← Chapters

မူလရင်းမြစ်သမုဒ္ဒရာ

Vol. 19 Ch. 299

မူလရင်းမြစ်သမုဒ္ဒရာ

Vol. 19 Ch. 299

လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ စိတ်အသိကို အစားထိုးချင်သည့် အကြောင်းရင်းမှာ သူ၏ စိတ်ထဲမှ ယူဆချက်တစ်ခုကြောင့်ဖြစ်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်ခြင်းသည် သာမန်ဆင်းသက်ခြင်းဖြစ်လျှင်တောင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို အသုံးပြုရလေသည်။ သူက တိကျသော ဆုံမှတ်များနှင့် ကမ္ဘာတစ်ခုကို ဆင်းသက်မည်ဆိုလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြုရလေသည်။

ထိုကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများက အတိအကျ မည်သည့်နေရာတွင် သုံးစွဲသနည်း။ စိတ်အသိဆင်းသက်ခြင်းတွင် ကမ္ဘာတစ်ခုမှ သက်ရှိတစ်မျိုးနှင့် ပေါင်းစည်းသွားပြီး မူမမှန်မှုများလည်း မရှိပေ။ ထိုအချိန်တွင် ကမ္ဘာမှ ခုခံမှုလည်း ဖြစ်မလာခဲ့ပေ။

သို့သော် ကမ္ဘာစိတ်အသိက လင်းယွမ်၏ စိတ်အသိကို ငြင်းပယ်ခြင်း သို့မဟုတ် ခုခံခြင်းမရှိလျှင်ရော။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား အသုံးပြုမှုက လျော့နည်းသွားမှာလား။

လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ စိတ်အသိကို ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အသိနှင့် အစားထိုးနိုင်ခဲ့လျှင် လင်းယွမ်က ထျန်းချင်းကမ္ဘာသို့ နောက်တစ်ကြိမ် ဆင်းသက်ခဲ့ လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား အသုံးပြုမှုက အလွန်လျှော့နည်းသွားပေလိမ့်မည်။ ထိုအချိန်တွင် ထျန်းချင်းကမ္ဘာက လင်းယွမ် လာချင်တိုင်း လာနိုင်သော အိမ်နောက်ဖေးတစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည်။

" ငါ့ရဲ့ နေထိုင်ချိန်က နှစ် ၁၉၀ ကျန်သေးတယ်။ ဒီအချိန်တွင်းမှာ ကမ္ဘာစိတ်အသိကို အစားထိုးနိုင်မယ့် နည်းစနစ်တစ်ခု ဖန်တီးနိုင်အောင် ကြိုးစားရမယ်။ "

ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်ပြီးနောက် နောက်ဆက်တွဲ ပင်မလေဟာနယ်ပုံစံများက သိသိသာသာ ခက်ခဲလာခဲ့သည်။ နှစ်ပေါင်း ၁၉၀အတွင်း ပင်မလေဟာနယ်ပုံစံ တစ်ရာကျော်ကိုသာ နားလည်နိုင်သောကြောင့် အများကြီးမဟုတ်ပေ။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်တိုးတက်ရန်အတွက် လင်းယွမ်က သတ္တမအလွှာကဏ္ဍကို ပြည့်စုံသွားပြီဖြစ်သည်။ သူက အဋ္ဌမအလွှာကို မရောက်သေးဘဲ အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးခြင်းက အရူးထခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းက ကမ္ဘာစိတ်အသိကို အစားထိုးနိုင်မည့် နည်းလမ်းကို အာရုံစိုက်ခြင်းက ပိုကောင်းလေသည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးက ရရှိရန် ခက်ခဲလေသည်။

ကမ္ဘာစိတ်အသိကို အိပ်မောကျစေရန် ခက်ခဲလှသည်။ ကမ္ဘာတိုင်းက ကမ္ဘာဓားကဲ့သို့ လက်နက်များ မပိုင်ဆိုင်ပေ။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး နောက်ထပ် နှစ်ပေါင်း ၁၈၀ ကြာသွားခဲ့သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ပင်စည်က ရှေးဆန်လာပြီး ၎င်း၏ နက်နဲသော အော်ရာက လူတိုင်းကို ခံစားမိစေသည်။ သူတို့က မည်မျှဝေးကွာသည်ဖြစ်စေ မော့ကြည့်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသော မြင့်မြတ်သစ်ပင်ကို မြင်နိုင်လေသည်။

ထို့အပြင် ယခု လင်းယွမ်၏ ကျင့်ကြံခြင်းက အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိသွားခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာလျို့ဝှက်နည်းစနစ်များကို လေ့လာပြီး သင်၏ အသိအမြင်များက နက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာလျို့ဝှက်နည်းစနစ်များကို လေ့လာပြီး သင်၏ အသိအမြင်များက နက်ရှိုင်းလာပါပြီ။ ]

ကမ္ဘာစိတ်အသိကို အစားထိုးနိုင်သော လျို့ဝှက်နည်းစနစ်တစ်ခုကို ဖန်တီးရန် မဖြစ်နိုင်လုနီးပါးဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အခြေခံအုတ်မြစ်၊ စွမ်းအားပြည့်ဝမှုနှင့် ကမ္ဘာစိတ်အသိနှင့် ပက်သက်သော လျို့ဝှက်နည်းစနစ်များကို နားလည်ထားရန် လိုအပ်လေသည်။

လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်က အခြားမိစ္ဆာနတ်ဘုရားများနှင့် ကမ္ဘာစိတ်အသိ လျို့ဝှက်နည်းစနစ်များကို လဲလှယ်ခဲ့ပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လေ့လာခဲ့လေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာလျို့ဝှက်နည်းစနစ်များကို လေ့လာပြီး ကမ္ဘာစိတ်အသိကို အစားထိုးနိုင်သော နည်းစနစ်ကို ဖန်တီးနိုင်သွားပါပြီ။ ]

များပြားသော အသိအမြင်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာပြီး ပြည့်စုံသော နည်းစနစ်တစ်ခု ဖြစ်ပေါ်လာသည်။

" နောက်ဆုံးတော့ အောင်မြင်သွားပြီ။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်ပြီူ ကျေနပ်သွားသည်။

နှစ်ပေါင်း ၁၈၀ အတွင်း လင်းယွမ်၏ စိတ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၊ ပင်မလေဟာနယ်ပုံစံများ၊ နေထိုင်ချိန် စသည့်အကြောင်းအရာများကို တွေးခြင်းမရှိဘဲ ကမ္ဘာစိတ်အသိကို အစားထိုးနိုင်သော နည်းစနစ်ကိုသာ အာရုံစိုက်ထားခဲ့သည်။

လင်းယွမ်၏ အစီအစဉ်အရ သူက ထိုနည်းစနစ်ကို ယခုအချိန်တွင် နားမလည်ခဲ့လျှင်တောင် သူက မူလကမ္ဘာသို့ ပြန်ရောက်လျှင် ခြောက်နှစ် ခုနှစ်နှစ် စောင့်ပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြု၍ ထျန်းချင်းကမ္ဘာသို့ ပြန်လည်ဆင်းသက်မည်ဖြစ်သည်။

အမှန်တော့ ကမ္ဘာတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခြင်းက ဆွဲဆောင်မှုရှိပြီး ထျန်းချင်းကမ္ဘာကို အချိန်မရွေး ဆင်းသက်နိုင်သည်ဟူသော အချက်က လင်းယွမ်ကို ပို၍ စိတ်အားထက်သန်စေလေသည်။ ထို့အပြင် လင်းယွမ် ဆင်းသက်သော နေရာက ထျန်းချင်းကမ္ဘာသာမက ကျယ်ပြောလှသော ပြင်ပဟင်းလင်းပြင်လည်း အပါအဝင်ဖြစ်သည်။

မရေတွက်နိုင်သော မိစ္ဆာနတ်ဘုရားများအပြင် ထျန်းချင်းကမ္ဘာနှင့် ဆင်တူသော ကမ္ဘာများနှင့် အဆင့်ကိုးအထိ ကြီးထွားလာသော မိစ္ဆာနတ်ဘုရားများလည်း ရှိနေလေသည်။

" ဒီလျို့ဝှက်နည်းစနစ်က..." လင်းယွမ်က ကမ္ဘာစိတ်အသိကို အစားထိုးနိုင်သော လျို့ဝှက်နည်းစနစ်ကို အာရုံစိုက်လိုက်သည်။

ထိုလျို့ဝှက်နည်းစနစ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အသိကို ထျန်းချင်းကမ္ဘာ၏ စိတ်အသိ နေရာတွင် အစားထိုးနိုင်ရန် အမှန်တကယ် အလားအလာ ရှိလေသည်။ သို့သော် တင်းကျပ်သော အခြေအနေများလည်း ရှိနေ၏။

ဥပမာ ထျန်းချင်းကမ္ဘာ၏ စိတ်အသိက ခုခံနိုင်စွမ်းမရှိဘဲ အိပ်မောကျနေရမည့်အပြင် ကမ္ဘာဓားနှင့် ကမ္ဘာစိတ်အသိကို လွှမ်းမိုးနိုင်သော နည်းစနစ်များလည်း လိုအပ်လေသည်။

သို့သော် ထိုအခြေအနေများအားလုံးက ထျန်းချင်းကမ္ဘာကို ပစ်မှတ်ထားနေသည်ဟု ထင်ရသည်။ ထျန်းချင်းကမ္ဘာ၏ အခြေအနေက အလွန်ရှားပါးသော အခွင့်အရေးဖြစ်ပြီး လင်းယွမ်အတွက် ပြင်ဆင်ပေးထားသကဲ့သို့ ဖြစ်နေသည်။

" ဒီလျို့ဝှက်နည်းစနစ်ကိုသာ မူလကမ္ဘာမှာ သုံးခဲ့ရင် စွမ်းအားကြီးတဲ့ မူလကမ္ဘာရဲ့ စိတ်အသိကြောင့် ချက်ချင်း ဖုန်မှုန့်ဖြစ်သွားလိမ့်မယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ကမ္ဘာစိတ်အသိကို အစားထိုးမည်ဆိုလျှင် မူလကမ္ဘာက အကောင်းဆုံး ပစ်မှတ် ဖြစ်လေသည်။ မူလကမ္ဘာ၏ စိတ်အသိကို အစားထိုးနိုင်ခဲ့လျှင် လင်းယွမ်က ကြယ်စကြာဝဠာ၏ နံပါတ်တစ် စွမ်းအားရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ကြီးမြတ်သူများပင် သူ၏ အောက်တွင် ရှိပေလိမ့်မည်။

ကံမကောင်းစွာပင် ထိုလျို့ဝှက်နည်းစနစ်ကို အသုံးပြုရန် လိုအပ်ချက်တစ်ခုမှာ ကမ္ဘာစိတ်အသိက အိပ်မောကျနေရန် လိုအပ်လေသည်။ မူလကမ္ဘာ၏ စိတ်အသိကို အိပ်မောကျသွားစေရန် နည်းလမ်းကို လင်းယွမ်ပင် မစဉ်းစားနိုင်သေးပေ။

ကြီးမြတ်သူများ၏ စွမ်းအားက မိုင်တစ်သန်း၊ ဘီလီယံ၊ ထရီလီယံ အလင်းနှစ်ရှည်သော လေဟာနယ်အက်ကြောင်းများကို ဖန်တီးနိုင်လျှင်တောင် ၎င်းတို့က မူလကမ္ဘာအတွက် သေးငယ်သော အက်ကြောင်းကလေးများသာ ဖြစ်သည်။

" ဆယ်နှစ်ကျန်သေးတယ်။ ကမ္ဘာစိတ်အသိကို အစားထိုးဖို့ ကြိုးစားတာပေါ့။ " လင်းယွမ်က အနားယူခြင်းမရှိဘဲ လျို့ဝှက်နည်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

လင်းယွမ်၏ စိတ်အသိက ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်သမုဒ္ဒရာထဲသို့ ပေါင်းစည်းသွားသည်။ ၎င်းက ဘိုးဘေးနတ်ဆိုးသစ်ပင်၏ နည်းစနစ်တစ်ခု ဖြစ်သော်လည်း လင်းယွမ်၏ ပေါင်းစည်းမှုက မူလရင်းမြစ်ကို ဝါးမျိုရန်မဟုတ်လဲ အစားထိုးမှုအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်လေသည်။

" ဘယ်လောက်တောင်အံ့ဩစရာကောင်းလိုက်လဲ။ " လင်းယွမ်က အနီးကပ် စစ်ဆေးနေပြီး စွမ်းအားအတက်အကျများကို ခံစားနေသည်။ ထျန်းချင်းကမ္ဘာတွင် ဖြစ်ပျက်သမျှက ထိုနေရာတွင် ထင်ဟပ်နေသည်။ မူလရင်းမြစ်နေရာကို ထိန်းချုပ်ထားခြင်းက ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ခြင်းနှင့် တူညီလေသည်။

" မိစ္ဆာနတ်ဘုရားတွေက ဒီလောက်ပြည့်စုံတဲ့ နေရာကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ စားသောက်ချင်နေတာ တကယ်မိုက်မဲတာပဲ။ " လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို စားသောက်ချင်နေသော ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တွေးမိသွားပြီး ခေါင်းခါလိုက်သည်။ ၎င်းက မိစ္ဆာနတ်ဘုရားအားလုံးနီးပါး၏ အတွေးဖြစ်လေသည်။

သို့သော် လင်းယွမ်က မိစ္ဆာနတ်ဘုရားများကို အလွန်အထင်ကြီးနေခြင်းဖြစ်သည်။ လင်းယွမ်က မူလရင်းမြစ်နေရာ၏ ဆန်းကျယ်မှုကို ခံစားနိုင်ခြင်းမှာ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့်သာ ဖြစ်သည်။

သို့သော် မိစ္ဆာနတ်ဘုရားများ၏ နားလည်နိုင်စွမ်းက နိမ့်ကျလေသည်။ သူတို့က လင်းယွမ်ကဲ့သို့ စဉ်းစားနိုင်စွမ်းမရှိဘဲ ဗီဇကြောင့်သာ လုပ်ဆောင်ကြခြင်းဖြစ်သည်။

" စကြစို့..." လင်းယွမ်၏ စိတ်အသိက ကျယ်ပြန့်လာပြီး မူလရင်းမြစ်နေရာ၏ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ကမ္ဘာစိတ်အသိက ယခုအချိန်တွင် အိပ်မောမကျနေဘဲ နိုးထနေခဲ့လျှင် လင်းယွမ်၏ စိတ်အသိကို ချက်ချင်း ဖျက်ဆီးသွားပေလိမ့်မည်။ စိတ်အသိက နူးညံ့လှပြီး ကျယ်ပြောလှသော ကမ္ဘာစိတ်အသိ၏ ဖိအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် ကမ္ဘာစိတ်အသိက အိပ်မောကျနေလေသည်။

ထိုဖြစ်ရပ်မျိုး ဖြစ်မလာနိုင်ပေ။ သို့သော် လင်းယွမ်က အလွန်သတိထားနေသည်။ ကမ္ဘာစိတ်အသိက အိပ်မောကျနေလျှင်တောင် ထိုကဲ့သို့ မိမိ၏ စိတ်အသိကို ဖြန့်ကျက်ခြင်းက ဝါးမြိုခြင်းအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်လေသည်။

ပေါင်းစည်းလိုက်သည်နှင့် လင်းယွမ်က သူ့ကိုသူ ဆုံးရှုံးသွားပေလိမ့်မည်။ စိတ်အသိအစားထိုးခြင်းဖြစ်သော်လည်း ဝါးမြိုခံလိုက်ရခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်က အလွန်သတိရှိနေခြင်းဖြစ်သည်။ ဝါးမြုခြင်းဖြစ်စဉ်ပေါ်လာသည်နှင့် သူက ထိုဆင်းသက်ခြင်းကို အဆုံးသတ်ရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။

ထိုအချိန်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အလိုအလျောက် လည်ပတ်ပြီး သူ၏ စိတ်အသိကို စုပ်ယူ၍ မူလကမ္ဘာသို့ ချက်ချင်း ပြန်ပို့ပေးလိမ့်မည်ဖြစ်သည်။

၎င်းမှာ ကမ္ဘာစိတ်အသိကို အစားထိုးရဲခြင်း၏ လင်းယွမ်၏ ယုံကြည်မှုဖြစ်လေသည်။ သူက အဆိုးရွားဆုံးအခြေအနေများကို တားဆီးရန် အနန္တကမ္ဘာများ၏ ဂိတ်တံခါးရှိလေသည်။ လင်းယွမ်အတွက် စောစီးစွာ ပြန်လာရသည့် ဆုံးရှုံးမှုလေးတစ်ခုသာ ရှိလေသည်။

All Chapters