← Chapters

ကမ္ဘာစိတ်အသိကို အစားထိုးရန်....

Vol. 19 Ch. 298

ကမ္ဘာစိတ်အသိကို အစားထိုးရန်....

Vol. 19 Ch. 298

" အဆင့်ကိုး မိစ္ဆာနတ်ဘုရားက ဘယ်လိုပုံစံလဲဆိုတာ ငါသိချင်မိတယ်။ လေ့လာလို့ရနိုင်လောက်လား။ " လင်းယွမ်က သိချင်မိသွားသည်။

မိစ္ဆာနတ်ဘုရားများက အထူးသက်ရှိများဖြစ်ကြပြီး သူတို့၏ ကြီးထွားမှုအဆင့်များက သာမန်ကျင့်ကြံခြင်းစနစ်များနှင့် လုံးဝ ကွဲပြားလေသည်။

" အကိုနတ်ဆိုး မင်းက ကျင့်ကြံခြင်းနေရာတစ်ခုအနေနဲ့ ဒီလိုကမ္ဘာကြီးကို သိမ်းပိုက်နိုင်ခဲ့တာ ငါတို့ တကယ်မနာလိုဖြစ်မိတယ်။ "

လင်းယွမ်က လေးနက်စွာ စဉ်းစားနေချိန်တွင် မြွေကြီးပုံရိပ်က စိတ်ဝိညာဉ်အတက်အကျကို ထုတ်လွှတ်လိုက်သည်။ အခြားမိစ္ဆာနတ်ဘုရားနှစ်ပါးကလည်း တောင့်တင်းသွားကြသည်။

သို့သော် ထျန်းချင်းကမ္ဘာ၏ ကာကွယ်မှုက ပြည့်စုံလုနီးပါး ဖြစ်သောကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ဖြစ်သော လင်းယွမ်ကို မနာလိုရုံသာ တတ်နိုင်လေသည်။

မိစ္ဆာနတ်ဘုရား ဆယ်ယောက်လာလျှင်တောင် သူတို့က ထျန်းချင်းကမ္ဘာ၏ ကာကွယ်မှုကို ချိုးဖျက်ရန် မလွယ်ကူသည့်အပြင် သူတို့က ချိုးဖျက်နိုင်ခဲ့လျှင်တောင် မိစ္ဆာနတ်ဘုရား ဆယ်ယောက်ကို ကမ္ဘာတစ်ခုတည်းနှင့် လုံလောက်မည်မဟုတ်ပေ။

" ကောင်းပြီ။ လျှောက်ပြောမနေတော့နဲ့။ လဲလှယ်မှုလုပ်ရအောင်။ " ကြီးမားသော မျက်လုံးကြီးက သတိပေးလိုက်သည်။

မိစ္ဆာနတ်ဘုရားသုံးပါးက သူတို့၏ စိတ်အသိများ ထိုနေရာသို့ ဆင်းသက်လာခြင်း၏ ရည်ရွယ်ချက်မှာ လင်းယွမ်နှင့် လဲလှယ်မှုပြုလုပ်ရန်ဖြစ်သည်။ မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာနေကြပြီး ရတနာများကို မကြာခန ရရှိကြလေသည်။

" ငါက အပြစ်ရေနဲ့ ကမ္ဘာစိတ်အသိနဲ့ ပက်သက်တဲ့ နည်းစနစ်တွေကိုပဲ လိုချင်တယ်။ "

လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သူ၏ ရှေ့တွင် နတ်ဆိုးမျိုးစေ့များ ပေါ်လာသည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်မှ စုစည်းထားသော နတ်ဆိုးမျိုးစေ့များကို ရန်သူများအား တိုက်ခိုက်ရန် လက်နက်အပြင် အခြားမိစ္ဆာနတ်ဘုရားများအတွက် အကျိုးကျေးဇူးများရရှိသော ရတနာများအဖြစ်လည်း အသုံးပြုနိုင်သည်။

ဤနှစ်များတွင် လင်းယွမ်က နတ်ဆိုးမျိုးစေ့များနှင့် အကျိုးအမြတ်များ ရရှိခဲ့သည်။

" ပြသနာမရှိဘူး။ ဒီမှာ အပြစ်ရေ ဆယ်ပိုင်း...."

ရေကန်စိတ်အသိက အပြစ်ရေများ ထုတ်ပေးလိုက်သည်။

လင်းယွမ်ကလည်း နတ်ဆိုးမျိုးစေ့နှစ်ဆယ်ကို လဲလှယ်ခဲ့သည်။ အပြစ်ရေက ပြင်ပဟင်းလင်းပြင်ရှိ လျို့ဝှက်နယ်မြေတစ်ခုမှ ရရှိခြင်းဖြစ်ပြီး အဆုံးမဲ့အပြစ်များပါဝင်ကာ မိစ္ဆာနတ်ဘုရားများအတွက် အားဖြည့်ပေးနိုင်သော အရာတစ်ခုဖြစ်သည်။

လင်းယွမ်က စမ်းသပ်ပြီးနောက် အပြစ်ရေက ဘိုးဘေးနတ်ဆိုးသစ်ပင်အတွက် ထူးခြားသော သက်ရောက်မှုမရှိသည်ကို တွေ့ခဲ့ရသည်။ သို့သော် လင်းယွမ်က အပြစ်ရေကို လဲလှယ်ခဲ့သည်။

" ဒီမှာ ကမ္ဘာစိတ်အသိနဲ့ ပက်သက်တဲ့ နည်းစနစ်နှစ်ခုရှိတယ်။ အကိုနတ်ဆိုး တစ်ချက်လောက်ကြည့်ပေးရင် ငါကျေနပ်မိမှာပဲ။ " မြွေကြီးက စိတ်ဝိညာဉ်အတက်အကျကို ထုတ်လွှတ်လိုက်သည်။ လင်းယွမ်က ကမ္ဘာစိတ်အသိနှင့်ပက်သက်သော နည်းစနစ်နှစ်ခုကို ပို့ပေးလိုက်သည်။

" ဟမ် မဆိုးဘူး။ ဒီနည်းစနစ်နှစ်ခုက အားသာချက်တွေ ရှိတယ်။ " လင်းယွမ်က နတ်ဆိုးမျိုးစေ့ဆယ်ခုကို ပေးလိုက်သည်။

ကမ္ဘာစိတ်အသိနှင့်ပက်သက်သော နည်းစနစ်များက လင်းယွမ်၏ အစီအစဉ်နှင့် သက်ဆိုင်လေသည်။ ကမ္ဘာစိတ်အသိက သာမန်သက်ရှိများ လက်လှမ်းမမီနိုင်သော အရာတစ်ခုဖြစ်သည်။

မိစ္ဆာနတ်ဘုရားများအတွက်မူ ကမ္ဘာစိတ်အသိများက လျို့ဝှက်ခြင်းမရှိပေ။ ကမ္ဘာတစ်ခုကို ကျူးကျော်ရန် ကြိုးစားသော မိစ္ဆာနတ်ဘုရားများက ကမ္ဘာစိတ်အသိ၏ ခုခံမှုကို ကြုံတွေ့ရပေလိမ့်မည်။

ယခင် ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ချင်ခဲ့သည်။ ထိုခြိမ်းခြောက်မှုအောက်တွင် ကမ္ဘာစိတ်အသိက ကမ္ဘာဓားကို ထုတ်ဖော်ခဲ့သည်။ ဘိုးဘေးနတ်ဆိုးကို ခုခံရန် ထျန်းချင်းမဟာမိတ်ကို ဖွဲ့စည်းခဲ့သည်။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားများက ကမ္ဘာစိတ်အသိများကို နားလည်ထားပြီး ၎င်းတို့အား ပစ်မှတ်ထားသော နည်းစနစ်များကို ဖန်တီးခဲ့ကြသည်။

" ငါ့မှာလည်း လျို့ဝှက်နည်းစနစ်အချို့ ရှိတယ်။ " မျက်လုံးကြီးကလည်း နောက်ဆုံးတွင် စကားပြောလာသည်။

မိစ္ဆာနတ်ဘုရားလေးပါးက သူတို့၏ လဲလှယ်မှုအောင်မြင်သွားပြီး ကျေနပ်သွားကြသည်။

" အကိုနတ်ဆိုး မင်းက ကမ္ဘာတစ်ခု သိမ်းပိုက်ပြီးတာကို ဘာလို့ကမ္ဘာစိတ်အသိနဲ့ ပက်သက်တဲ့နည်းစနစ်တွေ စုဆောင်းနေတာလဲ။ " မြွေကြီးက ပြောလိုက်သည်။

အခြားမိစ္ဆာနတ်ဘုရားနှစ်ယောက်ကလည်း လင်းယွမ်ကို အာရုံစိုက်လိုက်ကြသည်။ မိစ္ဆာနတ်ဘုရားတစ်ယောက်က ကမ္ဘာတစ်ခုကို ဆင်းသက်ပြီးသောအခါ မူလရင်းမြစ်နှင့် ပေါင်းစည်းပြီးနောက် ကမ္ဘာစိတ်အသိက အရေးပါတော့မည်မဟုတ်ပေ။

" ငါ နည်းနည်းသိချင်လို့ပါ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

" သိချင်တာ်ား။ " မိစ္ဆာနတ်ဘုရားသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လင်းယွမ်က မဖြေချင်သောကြောင့် သူတို့က ဆက်မမေးကြတော့ပေ။

" ဒါနဲ့ အကိုနတ်ဆိုး ငါ့မှာ မင်းနဲ့တွေ့ချင်နေတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ " မျက်လုံးကြီးက ပြောလိုက်သည်။

" မိတ်ဆွေတစ်ယောက်လား။ သူက ငါနဲ့ ဘာလုပ်ချင်လို့လဲ။ " လင်းယွမ်က မေးလိုက်သည်။

" အရမ်းကောင်းတဲ့ဟာပဲ။ " မျက်လုံးကြီးက ပြောလိုက်သည်။

ခနအတွင်း နောက်ထပ်စိတ်အသိတစ်ခုက ဆင်းသက်လာသည်။ ထိုစိတ်အသိ၏ ပုံရိပ်က လူသားနှင့် ဆင်တူသော်လည်း လက် ၁၆ဖက်နှင့် ဖြစ်သည်။

" အကိုနတ်ဆိုး...." လက်၁၆ဖက် မိစ္ဆာနတ်ဘုရားက ရောက်သည်နှင့် လင်းယွမ်ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

" ဒီမိစ္ဆာနတ်ဘုရားက စွမ်းအားကြီးတယ်။ " လင်းယွမ်က အနည်းငယ် လေးနက်သွား၏။

ထိုမိစ္ဆာနတ်ဘုရားက အခြားမိစ္ဆာနတ်ဘုရားသုံးယောက်ထက် ပို၍ သန်မာလေသည်။ မှန်၏ လင်းယွမ်ကိုတော့ မယှဉ်နိုင်သေးပေ။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နှစ်သုံးရာ ကျင့်ကြံပြီးနောက် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက ယခင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အထွတ်အထိပ်အချိန်ထက် ကျော်လွန်သွားခဲ့သည်။

" ငါတို့က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခု တွေ့ထားတယ်။ အဲ့ဒါ အကိုနတ်ဆိုးကို ဖိတ်ခေါ်ချင်တယ်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက ရတဲ့ အကျိုးအမြတ်ကို အကိုနတ်ဆိုးက နှစ်ဆယ်ရာခိုင်နှုန်းရလိမ့်မယ်။ " လက်၁၆ဖက် မိစ္ဆာနတ်ဘုရားက ပြောလိုက်သည်။ " ငါ အကိုနတ်ဆိုးရဲ့ ခွန်အားကို သိပါတယ်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို သိမ်းပိုက်ဖို့ မခက်ခဲပါဘူး။ "

" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ..." လင်းယွမ်က အတွေးနက်သွား၏။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက ကျယ်ပြောလှသော ပြင်ပဟင်းလင်းပြင်တွင် ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် နယ်မြေတစ်ခုဖြစ်သည်။ ထိုအန္တရာယ်ရှိသော နယ်မြေများတွင် ရတနာများနှင့် အခွင့်အလမ်းများ ရှိနေနိုင်လေသည်။ ပုံမှန်အားဖြင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို တွေ့သော မိစ္ဆာနတ်ဘုရားများက အကျိုးအမြတ်များ ရရှိနိုင်လေသည်။

ယခင်ဘိုးဘေးနတ်ဆိုးသစ်ပင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေများကို တွေ့ခဲ့ရပြီး ချက်ချင်း မဝင်ရောက်နိုင်သေးသောကြောင့် နတ်ဆိုးသစ်ပင်များကို စောင့်ကြပ်စေခဲ့သည်။

" အဲ့ဒီ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကဘယ်မှာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" ဒီကနေ နှစ်ငါးရာလောက် ပျံသန်းသွားရလိမ့်မယ်။ " လက်၁၆ဖက် မိစ္ဆာနတ်ဘုရားက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ငါစိတ်မဝင်စားဘူး။ " လင်းယွမ်က ပြန်ဖြေလိုက်သဘ်။

သူက အကျိုးအမြတ်ခွဲဝေမှုကို သဘောမကျသောကြောင့် မဟုတ်ပေ။ နောက်မှရောက်လာသူအနေဖြင့် နှစ်ဆယ်ရာခိုင်နှုန်း ရရှိခြင်းက အလွန်ကောင်းမွန်လေသည်။

သို့သော် လင်းယွမ်က တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိလေသည်။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက သိမ်းပိုက်ရန် လွယ်ကူလျှင် သူတို့က ဘာကြောင့် သူ့ကို ဖိတ်ခေါ်နေကြတာလဲ။

ထို့အပြင် နှစ်ငါးရာခရီးက လင်းယွမ်အတွက် အဓိပ္ပါယ်မရှိတော့ပေ။ ယခု လင်းယွမ်၏ နေထိုင်ချိန်က နှစ်နှစ်ရာသာ ကျန်တော့ပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေများကို စွန့်စားသွားလာခြင်းထက် ထျန်းချင်းကမ္ဘာတွင် အေးချမ်းစွာ နေထိုင်ခြင်းက ပိုကောင်းလေသည်။

" ကောင်းပြီ။ နောက်တစ်ခါ မင်းတို့ လျို့ဝှက်နည်းစနစ်တွေနဲ့ အပြစ်ရေတွေ တွေ့ရင် ငါ့ကို ဆက်သွယ်လိုက်ပါ။ " လင်းယွမ်က သူ၏ စိတ်အသိကို ရုတ်သိမ်းပြီး ထျန်းချင်းကမ္ဘာသို့ ပြန်သွားသည်။

ဟင်းလင်းပြင်ထဲတွင် မိစ္ဆာနတ်ဘုရားစိတ်အသိလေးခုသာ ကျန်နေခဲ့သည်။

" ငါတို့ အခု ဘာလုပ်ကြမလဲ။ "

" ဆက်ပြီး ဖိတ်ခေါ်ကြမလား ဒါမှမဟုတ် လက်လျှော့လိုက်မလား။ အကိုနတ်ဆိုးက အရမ်းသတိရှိတယ်လို့ ငါထင်တယ်။ နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ယောက်ကို ပြောင်းရအောင်။ "

မိစ္ဆာနတ်ဘုရားလေးယောက်က အချင်းချင်း ဆွေးနွေးလိုက်ကြပြီး ပြန်လည်ထွက်ခွာသွားကြသည်။

ထျန်းချင်းကမ္ဘာ ဘိုးဘေးနတ်ဆိုးသစ်ပင်ထိပ်တွင် လင်းယွမ်က မိစ္ဆာနတ်ဘုရားများ ထွက်ခွာသွားသည်ကို ကြည့်လိုက်သည်။

" ငါ့ကို ပစ်မှတ်ထားနေကြတာလား။ " လင်းယွမ်က လက်၁၆ဖက် မိစ္ဆာနတ်ဘုရားဆီမှ မကောင်းသော အတွေးများကို မခံစားမိခဲ့ပေ။ သို့သော် ထိုကဲ့သို့ ရုတ်တရက် ဖိတ်ခေါ်မှုက လင်းယွမ်၏ စိတ်ထဲတွင် အတွေးများစွာကို ဖြစ်ပေါ်စေခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာအတွင်း လင်းယွမ်က အခြားမိစ္ဆာနတ်ဘုရားများနှင့် လဲလှယ်ခဲ့ပြီး နတ်ဆိုးမျိုးစေ့များကို အများစုက သဘောကျကြလေသည်။ ထို့ကြောင့် အချို့ မိစ္ဆာနတ်ဘုရားများ၏ အာရုံကို ဆွဲဆောင်နိုင်ခြင်းမှာ သာမန်သာ ဖြစ်သည်။

" ငါ့ကို စောင့်ကြည့်တာ ကိစ္စမရှိဘူး။ ငါ ထျန်းချင်းကမ္ဘာထဲမှာ ရှိနေသရွေ့ သူတို့က ငါ့ကို ဘာလုပ်နိုင်မှာလဲ။ " လင်းယွမ်က မကြာသေးမီက ရရှိထားသော လျို့ဝှက်နည်းစနစ်များကို အာရုံစိုက်လိုက်သည်။

" ကမ္ဘာစိတ်အသိ.... " လင်းယွမ်က အကြိမ်ကြိမ် လေ့လာခဲ့သည်။

လင်းယွမ်က ထိုနည်းစနစ်များကို လေ့လာရသည့်အကြောင်းရင်းမှာ သူ၏ စိတ်အသိကို ထျန်းချင်းကမ္ဘာ၏ စိတ်အသိနေရာတွင် အစားထိုးရန် ဖြစ်သည်။ အတိအကျပြောရလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အသိကို အစားထိုးရန်ဖြစ်သည်။

သာမန်အခြေအနေများတွင် ၎င်းကို မဖြစ်နိုင်သော စိတ်ကူးယဉ်မှုတစ်ခုဟုသာ ရှုမြင်ကြပေလိမ့်မည်။ ကမ္ဘာစိတ်အသိက ကျယ်ပြောလှသည်။ မိစ္ဆာနတ်ဘုရားများပင် အစွမ်းထက်သော ကမ္ဘာစိတ်အသိများကို အစားထိုးရန်မပြောနှင့် တိုက်ရိုက်ရင်မဆိုင်ရဲကြပေ။

သို့သော် ယခု ထျန်းချင်းကမ္ဘာ၏ စိတ်အသိက နက်ရှိုင်းစွာ အိပ်မောကျနေပြီး လင်းယွမ်ကလည်း ကမ္ဘာဓားကို ပိုင်ဆိုင်ထားသည်။

အကယ်၍ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာစိတ်အသိနှင့် ပက်သက်သော နည်းစနစ်များကို လေ့လာပြီး အစားထိုးရန် နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့လျှင် မဖြစ်နိုင်စရာအကြောင်းမရှိပေ။

All Chapters