မိစ္ဆာနတ်ဘုရားများ....
Vol. 19 Ch. 297
သို့သော် ထိုသို့ပြုလုပ်ခြင်းဖြင့် အကျိုးဆက်က ကြီးမားလှသည်။ ပထမဦးစွာ ဘိုးဘေးနတ်ဆိုးသစ်ပင်က သိုင်းတာအိုကို မကျင့်ကြံနိုင်ပေ။ ၎င်းက လင်းယွမ်၏ ယခင်ဆင်းသက်မှု ငါးခုကို အချည်းနှီးဖြစ်သွားစေသည်။
ဒုတိယအနေဖြင့် ထျန်းချင်းကမ္ဘာအတွက် ဘိုးဘေးနတ်ဆိုးသစ်ပင်က ကမ္ဘာတစ်ခုလုံး စုစည်းပြီး ခုခံရသော ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သို့သော် မူလကမ္ဘာတွင် များစွာ ထင်ရှားခြင်းမရှိပေ။ ကြယ်ကောင်းကင်တွင် လှည့်ပတ်နေသော ကြယ်ပင်လယ်ခွန်ကဲ့သို့ အထွတ်အထိပ်သတ္တဝါများကိုပင် အလွန်ထူးခြားနေခြင်းမဟုတ်ဘဲ ဘိုးဘေးနတ်ဆိုးသစ်ပင်က သိသိသာသာ ထင်ရှားနေမည်မဟုတ်ပေ။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကပ်ပါးကောင်ကဲ့သို့ ထူးခြားသော စွမ်းရည်များက ထျန်းချင်းကမ္ဘာတွင် မဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်သော်လည်း မူလကမ္ဘာတွင်တော့ ကြောက်စရာကောင်းသော တစ်စုံတစ်ခုမဟုတ်ပေ။
နတ်ဘုရားသုံးက လူသားမျိုးနွယ်ကို အစဉ်မပြတ် စောင့်ကြည့်နေသောကြောင့် ကပ်ပါးကောင်စွမ်းရည်မပြောနှင့် အစစ်အမှန် စိတ်ဝိညာဉ်များ၏ လွှမ်းမိုးမှုများကိုပင် သူတို့က မူမမှန်မှုများကို သိရှိနိုင်ကြလေသည်။
" ဒါပေမယ့် ငါသာ ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ စွမ်းရည်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ နည်းလမ်းမရှိတာတော့မဟုတ်ဘူး။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားနေသည်။
အရိုးရှင်းဆုံး နည်းလမ်းမှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုပြီး နတ်ဆိုးသစ်ပင်မျိုးစေ့ကို မူလကမ္ဘာသို့ ယူဆောင်လာခြင်း ဖြစ်သည်။
ထို့နောက် လင်းယွမ်က ၎င်းကို ပျိုးထောင်ပြီး ကြီးထွားလာသည်နှင့်အမျှ ထိန်းချုပ်ခြင်းနည်းစနစ်များကို အသုံးပြုနိုင်လေသည်။ မူလကမ္ဘာတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ရှားပါးပြီး ထူးခြားသော သက်ရှိတစ်မျိုးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက အချို့သတ္တဝါများကို ကိုယ်ပိုင်အသုံးပြုရန်အတွက် မွေးမြူတတ်ကြလေသည်။
လင်းယွမ်အတွက် နတ်ဆိုးသစ်ပင်ကို ထိန်းချုပ်ရန် လွယ်ကူလှသည်။ သူက နတ်ဆိုးသစ်ပင်ကို ကိုယ်ပွားတစ်ခု ဖန်တီးနိုင်ရန်ပက် လေ့ကျင့်ပေးနိုင်သည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်တစ်ခုလုံးကို မူလကမ္ဘာဆီ ပြန်ယူတာက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ ပမာဏကို အသုံးပြုရလိမ့်မယ်။ "
" ဒါပေမယ့် မျိုးစေ့တစ်ခုဆိုရင်တော့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ပဲ ကုန်လိမ့်မယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုပြီး အခြားကမ္ဘာမှ ပစ္စည်းများကို မူလကမ္ဘာသို့ ပြန်ယူနိုင်စွမ်းရှိလေသည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ၏ ကုန်ကျသော ပမာဏက ယူဆောင်လိုသော ပစ္စည်း၏ အရွယ်အစားနှင့် အဆင့်အပေါ်တွင် မူတည်လေသည်။
နှစ်သုံးရာအတွင်း လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ အရင်းအမြစ်များစွာကို အသုံးပြုခဲ့ပြီး အံ့ဩစရာကောင်းသော အကျိုးအမြတ်များကို ရရှိခဲ့သည်။
ပထမဆုံး ယွမ်ရှန်းကျင်းကို ပျိုးထောင်ပေးခြင်းဖြစ်သည်။ ထိုပစ္စည်းကို ရယူရန် ချီခွန်ကြယ်သခင်က အဆင့်တူ အဋ္ဌမအလွှာများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး နဝမအလွှာ မျိုးနွယ်ခြားကို ဆွဲဆောင်မိခဲ့သည်။
လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ရှင်းလင်းပြီးနောက် ၎င်းကို မူလကမ္ဘာမှ ယူဆောင်လာရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုခဲ့သည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ယွမ်ရှန်းကျင်းကို ပျိုးထောင်ပေးရန် ဖြစ်သည်။
သို့သော် လင်းယွမ်က သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုခဲ့ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စွမ်းအားက မိစ္ဆာစွမ်းအားဖြစ်ပြီး ယွမ်ရှန်းကျင်းကို ပျိုးထောင်ခဲ့လျှင် ယွမ်ရှန်းကျင်း၏ ဖွဲ့စည်းမှုကို ထိခိုက်သွားနိုင်လေသည်။
လင်းယွမ်က ယွမ်ရှန်းကျင်းကို ပျိုးထောင်သည့်နေရာမှာ ထျန်းချင်းကမ္ဘာ၏ ကျယ်ပြောလှသော မူလရင်းမြစ်ထဲတွင် ဖြစ်သည်။ ကမ္ဘာတစ်ခု၏ သန့်ရှင်းသော မူလရင်းမြစ်က ယွမ်ရှန်းကျင်းကို ပျိုးထောင်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်လေသည်။
ကမ္ဘာဓားကဲ့သို့ လက်နက်များပင် မူလရင်းမြစ်ထဲမှ မွေးဖွားလာခြင်း ဖြစ်သည်။ လင်းယွမ်က ယွမ်ရှန်းကျင်းကို ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ထဲသို့ ထည့်ထားခြင်းက ထျန်းချင်းကမ္ဘာအပေါ် သက်ရောက်မှုတစ်ခုတော့ ရှိလေသည်။ သို့သော် သက်ရောက်မှုမှာ အနည်းငယ်သာ ဖြစ်ပြီး လင်းယွမ်ပြန်သွားပြီး ရာစုနှစ်အနည်းငယ်အတွင်း အလိုအလျောက် ပြန်ကောင်းသွားပေလိမ့်မည်။
" ဟမ်..." လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး ကျယ်ပြောလှသော မူလရင်းမြစ်သမုဒ္ဒရာထဲတွင် သတ္တအပိုင်းအစတစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သတ္တအပိုင်းအစက ခေါင်းလောင်းပုံသဏ္ဍန်နှင့် ဆင်တူနေလေသည်။
" ကမ္ဘာရဲ့ မူလရင်းမြစ်က ငါ့အစား ယွမ်ရှန်းကျင်းကို ပျိုးထောင်ပေးနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သီအိုရီအရ ယွမ်ရှန်းကျင်းအား ပျိုးထောင်ခြင်းကို ကိုယ်တိုင်လုပ်ရလေသည်။ အခြားသူတစ်ယောက်၏ စွမ်းအားကို အသုံးပြုခဲ့လျှင် ထိုလူ၏ ဘဝအစွဲအလန်းများနှင့် ညစ်ညမ်းသွားပြီး မည်သူပိုင်ဆိုင်သည်ကို ဝေခွဲမရ ဖြစ်နိုင်လေသည်။ သို့သော် ကမ္ဘာ၏ မူလရင်းမြစ်နှင့်ဆိုလျှင် ထိုပြဿနာမျိုးမရှိပေ။ ကမ္ဘာစိတ်အသိက သက်ရှိဟုခေါ်ရန် ရုပ်ခန္ဓာမရှိပေ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
နှစ်သုံးရာအတွင်း လင်းယွမ်က သိုင်းတာအို၏ သတ္တမအလွှာကဏ္ဍကို ပြည့်စုံစေခဲ့ပြီး အဋ္ဌမအလွှာ လမ်းကြောင်းကိုလည်း စဉ်းစားနိုင်ခဲ့သည်။
" ငါက အခု သိုင်းတာအိုကို မကျင့်ကြံပေမယ့် သတ္တမအလွှာကဏ္ဍက ပြည့်စုံသွားတော့ ငါ့ရဲ့ အဆင့်လည်း တိုးတက်လာလိမ့်မယ်။ ငါ မူလကမ္ဘာကို ပြန်ရောက်တဲ့အချိန်မှာ အနီရောင်စိတ်ဝိညာဉ်အရည်ကို အသုံးပြုလိုက်ရင် သတ္တမအလွှာ ဘုရင်အဆင့်ကို ရောက်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က သက်ဆိုင်သော နယ်ပယ်မရှိလျှင် ပြည့်စုံသော သတ္တမအလွှာကဏ္ဍကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။ ရှေးခေတ်အချိန်များတွင် အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများက သူတို့၏ မြင့်မားသော အသိအမြင်များဖြင့် အဆင့်နိမ့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖန်တီးခဲ့ကြသော်လည်း အဆင့်နိမ့် ဆင့်ကဲပြောင်းလဲသူများက အဆင့်မြင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖန်တီးသည်ဟူ၍ မရှိခဲ့ပေ။ အကြောင်းမှာ နယ်ပယ်မရှိလျှင် ၎င်းကို ဖန်တီးရန်မပြောနှင့် ကျင့်ကြံခြင်း၏ အနှစ်သာရကိုပင် ဖမ်းဆုပ်နိုင်မည်မဟုတ်ပေ။
" ၁၁၃၃ ခုမြောက် ပင်မလေဟာနယ်ပုံစံ... "
လင်းယွမ်၏ မျက်လုံးများထဲတွင် ငွေရောင်ပင်လယ်တစ်ခု ပေါ်လာသည်။ နှစ်ပေါင်းသုံးရာအတွင်း လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၁၁၃၃ခုကို နားလည်ခဲ့သည်။ ၎င်းတို့က လေဟာနယ်အနှစ်သာကို ဖော်ပြနိုင်သော ပင်မလေဟာနယ်ပုံစံများဖြစ်ကြသည်။
ကြယ်ပင်လယ်ခွန်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုဖြင့်ပင် ချီခွန်ကြယ်သခင်က ပင်မလေဟာနယ်ပုံစံ အားလုံးကို အပြည့်အဝ နားမလည်သေးပေ။ လင်းယွမ်က သတ္တမအလွှာနှင့် ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်ခြင်းမှာ အမှန်တကယ် အံ့ဩစရာကောင်းလှသည်။
" ဒီပင်မလေဟာနယ်ပုံစံတွေကို နားလည်မှုနဲ့ ငါ့ရဲ့ အတွင်းကမ္ဘာကို ဘယ်အတိုင်းအတာထိ ချဲ့ထွင်နိုင်မလဲဆိုတာ ငါသိချင်မိတယ်။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။
အတွင်းကမ္ဘာ၏ အရွယ်အစားက ခံနိုင်ရည်ရှိရန် လုံလောက်အောင် သန်မာသော ရုပ်ခန္ဓာနှင့် လေဟာနယ်နိယာမ၏ နားလည်နိုင်စွမ်းအပေါ်တွင်လည်း မူတည်လေသည်။
လေဟာနယ်နိယာမအပေါ် ပို၍ နက်ရှိုင်းစွာ နားလည်လာသည်နှင့်အမျှ အတွင်းကမ္ဘာက ပို၍ ကြီးလာပြီး ကမ္ဘာစွမ်းအားကို ပို၍ ထုတ်လွှတ်ပေးနိုင်လေသည်။
လင်းယွမ်က ဆက်လက်ကျင်ကြံရန် ပြင်လိုက်သည်။
" ဟမ်..." လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထိုခနတွင် သန်မာသော စိတ်အသိများက ပြင်ပဟင်းလင်းပြင်မှ ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်သို့ ရုတ်တရက် ရောက်လာကြသည်။
" မင်းတို့အားလုံး အစောကြီးရောက်လာကြတာလား။ " လင်းယွမ်ကလည်း သူ၏ စိတ်အသိကို ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်သို့ ပို့လွှတ်လိုက်ပြီး ဆင်းသက်လာသော စိတ်အသိအနည်းငယ်နှင့် တွေ့ဆုံသွားသည်။
လင်းယွမ် စိတ်အသိ၏ ပုံရိပ်က အနက်ရောင်ရှေးဟောင်းသစ်ပင်ဖြစ်ပြီး အခြားစိတ်အသိသုံးခု၏ ပုံရိပ်များက မြွေကြီးတစ်ကောင်၊ အစိမ်းရောင်ရေကန်တစ်နှင့် မျက်လုံးကြီးတစ်လုံးတို့ ဖြစ်ကြသည်။
ပြင်ပဟင်းလင်းပြင်က ကျယ်ပြောလှပြီး ဘိုးဘေးနတ်ဆိုးသစ်ပင် မိစ္ဆာနတ်ဘုရားတစ်ယောက်တည်း၏ နေအိမ်မဟုတ်ပေ။ ထိုစိတ်အသိသုံးခုကလည်း အခြားမိစ္ဆာနတ်ဘုရားသုံးပါးဖြစ်သည်။
မိစ္ဆာနတ်ဘုရားများကြားတွင် တွေ့ဆုံမှုက သတ်ဖြတ်ခြင်းကိုသာ ဦးတည်ခြင်းမရှိဘဲ ပူးပေါင်းခြင်းလည်းဖြစ်နိုင်လေသည်။
လင်းယွမ်က ထိုမိစ္ဆာနတ်ဘုရားသုံးပါးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီယ အချက်အလက်များ လဲလှယ်မှုများ ပြုလုပ်ကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း လင်းယွမ်က ကျင့်ကြံခြင်းအပြင် ထိုမိစ္ဆာနတ်ဘုရားများနှင့် မိတ်ဖွဲ့ရန်လည်း ကြိုးစားခဲ့သည်။
သူရရှိခဲ့သော အချက်အလက်များအရ ဟင်းလင်းပြင်အတွင်း မိစ္ဆာနတ်ဘုရားများ၏ စုစည်းခြင်းနယ်မြေတစ်ခု ရှိလေသည်။
အုပ်ချုပ်သူက အဆင့်ကိုးသို့ ရောက်နေသော မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်လေသည်။ မိစ္ဆာနတ်ဘုရားများ၏ ကြီးထွားမှုက အဆင့်များနှင့် ခွဲခြားထားပြီး ယခု လင်းယွမ်က အဆင့်ခုနှစ်တွင်ရှိလေသည်။
မိစ္ဆာနတ်ဘုရားများ၏ ကြီးထွားမှုအဆင့်များက ခွန်အားနှင့် မသက်ဆိုင်သော်လည်း အဆင့်ကိုးသို့ ရောက်နေသော မိစ္ဆာနတ်ဘုရားက မည်သို့မှ အားနည်းနိုင်မည်မဟုတ်ပေ။
ဘိုးဘေးနတ်ဆိုးသစ်ပင်ကဲ့သို့ မိစ္ဆာနတ်ဘုရားအတွင်း ကြီးထွားမှုကန့်သတ်ချက်က အဆင့်ရှစ်ဖြစ်လေသည်။ လင်းယွမ်ပင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အဆင့်ကိုး၏ အသုံးဝင်သော အချက်အလက်များကို မသိနိုင်သေးပေ။
" မိစ္ဆာနတ်ဘုရားတွေရဲ့ စုစည်းခြင်းနယ်မြေ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ဖြစ်နိုင်လျှင် သူက ထိုနေရာသို့ သွားချင်လေသည်။ အခြားမိစ္ဆာနတ်ဘုရားများဆီမှ ရသော အချက်အလက်များအရ ထျန်းချင်းကမ္ဘာမှ စုစည်းခြင်းနယ်မြေသို့ သွားရန် နှစ်တစ်သောင်းကြာပေလိမ့်မည်။
မိစ္ဆာနတ်ဘုရားများအတွက် သူတို့၏ သက်တမ်းက အဆုံးမရှိလုနီးပါးဖြစ်ပြီး နှစ်တစ်သောင်းက အနည်းငယ် အိပ်စက်လိုက်ရုံသာဖြစ်သော်လည်း လင်းယွမ်အတွက် နေထိုင်ချိန် မလုံလောက်ပေ။