← Chapters

သူတို့ပြန်ရင် ပိုက်ဆံတောင်ပါသွားပါ့မလား။

Vol. 12 Ch. 153

သူတို့ပြန်ရင် ပိုက်ဆံတောင်ပါသွားပါ့မလား။

Vol. 12 Ch. 153

“ဒီပစ္စည်းက တရုတ်ပြည်က ချင်မင်းဆက်လက်ထက်မှာရှိခဲ့တဲ့ ငွေရောင်ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ တရုတ်ပြည်ရဲ့ ရာသီခွင် ၁၂ခုထဲမှာ ဒီတစ်ခုက ခွေးခေါင်းသင်္ကေတဖြစ်တယ်။ အရင်ခေါက်လေလံပွဲတုန်းက ဒီလိုပစ္စည်းမျိုးပါဖူးတယ်။ လေလံစျေးက အရမ်းမြင့်ခဲ့တာ”

“ဟမ်..ဒီလူတွေက ငါတို့နိုင်ငံရဲ့ ရတနာကိုခိုးယူပြီး အခုကျ လေလံပွဲမှာ ပြန်လည်ရောင်းချ​တယ်ပေါ့လေ။ နောက်ကွယ်က ရောင်းတဲ့သူကိုသိချင်လာပြီ”ဝမ်ချုံးက အံကိုခပ်တင်းတင်းကြိတ်ထားသည်။

“စိတ်လျှော့ပါကွာ။ ဒါကို အရင်ဆုံးရအောင်ဝယ်တာပေါ့” ဖန့်ကြွယ်ယွီက သက်ပြင်းရှည်ကြီးချသည်။

“ညီလေးဖန့်..မင်းဒီတစ်ခုရောဝယ်မှာလား”

“အခြေအနေကိုတစ်ချက်အကဲခတ်တာပေါ့။ ဒီပစ္စည်းကို စိတ်ဝင်စားတဲ့ တရုတ်သူဌေးတွေ ရှိမယ်ဆိုတာ လောင်းရဲတယ်။သူတို့က ရအောင် ယူနိုင်မယ်ဆို ဒါလည်းအဆင်ပြေတာပဲလေ။ ပွဲတိုင်း သူရဲကောင်း မလုပ်တော့ပါဘူး”

“ဟား ညီလေးဖန့်။ ဘယ်လိုလုပ်ပြီး စိတ်ကူးပြောင်းသွားတာလဲ။ မင်းက အလှူအတန်းလုပ်ရင်တောင် အုတ်အုတ်သဲသဲဖြစ်နေကျလေ ဟုတ်တယ်မလား”

“ပြသနာထပ်မရှာချင်တော့ဘူး။ ငါသာ ဒီပစ္စည်းကိုရအောင်ဝယ်နိုင်ပြီး တရုတ်ပြည်ကို ပြန်သယ်သွားမယ်ဆို အားလုံးက ငါ့ကို အာရုံစိုက်ကြတော့မယ်။ ငါ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေးနေနိုင်တော့မှာလဲ”

“အင်း ဒါလည်းဟုတ်တာပဲ”

“ရှောင်းရီ ဒီပစ္စည်းကို ဘယ်သူရောင်းတာလဲဆိုတာ စုံစမ်းပေးမလား”

“ရှာစရာမလိုပါဘူး။ ငါသိပြီးသား” ရှောင်းရီက မော်ကြွားပြောဆိုသည်။

“သူတို့ရဲ့ လုံခြုံရေးစနစ်က အဆင့်မြင့်ပေမဲ့ ငါ့ရှေ့မှာ ဘာမှမဟုတ်တော့ဘူး”

“ပုဂ္ဂလိက ရှေးဟောင်းပစ္စည်းစုဆောင်းသူလား”

“မဟုတ်ဘူးဂျပန်နိုင်ငံက လူတွေပါ” ဟု ရှောင်းရီက ဖြေသည်။

“ဒီပစ္စည်းကို ယူလာတဲ့သူက ဂျင်းဂန်ရှုးဂျီ ဖြစ်ပါတယ်။ သူ့အကြောင်းကိုလည်းရှာထားပါတယ်။သူက ဂျပန်နိုင်ငံက “အနက်ရောင်နင်ဂျာ” ငှါနတစ်ခုရဲ့ ဝန်ကြီးတစ်ပါးဖြစ်ပါတယ်။ သူက SSS အဆင့် စွမ်းအားရှင်တစ်ဦးလည်းဖြစ်ပါတယ်”

“ဂျပန်နိုင်ငံက လူတွေဟုတ်လား”ဖန့်ကြွယ်ယွီ တစ်ယောက် နားမလည်နိုင်ပေ။တရုတ်နိုင်ငံက ဂျပန်နိုင်ငံနှင့် ရှည်လျားသော ဆက်ဆံရေး တစ်ခုရှိခဲ့သည်။ သူတို့က ခွေးခေါင်းရုပ်ထုကို ဓားပြတိုက်ခိုးယူပြီး ယခုမှ ပြန်လည်ရောင်းချပုံရသည်။

ဒါဆို စွမ်းအားရှင်များက ဘာကြောင့် ပါဝင်နေရသနည်း။

သူတို့က ပစ္စည်းကို စျေးကောင်းကောင်းရချင်သည်ဆိုဦးတော့ ယခုလိုလုပ်ရန် မလိုပေ။

“အရင်တစ်ခေါက်ကလည်း သူတို့လေလံဆွဲကြသေးတယ်။ စုံစမ်းကြည့်တော့ သိပ်မကြာခင်လေးမှာ ဂျပန်နိုင်ငံက ရန်ပုံငွေ ယူရို ဘီလီယံ ၁၅၀ ကို ထုတ်ထားတယ်လို့ သိရတယ်။အဲ့ပိုက်ဆံတွေအားလုံးက ဂျင်းဂန်ရှုးဂျီလက်ထဲမှာရှိနေတယ်။သူတို့တာဝန်က ပစ္စည်းကို ပြန်ယူဖို့ပေါ့”

“ဘယ်ပစ္စည်းလဲဆိုတာ မင်းသိလား”

“အို…အဲ့တာက အမေရိကန်က ထွင်ထားတဲ့ လူသားတွေကို စွမ်းအားရှင်ဖြစ်စေတဲ့ဆေးပါ။ အခုလက်ရှိ စွမ်းအားရှင်တွေက မွေးရာပါ စွမ်းအားရှင်တွေပေါ့။ ဒါပေမဲ့ လူကဖန်တီးတီထွင်ထားတဲ့ စွမ်းအားရှင်တွေဆိုတာ ရှိသေးတယ်။ ဒီဆေးကို အမေရိကန်ကတီထွင်ထားတာ။ ဆေးထုတ်တာ၅၀% အောင်မြင်တယ်။ ဆိုးကျိုးကလည်း နည်းတယ်။မရှိသလောက်ပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ အဲ့ဆေးက အခိုးခံရလဲဆိုတာ မသိဘူး”

“ဟား ပိုင်ရှင် နောက်ပြောတာတော့မဟုတ်ဘူး။ ဒီနေ့ပွဲကို အမေရိကန်ဘက်က စစ်ဘက်အရာရှိတွေလည်း တက်ကြတယ်။ဒီဆေးက သူတို့ရဲ့ ရတနာတစ်ပါးပါ။ ဒီဆေးသာတခြားနိုင်ငံက လူဆီရောက်သွားမယ်ဆို သူတို့လုပ်တဲ့ သုတေသနက အလကားဖြစ်ပြီလေ”

“စိတ်ဝင်စားစရာပဲ။ဒါဆို သူတို့နိုင်ငံရဲ့ ရှားပါးရတနာကို ပြန်ရဖို့ နိုင်ငံတချို့ကလည်း ပိုက်ဆံပုံအောပြီး သုံးကြတာပေါ့”

“စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒီလို တဝက်တပျက်ပြီးတဲ့ ဆေးက လေလံဆွဲဖို့ မထိုက်တန်ပါဘူး။ ပိုင်ရှင့်ရဲ့ ဘိုးဘေးဖြစ်သူက ဟိုးအရင် နှစ်ပေါင်းနှစ်ထောင်ထဲက ထုတ်ခဲ့သည့်ဆေးက ဆယ်ဆသာလွန်တယ်။

“ငါရော သုံးလို့ရလား”ဟု ဖန့်ကြွယ်ယွီက မေးသည်။

“မသုံးတာကောင်းပါတယ်။ပြင်ပဆေးဝါးအကူအညီမသုံးတာကောင်းတယ်။ ဒီဆေးက ပိုင်ရှင့်ကို SSSအဆင့်စွမ်းအားရှင်အဆင့်ပဲမြှင့်ပေးတာ။ ပိုင်ရှင်လိုအပ်တာပြောပြဖို့ကျွန်တော်ရှိနေတာပဲလေ။ဒီလူ​တွေကို အသာလေးအနိုင်ရမယ်ဆိုတာ လောင်းရဲတယ်”

“ကူးရီ ဒီနေရာမှာဘယ်လိုမျိုးစွမ်းအားရှင်တွေရှိနေလဲဆိုတာ စစ်ကြည့်ပါလား”

“ဟုတ်။ လေလံပွဲကို တက်တဲ့လူတွေထဲမှာ စွမ်းအားရှင်တွေအများကြီးရှိနေပါတယ်။ အဲ့ထဲက နှစ်ယောက်က SSSအဆင့်စွမ်းအားရှင်ပေါ့။ဒါပေမဲ့သူတို့က အမှိုက်သာသာပါပဲ”

ကျွမ်းရှင်းယန်၏ လက်အောက်တွင် ရှောင်းရီတို့ပေးသော သတင်းကို သူတို့၏ လေ့ကျင့်မှုမှာ သုံးခဲ့ကြသော လူအုပ်စုတစ်စုရှိခဲ့သည်။ သူတို့ကို လျှို့ဝှက်ရတနာများဟု ခေါ်ကြသည်။

“သူတို့ကို သေချာစောင့်ကြည့်ထား။ သူတို့လစ်ပြေးဖို့ ကြံတာနဲ့ ငါ့ကိုပြော”

“ဒီပစ္စည်းကိုသူတို့လေလံအောင်ခဲ့လျှင်တောင် ပိုက်ဆံတပြားမှ မကျန်စေရဘူး”

“ဟုတ်ကဲ့ သခင်လေး”

ခွေးခေါင်းရုပ်ထုကို မိတ်ဆက်ပေးပြီးနောက် လေလံစျေးများအပြိုင်အဆိုင် ပေးကြတော့သည်။

စကားလက်က ဖန့်ကြွယ်ယွီဘက်ကိုလှမ်းကြည့်သည်။အခန်း (၁)မှာရှိသောလူက တရုတ်ပြည်က သူဌေးတစ်ဦးဆိုတာ သူမသိသည်။ယခုအခါမှာ တရုတ်ပြည်၏ ရတနာပစ္စည်းကို လေလံပွဲမှာ ရောင်းချတာမို့ ပွဲအကြီးကြီးဖြစ်ကြဦးမည်ဟု သူမမှန်းဆမိသည်။

“ကြမ်းခင်းစျေးက သန်း ၂၀ဖြစ်ပါတယ်။ တစ်ခါတိုးလျှင် အနည်းဆုံး ယူရိုတစ်သိန်း တိုးပေးရပါ့မယ်”

“ယူရို ၂၂သန်း”

တရုတ်ပြည်က သူဌေးတစ်ဦးက မဆိုင်းမတွဘဲ ထိုစျေးကိုပေးသည်။

“တွေ့လား။ နိုင်ငံမှာ မျိုးချစ်စိတ်ပြင်းထန်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ပြောသားပဲ”

“ယူရို ၂၃သန်း”

ထိုစျေးကို ပေးသူက နိုင်ငံခြားသားတစ်ဦးဖြစ်သည်။

“ယူရို ၂၄သန်း”

နောက်ထပ်တရုတ်လူမျိုးတစ်ဦး၏ အသံထွက်ပေါ်လာသည်။

တရုတ်လူမျိုးနှင့် နိုင်ငံခြားသားများ ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုလိုဖြစ်နေသည်။မည်သူပဲ လေလံအောင်ပါစေ လေလံအောင်သူက တရုတ်လူမျိုးဖြစ်ပါက ထိုရတနာပစ္စည်းကို တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ခွင့်ရပေတော့မည်။

သို့သော် ကိစ္စတိုင်းက ထင်သလောက်မလွယ်ကူပေ။ တရုတ်လူမျိုးများကို အထိနာစေလိုသော လူအများစုက စျေးကို အဆမတန်မြှင့်ပြီးပေးကြသည်။

“ဟား ဒီတရုတ်တွေက တကယ်ရူးတာပဲ။ သူတို့နိုင်ငံရဲ့ ရတနာတစ်ပါးဆိုပြီး အသည်းအသန်လိုချင်နေကြတာ”

တရုတ်လူမျိုးများက ထိုခွေးခေါင်းရုပ်ထုကို မရရအောင် လေလံဆွဲကြမည်ဆိုတာ အားလုံးသိကြပြီးဖြစ်သည်။

“သန်း ၃၀” ဂျပန်လူမျိုးတစ်ဦးက ပေးသော ပမာဏဖြစ်သည်။

“၃၅ သန်း”

တရုတ်လူမျိုးက စျေးကို ထပ်မံတိုးပြီး ပေးပြန်သည်။

“သန်း ၄၀”

“ဒီလူတွေက အရှက်ကိုမရှိဘူး” ဖန့်ကြွယ်ယွီက ဒေါသထွက်လာသည်။

ဂျပန်လူမျိုးများက ဒီပစ္စည်း၏ ပိုင်ရှင်ဆိုတာ ဖန့်ကြွယ်ယွီသိနှင့်ပြီးသားဖြစ်သည်။ သူတို့က ဒီပစ္စည်းကို လေလံဝင်ဆွဲခြင်းက တမင်သက်သက်ပွဲဖျက်လိုသောကြောင့်ဖြစ်မည်။

ဤရုပ်ထုကို ကြေးနှင့်ပြုလုပ်ထားတာမို့ တန်ကြေးသိပ်မရှိပေ။

“ညီလေးဖန့် ဘာဖြစ်လို့လဲ”

“ဂျပန်တွေ သရုပ်ဆောင်ကောင်းလွန်းလို့ပါကွာ”

“ဒီရုပ်ထုကို ဂျပန်နိုင်ငံက လူတွေကရောင်းတာလို့ ငါ သတင်းအတိအကျရထားတယ်။”

“ဘာပြောတယ်” ဝမ်ချုံး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

“သူတို့က လေလံကြေးမြင့်မြင့်ရဖို့ လှည့်ကွက်တွေထုတ်သုံးနေတာ။ဟား။ အေးပေါ့လေ သူတို့တတ်နိုင်တာ ဒါပဲရှိတာကိုး။ ညီလေးဖန့် သူတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းရှိတယ်မဟုတ်လား”

“ခုတော့ မရှိသေးပါဘူး။အရင်ဆုံး ရုပ်ထုကို ဝယ်ကြမယ်။ ပိုက်ဆံအတွက်ကတော့ ငါသုံးခဲ့သမျှ ပမာဏကို ငါ့ဆီပြန်ရောက်လာစေရမယ်”

All Chapters