← Chapters

ဘယ်လိုအမှိုက်မျိုးလဲ။

Vol. 12 Ch. 156

ဘယ်လိုအမှိုက်မျိုးလဲ။

Vol. 12 Ch. 156

“ညီလေးဖန့် လေလံပွဲပြန်စနေပြီ”

ဝမ်ချုံးက ပုံမှန်နှင့် မတူဘဲ စိတ်လှုပ်ရှားနေသည်။ မည်မျှပင်တန်ကြေးရှိနေပါစေ ဖန့်ကြွယ်ယွီက လေလံဆွဲနိုင်သည်။ အကြောင်းရင်းမှာ ဖန့်ကြွယ်ယွီမှာ များပြားလှစွာသော ငွေကြေးများပိုင်ဆိုင်ထားသည်။

ယခုအခါမှာတော့ ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခုပေါ်လာသည်။ ထိုပစ္စည်းကို လေလံပွဲတက်ရောက်လာသူများက ယခုအကြိမ်မှ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

လက်တွန်းလှည်းပေါ်တွင် တန်ဖိုးကြီး သေတ္တာအသေးလေးနှစ်လုံးရှိနေသည်။ ထိုပစ္စည်းကို သယ်ဆောင်ပေးနေကျ မိန်းကလေးများက ယူလာတာမဟုတ်ဘဲ တခြားလူနှစ်ဦးက သယ်ဆောင်လာခြင်းဖြစ်သည်။

ထိုနှစ်ဦးမှာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိပြီး ဆံပင်ကိုခပ်တိုတိုညှပ်ထားကာ သပ်ရပ်စွာဖြီးလိမ်းပြင်ဆင်ထားသည်။ သူတို့၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိဘဲ မျက်မှန်များကို တပ်ဆင်ထားပြီး စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲများတွင် တွေ့နေကျဖြစ်သောပုံစံများဖြစ်ကြသည်။

“ဒါကဘာလဲ။ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းရိုက်နေတာလား”ထိုလူနှစ်ဦးပေါ်လာသောအခါ ပွဲခန်းမအတွင်းရှိလူများက တီတိုးပြောဆိုကုန်ကြသည်။

“SSအဆင့် စွမ်းအားရှင်နှစ်ဦးပါလား။ ရော့စ်ချိုင်းမိသားစုက ခေသူမဟုတ်ပါလား”

တချို့သောနိုင်ငံများ၏ အစိုးရအဖွဲ့များနှင့် စစ်ဘက်ဆိုင်ရာအကြီးအကဲများက ချက်ချင်းသဘောပေါက်ကြသည်။

တကမ္ဘာလုံးမှာ SSSအဆင့်စွမ်းအားရှင်များက လက်တစ်ဆုပ်စာသာရှိသည်။ SSအဆင့် စွမ်းအားရှင်များကတော့ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသောအရင်းမြစ်တစ်ခုဟု ဆိုနိုင်သည်။ တချို့နိုင်ငံများမှာတောင် SSအဆင့်စွမ်းအားရှင်မရှိပေ။ သို့သော် ရော့စ်ချိုင်းမိသားစုက လေလံပွဲအတွက် SSအဆင့်စွမ်းအားရှင်များကို သက်တော်စောင့်များအဖြစ်နေရာချခဲ့သည်။ထိုအရာကိုကြည့်ခြင်းဖြင့် ရော့စ်ချိုင်းမိသားစု၏ အနေအထားကိုမှန်းဆနိုင်သည်။

“ဒါက ရုပ်ရှင်ကားရိုက်ဖို့မဟုတ်ဘူး။ အကိုဝမ် ငါနောက်နေတာမဟုတ်ဘူး။ သူတို့က စွမ်းအားရှင်တွေပါ” ဟု ဖန့်ကြွယ်ယွီကရှင်းပြသည်။

“မင်းကလည်းကွာ ပေါက်ပေါက်ရှာရှာ” ထိုစွမ်းအားရှင်ဟူသော လူများကို ရုပ်ရှင်၊ ဇာတ်လမ်းတွဲများတွင်သာ မြင်ဖူးသည်။

“ကူးရီ မင်းးနည်းနည်းလုပ်ပြလိုက်”

“ဟုတ်ကဲ့ပါ သခင်လေး”

ကူးရီက ဝမ်ချုံးရှိရာသို့ ထသွားပြီး လက်ကိုကမ်းလိုက်သည်။

“မင်း မင်းဘာလုပ်မလို့လဲ”

“ဝှစ်”ကူးရီ၏လက်ထဲမှ မီးတောက်တစ်ခုထွက်လာပြီး ဝမ်ချုံး၏ ရှေ့ဆံပင်အနည်းငယ်ကို လောင်ကျွမ်းစေသည်။

“ဘာလဲဟ” ဝမ်ချုံးက အလန့်တကြားဖြစ်ပြီး ဆိုဖာပေါ်မှ ထပြီးခုန်မိသည်။

သူက အပူဓာတ်ကိုသေချာခံစားလိုက်ရသဖြင့် ထင်ယောင်ထင်မှားဖြစ်တာမဟုတ်နိုင်ပေ။

“ညီလေးဖန့် ဒါဆို ကူးရီက မင်းပြောတဲ့ စွမ်းအားရှင်လား”

“မဟုတ်ဘူး။ သူတို့က ကူးရီနဲ့ ယှဉ်ရင်ကလေးသာသာပဲ။ ဒီအကြောင်းတွေမပြောပြချင်ဘူး။ ဒါပေမဲ့ ငါတို့က ရင်းနှီးနေတာမို့ မင်း အနှေးနဲ့ အမြန်သိလာမှာပဲ”

“မင်းက တကယ့်ကို လျှော့တွက်လို့မရဘူးပဲ” ဝမ်ချုံးက ဆိုဖာပေါ်ပြန်ထိုင်သည်။

“ကော့တ်..ရော့စ်ချိုင်းမိသားစုက ဘယ်လောက်တောင် ပိုင်ဆိုင်မှုရှိလဲဆိုတာ သိလား” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“လူကြီးမင်း ရော့စ်ချိုင်းမိသားစုချမ်းသာတယ်ဆိုတာ လူကြီးမင်းပိုင်ဆိုင်မှုရဲ့ ၁% လောက်တောင်မရှိဘူး။ဒါပေမဲ့ သူတို့အဖွဲ့က စိတ်ဝင်စားဖို့ကောင်းတယ်။သူတို့မှာ SSSအဆင့်စွမ်းအားရှင်နှစ်ဦးနဲ့ SSအဆင့် စွမ်းအားရှင်များစွာရှိနေတယ်ဆိုတဲ့ အနေအထားက တချို့နိုင်ငံငယ်လေးတွေထက်သာလွန်တယ်”

“လာဒီးနစ်မိသားစုနဲ့ယှဉ်လျှင်ရော”

“ဟား။ လူကြီးမင်းကတော့ နောက်ပြီ။ ကျွန်တော်တို့ လာဒီးနစ်မိသားစုမှာ စွမ်းအားရှင်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ သင်ကြားပေးမှုနဲ့ လျှို့ဝှက်ရတနာလေးတွေတော့ရှိတာပေါ့။ ဒါပေမဲ့ သူတို့က မစ္စတာကူးရီနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး”

“ငါရဲ့ ဘိုးဘေးက လာဒီးနစ်မိသားစုအပေါ်တကယ်ကောင်းပေးတာပါလား”

“ကလစ်” စကားလက်က သေတ္တာကို ဖွင့်လိုက်သည်။

အတွင်းထဲမှာ ရှိသော ပုလင်းလေးများက ဖန့်ဟွိုက်က ဖန့်ကြွယ်ယွီအား ပေးခဲ့သည့် ပစ္စည်းများနှင့် သဏ္ဌာန်တူသည်။

တစ်ပုလင်းက အပြာဖြစ်ပြီး တစ်ပုလင်းကအစိမ်းဖြစ်သည်။

အပြာရောင်က စွမ်းအားမြှင့်ပုလင်းဖြစ်ပြီး အစိမ်းရောင်က အားဖြည့်ဆေးဖြစ်သည်။

အပြာရောင်ပုလင်းက လူ့ခန္ဓာကိုယ်၏ မျိုးရိုးဗီဇများကို အဆင့်မြှင့်ပေးသည်။သို့သော် ထိုကဲ့သို့ အဆင့်မြှင့်ပေးခြင်းက သာမန်လူများအတွက်ပြင်းထန်သည်။

အမေရိကန် ပြည်ထောင်စုက စမ်းသပ်သောအခါ လူပေါင်းများစွာသေကြေကြသဖြင့် အားဖြည့်ဆေးကို ထပ်မံထုတ်လုပ်သည်။ထိုဆေးက မျိုးရိုးဗီဇကို တည်မြဲစေကာ နာကျင်မှုကိုသက်သာစေသည်။ ထို့သို့ ပြုလုပ်သောအခါ စွမ်းအားရှင် ထုတ်လုပ်နိုင်စွမ်းက ၅၀%ကျော်တက်လာသည်။

အခြားသောနိုင်ငံများ၏ နည်းပညာများက ၁၀%သာအောင်မြင်သည်။ ဒါ့အပြင် ခန္ဓာကိုယ်လိုအပ်ချက်များက မြင့်ပြီး ဆေးတစ်လုံးချင်းစီ၏ကုန်ကျစရိတ်က မြင့်မားသည်။ ထို့ကြောင့် ထိုဆေးနှစ်လုံးကို လေလံပွဲမှာ ဝယ်လိုသူများနေသည်။

“ဒါက Resident Evil ရုပ်ရှင်ကားလိုပါလား”

“DSB-003ဆိုတော့ Dumb Stupid Big- အရူးလို့ ပြောချင်တာလား”

“ဟား ဟုတ်ပါ့။ တကယ့်ကို ရူးကြတာပဲ” ဟု ဖန့်ကြွယ်ယွီက ထောက်ခံပြောဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက သူ၏ ဘိုးဘွားများ တီထွင်နိုင်ခဲ့သော ဆေးကို ယခုအချိန်မှာ ထိုအရူးများက အသည်းအသန် ဝယ်နေကြသည်။

“၃ ဘီလီယံ ” သူတို့၏ နည်းပညာကို တခြားလူလက်ထဲမပါစေလိုသဖြင့် အမေရိကန်များက လေလံစဆွဲသည်။

ဂျပန်ဘက်က “၃.၅ ဘီလီယံ” ပေးသည်။

“၃.၇ဘီလီယံ” ဟု အင်္ဂလန်က လေလံဆွဲပြန်ပြန်သည်။

ပြင်သစ်ကပါ လေလံပွဲထဲပါလာပြီး “၃.၉ ဘီလီယံ” ပေးသည်။

“၄ ဘီလီယံ”

သို့သော် သူတို့၏ လေလံဆွဲမှုက အခန်း (၁) က လူက နှောင့်ယှက်လာမှာလားဟု ရင်တထိတ်ထိတ်ဖြစ်နေကြသည်။

ဖန့်ကြွယ်ယွီဘက်က တချက်လေးမှ စိတ်မဝင်စားဘဲ တုပ်တုပ်မျှ မလှုပ်ပေ။

“တရုတ်ကောင်က တကယ့်ကို ဆုံးဖြတ်ချက်မှားတာပဲ။ ဘာမှမဟုတ်တဲ့ ပစ္စည်းတွေကို စျေးအသားကုန်ပေးပြီး လျှောက်ဝယ်နေတာ။တကယ့်ပစ္စည်းရောင်းတဲ့အလှည့်ရောက်တော့ မဝယ်နိုင်တော့ဘူး”

ရှုးဂျီက သနားသည့်အကြည့်ဖြင့် သူ့ကိုကြည့်သည်။

“ညီလေးဖန့် မင်း ဒီပစ္စည်းကိုရော ယူမှာလား”

“ဒီလိုဘာမှ အသုံးမဝင်တဲ့ ပစ္စည်းကို ဝယ်စရာလား။ ဝယ်ပြီးလို့ ဘာမှ အသုံးမဝင်လို့ ပစ်မယ်ဆိုလျှင်တောင် အမှိုက်စိုလား၊ အမှိုက်ခြောက်လား၊ အန္တာရယ်ရှိအမှိုက်လားဆိုပြီး ဘယ်နားပစ်လို့ ပစ်ရမှန်းမသိဖြစ်နေမှာ”

“၄ ဘီလီယံတောင် ပေးပြီးဝယ်နေတဲ့ ပစ္စည်းက အမှိုက်တဲ့လား”

“ငါ့ ဘိုးဘေးတွေက ဒီဆေးမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ထဲက ဖော်စပ်နိုင်ခဲ့တာလေ။ အဲ့တာ အမှိုက်မဟုတ်လို့ ဘာဖြစ်ရမှာလဲ”

ဖန့်ကြွယ်ယွီကို အမြင်မရှိဘူးဟု ထင်နေသူများကို ဖန့်ကြွယ်ယွီက မမှုပေ။ ထိုပစ္စည်းကို စျေးကြီးပေးပြီး အပြိုင်အဆိုင်ဝယ်နေသောလူများကို ဖန့်ကြွယ်ယွီက သနားသောမျက်လုံးဖြင့် ကြည့်နေသည်။

“သူတို့က ဆင်းရဲလွန်းလို့ ဘာမှကိုမမြင်နိုင်တော့တာလား”

All Chapters