← Chapters

အခန်း (၄၄၁)

Vol. 30 Ch. 441

အခန်း (၄၄၁)

Vol. 30 Ch. 441

၎င်းက ရှုယွမ်၏နှလုံးသားကို အလွန်တုန်လှုပ်သွားစေခဲ့သည်။

ရှုယွမ်အံ့အားသင့်နေချိန် ရွှမ်ယီ၏ ဆေးလုံးသန့်စင်မှုက အရေးကြီးဆုံးသော အခြေအနေသို့ ရောက်နေချေပြီ။

ရုတ်တရက် ရွှမ်ယီ နတ်အသိစွမ်းအင်များအား အပြင်းအထန်ထုတ်လွှတ်လိုက်သည်။

နတ်အသိက အမျှင်လေးများအဖြစ်ပြောင်းလဲသွားပြီး အပြာရောင်အရည်ဘောလုံး (၅)ခုအတွင်း စိမ့်၀င်သွား၏။

ထို့နောက် ၎င်းတို့အား ခရမ်းကျောက်စိမ်းပုလဲပန်းနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်လိုက်သည်။

ထိုအခါ ဆေးမီးဖိုတစ်ခုလုံး တုန်ခါလာခဲ့၏။

မူလက တည်ငြိမ်နေခဲ့သော ခရမ်းကျောက်စိမ်းပုလဲပန်း၏ အာနိသင်များက အရံဆေးပင်(၅)မျိုး၏ အာနိသင်များ၀င်ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်း ကြမ်းတမ်းလာလေသည်။

အစပိုင်းတွင် ဆေးမီးဖိုက အနည်းငယ်တုန်ခါရုံမျှသာဖြစ်၏။

သို့သော် ဆေးအာနိသင်များ တဖြည်းဖြည်းပေါင်းစပ်လာသည်နှင့်အမျှ တစ်ခုနှင့်တစ်ခုအကြား ခုခံတွန်းလှန်မှုများ ပို၍ ပြင်းထန်လာခဲ့သည်။

ဤသို့ဖြင့် ဆေးမီးဖိုလည်း အပြင်းအထန် တုန်လာ၏။

မလှမ်းမကမ်းမှကြည့်နေခဲ့သော ကုန်သည်အဖွဲ့၀င်များ၏ အမူအရာများလည်း ပျက်ယွင်းလာခဲ့သည်။

ဝေ့ယွမ်နှင့် ရှုယွမ်တို့ အကြားမှစကားများအား သူတို့ အတိအကျနားမလည်ကြသည့်တိုင် ဤဆေးဖော်စပ်ခြင်းက ဝေ့နိုင်ငံတော်အတွက် အလွန်အရေးကြီးကြောင်း အကြမ်းဖျင်းနားလည်ထားကြ၏။

သူတို့က ဝေ့ယွမ်၏ လက်အောက်ငယ်သားများဖြစ်ကြသည့်အလျောက် ဤကိစ္စက သူတို့အနာဂါတ်နှင့်လည်း များစွာသက်ဆိုင်နေသည်။

မကြာခင်အချိန်အတွင်း ဝေ့ယွမ်နှင့်အတူ

ကောင်းကင်သို့မြင့်တက်သွားမည်လော…

ငရဲသို့ကျဆင်းသွားမည်လော…

အဖြေက ရွှမ်ယီ၏ ဆေးဖော်စပ်မှု၌ မူတည်နေသည်။

ဤသို့ဖြင့် တချို့အစောင့်များ မီးခဲဖင်ခုထိုင်မိသည့်အလား ခံစားမိလာကြ၏။

“ ဆရာရွှမ်ယီက နည်းနည်း ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား…”

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

သို့သော် လင်းတိုင်၏ အကြည့်များ သူ့ထံသို့ကျရောက်လာလျှင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။

လင်းတိုင်ဖြစ်စေ ၊ ရှုယွမ်ဖြစ်စေ ၊ ဝေ့ယွမ်ဖြစ်စေ လက်ရှိအချိန်တွင် စကားတစ်ခွန်းမျှမဆိုကြချေ။

စိုးရိမ်ထိတ်လန့်မှုများ ရင်၀ယ်ပိုက်လျက် ရွှမ်ယီ ဆေးဖော်စပ်နေခြင်းအား မျက်တောင်မခတ်တမ်းကြည့်နေခဲ့ကြသည်။

ရွှမ်ယီကမူ တည်ငြိမ်လျက်ရှိနေဆဲဖြစ်ပြီး ပတ်၀န်းကျင်မှ စကားများ ၊ စိုးရိမ်ပူပန်မှုများ ၊ အကြည့်များအားလုံးကို လျစ်လျူရှုထား၏။

ဘုန်း...

ဆေးမီးဖို တခဏမျှ ငြိမ်သက်သွားပြီးနောက် ခရမ်းကျောက်စိမ်းပုလဲပန်းက ခွန်အားများစုစည်းခဲ့ဟန်ဖြင့် အစွမ်းကုန်တိုက်ခိုက်လိုက်လေသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဆေးမီးဖိုအဖုံးအား ၀င်တိုက်ပစ်လိုက်၏။

အမှန်တိုင်းဆိုလျှင် ခရမ်းကျောက်စိမ်းပုလဲပန်းနှင့် အရံဆေးပင်(၅)မျိုးက တစ်ခုနှင့်တစ်ခု သသဇာတဖြစ်ခြင်းမရှိချေ။

သို့သော် ဆန့်ကျင်ဘက်အရာများက တစ်ခုနှင့် တစ်ခုဆွဲဆောင်နိုင်စွမ်းရှိသည်ဟူသော ဆိုရိုးအတိုင်းပင် ၎င်းတို့အကြား၌ ဆန်းကျယ်သောဆက်နွယ်မှုလေးတစ်ခုရှိနေ၏။

၎င်းက အလွန်သေးငယ်လှသော်လည်း အမိအရဆုပ်ကိုင်နိုင်ပါက ပျက်စီးခြင်းမှ ဆန်းကျယ်မှုအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။

ထိုအခါ အဆင့်(၆)ဆေးပင်များသီးသန့် ဖော်စပ်ထားသည့် ဆေးလုံးများထက် မနိမ့်ကျသော ဆေးစွမ်းကို ထုတ်ပေးနိုင်လိမ့်မည်။

သို့သော် ထိုဆက်နွယ်မှုလေးအား ဆုပ်ကိုင်နိုင်ရန် အလွန်ခက်ခဲလှ၏။

အနည်းငယ် မှားယွင်းသွားသည်နှင့် ဆေးမီးဖိုပေါက်ကွဲခြင်းဖြင့် အဆုံးသတ်သွားပေလိမ့်မည်။

ထို့ကြောင့် ဤဆေးလုံး ဖော်မြူလာက အလွန်ကောင်းမွန်သည့်တိုင် တောင်ပိုင်းတိုက်ကြီး၌ ပျောက်ကွယ်သွားခဲ့ရခြင်းပင်။

အကယ်၍ ဒန်ချင်ဇီ၏ မှတ်ဉာဏ်များကိုသာ ရရှိခဲ့ခြင်းမရှိပါက ထိုဆေးလုံးမျိုး ကမ္ဘာကြီးပေါ်၌ ရှိသည်ဟုပင် ရွှမ်ယီ တွေးမိလိမ့်မည်မဟုတ်ပေ။

အုန်း…

ဒုန်း…

ဆေးမီးဖိုအတွင်းမှ ထွက်ပေါ်နေသည့်အသံများ တဖြည်းဖြည်းပြင်းထန်လာခဲ့သည်။ အချိန်မရွေးပေါက်ကွဲသွားတော့မည်ဟန် ဖြစ်နေ၏။

သို့သော် ရွှမ်ယီကမူ ဆေးမီးဖိုအတွင်းမှ မူမမှန်မှုများအား သတိမထားမိသည့်အလား တည်ငြိမ်နေဆဲပင်။

ထို့ကြောင့် ရှုယွမ် လှမ်းပြီးသတိပေးရန်ပြင်လိုက်စဉ် ဝေ့ယွမ်၏ တားဆီးခြင်းကို ခံလိုက်ရ၏။

“ ဆရာရွှမ်ယီက ကျွန်မတို့ကို ကတိပေးထားပြီးဖြစ်တဲ့အတွက် ဒီကိစ္စမှာ ယုံကြည်မှုရှိမှာ သေချာတယ်… ကျွန်မတို့အနေနဲ့ သူ့ကိုမကူညီနိုင်ရင်တောင် မနှောက်ယှက်သင့်ဘူး…”

“ ရှုချီ စိတ်အေးအေးထားပါ…”

ဝေ့ယွမ်၏ နူးညံ့သောစကားသံကြောင့် ရှုယွမ်တစ်ယောက် အသက်ပြင်းပြင်းရှုလိုက်ရင်း နှလုံးသားထဲမှ ပူပန်မှုများအား ဖိနှိပ်ထားလိုက်သည်။

ထို့နောက် ရွှမ်ယီဆေးဖော်စပ်နေသည့် မြင်ကွင်းအားမကြည့်တော့ဘဲ အကြည့်လွှဲလိုက်တော့၏။

သို့သော် ရှုယွမ်ခေါင်းလှည့်လိုက်စဉ် ကုန်သည်အဖွဲ့ထံမှ အော်သံများထွက်ပေါ်လာလေသည်။

ဤသို့ဖြင့် မထိန်းနိုင်ဘဲ ပြန်လှည့်ကြည့်မိလိုက်၏။

မြင်လိုက်ရသောမြင်ကွင်းကြောင့် ရှုယွမ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။

ရွှမ်ယီက ဆေးမီးဖိုအတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများအား မဖိနှိပ်သည့်အပြင် ဆေးမီးဖိုအဖုံးကိုပါ ဖွင့်ပေးလိုက်သောကြောင့်ပင်။

ထိုအခါ ဆေးမီးဖိုအတွင်းမှ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသည့် အပြာရောင်အလင်း(၅)ခုနှင့် ခရမ်းရောင်အလင်းတစ်ခု ကောင်းကင်ထက်သို့ ဝုန်းကနဲ ပြေးတက်သွားလေသည်။

၎င်းတို့က တိမ်များအကြား ပျောက်ကွယ်သွားတော့မည်။

“ သူ ကျရှုံးသွားပြီလား…?”

ကောင်းကင်ထက်သို့မော့ကြည့်ရင်း ရှုယွမ် စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်၏။

သို့သော် ရွှမ်ယီက အသာအယာရယ်လိုက်ပြီး ကောင်းကင်ထက်သို့ ထက်ရှသောဓားတစ်စင်းအလား ခုန်တက်သွားခဲ့သည်။

ကောင်းကင်ထက်၌…

အပြာရောင်နှင့် ခရမ်းရောင်အလင်းများ ပျောက်ကွယ်သွားတော့မည့်အချိန်…

ရွှမ်ယီ၏ မျက်ခုံးနှစ်ခုအကြားမှ စိတ်ဝိညာဉ်မီးတောက် ထွက်ပေါ်လာခဲ့သည်။

ဆေးရည်များအား စိတ်ဝိညာဉ်မီးတောက် ဖုံးအုပ်သွားလျှင် နတ်အသိဖြင့် ၎င်းတို့အထက်မှ လွှမ်းခြုံထားလိုက်၏။

တအုန်းအုန်းမြည်သံများနှင့်အတူ ခရမ်းရောင်နှင့် အပြာရောင်အလင်းများအား တစ်နေရာထဲ၌ ဖိသိပ်ပစ်လိုက်သည်။

အုန်း.. အုန်း..အုန်း…

ကောင်းကင်ထက်၌ အလင်းများဖုံးလွှမ်းနေပြီး ကျယ်လောင်သောပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေခဲ့၏။

ကျယ်လောင်သော အသံရှည်ကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဆူညံမှုများ အားလုံး တိတ်ဆိတ်သွားလေသည်။

အပြာရောင်နှင့် ခရမ်းရောင်အလင်းများလည်း ပျောက်ကွယ်သွားပြီး အစိမ်းရောင်နတ်အလင်းများ အစားထိုး၀င်ရောက်လာခဲ့၏။

ရွှမ်ယီရှေ့တွင် နတ်အသိဖြင့်ထိန်းချုပ်ထားသော ထာ၀ရစိမ်းလန်းခြင်းဆေးလုံး (၁၃)လုံး အစီအရီရှိနေခဲ့သည်။

၎င်းတို့က ရွှမ်ယီလက်တွင်းမှ ကျောက်စိမ်းပုလင်းလွတ်အတွင်း ၀င်ရောက်သွားကြ၏။

ထို့နောက် ရွှမ်ယီ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

“ ဂလု…”

ရွှမ်ယီ၏ အံ့မခန်းဆေးဖော်စပ်မှုပုံစံကြောင့် ကုန်သည်အဖွဲ့တခုလုံး တံတွေးမြိုချမိလိုက်၏။

ရှုယွမ်ကမူ ကောင်းကင်ထက်ရှိ အပြာနှင့် ခရမ်းရောင်အလင်းများ ရှိခဲ့သောနေရာသို့ ငေးကြည့်နေလေသည်။

ရွှမ်ယီ ဆေးဖော်စပ်နေစဉ် ပတ်၀န်းကျင်ကီလိုမီတာ(၁၀၀၀)၀န်းကျင်တစ်ခုလုံး တိမ်များဖုံးအုပ်လုနီးပါး ဖြစ်သွားခဲ့၏။

၎င်းတို့က အပြာရောင် ခရမ်းရောင်အလင်းများ ၊ ရွှမ်ယီ၏ ပြင်းထန်သော အရှိန်အဟုန် ၊ အံ့ဖွယ်မှော်ဆေးပညာ စသည်တို့ဖြင့် ပဲ့တင်ထပ်နေခဲ့ပြီး ရှုယွမ် အလွန်အံ့အားသင့်သွားခဲ့ရသည်။

ရွှမ်ယီ အနားရောက်လာမှသာ ပြန်လည် သတိ၀င်လာခဲ့၏။

တစ်ဖက်တွင်မူ ဝေ့ယွမ်က ရွှမ်ယီအပေါ် တစ်ချိန်လုံး ယုံကြည်ထားခဲ့သည်။

သူမက ရွှမ်ယီလာပေးသော ကျောက်စိမ်းပုလင်းအား ရှေ့တိုးကာ လှမ်းယူလိုက်ပြီးနောက် ရိုသေစွာ ဦးညွှတ်လျက်

“ ဆရာရွှမ်ယီ… ဆေးလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါနဲ့ ဆရာရွှမ်ယီ ဘယ်လိုအဖိုးအခမျိုးလိုချင်လည်း သိပါရစေ…”

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး

“ ဘာအဖိုးအခမှ ပေးစရာမလိုဘူး…”

“ ဒါပေမယ့် ငါ တောင်ပိုင်းနယ်မြေကိုရောက်တာမကြာသေးဘူး… ဒီတော့ တပည့်တစ်ယောက်လိုအပ်နေတယ်…”

“ မင်း ငါ့တပည့်ဖြစ်ချင်လား…?”

ထိုစကားများအားကြားလျှင် ဝေ့ယွမ် တခဏမျှ တွေဝေသွား၏။

စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ မှိတ်ထားလိုက်ပြီး တခဏကြာမှ နားလည်သွားဟန်ဖြင့် မိမိကိုယ်ကို လက်ညှိုးထိုးပြကာ

“ ဆရာရွှမ်က ကျွန်မကို တပည့်လက်ခံချင်တာလား…?”

All Chapters