← Chapters

အခန်း (၄၄၉)

Vol. 30 Ch. 449

အခန်း (၄၄၉)

Vol. 30 Ch. 449

“ မိတ်ဆွေလေး… မင်းအရမ်းလွန်မလာနဲ့… ပဉ္စမမင်းသားလေးက မင်းကိုတိုက်ခိုက်ခဲ့တာမှန်ပေမယ့် မင်းလည်း သူ့ရဲ့ နဂါးရိုင်းတစ်ကောင်ကို သတ်ခဲ့တာပဲလေ…”

“ ဟင်း..ဟင်း…”

ဟာသတစ်ပုဒ်ကြားလိုက်ရသည့်အလား ရွှမ်ယီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။

ထို့နောက် မိုးခြိမ်းသံကဲ့သို့ ဓါးအော်သံများထွက်ပေါ်လာ၏။ ကြက်သွေးရောင် ဓါးရှည်များ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး ရွှမ်ယီ၏ ဘေးပတ်ပတ်လည်၌ အထက်အောက်လှုပ်ရှားနေခဲ့သည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်းဓါးအစီအရင်အဖြစ်သို့ ပြောင်းလဲသွား၏။

“ ပထမအတိဒုက္ခအင်ပါယာအဆင့်လောက်က ကျုပ်နဲ့ ညှိနှိုင်းဖို့ မထိုက်တန်သေးဘူး…”

“ ကျုပ်ဒီနေ့ ဒီကောင်ကိုသတ်မယ်… ခင်ဗျားဘယ်လို တားမလဲ ကြည့်ရသေးတာပေါ့…”

စကားဆုံးသည်နှင့် ကြက်သွေးရောင် ဓါးအလင်းက လေဟာနယ်အား ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ငွေရောင်ဝတ်စုံဖြင့် အဘိုးအို အမူအယာ အကြီးအကျယ်ပြောင်းလဲသွားခဲ့၏။

လက်ထဲ၌ ကိုင်ထားသော မြင်းမြှီးယပ်တောင်အား မီတာ (၃) ထောင်ကျော်အထိ ရှည်လျားသွားအောင် ဆန့်ထုတ်လိုက်ပြီး ပဉ္စမမင်းသားထံဦးတည်လာနေသည့် ဓါးချက်အား ကာကွယ်ရန် ကြိုးစားလိုက်သည်။

ထိုဓါးအလင်းနှင့် မြင်းမြှီးယပ်တောင်တို့ ထိခတ်သွားလျှင်…

ငွေရောင်ဝတ်အဘိုးအို၏ မျက်နှာ၌ ကြောက်လန့်မှုများ ဖြစ်ပေါ်လာခဲ့၏။

ဘုန်း……

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ဖုန်မှုန့် ၊ သဲမှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။

ထိခတ်မှုက ပြင်းထန်လွန်းသည်ဖြစ်ရာ မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှ ကာကွယ်ရေးအစီအရင်ကြီးပင် အသက်ဝင်လာခဲ့၏။

လေထုထဲ၌ စိတ်ဝိညာဉ်အလင်းများ တဖျပ်ဖျပ်လက်ကာ ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲသက်ရောက်မှုများကို တားဆီးလိုက်သည်။

ပတ်ဝန်းကျင်မှ တိုက်ပွဲအား ကြည့်ရှုနေသူများအတွက်မူ

..

၎င်းတို့အားလုံး တိုက်ပွဲမြေပြင်၏ အလယ်တည့်တည့်သို့ ငေးမောနေခဲ့ကြသည်။

ထိုနေရာတွင် အင်မော်တယ်တစ်ပါး အသွင်ဖြင့်ရောက်လာခဲ့သော ငွေရောင်၀တ် အဘိုးအို ဖြူဖျော့သော မျက်နှာဖြင့်ရပ်နေခဲ့ပြီး လက်ထဲ၌ ကိုင်ထားသော မှော်ရတနာကလည်း ပျက်စီးသွားပြီးဖြစ်၏။

တစ်ဖက်တွင်မူ ပဉ္စမမင်းသား၏ ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက်ရှိနေခဲ့ပြီး မျက်လုံးများ ပြူးကျယ်လျှက် သေဆုံးနေခဲ့ချေပြီ။

“ သူ… သူ ဘယ်သူများလဲ… ဒီလိုတည်ရှိမှုမျိုးက မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှာ ဘယ်တုန်းကထွက်ပေါ်လာတာလဲ…”

ငွေရောင်ဝတ်အဘိုးအို ဤနေရာ၌ ဆက်မနေဝံ့တော့ချေ။

ရွှမ်ယီအား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် အမြန်ထွက်ပြေးသွားတော့၏။

သူက သွေးအဆီအနှစ်များကိုပင် ထွေးထုတ်လိုက်သေး၏။ ခန္ဓာကိုယ်မှ ဒဏ်ရာများအား တားမြစ်နည်းစနစ်ကိုအသုံးပြုကာ ဖိနှိပ်ခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားခဲ့သည်။

ဤနေရာ၌ ဆက်နေပါက ရွှမ်ယီထံ အသတ်ခံရမည်ကို စိုးရိမ်နေခဲ့၏။

သို့သော် ရွှမ်ယီက အနောက်မှ လိုက်သွားရန် စိတ်မဝင်စားချေ။

လက်ရှိအချိန်တွင် သူ၏ ဒဏ်ရာများက အလုံးစုံပျောက်ကင်းခြင်းမရှိသေးသောကြောင့်ပင်။

အကယ်၍သူသာ နောက်မှလိုက်သွားပါက ထိုငွေရောင်ဝတ်အဘိုးအိုက အသက်နှင့်ရင်းကာ တိုက်ခိုက်ပေတော့မည်။

ထိုအခါ သူ၏အဆုံးစွန်သော ဝှက်ဖဲများကို ပြန်လည်အသုံးပြုရတော့မည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်မလာသေးသည့် ဒဏ်ရာများကလည်း ထပ်မံထိခိုက်သွားနိုင်၏။

သူ့ထံတွင် ယဲ့ချင်းစုန်အား အသုံးပြုရန် တစ်ကြိမ်ကျန်နေသေးသော်လည်း အရေးမပါသော နေရာများ၌ အသုံးမပြုလိုပေ။

ဤသို့ဖြင့် ရွှမ်ယီ နောက်လှည့်ပြီး မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အတွင်း ဝင်သွားခဲ့သည်။

ဝင်ပေါက်သို့ရောက်သည်နှင့်တစ်ပြိုင်နက် လှပသော ဝန်ထမ်းမိန်းမပျိုလေးတစ်ဦးက သူ့အား စိတ်အားထက်သန်စွာ လာရောက်ကြိုဆို၏။

ထို လေလံစံအိမ်က သူနှင့် အသင်္ချေနဂါးမင်းဆက်အကြားမှ ရန်ငြိုးများအား အနည်းငယ်မျှ ဂရုမစိုက်ဟန်ရသည်။

သူ့အား ဂရုတစိုက်ကြိုဆိုပြီး အထူးဧည့်သည်တော်များအတွက် ပြင်ဆင်ထားသော သီးသန့်အခန်းသို့ပင် ခေါ်ဆောင်သွား၏။

“ ဒါက ကျွန်မတို့ လေလံပွဲမှာ ပါဝင်မယ့် ရှားပါးပစ္စည်းတစ်ချို့ရဲ့ စာရင်းပဲဖြစ်ပါတယ် … ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ…”

၀န်ထမ်း မိန်းမပျိုက အသာအယာပြုံးလိုက်ပြီး ရွှမ်ယီထံသို့ ရွှေရောင်စာအုပ်တစ်အုပ်အား လေးစားစွာ ကမ်းပေးလိုက်သည်။

ရွှမ်ယီ၏ အကြည့်များ ထိုစာအုပ်ပေါ်သို့ ကျရောက်သွားလျှင် သူလိုအပ်နေသော စိတ်ဝိညာဉ်ဆေးပင်တစ်ချို့ကို တွေ့လိုက်ရ၏။

ကျန်ပစ္စည်းများကမူ ကြိုတင်မျှော်လင့်ထားခြင်းမရှိသော အကျိုးအမြတ်များပင်။

“ တိမ်ကျောက်စိမ်းပုလဲ… ဒီလို ရှားပါးတဲ့ ရတနာတစ်ခုတောင်ရှိနေတာပဲ…”

ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။

၎င်းက အလွန်အဖိုးတန်သော ကုသခြင်းရတနာတစ်ခုဖြစ်၏ ရွှမ်ယီကဲ့သို့ မှော်ဆေးပညာရှင်တစ်ယောက်အတွက် ဆိုပါက ပို၍ပင် အဖိုးထိုက်တန်သေးသည်။

ထို ပုလဲအား အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုကာ ဆေးဖော်စပ်လိုက်ပါက သူ၏ ဒဏ်ရာများအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မည်။

ထို့အပြင် သူ၏ မှော်ဆေးပညာအဆင့်ကလည်း မှော်ဆေးဘုရင်အဆင့်မှ မှော်ဆေးအင်ပါယာအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပေလိမ့်မည်။

သူက ထို တိမ်ကျောက်စိမ်းပုလဲ အမည်ပေါ်သို့ နတ်အသိပို့လွှတ်လိုက်လျှင် ၎င်း၏ ဈေးနှုန်းအား မြင်လိုက်ရ၏။

“ ကြမ်းခင်းဈေးမှာ တာအိုအရင်းအမြစ် ကီလိုဂရမ် (၅၀) ဖြစ်ပြီး ဈေးတစ်ခါခေါ်တိုင်း တာအိုအရင်းအမြစ် (၁၀) ကီလိုဂရမ်ထက်မနည်းရပါ…”

[ Note. တာအိုအရင်းအမြစ်မဖြစ်နိုင်ပါ ။ နတ်ဘုရားအရင်းအမြစ် ဂျင်နည်းနည်းဆိုရင်လည်း မဖြစ်နိုင်ပါ ။ 1 ကီလိုဂရမ် = 0.5 ဂျင် ။ ဈေးကို စိတ်ကြိုက် လိုသလို မပြောင်းချင်တာမို့ ပါတဲ့အတိုင်းရေးထားလိုက်ပါတယ် ။ Eng ဘာသာပြန် အမှားဖြစ်ပါလိမ့်မယ် ]

[ fifty kilograms of Dao Origin တာအိုအရင်းအမြစ် (၅၀) ကီလိုဂရမ်… Eng ဘာသာပြန်တဲ့လူက Pound . Kilogram . Jin ရေးချင်သလို ရေးနေပါတယ် အကောင်းဆုံး ညှိပြီး ဘာသာပြန်ပေးထားပါတယ်ခင်ဗျ ]

ရွှမ်ယီ အနည်းငယ် ခေါင်းညိတ်လိုက်၏။

ထို တိမ်ကျောက်စိမ်းပုလဲက အလွန်အဖိုးတန်သည်မှန်သော်လည်း ၎င်းက အဆင့် (၆) ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။

ဈေးနှုန်းက သင့်တင့်ပေသည်။

စနစ် သိုလှောင်ခန်း၌ တာအိုအရင်းအမြစ် တစ်တုံးနှင့် တစ်၀က်ကျန်သေးသည်။

ထို တာအိုအရင်းအမြစ်တုံးက (၁၀)ဂျင် ၀န်းကျင် အလေးချိန်ရှိ၏။

၎င်းအား နတ်ဘုရားအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲမည်ဆိုပါက ဂျင်တစ်သိန်းရှိမည်ဖြစ်ကာ စုစုပေါင်း နတ်ဘုရားအရင်းအမြစ် ဂျင်(၁)သိန်းခွဲ ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

ထိုပမာဏက ပထမအတိဒုက္ခအဆင့် အင်ပါယာများအတွက်ပင် ချမ်းသာနေပြီဟု သတ်မှတ်၍ရသည်။

သို့သော် ဤလေလံပွဲ၌ ပါ၀င်လိုပါက မလုံလောက်သေးပေ။

တခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အသိစိတ်ပင်လယ်အတွင်း သိမ်မွေ့သော အလင်းတစ်ခု တောက်ပလာခဲ့သည်။

ထို သိမ်မွေ့သော စိတ်ဝိညာဉ်အလင်း၏ လမ်းညွှန်မှု‌အောက်၌ ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓားကျင့်စဉ်အား အနည်းငယ် ပြုပြင်လိုက်၏။

ကန့်သတ်မှု တစ်ချို့ ပြုလုပ်လိုက်ပြီး ၎င်းအတွင်းပါ၀င်သော သတ်ဖြတ်ငွေ့များအား လျှော့ချလိုက်ခြင်းပင်။

အားလုံး ပြီးဆုံးသွားချိန်၌ ကျောက်စိမ်းစလစ်တစ်ခု ထုတ်ယူကာ ပြုပြင်ထားသော ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓားကျင်စဉ်အား ထည့်သွင်းလိုက်၏။

နံဘေးမှ လေလံစံအိမ် ၀န်ထမ်းမိန်းကလေး အတွက်မူ တိတ်ဆိတ်ငြိမ်သက်နေသော ရွှမ်ယီအား ကြည့်ပြီး ဆက်နေရမည်လော ထွက်သွားရတော့မည်လော ဇဝေဇဝါဖြစ်နေခဲ့သည်။

လေလံစံအိမ်ရှေ့၌ အသင်္ချေနဂါးမင်းဆက်မှ ငွေရောင်၀တ် အဘိုးအိုအား ထိုလူငယ် အနိုင်ယူလိုက်သည့်မြင်ကွင်းကို သူမလည်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။

ကောင်းကင်ဘုရင်တစ်ယောက်က ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ကို အနိုင်ယူခဲ့ခြင်း…

၎င်းက ဤ နုံချာသော တောင်းပိုင်နယ်မြေမှ မဖြစ်နိုင်ချေ။

အရှေ့ပိုင်းနယ်မြေ သို့မဟုတ် မြောက်ပိုင်းလွင်ပြင်ရှိ ဂိုဏ်းကြီးတစ်ခုခုမှ မြင့်မြတ်သားတော်သာဖြစ်ရမည်။

အရှေ့ပိုင်းတိုက်ကြီး၌ ထိုသို့ စွမ်းဆောင်နိုင်သူမှာ လက်ငါးချောင်းပင် မပြည့်ချေ။

သူမ အမြင်တွင် ရွှမ်ယီက လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုမှ အသေအချာပျိုးထောင်ပေးထားသည့် မြင့်မြတ်သားတော် တစ်ယောက်ဖြစ်ရမည်။ ၎င်းက ယခုမှ ပြင်ပလောကသို့ထွက်လာခြင်းဖြစ်ပြီး တောင်ပိုင်းကောင်းကင်တံခါး၌ နာမည်ကြီးလိုဟန် ရသည်။

ထိုပုဂ္ဂိုလ်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါက လေလံစံအိမ်အတွက် သာမက သူမဘ၀အတွက်လည်း အလွန်ကောင်းမွန်ပေလိမ့်မည်။

ထိုသို့ တွေးမိလိုက်ပြီးနောက် ရွှမ်ယီအား ကြည့်နေသော သူမ မျက်၀န်းများ ပူနွေးလာခဲ့၏။

ရွှမ်ယီ နောက်တွင် မည်သည့်အဖော်မှ မပါပဲ တစ်ယောက်တည်း ရောက်လာသည်ကို ပြန်လည်တွေးမိသွားပြီး ၎င်းအား ဆွဲဆောင်ရန် အတွေးများ ဖြစ်ပေါ်လာ၏။

ဤသို့ဖြင့် သူမ အသက်ရှုသံများ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

All Chapters