွမ်ဟမ်က စုရီ မကျေမနပ် ဖြစ်နေသည်ကို နားလည်လိုက်ကာ လှမ်းတက် လာပြီး ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း ပြန်လည် ရှင်းပြမိတော့သည်။

အဆုံးတွင် စုရီက လင်းယွင်ဟဲကိုကြည့်ကာ၊

“ မေ့လိုက်ပါ ... ဒီကိစ္စကို ငါ စိတ်မ၀င်စားတော့ဘူး၊ ဒီမှာ ရပ်လိုက်ရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် ... ငါ့ဘက်က အရင် နားလည်မှုလွဲခဲ့တာပါ မင်းတို့စိတ်မဆိုးဘူးဆိုရင် အနီးဆုံးမြို့ကို ... ဘာလို့အတူတူ သွားပြီး မသောက်ကြတာလဲ။ ”

လင်းယွင်ဟဲမှ စုရီ၏ မောက်မာသော အသွင်အပြင်ကို လျစ်လျူရှုလျက် မိတ်ဖွဲ့ရန် ကြိုးစားတော့၏။

“ မှန်တယ် ... ငါ့ဆရာနဲ့ ငါက ... မဟာချီကနေ ခရီးထွက်လာတာ ... လမ်းမှာ ခရီးသွားဖော်မရှိခဲ့ဘူး ... ငါတို့ အတူတူ သောက်ပြီး စကားပြောရအောင်။ ”

ချင်းယာမှလည်း ဝမ်းသာအားရ ဝင်ရောက်ပြောကြားလာ၏။ စုရီက ချင်းယာထံ လှည့်ကြည့်လိုက်သည်။ ဤကောင်မလေးသည် သူ့တပည့်မ ချင်းတန်နှင့် ဆင်တူ၏။

လှပပြီး ချစ်စရာကောင်းလှကာ အရာခပ်သိမ်းစူးစမ်းလိုစိတ်များ ပြည့်နှက် နေချေပြီ။

သို့သော် ချက်ချင်းပင် ခေါင်းခါ လိုက်တော့သည်။ တူညီမှုများ ရှိသော်လည်း ၎င်းတို့သည် တူညီသော လူ မဟုတ်ချေ။

“ ငါတို့သွားစရာ ရှိသေးတယ်။ ”

“ အိုး ... မင်းတို့နှစ်​​ယောက်​ မဟာရှကိုသွားဖို့ စီစဉ်​​နေတာလား။ ”

စုရီ အဖြေကြောင့် လင်းယွင်ဟဲမှ စိတ်ဝင်စားစွာ မေးမြန်းတော့သည်။

“ မှန်တယ် ... ။ ”

စုရီက ခေါင်းညိတ်လိုက်၏။ မူလ စိတ်ပျက်နေသော ချင်းယာသည် ရုတ်တရက် ပြုံးရွှင်သွားပြီး၊

“ တိုက်ဆိုင်တယ် ... ငါ့ဆရာနဲ့ ငါလည်း မဟာရှကို သွားနေတာ ... ငါတို့တွေ အတူတူ သွားလို့ရပြီ ... ။ ”

-ဟု ပြောကြားလာတော့သည်။

***

All Chapters