← Chapters

အခန်း (၄၄၆)

Vol. 30 Ch. 446

အခန်း (၄၄၆)

Vol. 30 Ch. 446

ဝေ့ယွမ် တုန်လှုပ်နေဆဲဖြစ်သော်လည်း ပိုမိုရင့်ကျက်သည့် ရှုယွမ်ကမူ ရန်ရှောင်အား နောက်ကွယ်မှ ကြိုးကိုင်နေသူအကြောင်း တွေးနေခဲ့သည်။

ဝေ့ယွမ်အား အကြိမ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သူ….!

မည်သူ ဖြစ်နိုင်သနည်း…?

ရွှမ်ယီက ခေါင်းငုံ့ကာစဉ်းစားခန်း၀င်နေသည့် ရှုယွမ်အား လှမ်းကြည့်လိုက်၏။ သူမ အတွေးများအား ထွင်းဖောက်မြင်ရဟန်ဖြင့်

“ ဘယ်လိုလဲ… နောက်ကွယ်ကလူကို စဉ်းစားလို့ရလား…?”

ရှုယွမ်က ရှက်ရွံ့စွာ ခေါင်းယမ်းလိုက်ရင်း

“ ရန်ရှောင်သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် နည်းနည်းစုံစမ်းလို့ရဦးမယ်… အခု ရန်ရှောင်လည်း သေသွားပြီဆိုတော့ နောက်ကွယ်ကလူလည်း ခြေရာဖျောက်ပြေးလောက်ပြီ…”

“ ကျွန်မတို့ ဝေ့နိုင်ငံတော်ကိုပြန်ရောက်တဲ့အချိန်ဆိုရင် နောက်ကျသွားပြီ…”

“ ဘာမှမဖြစ်ဘူး… အဲ့ဒီ အစီအရင်အလံက တော်တော်လေး အဆင့်မြင့်တယ်… ဝေ့နိုင်ငံမှာ သာမန်မဖြစ်နိုင်ဘူး… ဘယ်သူ လုပ်တယ်ဆိုတာ ငါတို့ရှာတွေ့မှာပါ…”

ရွှမ်ယီ ဖြတ်ပြောလိုက်၏။

ထိုအခါ ရှုယွမ် မျက်၀န်းများတောက်ပသွားပြီး

“ ဆရာ ရွှမ်ပြောတာ ဟုတ်တယ်… ဇီရွှမ်အလံကို ငှားယမ်းနိုင်တာ ဝေ့နိုင်ငံမှာ မင်းသမီးယွဲ့ကလွဲရင် တတိယမင်းသား ၊ ပထမမင်းသား ၊ သတ္တမမင်းသားနဲ့ (၁၃)ယောက်မြောက် မင်းသမီးပဲရှိတယ်…”

ရှုယွမ် နန်းတွင်းသို့ ပြန်ရောက်ပါက စုံစမ်းစစ်ဆေးမည်ဟု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ထွက်ပေါ်လာသည့် ရွှမ်ယီ၏ စကားများက သူမအား အလွန်အံ့အားသင့်သွားစေခဲ့သည်။

“ မင်းတို့မှာ ဦးတည်ချက်ရှိပြီဆိုတာနဲ့ ဒီကိစ္စက လွယ်သွားပြီ… ပြန်ရောက်တာနဲ့ ယွမ်အာကို လွှတ်ပြီး သူတို့တစ်ယောက်ချင်းစီတိုင်းကို စိန်ခေါ်ခိုင်းလိုက်…”

ရှုယွမ် ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။

ဝေ့ယွမ်၏ ကျင့်ကြံမှုက ယခင်နှင့် မတူတော့ဘဲ မြင့်တက်လာခဲ့ပြီးဖြစ်သော်လည်း အခြေတည်ဝိညာဉ်အဆင့်၌သာရှိသေးသည်။

ထိုမင်းသား (၃)ယောက်နှင့် မင်းသမီး (၁၃)တို့အားလုံး ဘုရင်အဆင့်သို့ ရောက်နေခဲ့ကြပြီးဖြစ်၏။

ထိုအထဲမှ အသန်မာဆုံးဖြစ်သော သတ္တမမင်းသားဆိုလျှင် လူသားဘုရင် အလယ်အဆင့်သို့ ရောက်နေချေပြီ။

၎င်းတို့နှင့် ဝေ့ယွမ်အကြား ကွာဟချက် ကြီးမားလွန်းလှ၏။

ဝေ့ယွမ်ထံ၌ ရွှမ်ယီပြင်ဆင်ပေးထားသည့် သူမ မသိသော ဝှက်ဖဲများ ရှိနေသလော။

ရှုယွမ် ခန့်မှန်းချက်မမှားပေ။

ရွှမ်ယီ ဝေ့ယွမ်အား တပည့်အဖြစ် လက်ခံခဲ့သော နေ့ကတည်းက သူမခန္ဓာကိုယ်တွင် ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓားရည်ရွယ်ချက် စွမ်းအားများ ထည့်‌သွင်းပေးထားခဲ့၏။

မူလဘုရင် ၊ လူသားဘုရင် စသည့် အသေးအဖွဲများ မဆိုထားနှင့် အင်ပါယာတစ်၀က်အဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် တစ်ချက်တည်း ပိုင်းဖြတ်သွားပေလိမ့်မည်။

….

နောက်ဆုံးတွင် ကုန်သည်အဖွဲ့ ပျက်စီးခြင်း နယ်မြေ အစပ်သို့ရောက်လာခဲ့ပြီး ရွှမ်ယီလည်း (၁၀)ရက်တာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။

မိုင်ထောင်ချီဝေးကွာသော်လည်း ဤနေရာမှပင် ‌ခံစားနိုင်သည့် ကြောက်မက်ဖွယ် နတ်တန်ခိုး စွမ်းအင်လှိုင်းလုံးများကိုကြည့်ပြီး ရွှမ်ယီ မျက်၀န်းများ ကျဉ်းမြောင်းသွား၏။

ရွှေရောင်အလင်းများ ကောင်းကင်ထက်သို့ ဖြာထွက်နေပြီး နေအလင်းရောင်ကိုပင် ပိတ်ဆို့ထားသော မိုင်ထောင်ချီ ကျယ်၀န်းသည့် ကြီးမားသော ဂိတ်တံခါးကြီးတစ်ခု ရှိနေသည်။

၎င်း၏ ဘယ်နှင့် ညာဘက်တွင် တောင်တန်းကြီးများ ဆက်နွယ်တည်ရှိနေပြီး ပျက်စီးခြင်းနယ်မြေ၏ တောင်ဘက်အခြမ်းမှ နတ်ဆိုးများကို အခိုင်အမာ တားဆီးထားလေသည်။

လင်းတိုင်က သားရဲတစ်ကောင်အားစီးလျက် ရွှမ်ယီ နံဘေးသို့ ရောက်လာခဲ့၏။ ရွှမ်ယီ ဧရာမ ဂိတ်တံခါးကြီးအား ငေးကြည့်နေသည်ကို မြင်လျှင်

“ ညီလေးရွှမ်ယီ.. အဲ့တာက ကျုပ်တို့ တောင်ပိုင်းနယ်မြေရဲ့ နံပါတ်(၁)ဂိုဏ်းကြီးလေ… တောင်ပိုင်းကောင်းကင်တံခါးလို့ခေါ်တယ်…”

လင်းတိုင် ပြုံးလျက်ပြောလိုက်သည်။

ရွှမ်ယီ ခေါင်းညိတ်ပြလိုက်၏။ ကုန်ခဲ့သောရက်များအတွင်း ကုန်သည်အဖွဲ့ထံမှ အရှေ့ပိုင်းတိုက်ကြီးနှင့် ပတ်သက်သော ကိစ္စ အတော်များများကို သိခဲ့ရသည်။

တောင်းပိုင်းကောင်းကင်တံခါး အကြောင်းလည်း ပါ၀င်၏။

တောင်ပိုင်းကောင်းကင်တံခါး နှင့် မြောက်ပိုင်း နတ်ဘုရားလမ်းတို့တွင် တောင်ပိုင်းကောင်းကင်တံခါးက တောင်ပိုင်းနယ်မြေ၌ တည်ရှိပြီး မြောက်ပိုင်း နတ်ဘုရားလမ်းက မြောက်ပိုင်းလွင်ပြင်တွင် တည်ရှိကာ လူသားများနှင့် နတ်ဆိုးများအကြား ပိုင်းခြားထားသည်။

သို့သော် မြောက်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူများ လွှမ်းမိုးထားသည့် မြောက်ပိုင်း နတ်ဘုရားလမ်းနှင့် ယှဉ်ပါက တောင်ပိုင်း ကောင်းကင်တံခါးမှ ကျင့်ကြံသူများ၏ ဇစ်မြစ်များကမူ တော်တော်လေးရှုပ်ထွေး၏။

၎င်းတွင် တောင်ပိုင်းနယ်မြေမှ ကျင့်ကြံသူများသာမက အခြားဒေသရှိ ဂိုဏ်းကြီးများ ၊ မြင့်မြတ်သော မင်းဆက်များမှ လူများစွာ ပါ၀င်သည်။

သို့သော် ရွှမ်ယီ အဓိက အာရုံစိုက်ထားသော အရာက တောင်ပိုင်းကောင်းကင်တံခါးမဟုတ်ချေ။ ၎င်းအနီးမှ မြင့်မြတ်ခြင်းမူလ စုဝေးပွဲဖြစ်၏။

မြင့်မြတ်ခြင်းမူလ စုဝေးပွဲ…!

တောင်ပိုင်းကောင်းကင်တံခါးတွင် အရှေ့ပိုင်းနယ်မြေမှ ကျင့်ကြံသူများစွာ ပါ၀င်သည်။ ၎င်းက အလွန်ကြီးမားပြီး နိုင်ငံတစ်နိုင်ငံ အကျယ်လောက်ရှိ၏။

ဝောာင်းပိုင်းကောင်းကင်တံခါးအား အစပြု၍ မြင့်မြတ်ခြင်းမူလစုဝေးပွဲဟူသည့် ကျင့်ကြံသူများ ဆုံသည်းသော နေရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုနေရာတွင် ရှားပါးသည့် ဆေးပင်များ ၊ သတင်းအချက်အလက်များ ၊ ကျင့်စဉ်များ ရောင်း၀ယ်ကြလေ့ရှိပြီး ပျက်စီးနေသော နတ်တန်ခိုး စာလိပ်တစ်ခုပင် ထွက်ခဲ့ဖူးသည်ဟု ကောလဟာလများရှိ၏။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရွှမ်ယီ အတန်ငယ် စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များအား ကုသရန်အတွက် ရှားပါးဆေးပင် အများအပြား လိုအပ်နေသည်။

ထို့အပြင် သူက ‌အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်လာသည်မှာလည်း မကြာသေးသည်ဖြစ်ရာ ဤနေရာနှင့် သိပ်ပြီး မရင်းနှီးသေချေ။

‌

ရူးသွပ်ခြင်းဓားဂိုဏ်းနှင့် ပတ်သက်သော သတင်းအစအနများအား ရှာဖွေလိုပါက ဝေ့နိုင်ငံတစ်ခုတည်းအားဖြင့် အဆင်မပြေပေ။

ထို့ကြောင့် မြင့်မြတ်ခြင်းမူလ စုဝေးပွဲက သူ့အတွက် ကောင်းကင်မှ ကျဆင်းလာသည့် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။

တောင်ပိုင်းနယ်မြေမှ ကျင့်ကြံသူများက အနည်းငယ်အားနည်း၏။ ဒေသခံ အင်ပါယာ(၁၀)ယောက်ပင်မပြည့်ချေ။

အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူတစ်ယောက်က ကီလိုမီတာ(၁)သန်းကျယ်၀န်းသော နယ်မြေအား စိုးမိုးနိုင်၏။

တောင်းပိုင်းကောင်းကင်တံခါးအား ဖြတ်ကျော်ပြီးသည်နှင့် ဝေ့ယွမ်တို့ကုန်သည်အုပ်စုအတွက် နတ်ဆိုးများတိုက်ခိုက်ခံရမည့် အန္တရာယ်မရှိတော့ပေ။

ဝေ့ယွမ်၏ ပြိုင်ဘက်များကမူ ထပ်မံတိုက်ခိုက်ရန် ဖြစ်နိုင်သေးသည်။

သို့သော် ဝေ့ယွမ်ထံတွင် သူချန်ထားခဲ့သည့် ဓားရည်ရွယ်ချက် စွမ်းအားများရှိသဖြင့် အနည်းမျှ စိတ်ပူစရာမရှိချေ။

ဤသို့ဖြင့် ကုန်သည်အဖွဲ့မှ ခေတ္တထွက်သွားရန် ရွှမ်ယီ ဆုံးဖြတ်လိုက်သည်။

အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးထက် ပိုမို့ကျယ်ပြန့်ကာ ကျင့်ကြံသူများက အလွန် သန်မာကြပြီး ဤနေရာမှ လေဟာနယ်ကလည်း တောင်ပိုင်းတိုက်ကြီးထက် များစွာခိုင်မာသည်။

လက်ရှိ ရွှမ်ယီ၏ ကျင့်ကြံမှုဖြင့်ပင် ကီလိုမီတာ (၁)သောင်း၀န်းကျင်လောက်သာ လေဟာနယ် ခုန်ကူးနိုင်၏။

မြင့်မြတ်ခြင်းမူလ စုဝေးပွဲက ဝေ့နိုင်ငံနှင့် ကီလိုမီတာ (၁)သန်းကျော် ကွာဝေးပြီး သိပ်ပြီးနီးကပ်ခြင်းမရှိဟု ဆိုရမည်။

ဝေ့နိုင်ငံသို့သာ လိုက်သွားပါက မြင့်မြတ်ခြင်းမူလစုဝေးပွဲသို့ ပြန်သွားရန် တော်တော်လေး အချိန်ယူရမည်ဖြစ်၏။

ရွှမ်ယီ အနေဖြင့် အချိန်မဖြုန်းလိုပေ။

ထို့အပြင် သူ၏ ခွန်အားက အထွတ်အထိပ်နှင့် ပြန်လည်နီးကပ်နေပြီးဖြစ်ပြီး ပထမ အတိဒုက္ခအဆင့် အင်ပါယာများပင် သူ့အတွက် ပြသနာမရှိချေ။

ထိုကြောင့် မြင့်မြတ်ခြင်းမူလ စုဝေးပွဲ၌ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုရပေမည်။

ထို့အပြင် ရဲ့ချင်းစုန်အား အသုံးပြုခွင့်တစ်ကြိမ်ကျန်သေး၏။

တစ်ကြိမ်ပဲ ကျန်ရတော့ခြင်းမှာ ဘိုးဘေးဝိညာဉ် ဖောက်ခွဲခြင်း၌ ရဲ့ချင်းစုန်အား အသုံးပြုခဲ့သေးသောကြောင့်ဖြစ်သည်။

…

အစပိုင်းတွင် ချက်ချင်း ဆင့်ခေါ်၍ မရခဲ့သော်လည်း စိတ်ဝိညာဉ်ဒြပ်စင် (၃)ခု ပျက်ဆီးသွားချိန်၌ ဆင့်ခေါ်၍ ရသွားခဲ့၏။

ထို့ကြောင့် ပထမဆုံးထိခိုက်သွားသည့် စိတ်ဝိညာဉ်ဒြပ်စင်က ကျန် စိတ်ဝိညာဉ်ဒြပ်စင်များနှင့် ယှဉ်ပါက ကုသရအလွန်ခက်သွားခဲ့ခြင်းပင်။

သို့သော် စနစ်ကလည်း ထိုအချိန်တွင် တစ်ပြိုင်တည်း အသက်၀င်လာခဲ့သည်။

ရဲ့ချင်းစုန်အား ဆင့်ခေါ်ခဲ့ခြင်းက အလဟသဖြစ်သွားသည်ဟု ထင်ရသော်လည်း ကျန်စိတ်ဝိညာဉ်ဒြပ်စင်(၁၅)ခုအား အပြင်းအထန် မထိခိုက်စေရန် ကာကွယ်နိုင်ခဲ့သည့်အတွက် ထိုသို့ ဆို၍လည်းမရချေ။

….

ရွှမ်ယီ သိထားရသလောက်ဆိုလျှင် ရဲ့ချင်းစုန်၏ ကျင့်ကြံမှုက ပထမအတိဒုက္ခ အထွတ်အထိပ် အဆင့်၌သာရှိသည်။ သို့သော် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းကမူ ပဉ္စမ အတိဒုက္ခအဆင့် နှင့် ယှဉ်နိုင်၏။

ရွှမ်ယီ ဆုံဖြတ်ချက်ချပြီးသည်နှင့် ထွက်ခွာရန် ပြင်လိုက်သည်။

All Chapters