ထျန်းချင်းကမ္ဘာ၏ အရှင်သခင်....
Vol. 19 Ch. 300
သုံးနှစ်ကြာပြီးနောက်။
လင်းယွမ်၏ စိတ်အသိက မူလစွမ်းအား၏ လည်ပတ်မှုဖြင့် ထျန်းချင်းကမ္ဘာ၏ ထောင့်တိုင်းသို့ ပေါင်းစပ်သွာူခဲ့သည်။ ထိုအချိန်တွင် ထျန်းချင်းကမ္ဘာက ပြောင်းလဲမှုအချို့ သိမ်မွေ့စွာ စတင်လာသည်။
ထိုပြောင်းလဲမှုများက ခနသာဖြစ်ပြီး သတ္တမအလွှာ အထွတ်အထိပ်ဖြစ်သော ထျန်းချင်းမဟာမိတ်ခေါင်းဆောင်ပင် ရိပ်မိလိုက်ရုံသာဖြစ်ပြီး အတိအကျမသိခဲ့ရပေ။
ကောင်းကင်၏ အထက်တွင် လင်းယွမ်၏ ကြီးမားသော မျက်နှာကြီး ပေါ်လာသည်။ သူ၏ မျက်လုံးများက ထျန်းချင်းကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံကြည့်နေငည်ာယ
" ငါ အစားထိုးတာ အောင်မြင်သွားတာလား။ " လင်းယွမ်က တွေးလိုက်သည်။ ထိုခနတွင် သူက အတွေးတစ်ချက်နှင့် ထျန်းချင်းကမ္ဘာ၏ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်လေသည်။ သူက ကမ္ဘာကြီးတွင် ဖြစ်ပျက်သမျှကို ခံစားကြည့်ရန်ပင် မလိုပေ။
" ငါက ကမ္ဘာရဲ့ အရှင်သခင်လား...." လင်းယွမ်၏ စိတ်အသိက ဘိုးဘေးနတ်ဆိုးသစ်ပင်ဆီသို့ ပြန်ရောက်လာသည်။
" ထျန်းချင်းကမ္ဘာမှာ ငါက ပြိုင်ဘက်ကင်းတယ်။ " လင်းယွမ်က အတွေးနက်နေသည်။
ယခုအချိန်တွင် သူက ထျန်းချင်းကမ္ဘာ၏ စိတ်အသိကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်။ ထျန်းချင်းကမ္ဘာတစ်ခုလုံးက သူ၏ ခန္ဓာကိုယ်ကဲ့သို့ ဆန္ဒရှိသလို ထိန်းချုပ်နိုင်လေသည်။
" ဒီစွမ်းအားက အရမ်းကြောက်စရာကောင်းတယ်...."
လင်းယွမ်က အံ့ဩသွားမိသည်။ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ရသည့်ခံစားချက်က ကြီးစိုးလှပြီး သူ၏ လက်ချောင်းထိပ်တွင် ကမ္ဘာစွမ်းအားများဖြင့် လွှမ်းခြုံနေသည်။
လင်းယွမ်က ယခုအချိန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကျူးကျော်မှုကို ရင်ဆိုင်ရလျှင်ပင် ဖိအားလုံးဝမရှိတော့ပေ။
လင်းယွမ်နှင့် မူလကမ္ဘာစိတ်အသိကြား အကြီးမားဆုံး ကွာခြားမှုမှာ လင်းယွမ်တွင် ခိုင်မာသော အတွေးအကြံဉာဏ်များရှိပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။
ထျန်းချင်းကမ္ဘာ၏ စိတ်အသိက မိစ္ဆာနတ်ဘုရား၏ ကျူးကျော်မှုကို ရင်ဆိုင်ရချိန်တွင် အသေးစိတ်အချက်အလက်များကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ခွန်အားအားလုံးကိုသာ အသုံးပြုနိုင်လေသည်။
ယခု လင်းယွမ်က ကမ္ဘာစိတ်အသိနေရာကို အစားထိုးခဲ့ပြီး အရာအားလုံးကို ထိန်းချုပ်၍ မိစ္ဆာနတ်ဘုရားဆယ်ယောက်လာလျှင်တောင် သူက လျစ်လျူရှုထားနိုင်လေသည်။
" ယွမ်ရှန်းကျင်း..." လင်းယွမ်၏ အတွေးတစ်ချက်နှင့် ယွမ်ရှန်းကျင်းက သူ၏ ရှေ့တွင် ပေါ်လာသည်။
နှစ်ပေါင်းငါးရာနီးပါး ပျိုးထောင်ပြီးနောက် ယွမ်ရှန်းကျင်းက ပုံသဏ္ဍန်ပေါ်လာခဲ့သည်။ ၎င်းက ခေါင်းလောင်းပုံသဏ္ဍန်ဖြစ်ပြီး မျက်နှာပြင်တွင် ရှေးကျသော အမှတ်အသားများ ရှိနေသည်။
" ငါ ယွမ်ရှန်းကျင်းကို လိုအပ်တာက ကာကွယ်မှုပဲ။ ရုပ်ခန္ဓာတင်မဟုတ်ဘဲ စိတ်ဝိညာဉ်ကိုပါ ကာကွယ်ပေးနိုင်ရမယ်။ " လင်းယွမ်က ယွမ်ရှန်းကျင်းကို လေ့လာနေသည်။
ယွမ်ရှန်းကျင်း၏ အဖိုးတန်မှုက ၎င်း၏ ကြီးထွားမှုအလားအလာနှင့် ထိန်းချုပ်နိုင်စွမ်းဖြစ်သည်။ ၎င်းက လက်နက်ပုံစံအမျိုးမျိုးကို ပုံဖော်နိုင်ပြီး လင်းယွမ်က ယွမ်ရှန်းကျင်းကို ပုံဖော်ရာတွင် ရှင်သန်မှုအပေါ်တွင် အာရုံစိုက်ခဲ့သည်။
" ဒါပေမယ့် ယွမ်ရှန်းကျင်းကို ပျိုးထောင်တာက ကမ္ဘာရဲ့ မူလရင်းမြစ်ကို တော်တော်ကုန်စေတာပဲ။ နှစ်ငါးရာပျိုးထောင်တာက ကမ္ဘာရဲ့ မူလရင်းမြစ်ကို ငါးရာခိုင်းနှုန်းကနေ ဆယ်ရာခိုင်နှုန်းအထိ လျှော့ကျသွားစေတယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ဒါပေမယ့် ဒါက ထိုက်တန်တယ်။ ရာစုနှစ်နည်းနည်းပျိုးထောင်တာက ယွမ်ရှန်းကျင်ကို ပုံဖော်လုနီးပါး ဖြစ်စေတယ်။ ငါ တစ်ကြိမ်ပြန်လာတာနဲ့ အဆင်သင့်ဖြစ်နေလောက်ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
ယွမ်ရှန်းကျင်း၏ စိတ်ဝိညာဉ်ကာကွယ်မှုက အဋ္ဌမအလွှာ ရတနာများနှင့် တန်းတူဖြစ်လေသည်။ တန်ဖိုးအရှိဆုံးမှာ ယွမ်ရှန်းကျင်းကို အခြားရတနာများ၊ လက်နက်များနှင့် အတူတူထားရှိနိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ကို အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ၊ ယွမ်ရှန်းကျင်း နှစ်ခုလုံးနှင့် တစ်ချိန်တည်း ကာကွယ်ထားနိုင်လေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်အောက်တွင် ထျန်းချင်းမဟာမိတ်ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ ကာကွယ်သူများနှင့် အကြီးအကဲများက စုရုံးနေကြသည်။
" သခင် " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ရိုသေစွာ ပြောလိုက်သည်။
" သခင်..." အခြားသူများကလည်း ဦးညွှတ်လိုက်ကြသည်။
" ထကြ..." လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ယခု သူက ကမ္ဘာစွမ်းအားနှင့် ဖွဲ့စည်းထားသော ကိုယ်ပွားတစ်ခု ဖြစ်လေသည်။
ကမ္ဘာစိတ်အသိအား အစားထိုးပြီး ထျန်းချင်းကမ္ဘာ၏ အရှင်သခင်ဖြစ်လာပြီးနောက် လင်းယွမ်က ကမ္ဘာစွမ်းအားကို အသုံးပြုနိုင်သွားလေသည်။
" ငါ တံခါးပိတ်ကျင့်စဉ်ဝင်တော့မယ်။ ဘယ်လောက်ကြာမလဲ မသေချာဘူး။ နှစ်တစ်ထောင်လည်း ဖြစ်နိုင်သလို နှစ်တစ်သောင်းလည်း ဖြစ်နိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
လာမည့်နှစ်အနည်းငယ်အတွင်း လင်းယွမ်၏ နေထိုင်ချိန်အကန့်အသတ်သို့ ရောက်ပြီဖြစ်သောကြောင့် မူလကမ္ဘာသို့ ပြန်သွားရပေလိမ့်မည်။ လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ အရှင်သခင်ဖြစ်ပြိ်း အချိန်မရွေးဆင်းသက်လာနိုင်သော်လည်း ကမ္ဘာနှစ်ခု၏ အချိန်စီးဆင်းမှု ကွာခြားခြင်းကြောင့် နောက်တစ်ကြိမ် လင်းယွမ် ဆင်းသက်လာချိန်တွင် နှစ်တစ်ရာသို့မဟုတ် နှစ်တစ်ထောင်လည်း ဖြစ်နိုင်လေသည်။
" အာ သခင်က တံခါးပိတ်ကျင့်ကြံတော့မှာလား။ "
" နှစ်တစ်ထောင်ကနေ နှစ်တစ်သောင်းထိဆိုတော့ တော်တော်ကြာမှာပဲ။ " ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများက သူတို့၏ ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ ပြောလိုက်ကြသည်။
" ငါတံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်မှာ ထျန်းချင်းကမ္ဘာကို ငါညွှန်ကြားခဲ့တဲ့ စီမံချက်တွေနဲ့ အခြေခံမူတွေအတိုင်း အုပ်ချုပ်ရမယ်။ "
လင်းယွမ်ရည်ညွှန်းသော စီမံချက်များနှင့် အခြေခံမူများက မူလကမ္ဘာ လူသားမဟာမိတ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ စကြာဝဠာထဲတွင် ရှည်လျားသော သမိုင်းကြောင်းနှင့် အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်သကဲ့သို့ လူသားမျိုးနွယ်က ဂြိုလ်တစ်ခုကို အုပ်ချုပ်ရာတွင် အတွေ့အကြုံများ ရှိလေသည်။ ထိုအခြေခံမူများကို အကောင်ထည်ဖော်ပြီး သူတို့၏ ခွန်အားနှင့် ထိန်းသိမ်းထားလျှင် ထျန်းချင်းကမ္ဘာက သာယာဝပြောလာပေလိမ့်မည်။
ထို့အပြင် ၎င်းက သိုင်းတာအိုအတွက် အကျိုးရှိလေသည်။ ကမ္ဘာကြီး ကြီးပွားတိုးတက်လာသည်နှင့် သိုင်းတာအိုကျင့်ကြံသူများ ပို၍ များပြားလာပေလိမ့်မည်။
" ကောင်းပြီ။ မင်းတို့အားလုံး သွားကြတော့။ " လင်းယွမ်က လက်ဝှေ့ရမ်းလိုက်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများက ရိုသေစွာ ထွက်ခွာသွားကြသည်။
လာမည့်နှစ်များတွင် လင်းယွမ်က ကျင့်ကြံခြင်းမရှိတော့ပေ။ သူက ကမ္ဘာစွမ်းအားကို အသုံးပြုပြီး ထျန်းချင်းကမ္ဘာ၏ နေရာအနှံ့သို့ ခရီးထွက်ခဲ့သည်။
" ကမ္ဘာကြီး လည်ပတ်ဖို့အတွက် အသက်က အဓိကပဲ..." လင်းယွမ်က တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ပြီး မီးခိုးတအူအူနှင့် ရွာလေးတစ်ရွာကို ငုံ့ကြည်နေသည်။
စည်းမျဉ်းများ မည်မျှ ကျယ်ပြန့်သည်ဖြစ်စေ နိယာမများ မည်မျှပြည့်စုံသည်ဖြစ်စေ အသက်မရှိလျှင် တစ်ခုခု လွဲချော်နေပေလိမ့်မည်။
" အသက်နိယာမ..." လင်းယွမ်၏ မျက်လုံးများအတွင်း အစိမ်းရောင်အလင်းတန်းများ စီးဆင်းသွားသည်။
လေဟာနယ်နိယာမကဲ့သို့ပင် အသက်နိယာမကလည်း အခြေခံနိယာမတစ်ခု ဖြစ်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသက်ရှင်သန်မှုကို လေ့လာပြီး အသက်နိယာမအပေါ် နားလည်မှုနက်ရှိုင်းသွားပါပြီ။ ]
" ဒီနောက်ဆုံးနှစ်တွေမှာ ငါက အသက်နိယာမရဲ့ တံခါးဝကို ဝင်နိုင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
အသက်နိယာမက လေဟာနယ်နိယာမနှင့် တူညီသော အဆင့်တွင် ရှိလေသည်။ အစတွင် လင်းယွမ်က လေဟာနယ်နိယာမကို နားလည်ရန် ကြိုးစားနေသော်လည်း အသက်နိယာမကို နားလည်ရန် ပို၍ လွယ်ကူပုံရလေသည်။
ထိုသို့ လွယ်ကူရခြင်း၏ အကြောင်းရင်းမှာလည်း ကမ္ဘာ၏ အရှင်သခင်ဟူသော သူ၏ အဆင့်အတန်းဖြင့် မရေတွက်နိုင်သော သက်ရှိများ၏ ဘဝနေထိုင်ပုံကို အသေးစိတ်လေ့လာနိုင်သောကြောင့် ဖြစ်လေသည်။
" အချိန်ကုန်ပြီ..."
လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ လင်းလက်သွားသည်ကို မြင်လိုက်ရသည်။
" ပြင်ဆင်မှုတွေ အားလုံး ပြီးသွားပြီ။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို လှမ်းကြည့်လိုက်သည်။
သူက နောက်ပိုင်း ဤကမ္ဘာသို့ ဆင်းသက်လာချိန်တွင် ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဤကမ္ဘာကြီးကို အချိန်မရွေး ထိန်းချုပ်နိုင်ပေလိမ့်မည်။
" ငါအခု ထွက်သွားတော့မယ်။ " လင်းယွမ်က သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ၏ စိတ်အသိက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။