← Chapters

ဘုန်းတော်ကြီးနှင့် လုပ်ကြံသတ်ဖြတ်သူ။

Vol. 29 Ch. 343

ဘုန်းတော်ကြီးနှင့် လုပ်ကြံသတ်ဖြတ်သူ။

Vol. 29 Ch. 343

ယွမ်ဟမ်က အနည်းငယ် စိုးရိမ်သွားသည်။ သို့သော် သူ့ကြည့်နေစဉ် စုရီမှ လက်ဆန့်ထုတ် လိုက်၏။

လက်ချောင်းများကြားတွင် မမြင်နိုင်သော တာအိုရောင်ဝါတစ်ခု ပျံ့နှံ့လာပြီး ကျောက်စိမ်း လက်ဖဝါးကြီးကဲ့သို့ လေဟာနယ်ကို ဖြတ်ပျံသွားသည်။

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

အဆုံးတွင် လက်ဖဝါးပုံရိပ်သည် မီးတောက်လှံအလင်းကို စက္ကူမီးပုံးများကဲ့သို့ ပေါက်ကွဲသွား၏။

“ ဟမ့် ... ။ ”

လှံသမားက ကျယ်လောင်စွာ ဟစ်အော်လျက် အဝတ်အစားများ ပေါက်ကွဲကာ အရပ်ရှည်ထွက်လာသည်။

များမကြာခင် တောင်တစ်လုံးကို မှောက်လှန်ရန် လုံလောက်သော လူရိုင်းကြီး ကဲ့သို့ လှံကိုမြှောက်ကာ ပြန်လည် ခုခံလိုက်တော့၏။

ဤသည်မှာ ဆင်-နဂါးခန္ဓာကိုယ် နည်းစနစ်ဖြစ်သည်။ သို့သော် ကျောက်စိမ်း လက်ဖဝါးသည် သူ့လှံကို ကွေးညွှတ်စေလျက် တရွေ့ရွေ့ကျဆင်းလာခဲ့၏။

“ ခရစ် ... ။ ”

အဆုံးတွင် အရိုးများ ကွဲအက်နေသည့် အသံနှင့် မီးခိုးမြူများ ထွက်ပေါ်လာတော့သည်။ ကြိတ်ဆုံကျောက်ဖြင့် ကြိတ်ခံလိုက်ရသကဲ့သို့ အသားပုံအဖြစ် ပျောက်ကွယ်သွား၏။

ဤမြင်းကွင်းသည် လူတိုင်း၏ မျက်နှာများအပေါ် ဖြူဖျော့လျက် အသက်ရှူ ကြပ်ကုန်စေသည်။

အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှ ရှိသူတစ်ဦးသည် ဤမျှသော မယုံကြည်နိုင်ဖွယ် ခွန်အားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

သူတို့အားလုံး၏ အမြင်တွင် စုရီသည် နတ်ဆိုးတစ်ကောင်အဖြစ် ကြမ်းကြုတ်လွန်းနေ ချေ၏။

စုရီမှ ဂရုမစိုက်ချေ။ ကောင်းကင်ကို မော့ကြည့်ကာ မိုးကြိုးတိမ်တိုက်များအပေါ် စူးစမ်းနေခဲ့သည်။

“ ဂျိန်း ... ။ ”

အဆုံးတွင် ချင်းဝမ်၏ ဝိညာဉ်ခန္ဓာ အသွင်ကူးပြောင်း ကပ်ဘေးကြီး ရောက်ရှိလာပြီ ဖြစ်၏။

ရောင်စုံ မိုးကြိုးတစ်စင်းသည် ရေတံခွန်ကြီးကဲ့သို့ ကျဆင်းလာကာ လူတိုင်း၏ ဦးရေပြားများကို ယားယံလာစေသည်။

ကောင်းကင်ကပ်ဘေးနှင့် အဆုံးမရှိ ပျက်စီးခြင်း ရောင်ဝါသည် ဧရိယာတစ်ဝိုက်သို့ ပျံ့နှံ့သွား၏။ ဤအခိုက်တွင် ချင်းဝမ်၏ မျက်ဝန်းများ၌ နူးညံ့သိမ်မွေ့မှု မရှိတော့ချေ။

ယင်းအစား သူမ၏ ရောင်ဝါသည် အေးစက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြစ်ပေါ်လာသည်။

“ ဝုန်း ... ။ ”

အနီရောင် အင်္ကျီစသည် လေထဲလွင့်ပျံလာကာ မိုးကြိုးထံလက်သီးဖြင့် လှမ်းထိုးလိုက်၏။

ရေတံခွန်ကဲ့သို့ ကျက်သရေရှိသော မိုးကြိုးစွမ်းအင်သည် အတင်းအကျပ် ဖြိုခွဲခံရပြီး လွင့်ပျံသွားသည်။

ချက်ချင်း မိုးဖွဲဖွဲလေးများ ကျဆင်းလျက် ချင်းဝမ်၏ချောမောလှပသော ရုပ်သွင်ကို ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းလာစေခဲ့၏။

သူမ၏ မူလသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ သူမဝိညာဉ်သည် ဝိညာဉ်ကျောက်စိမ်းတုံးထဲတွင် နေထိုင်ပြီး အခြားကမ္ဘာမှလာခြင်းဖြစ်၏။

တစ်နည်းအားဖြင့်ဆိုရသော် ချင်းဝမ်၏ မူလသည် ကောင်းကင်တိုက်ကြီးမှ လာခြင်း ပေပင်။

ထို့ပြင် သတ်ဖြတ်ခြင်း ဆယ်ပါးကျမ်းကို သူ့လမ်းညွှန်မှုနှင့် တွဲဖက်ခဲ့ပြီးနောက် သူမ၏ အလားအလာသည် အတိုင်းအဆ မရှိချေ။

ဤပေါင်းစပ်မှု အားလုံးသည် ကပ်ဘေးကို ကျော်လွှားချိန်တွင် သူမအတွက် အောင်မြင်ရန် အခွင့်အရေးဖြစ်ချေ၏။

မူလတာအို နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ပြီးနောက် ယခင်ဘဝမှတ်ဉာဏ်အချို့ ပြန်လည် နိုးထရန် မျှော်လင့်ရပေသည်။

“ ဟမ့် ... ။ ”

သူတွေးနေစဉ်မှာပင် မိုးကြိုးခုနစ်ပါး ဇင်ဘာသာရေးဂိုဏ်းမှ ဘုန်းတော်ကြီးတစ်ပါး ရုတ်တရက် ပျံသန်းလာသည်။

“ ငါ့နာမည် ဖာရှပါ ... နိမ့်ပါးတဲ့ ဘုန်းကြီးတစ်ပါးမို့ ... တကာလေးက လမ်းညွှန် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ”

စကားဆုံးသည်နှင့် ‌လက်ဖဝါးဖြင့် လှမ်းရိုက်လိုက်လေသည်။ ရွှေဗုဒ္ဓလက်ဖဝါးကြီး တစ်ဖက် ပြေးထွက်လာ၏။

မူလနန်းတော်နှောင်းပိုင်းအဆင့် ဖြစ်ကာ မိုးကြိုးခုနစ်ပါး ခန္ဓာကိုယ်ကို သန့်စင်ထားသည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး ရွှေဖြင့်သွန်းထား သကဲ့သို့ ရောင်ဝါများ ဖြာထွက်လာ၏။

ခြေလက်များ၊ အတွင်းအင်္ဂါများနှင့် အရိုးများသည်လည်း ရွှေရောင်အဖြစ် ပြောင်းလဲ နေတော့သည်။

ကောင်းကင်တခွင် အနီ၊ အပြာ၊ အနက်၊ အဖြူ၊ ခရမ်း၊ အဝါ၊ မီးခိုးနှင့် ပျက်စီးခြင်းရောင်ဝါ များသည် ကြောက်မက်ဖွယ် သိပ်သည်းလာ၏။

ဤမတိုင်မီ လူနှစ်ဦးသေဆုံးမှုသည် စုရီအပေါ် သူ့အမြင်ကို လုံးဝလေးနက်စေ၏။ လက်ဖဝါးကြီး အနားမရောက်ခင် စုရီက လက်ဖဝါးကို လေထဲ လွှဲချလိုက်သည်။

“ ရွှပ် ... ။ ”

ရုတ်တရက် ကြယ်တစ်စင်းကဲ့သို့ ဓားအလင်းတစ်လက်လွင့်ပျံကာ လက်ဖဝါးထံ ခမ်းနားစွာ ရွေ့လျားသွား၏။

ဤဓားအလင်းအတွင်း ဒြပ်စင်ငါးပါးရောင်ဝါနှင့် တာအိုကျက်သရေများ ပေါင်းစပ်ထားကာ အကန့်အသတ်မဲ့ တန်ခိုးပါရှိသည်။

“ ခရစ် ... ။ ”

ကြယ်ဓားစွမ်းအင်သည် ကြိတ်ဆုံကျောက်နှင့်တူပြီး ရွှေလက်ဖဝါးကြီးကို အလွယ်တကူ ပျက်ပြယ်သွားစေခဲ့၏။

ဘုန်းကြီးဖာရှတစ်ယောက် မကြုံစဖူး လေးနက်လာသည်။ ပြိုင်ဘက် ဓားအလင်းသည် ဆက်၍ကျဆင်းနေသဖြင့် ရှောင်ရန် အချိန်မရှိတော့ချေ။

“ ဟိတ် ... ။ ”

ထို့ကြောင့် ခွန်အား အကုန်အစင် ထုတ်ဖော်ကာ လက်ဖဝါးတစ်ဖက်နှင့် ထပ်မံ ခုခံလိုက်ရ၏။

“ ဘန်း ... ။ ”

လူတိုင်း၏ အကြည့်များအောက်တွင် ဘုန်းကြီးဖာရှသည် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဓားအလင်းကို ခံယူသွားတော့သည်။

ထို့ကြောင့် လူတိုင်း သက်ပြင်းချတော့မည့် အချိန်တွင် ရုတ်တရက် ဘုန်းကြီးဖာရှ မျက်နှာ၌ ခါးသီးသောအပြုံးဖြင့် သက်ပြင်းချသံ ထွက်ပေါ်လာခဲ့၏။

“ ဒီနေ့ ငါ့ရဲ့ခန္ဓာဟာ ... မင်းရဲ့ ထိုးနှက်ချက်ကြောင့် ပျက်စီးသွားရပြီ ဒါပေမယ့် နှလုံးသားမျက်စိရဲ့ အဓိပ္ပါယ်ကို ငါနားလည် သဘောပေါက်ခဲ့ရတယ် ...

... ဒါကြောင့် နောင်ဘဝတွေမှာ မြတ်ဗုဒ္ဓကိုဖူးမြော်ခွင့်ရပြီး တွယ်တာမှုကင်းစွာ တရားတော်တွေကို ကျင့်ဆောင်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ”

“ ခရစ် ... ။ ”

စကားဆုံးသည်နှင့် ကွဲအက်နေသော ကြွေပုလင်းတစ်လုံးကဲ့သို့ ခန္ဓာကိုယ်အနှံ့တွင် အက်ကြောင်းများ ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။

“ ဘောင်း ... ။ ”

ဤနည်းဖြင့် ဘုန်းကြီးဖာရှ၏ ခန္ဓာကိုယ်ကြီးသည် လုံးဝကွဲအက်သွားကာ အပိုင်းပိုင်း ပျက်ပြယ်သွားတော့၏။

စုရီ၏ ဓားအလင်းသည် ဘုန်းကြီးဖာရှ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် ကွဲကြေသွားစေခဲ့သည်။

အများအမြင်တွင် ပိတ်ဆို့ထားနိုင်ပုံ ပေါ်သော်လည်း အမှန်၌ ခန္ဓာကိုယ်တစ်ခုလုံး အတွင်းပိုင်း ပြိုကျနေပြီဖြစ်၏။

လူတိုင်း ထိတ်လန့်ကုန်ကာ ဦးရေပြားများထုံကျင်လျက် ခြေလက်များ အေးစက်ကုန်တော့သည်။

ဤလူငယ်သည် မူလနန်းတော် ကျွမ်းကျင်သူအပေါ် တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ချေ၏။

ချင်းယာက စုရီကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ ယွမ်ဟမ်ပြောသကဲ့သို့ သူ့သခင်သည် ကောင်းကင်မှ ဆင်းလာသော အင်မော်တယ်တစ်ပါးဟု ယခုချိန်၌ ထင်မှားလာမိတော့၏။

“ ဝှစ် ... ။ ”

ထိုစဉ် အနက်ရောင် ဓားမြှောင်တစ်လက် စုရီကျောပြင်သို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။ လျင်မြန်လွန်းသဖြင့် စုရီအတွက် ရှောင်တိမ်းရန် အချိန်မရှိခဲ့ချေ။

ဤသည်မှာ နာမည်ကြီး ပုံရိပ်ယောင် နည်းလမ်းတစ်ထောင်ဂိုဏ်း၏ ဒု-ဂိုဏ်းချုပ် ဖုန်ရင်ဖြစ်သည်။

မဟာချူမင်းဆက်တွင် အစွမ်းထက်ဆုံး လုပ်ကြံသတ်ဖြတ်သူ သုံးဦးအနက်မှ တစ်ဦး ဖြစ်ချေ၏။

သူသည် ဘုန်းကြီးဖာရှနှင့် တွဲဖက်ကာ ဤလုပ်ကြံမှုအစီစဉ်ကို တိတ်တဆိတ် ချမှတ် ထားခဲ့သည်။

သို့သော် ဘုန်းကြီးဖာရှတစ်ယောက် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု မထင်ထား သည်မှာ အမှန်ပေပင်။

“ ဟမ့် ... ။ ”

“ ထန် ... ။ ”

ရုတ်တရက် ဓားမြှောင်နက်သည် စုရီကျောပြင်ထဲ ထိုးဖောက်ဝင်ရောက်ပြီးချိန်၌ ရပ်တန့်သွား၏။

လုပ်ကြံသတ်ဖြတ်သူများသည် လှုပ်ရှားရာတွင် သတ်ဖြတ်ခြင်းကို အာရုံစိုက် ကြသည်။ ထို့ကြောင့် သူ့တိုက်ခိုက်မှုသည် စုရီနှလုံးသားကို ကျောပြင်မှ ထိုးခွဲရန် ရည်ရွယ်ချေပြီ။

သို့သော် ဓားမြှောင်နက်သည် သံမဏိနံရံကြီးကို ထိုးမိသွားသကဲ့သို့ ပေပင်။ ဆက်၍ တိုးမပေါက်တော့ချေ။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ဖုန်ရင်တစ်ယောက် မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွား လေသည်။

လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ချေ။ ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ ဆုတ်ခွာရပေမည်။ ထိုအချိန်တွင် စုရီမှ ပုရွက်ဆိတ်တစ်ကောင်ထံ လှည့်ကြည့်သကဲ့သို့ လှည့်လာပြီဖြစ်၏။

***

All Chapters