ကူးရီကိုနှင်ထုတ်ခြင်း
Vol. 12 Ch. 162
“သခင်လေး ကျွန်တော်ပြန်လာပါပြီ။ ကိစ္စအားလုံးပြီးပြတ်အောင်လုပ်ခဲ့ပြီ”
တခဏအကြာမှာ ကူးရီသည် ဖန့်ကြွယ်ယွီ၏ ဘေးနားကိုပြန်ရောက်လာသည်။
ပိုင်ဆိုင်မှုတွက်ချက်ခြင်းမှ လွှဲပြောင်းခြင်းအဆင့်သည် ဆယ်မိနစ်သာကြာမြင့်သည်။ဖန့်ကြွယ်ယွီ၏
သူ့လူများ၏ အစွမ်းအစကို အံ့ဩမှင်သက်ဖြစ်ရသည်။
“ငါ့ရှေ့မှာထပ်မပေါ်လာနဲ့။ ငါ မင်းကို မမြင်ချင်ဘူး”
သူက ဒေါသတကြီးဖြစ်ပြီး ကူးရီကို ရိုက်မိမည်ကို စိုးရိမ်သည်။ သို့သော် ကူးရီက ငြိမ်ငြိမ်လေးရပ်နေလျှင်တောင်မှ သူ့ကိုအထိနာအောင် လုပ်နိုင်မည်မဟုတ်ပေ။
ကူးရီက ဘာဖြစ်လို့ ဖြစ်ပျက်နေမှန်းနားမလည်ပေ။ သူက စေတနာအပြည့်ဖြင့် ဖန့်ကြွယ်ယွီ၏ပိုင်ဆိုင်မှုတိုးစေရန် ကူညီခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီက သူ့အားဘာကြောင့် ဒီလိုဆက်ဆံရသနည်း။
သို့သော် သူကစောဒကတက်ပိုင်ခွင့်မရှိပေ။သူက ဖန့်ကြွယ်ယွီ၏ သက်တော်စောင့်တစ်ဦးဖြစ်သည်။ အရိပ်တစ်ခုအသွင်ဖြင့် အမှောင်ထဲကို တဖန်ပြန်ပြီး ပျောက်ကွယ်သွားပြန်သည်။
“သခင်လေး သတင်းကောင်းပါလာတယ်”
ကျွမ်းရီကြည့်ရတာ သတင်းတစ်ခုခုရလာပုံရသည်။
“ဘာများလဲ”
“မစ္စတာဝမ်ချုံးနဲ့ မဟာမိတ်နိုင်ငံငယ်လေးတွေကို ကာကွယ်ဖို့ မစ္စတာကော့တ်က သူ့လူတွေလွှတ်လိုက်ပါတယ်။ ထင်တဲ့အတိုင်းပဲ သူတို့ကို တခြားနိုင်ငံနဲ့ အဖွဲ့တွေက လမ်းမှာ အလစ်တိုက်ခိုက်ကြတယ်”
“အဲ့တာ သတင်းကောင်းဖြစ်မလား။ သူတို့ဒဏ်ရာရကုန်ကြလား”
“စိတ်မပူပါနဲ့။ သခင်လေး မစ္စတာ ဝမ်ချုံးကလည်း အိမ်အပြန်လမ်းမှာရောက်နေပါပြီ။ ပါကစ္စတန်၊ အစ္စရေးနဲ့ ယူကရိန်းနိုင်ငံတွေကလည်း သူတို့တပ်ဖွဲ့တွေနဲ့ ပေါင်းစည်းသွားပါပြီ။ နိုင်ငံတကာ လေပိုင်နက်မှာတော့ ဘယ်သူမှ မနှောင့်ယှက်ရဲပါဘူး”
“ဒါဆို မင်းပြောချင်တဲ့ သတင်းကောင်းဆိုတာက…..”
“သခင်လေး.. ဒီနေ့လေလံပွဲကို စွမ်းအားမြှင့်ဆေးအတွက်တက်ရောက်လာသူတွေက တစ်ဖွဲ့မှာ အနည်းဆုံး ၁၀ဘီလီယံလောက်ပါလာကြတယ်”
“ပြီးတော့ရော…”
“သူတို့က ကျွန်မတို့လူတွေကို ကြားဖြတ်တိုက်ခိုက်ချင်တာဆိုတော့ ကျွန်မတို့ဘက်ကလည်း ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရတာပေါ့။ သူတို့ပစ္စည်းတွေရခဲ့ပါတယ်။ အာ့တွေအကုန်လုံးကို မစ္စတာကော့တ်က သခင်လေးရဲ့ ဘဏ်အကောင့်ထဲလွှဲထားပေးပါတယ်”
“ဘယ်လောက်တောင်များလဲ”
ဖန့်ကြွယ်ယွီတစ်ယောက် ဟန်မဆောင်နိုင်တော့ဘဲ မျက်စိမျက်နှာပျက်နေသည်။
“စုစုပေါင်းဆို ယူရို ၁၇၆ ဘီလီယံပါ”
“သေစမ်းကွာ”
ယခုလေးတင် ကူးရီ၏ကျေးဇူးဖြင့် ယူရိုဘီလီယံ ၂၀၀ရခဲ့ပြီး ယခုတစ်ခါထပ်မံပြီး ၁၇၆ ဘီလီယံ ရခဲ့ပြန်သည်။
သူ၏ အသားတင်ပိုင်ဆိုင်မှု ပမာဏသည် ယူရိုဘီလီယံပေါင်း ၈၀၀ကျော်ခဲ့ပြီဖြစ်သည်။
သူက ကြိုးစားပမ်းစားပြုလုပ်ထားသမျှ တစ်ခုမှအရာမထင်တော့ပေ။ ဖန့်ကြွယ်ယွီ၏ သုံးဖြုန်းခြင်းလုပ်ငန်းက မပြီးမြောက်ခဲ့ပေ။ ဒီလိုဖြစ်မယ်မှန်းသာကြိုသိခဲ့လျှင် လေလံပွဲမှာငွေပေးချေပြီးသည်နှင့် လုပ်ငန်းပြီးမြောက်ခြင်း တင်သွင်းခဲ့သင့်သည်။
“ဘာဖြစ်လို့လဲ သခင်လေး။ သခင်လေးကြည့်ရတာမပျော်တဲ့ပုံပဲ”
ထို ၁၀၀ဘီလီယံကျော်က ဖန့်ကြွယ်ယွီ၏ပိုင်ဆိုင်မှုနှင့်ယှဉ်ပါက ဘာမှမဟုတ်သော်လည်း ပေါ့သေးသေး ပမာဏမဟုတ်ပေ။
“ဘာမှ မဟုတ်ဘူး။ ပြန်ကြစို့လေ”
ခုချိန်မှာ အေးအေးဆေးဆေးထိုင်လို့ရမည့်နေရာကိုသာ သူသွားချင်သည်။
“ဟားး..ဒီပုံအတိုင်းသာဆို နှစ်နှစ်ပေးလျှင်တောင် ပိုက်ဆံအကုန်သုံးနိုင်မယ်မထင်ဘူး”ဟု ရှောင်းရီက ကြားဖြတ်ဝင်ပြောသည်။
ဖန့်ကြွယ်ယွီက ဖြစ်နိုင်မည်ဆိုလျှင် ဟယ်လီကော်ကတာပေါ်မှနေပြီး ပိုက်ဆံများကိုကြဲချပစ်ချင်သည်။
သို့သော် ရှောင်းရီက ထိုမစ်ရှင်အကြောင်းကိုရှင်းပြကတည်းက ပိုက်ဆံကို ရည်ရွယ်ချက်ရှိရှိ သုံးရမည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။ အဖွဲ့အစည်းများကို လှူဒါန်းခြင်းနှင့် နိုင်ငံသုံးနိုင်ငံကို အကူအညီပေးခြင်းက အကျုံးဝင်သည်ဟု ဆိုနိုင်သည်။
“အမေရိကန်နဲ့ ဂျပန်က လူတွေကို အခုပိုမုန်းသွားပြီ”
နောက်ဆုံးတော့ ဖန့်ကြွယ်ယွီလည်း ဟိုတယ်ကိုချောချောမွေ့မွေ့ပြန်ရောက်သွားသည်။ အရင်ရောက်နှင့်နေသော ဝမ်ချုံးက သူ၏အဖွဲ့သားများကို တစ်နေ့တာမှာဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်ရာများကို ပြန်လည်ပြောပြနေသည်။
ဝမ်ချုံးနှင့် ဖန့်ကြွယ်ယွီက လေလံပွဲမှာရှိနေလိမ့်မည်ဟု ခန့်မှန်းမိကြသည်။ လေလံပွဲတွင် ပစ္စည်းအများစုကို တစ်ဦးတည်း လေလံအောင်သူမှာ ဖန့်ကြွယ်ယွီဟု အများက ထင်ကြေးပေးနေကြသည်။
“မင်းပြန်လာပြီပဲ။ ငါတို့က ဒီမှာစကားတွေကောင်းနေတာ”
“ဒါရိုက်တာ ..မစ္စစကားလက်က နှစ်ဦးတည်းတွေ့ဖို့ချိန်းတာဆို။ ဘာဘာညာညာဖြစ်ခဲ့သေးလား” ဟု အဖွဲ့သားများက စနောက်ကြသည်။
“ဘယ်လိုလဲ။ နိုင်ငံခြားသူတွေက ကြားဖူးထားသလို ပိုပြီးရဲတင်းကြမှာပေါ့”
ဖန့်ကြွယ်ယွီက တစ်ခွန်းမှ မတုံ့ပြန်ဘဲ ဆိုဖာပေါ်ခြေပစ်လက်ပစ် ထိုင်နေသည်။
သူ့ပုံစံကိုကြည့်ပြီး ဝမ်ချုံးတွေက အားပါးတရရယ်မောကြသည်။
“မင်း အားတွေကုန်သွားတာလား။ ဘာလို့ ဒီလိုမြန်မြန်ဆန်ဆန်ကြီး အားပျက်သွားတာလဲ”
“ဟာ..ထပ်မပြောနဲတော့။ မင်းတို့နဲ့ ဟာသပြောချင်တဲ့ အနေအထားမှာမရှိဘူး”
“ဟေ့..အကိုဝမ် ပိုက်ဆံများများကုန်မဲ့ ရင်းနှီးမြှုပ်နှံမှုလေး ဘာလေးရှိလား။ ရှိရင်တစ်ချက်ပြောပြပါဦး”
“ဘာလို့လဲကွ။ မင်းဒီလောက်ချမ်းသာနေတာ။ထပ်ပြီးရင်းနှီးမြှုပ်နှံဖို့ တွေးသေးတယ်လား။မင်းပိုက်ဆံထားစရာနေရာရော ရှိသေးရဲ့လားကွာ”
“ငါက ပိုက်ဆံရှာချင်တာမဟုတ်ဘူး။ ဒီလိုကွာ။ နှစ်အကြာကြီး ငွေမြုပ်နေမဲ့ ပရောဂျက် ဒါမှမဟုတ် ခွက်ခွက်လန်အောင်ရှုံးမဲ့လုပ်ငန်းမျိုးပေါ့ကွာ”
“မင်းနေရောကောင်းရဲ့လား” ဟုဆိုကာ ဝမ်ချုံးက သူ့နဖူးကိုစမ်းသည်။
“သူများတွေက အမြတ်ဘယ်လိုရအောင်လုပ်မလဲဆိုပြီး တွေးကြတာ။ မင်းအလှည့်ကျမှ ပိုက်ဆံဘယ်လိုဖြုန်းပစ်ရမလဲတွေးတာ မဟုတ်သေးပါဘူးကွာ”
“ငါ တကယ်ပြောတာကွ။ နောက်နေတာမဟုတ်ဘူး” သူက ဝမ်ချုံး၏မျက်နှာကို စေ့စေ့ကြည့်ပြီးပြောသည်။
“ငါ သိသလောက်တော့ ရထားလမ်းဆောက်တာ ပိုက်ဆံပြန်ရဖို့ကြာတယ်။ရထားဆောက်ရတာက ကိုယ့်ကံကြမ္မာကိုစမ်းသပ်နေရသလိုပဲ။ မြေပြန့်မဟုတ်တဲ့နေရာမှာဆောက်ရင် တစ်ကီလိုမီတာကို တစ်ဘီလီယံလောက် ကုန်ကျတယ်။ အမြတ်ပြန်ရဖို့လည်း ကြာတယ်ကွ”
“အဲ့တာမှ အားမရသေးရင် အာကာသယာဉ်တွေတည်ဆောက်ပြီး ဂြိုလ်သားတွေရှာကြည့်။ အဲ့အတွက်ဆို
ပိုက်ဆံကုန်လိုက်မယ့်ဖြစ်ချင်း”
“မင်းပြောတာလဲ ဟုတ်သားပဲ”
ဖန့်ကြွယ်ယွီ၏ အတွေးများရုပ်လုံးပေါ်လာသည်။ ဆောက်လုပ်ရေးမှာနိုင်ငံတစ်နိုင်ငံထက် ကုမ္ပဏီလုပ်ငန်းတစ်ခုက ဘယ်နေရာမှာသွားသုံးရမည်နည်း။ နိုင်ငံအဆင့် ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံသင့်ပေသည်။
သိပ္ပံနည်းကျကျ သုတေသနပြုလုပ်နိုင်ရန် ကုမ္ပဏီတစ်ခုတည်ထောင်ခြင်းက ပိုက်ဆံမြန်မြန်မကုန်ပေဘူးလား။
“ဟား..အကိုဝမ်ကတော့ တကယ့်ဥာဏ်ကြီးရှင်ပဲ”
ထိုအရာက ပိုက်ဆံမြန်မြန်ကုန်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။