← Chapters

အခန်း (၄၃၇)

Vol. 30 Ch. 437

အခန်း (၄၃၇)

Vol. 30 Ch. 437

ငရဲနတ်ဆိုးများနှင့်တိုက်ပွဲမှ သူ၏ စိတ်ဝိညာဉ်ဒြပ်စင် (၆) ခုပြန်လည်ကောင်းမွန်လာခဲ့သည်။

ယခင် ပြန်လည်ကောင်းမွန်နေခဲ့သော (၃) ခုနှင့်ပေါင်းလိုက်ပါက ယခုအချိန်တွင် အကောင်းအတိုင်းရှိနေသော စိတ်ဝိညာဉ်ဒြပ်စင် (၉) ခုရှိသွားပြီဖြစ်၏။

ထို စိတ်ဝိညာဉ်ဒြပ်စင် (၉) ခုက ခန္ဓာကိုယ်အတွင်း၌ ဖြည်းညှင်းစွာ လည်ပတ်လာခဲ့သည်။

ဤသို့ဖြင့် စိတ်ဝိညာဉ်စွမ်းအင် စက်ဝိုင်းကြီးတစ်ခု ပြန်လည်တည်ဆောင်နိုင်သွားခဲ့ပြီး နဂိုက စိတ်ဝိညာဉ်စွမ်းအင် မရှိမှုကြောင့် ဖြစ်ပေါ်နေသည့် အားနည်းသော ခံစားချက်များလည်း တစ်ချိန်တည်း ပျောက်ကွယ်သွားတော့၏။

ရွှမ်ယီ လက်သီးအား တင်းကြပ်စွာဆုပ်လိုက်ပြီး မခံစားရတာကြာပြီဖြစ်သော တဟုန်ထိုးတိုးတက်လာသည့် ခွန်အားများအား ခံစားကြည့်လိုက်သည်။

ရုတ်တရက် သူ၏ အကြည့်များက ငရဲမိုးကြိုးချောက်၏ အပေါ်ဘက်ကမ်းပါးပေါ်သို့ရောက်သွား၏။

ထိုနေရာမှ ထူးဆန်းသော အရှိန်အဝါတစ်ခုအား ခံစားမိလိုက်သောကြောင့်ပင်။

ရွှမ်ယီ အလင်းတန်းတစ်ခုအလားပြောင်းသွားပြီး ငရဲနတ်ဆိုးချောက်ကမ်းပါးထိပ်မှ ထူးဆန်းသော အရှိန်အဝါရှိသည့်နေရာသို့ ရောက်သွားခဲ့သည်။

ထိုနေရာသို့ ရောက်သွားပြီးနောက် သူ၏ မျက်ဝန်းအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။

သူ၏ ခြေထောက်အောက်တွင် အကုန်အစင်လောင်ကျွမ်းသွားပြီးဖြစ်သော အမွှေးတိုင်အိုးတစ်လုံး ရှိနေခဲ့သည်။

ထိုအမွှေးတိုင်အိုးပေါ်တွင် ပြာမှုန့်များ ရှိနေဆဲဖြစ်၏။ ၎င်းတို့ထံမှ သွေးညှီနံ့များလည်း ထွက်ပေါ်နေပေသည်။

၎င်းက ရွှမ်ယီအား မသိမသာ မျက်မှောက်ကြုတ်သွားစေခဲ့သည်။

ရွှစ်… ရွှစ်.. ရွှစ်…..

ရှုယွမ်နှင့် ကျန်လူများလည်း ရွှမ်ယီနောက်သို့ လိုက်ပြီး ထိုနေရာသို့ ရောက်လာခဲ့ကြသည်။ အမွှေးတိုင်အိုးအား မြင်လိုက်လျှင် ရှုယွမ်၏ မျက်နှာထက်၌ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

“ ငါထင်တာ မှန်နေတာပဲ… ငရဲနတ်ဆိုး ဒီရေက လူတွေဖန်တီးခဲ့တာ…”

ရှုယွမ် အံကြိတ်ရင်း ရေရွတ်လိုက်၏။ သူမ နောက်တွင်ရှိသော လင်းတိုင်တို့ ကာကွယ်ရေးအဖွဲ့မှ လူများလည်း အလွန်ဒေါသထွက်နေခဲ့ကြသည်။

ရွှမ်ယီ၏ အံ့အားသင့်သွားသော အမူအယာကို မြင်လိုက်လျှင် လင်းတိုင်က တိုးညှင်းစွာ ရှင်းပြလိုက်၏။

“ စီနီယာ ရွှမ်ယီ…”

ရွှမ်ယီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိ၏။

“ အကိုလင်း… အဲ့လိုမလုပ်ပါနဲ့… ကျွန်တော့ကို ခေါ်နေကြအတိုင်း ညီလေးရွှမ်ယီလို့ ခေါ်လို့ရပါတယ်…”

ထိုစကားအား ကြားလျှင် လင်းတိုင် စိတ်သက်သာရာ ရသွားခဲ့ပြီး သူ၏အမူအယာကလည်း အနည်းငယ်ပြေလျော့သွားခဲ့ကာ

“ ညီလေးရွှမ်ယီ… အဲ့ဒီ ပစ္စည်းကို ယင်ချန်ရှန်းလို့ခေါ်တယ်… မင်းတော့မသိလောက်ဘူးပေါ့… အဲ့တာက ပျက်စီးခြင်းနယ်မြေက ထုတ်ကုန်တစ်ခုလည်း ဖြစ်တယ်… အဲ့တာက အလွန်အဖိုးတန်ပြီး သူ့မှာ အထူးစွမ်းအင်တစ်ခုရှိတယ်… အဲ့ဒါကို အသုံးပြုပြီးတော့ ငရဲနတ်ဆိုးတွေကို ဆွဲဆောင်နိုင်တာပဲ…”

“ သိပြီ…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး မေးခွန်းများပြည့်နေသော မျက်ဝန်းများဖြင့် ရှုယွမ်အား စိုက်ကြည့်နေခဲ့သည်။

ရှုယွမ်ထံမှ ရှင်းပြချက်အား စောင့်ဆိုင်းနေသည်မှာ သိသာပေသည်။

ရှုယွမ်လည်း ရွှမ်ယီ၏ အကြည့်အား သတိပြုမိလိုက်လျှင် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝေ့ယွမ်၏ အခြေအနေအား ဘာမှ ဖုံးကွယ်မထားဘဲ ရှင်းပြလိုက်၏။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ ခွန်အားက သူတို့ ကုန်သည်တစ်ဖွဲ့လုံး ပေါင်းစပ်အင်အားထက်များစွာကျော်လွန်နေခဲ့သည်။ ထို့အပြင် ယနေ့၌ သူတို့အားလုံး အသက်ကိုလည်း ကယ်တင်ခဲ့သေး၏။

ထို့ကြောင့် ရွှမ်ယီအား ဖုံးကွယ်ထား၍ မသင့်တော်ချေ။

သူမတို့ ဝေ့နိုင်ငံတော်တွင် ကုန်သည်အဖွဲ့များအား တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စိတ်ဝိညာဉ်ဆေးပင်များ ဝယ်ရန် တာဝန်ပေးခံရလေ့ရှိသည်။

သို့သော် ထိုတာဝန်အား ရှုယွမ်ကဲ့သို့လူများက တာ၀န်ယူဆောင်ရွတ်ပေးရ၏။

ယခုနှစ်က သာမန်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝေ့နိုင်ငံတော်အား နှစ်ပေါင်း (၁သောင်း) ကျော် အုပ်ချုပ်ခဲ့သော ဝေ့ဘုရင်က သက်တမ်းကုန်ဆုံးခါနီးနေပြီဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ယခုနှစ်တွင် ပျက်စီးခြင်းနယ်မြေမှ တစ်ချို့အင်အားစုကြီးများနှင့် ကုန်သွယ်သောအချိန်တွင် အသက်ကိုဆွဲဆန့်နိုင်သည့် အဖိုးတန်စိတ်ဝိညာဉ်ဆေးပင်များ ရရှိရန် မျှော်လင့်ခဲ့သည်။

လူတစ်ယောက်၏ အသက်ကို ဆွဲဆန့်နိုင်သော စိတ်ဝိညာဉ်ဆေးပင်များမှာ အလွန်ရှားပါးလွန်းလှပြီး ဝေ့ဘုရင်ကဲ့သို့ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများ၏ အသက်ကို ဆွဲဆန့်နိုင်သော ဆေးပင်များမှာမူ ပို၍ ရှားပါးလှသည်။

ထို့ကြောင့် ဆေးပင်အား တောင်းယူရန်သွားသည့်အချိန်တွင် ကျန်လက်အောက်ငယ်သားများ သီးသန့်လွှတ်လိုက်ခြင်းမှာ မလေးစားရာကျသည်။

ဤသို့ဖြင့် ပထမဇနီးနှင့်ရထားသည့် တစ်ဦးတည်းသော သမီးဖြစ်သူ ဝေ့ယွမ်အား ထိုအဖွဲ့နှင့် စေလွှတ်လိုက်ခြင်းဖြစ်၏။

အကယ်၍ ဤတာဝန်ပြီးမြောက်သွားပါက ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကြီးအား စွမ်းဆောင်နိုင်ခဲ့ယုံသာမက ဝေ့ဘုရင်၏ နှလုံးသားထဲတွင်လည်း နက်ရှိုင်းသော အထင်ကြီးမှုကိုလည်း ချန်ထားခဲ့နိုင်ပေလိမ့်မည်။

ဝေ့ယွမ်က မောင်နှမများအကြားတွင် အမြဲတစေ ဦးစားပေးခံရသောကြောင့် ကျန်လူများ၏ မနာလိုခြင်း ၊ မုန်းတီးခြင်းကို ခံနေခဲ့ရသည်။

ဤသို့ဖြင့် ပျက်စီးခြင်း နယ်မြေသို့ သွားရာလမ်းတစ်လျောက်တွင် ခြုံခိုတိုက်ခိုက်ခြင်းတစ်ချို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။ သို့သော် ရှုယွမ်၏ သတိကြီးမှုနှင့် သန်မာသော ခွန်အားကြောင့် အနည်းငယ်မျှ ထိခိုက်ခဲ့ခြင်းမရှိချေ။

သို့သော် ယခုတစ်ကြိမ် ငရဲနတ်ဆိုးဒီရေ၏ နောက်ကွယ်မှ ကြိုးကိုင်ထားသူက အလွတ်လိမ္မာပါးနပ်ကာ ကောက်ကျစ်လွန်းလှသည်။

ယခင် သူမတို့အဖွဲ့အား တိုက်ခိုက်ခဲ့မှုများမှာ သူမတို့အား ရပ်တန့်စေယုံမျှသာ ဖြစ်၏။

သို့သော် ဤတစ်ကြိမ် ငရဲနတ်ဆိုးဒီရေလှိုင်းကမူ ရွှမ်ယီသာ မရှိပါက သူတို့တစ်ဖွဲ့လုံး အသက်အန္တာရယ်ပင်ရှိနိုင်သည်။

“ ငါတို့ ပြန်ရောက်တာနဲ့ ဘယ်မင်းသားက ဒီလိုမျိုးလုပ်တာလည်း ဆိုတာ အသေးစိတ်စုံစမ်းရမယ်…”

ရှုယွမ် အံကြိတ်လိုက်သည်။ တစ်ဖက်တွင် ရွှမ်ယီကမူ မသိမသာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။ သူက ဤကိစ္စများအား လုံးဝ စိတ်မဝင်စားချေ။

ယခုတွင်ညပြသနာများ ပြေလည်သွားပြီဖြစ်သဖြင့် မိမိ၏ လှည်းရှိရာသို့ ပြန်လာခဲ့၏။

အရှေ့ပိုင်းတိုက်ကြီးဖြစ်စေ ၊ တောင်ပိုင်းနယ်မြေဖြစ်စေ သူနှင့်အနည်းငယ်မျှ မရင်းနှီးချေ။ ယခုအချိန်တွင် သူ၏ ဒဏ်ရာများပြန်ကောင်းလာရန်သာ ခေါင်းထဲရှိ၏။ ဝေ့နိုင်ငံတော်မှ အ‌တွင်းရေးကိစ္စများအား ဝင်ရောက်စွက်ဖက်ရန် အနည်းငယ်မျှ စိတ်မဝင်စားချေ။

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက် တည်ထောင်ထားသော နိုင်ငံက မည်မျှ အစွမ်းထက်နိုင်မည်နည်း။

အမှန်တွင် ရှေ့ပိုင်းတိုက်ကြီးသို့ ရောက်လာခြင်းက သူ့အတွက် မဆိုးလှချေ။

အရှေ့ပိုင်းတိုက်ကြီးမှ ရူးသွပ်ခြင်းဓါးဂိုဏ်းနှင့် သူ့အကြား ကံကြမ္မာဆက်နွယ်မှုအား ရွှမ်ယီ ပြန်လည် သတိရသွား၏။

ယခုတွင် ထိုကိစ္စအား စုံစမ်းရန် သူ့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။

သို့သော် ရွှမ်ယီ မိမိအနားယူရာ ရထားလုံးပေါ်သို့ တက်ရန်ပြင်လိုက်စဉ် ကုန်သွယ်အဖွဲ့အတွင်းမှ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုအား သတိထားမိသွားခဲ့သည်။

သူနှင့် မလှမ်းမကမ်းနေရာတွင် ဝေ့ယွမ်က စတင်၍ အော်ဟစ်လိုက်၏။ ထို့နောက် ကုန်သည်အုပ်စုတစ်ခုလုံး ချက်ချင်းပွတ်လောရိုက်သွားခဲ့သည်။

ရွှမ်ယီက ထိုနေရာသို့ နတ်အသိဖြင့် ထောက်လှမ်းကြည့်လိုက်လျှင် ဝေ့ယွမ်၏ လက်ထဲ၌ ကိုင်ထားသော ခရမ်းရောင် ပန်းတစ်ပွင့်အား မြင်လိုက်ရ၏။

ထိုပန်းပွင့်တွင် အရွက် (၅) ရွက်ပါရှိပြီး အရွက်များက ကျောက်စိမ်းရောင်သန်းနေခဲ့သည်။ ထို့အပြင် ခရမ်းရောင် ပုလဲတစ်လုံးကလည်း ပန်းပွင့်၏ အလယ်ဗဟို၌ ရှိနေခဲ့၏။ ထိုခရမ်းရောင် ပုလဲလုံးထဲ၌ အသက်ဓာတ်များ ၊ စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေခဲ့သည်။

သို့သော် ထိုခရမ်းရောင်ပန်းက ငရဲချီ၏ စွန်းထင်းမှုကို ခံခဲ့ရပုံပေါ်ပြီး ညှိုနွမ်းစ ပြုနေချေပြီ။

“ အဆင့် (၆) ဆေးပင်… ခရမ်းကျောက်စိမ်းပုလဲပန်းပွင့်…”

ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများ ထွက်ပေါ်လာခဲ့သည်။

သူဆက်ခံရရှိခဲ့သော မှော်ဆေးပညာမှတ်ဥာဏ်များအတွင်း၌ ထိုစိတ်ဝိညာဉ် ဆေးပင်၏ အကြောင်းပါဝင်သည်။ ထိုဆေးပင်က အဆင့် (၆) စိတ်ဝိညာဉ်ဆေးပင်များအထဲ၌ပင် ရှာဖွေရအလွန်ခက်ခဲ၏။

ဤကုန်သည်အဖွဲ့ထဲ၌ ၎င်းအား တွေ့ရမည်ဟု ရွှမ်ယီ လုံးဝ မမမျှော်လင့်ထားခဲ့ချေ။

၎င်းက လူ၏သက်တမ်းကို ဆွဲဆန့်နိုင်သည့် အံ့ဖွယ်ဆေးပင်တစ်မျိုးဖြစ်သည်။ ၎င်းအား အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်စားသုံးလိုက်လျှင်ပင် သက်တမ်းကို နှစ်ပေါင်းအတော်ကြာကြာဆွဲဆန့်နိုင်စွမ်းရှိ၏။

သို့သော် လက်ရှိတွင် ထိုဆေးပင်က ငရဲချီများ စွန်းထင်းခြင်းခံနေရပြီဖြစ်ပြီး ၎င်းအား ကာကွယ်ရန်နည်းလမ်းမြန်မြန်ဆန်ဆန် မရှာနိုင်ပါက မကြာခင် ပျက်စီးသွားတော့မည်ဖြစ်သည်။

ထိုဆေးပင်အနီးတွင် ဝေ့ယွမ်နှင့် ရှုယွမ်တို့နှစ်ယောက်လုံး မျက်နှာများ နီရဲကာ ရပ်နေခဲ့ကြပြီး ဆေးပင်အား ကာကွယ်နိုင်မည့် နည်းလမ်းမသိကြောင်းထင်ရှားသည်။

နောက်ဆုံးတွင် ရွှမ်ယီမနေနိုင်တော့ပဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုနေရာသို့ လျှောက်သွားကာ ခရမ်းကျောက်စိမ်းပုလဲပန်းပွင့်အား ဝေ့ယွမ်လက်ထဲမှ လှမ်းယူလိုက်၏။

ရွှမ်ယီ၏ ကျင့်ကြံမှုက သူမတို့နှစ်ယောက်ထက် များစွာ ကျော်လွန်နေသည်ဖြစ်ရာ ရွှမ်ယီလက်ထဲသို့ ဆေးပင်ရောက်သွားပြီးမှသာ သူမတို့ သတိဝင်လာခဲ့ကြ၏။

ရှုယွမ်က ရွှမ်ယီအား တားဆီးလိုသော်လည်း ယခင်ရွှမ်ယီ ထုတ်ဖော်ပြသခဲ့သော ခွန်အားများကို ပြန်လည်အမှတ်ရသွားပြီး တားဆီးလိုစိတ်များအား မျိုသိပ်လိုက်ကာ

“ ဆရာရွှမ်… ဒီခရမ်းကျောက်စိမ်းပုလဲပန်းရဲ့ ပျက်စီးမှုကို ကာကွယ်ဖို့နည်းလမ်းရှိလို့များလား…”

ရွှမ်ယီက ရှုယွမ်အား စိုက်ကြည့်လိုက်ပြီး

“ မင်းတို့က ဒီဆေးပင်ကို အလဟသ ဖြုန်းတီးချင်နေကြတာပဲ… ငရဲချီက ဒီပန်းပင်ကို အပြည့်အဝ မကျူးကျော်ရသေးဘူး… ကျုပ်တို့လုပ်ဖို့လိုအပ်တာက ငရဲချီကို ပြန်ထုတ်လိုက်ရုံပဲ…”

All Chapters