ငါက ယန်ရွှမ်ယင်း
Vol. 12 Ch. 160
“ငယ်လှချည်လား” စကားလက်တစ်ယောက် အလွန်အမင်း အံ့အားသင့်နေသည်။ ထိုမျှပမာဏကို သုံးစွဲနိုင်သူအား သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟု ယူဆခဲ့မိသည်။
ဖန့်ကြွယ်ယွီက သူမမျှော်မှန်းထားသည်ထက် အလွန်အမင်းငယ်ရွယ်နေသည်။
သူက မွေးကတည်းက အလုပ်တန်းလုပ်လျှင်တောင်မှ ဒီအသက်အရွယ်မှာ ဘီလီယံနာဖြစ်ဖို့ဆိုတာ မလွယ်ကူပေ။
“သခင်လေး..ဒီအနီးအနားမှာ စွမ်းအားရှင် ၆ဦးရှိနေပါတယ်။ သူတို့အစွမ်းက အရမ်းမမြင့်ပေမဲ့ သခင်လေးအတွက်ရှိနေကြတဲ့ပုံပါ” ကူးရီ၏ အသံကို သူ့နားထဲကြားယောင်လာသည်။
“အို..တစ်ယောက်ယောက်က ငါ့နဲ့ထိပ်တိုက်ရင်ဆိုင်ချင်တာလား”
သူ့ကို လေလံပွဲမှာကတည်းက ရန်သူတော်အဖြစ်သတ်မှတ်ထားသူများစွာရှိလောက်သည်။
သို့သော် စကားလက်က ဒီကိစ္စနှင့် ဘယ်လိုပတ်သက်သနည်း။
“မစ္စစကားလက် တွေ့ရတာဝမ်းသာပါတယ်”
ဖန့်ကြွယ်ယွီက စကားလက်၏ဘေးမှာဝင်ထိုင်သည်။
“ဒီနေ့အတွက် ကျေးဇူးတင်ချင်လို့ပါ” ဟု ဆိုကာ သူ့ကို ဝိုင်ခွက်လှမ်းပေးသည်။
“ဒါနဲ့ ဘယ်လိုခေါ်လို့ရမလဲရှင့်”
“ဪ ဟုတ်။မျိုးရိုးနာမည်က ဖန့်ပါ။ တရုတ်ကလာတာပါ” ဟု ဖန့်ကြွယ်ယွီက မိတ်ဆက်သည်။
“မစ္စတာဖန့်က အရမ်းချမ်းသာတာပဲ။ မစ္စတာဖန့်က တကယ့်ကို လွှမ်းမိုးနိုင်တာပဲ။လေလံပွဲမှာ ဒီလောက်အများကြီးဝယ်နိုင်တာ အခုမှပဲမြင်ဖူးတယ်”
“မဟုတ်ပါဘူးဗျာ။ လေလံပွဲမှာ စျေးအမြင့်ဆုံးပေးနိုင်တဲ့လူက လေလံအောင်တာမဟုတ်လား။ ဒါနဲ့ မစ္စစကားလက်က ငါ့ကိုဘာကြောင့် ဒီနေရာကို ဖိတ်ခေါ်တာလဲဆိုတာ သိပါရစေ”
စကားလက်၏ မျက်လုံးအစုံမှာ အံ့ဩမှုများကို အတိုင်းသားမြင်နေရသည်။
နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တာမို့ သူမကို ညစာစားပွဲနှင့် ပါတီများကိုဖိတ်ကြသည်။ သီးသန့်တွေ့ဆုံဖို့ ချိန်းဆိုလျှင် ဘီလီယံနာများ၏ အကြည့်တွေကအစပြောင်းလဲလာကာ ရိုးသားမှုများလည်း မရှိကြတော့ပေ။
ဖန့်ကြွယ်ယွီလို လူငယ်လေးကပိုပြီးစိတ်အားထက်သန်ရမည်မဟုတ်ပါလော။ စကားလက်က သူ၏ ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်အချိုးအစားအပေါ် ယုံကြည်ချက်အပြည့်ရှိသည်။
ဖန့်ကြွယ်ယွီ၏ စကားလုံးများက သူမအပေါ် ခံစားချက်မရှိသည့်အပြင် စိတ်မရှည်သည့်ပုံပါပေါ်သည်။
“မစ္စစကားလက်..ငါ့ကောင်မလေးနဲ့ video callပြောစရာရှိလို့ မြန်မြန်ပြန်ရမှာ။ ငါသိတယ် ဒါက မင်းအကြံမဟုတ်ဘူးဆိုတာ။ တစ်ယောက်ယောက်က မင်းကို အသုံးချပြီး ငါ့ကို ဒီထိရောက်အောင်မျှားခေါ်တာ။ သူတို့ကို ထွက်လာခိုင်းလိုက်။ ဒါမှ ဒီကိစ္စမြန်မြန်ပြတ်ပြီး ငါလည်းအိမ်ကိုစောစော ပြန်လို့ရမှာ”
သူက မင်းသမီးတစ်ဦးဖြစ်တာမို့ ဖန့်ကြွယ်ယွီမရိပ်မိအောင် သရုပ်ဆောင်နိုင်သည်ဟု ထင်သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်နေပေ။
ဖန့်ကြွယ်ယွီပြောတာအားလုံးမှန်ကန်နေသည်။ သူမက ဒီလေလံပွဲမှ ပိုက်ဆံများစွာရသည်ဆိုသော်လည်း ဖန့်ကြွယ်ယွီကိုတွေ့ဖို့ စိတ်ကူးမရှိပေ။ ဒီအရာအားလုံးကို စီစဉ်သူသပ်သပ်ရှိသည်။
ရုပ်ရှင်သရုပ်ဆောင်ဖြစ်သော စကားလက်က ဩဇာတိက္ကမကြီးမားသော လူတစ်ချို့၏
စကားဆို မလွန်ဆန်ရဲပေ
ဖန့်ကြွယ်ယွီနှင့် လေလံပွဲမှာ ကတောက်ကဆဖြစ်ခဲ့သူ အက်တမ်မှာ ဥရောပတွင် ဆရာတစ်ဆူဖြစ်သည်။ ဥရောပမှာဆို အက်တမ်ကို မည်သူကမှ မထိရဲပေ။
လေလံပွဲ၏ ထူးခြားချက်မှာ ပါဝင်သူများကို မည်သူမည်ဝါမသိရအောင် လျှို့ဝှက်ထားနိုင်ခြင်းဖြစ်သည်။
အက်တမ်က ဖန့်ကြွယ်ယွီမည်သူမည်ဝါဆိုတာ လာဒီးနစ်မိသားစုထံမှာမရခဲ့ပေ။
ထို့ကြောင့် ဖန့်ကြွယ်ယွီကို ဖိတ်ခေါ်ခိုင်းသည်မှာ အက်တမ်၏ အကြံဥာဏ်ဖြစ်သည်။
“တရုတ်တွေကရဲတင်းလိုက်တာ။ သိသိရက်နဲ့ ဘာလို့ ဒီကိုလာတာလဲ”
နောက်ဆုံးတော့ အက်တမ်က SSအဆင့်စွမ်းအားရှင်(၆) ဦးဘေးနားခြံရံပြီး ရောက်လာတော့သည်။
ဖန့်ကြွယ်ယွီ၏ အနေအထားက ပေါ့သေးသေးမဟုတ်ဘူးဆိုတာ အက်တမ်တွေးမိသည်။ သူ့ဘေးနားမှာ စွမ်းအားရှင်သက်တော်စောင့်တစ်ဦးမရှိလျှင်တောင်မှ ဖန့်ကြွယ်ယွီ၏ ဘေးမှာကာကွယ်ပေးနေသော အဖွဲ့တစ်ဖွဲ့ရှိကိုရှိရမည်။
အက်တမ်က ဖန့်ကြွယ်ယွီကို သတ်ဖို့စိတ်ကူးမရှိပေ။ လူတစ်ယောက်ရှင်သန်နေသည့် တန်ဖိုးက လူသေကောင်ထက်ပိုမိုမြင့်မားသည်။ လေလံပွဲမှာ ၈၀ဘီလီယံနီးပါး သုံးစွဲနိုင်သည့်လူက ဘယ်လောက်တောင် ချမ်းသာလိမ့်မည်နည်း။
“မင်းက အခန်း-၂က မလား” ဖန့်ကြွယ်ယွီက အက်တမ်ကို တစ်ချက်လှမ်းကြည့်သည်။
“မင်းဘာမှ ဝယ်နိုင်မှာမဟုတ်ဘူးလို့ ငါပြောခဲ့တာပဲ။ ငါမှန်းတာ မှန်တဲ့ပုံံပဲ”
“မင်း…ငါဘယ်သူလဲဆိုတာ မင်းသိလို့လား” အက်တမ်က ဒေါသတကြီးတုံ့ပြန်သည်။
“မသိတော့လည်းဘာဖြစ်လဲ။ သိဖို့လိုလို့လား”
ဖန့်ကြွယ်ယွီက စကားလက်ဖြင့် ဝိုင်ခွက်ချင်းတိုက်ကာ” မစ္စစကားလက်..စိတ်မပူပါနဲ့။ သူတို့က အတင်းအကြပ်လုပ်ခိုင်းတယ်ဆိုတာ ငါနားလည်တယ်။ မင်းကိုအပြစ်မတင်ပါဘူး” ဟု ဆိုသည်။
“မင်းဘာလိုချင်တာလဲပြော။ ငါ့ပိုင်ဆိုင်မှုလား။ ငါ့အသက်လား”
“မစ္စတာဖန့်က ဒဲ့တိုးသမားပဲ”
“ခင်ဗျားဘာသာခင်ဗျား ပိုက်ဆံပဲလိုလို ငါ့ကိုပဲ သတ်ချင်တာပဲဖြစ်ဖြစ် စိတ်ကူးသပ်သပ်ယဉ်နေတာ”
“မင်း ငါ့ကိုဘာစကားပြောတာလဲ” သူ့ကို လူငယ်လေးတစ်ဦးက စော်ကားမော်ကား ပြောနေသည့်အပေါ် ဆက်လက် သည်းခံလိုစိတ်မရှိပေ။
“ကလစ်” သူက သေနတ်ကိုထုတ်ပြီး ဖန့်ကြွယ်ယွီ၏ ဦးခေါင်းတည့်တည့်ကိုချိန်ထားသည်။
“ဘီလီယံ ၁၀၀၀ပေးမယ်ဆို ပြန်လွှတ်ပေးမယ်။ ဒီပမာဏလောက်က အေးဆေးပါ ဟုတ်တယ်မလား”
သူ့လက်ထဲမှာ သေနတ်ကိုင်ထားရတော့မှ အက်တမ်တစ်ယောက် ပြောရဲဆိုရဲဖြစ်လာသည်။
“ထူးဆန်းလိုက်တာ ငါ့ကို သတ်နိုင်မယ်လို့ ဘာလို့ တွေးထားကြတာလဲ”
“ငါ့ကိုလုပ်ကြံတဲ့လူတွေကသာ သေရင်သေ ရူးရင်ရူးနဲ့ ငါကတော့ ခုထိအသက်ရှင်တုန်းပဲ”
“မင်းကိုလည်း ပြန်မေးလိုက်ပါဦးမယ်။ ငါဘယ်သူလဲ မင်းသိလား”
ဖန့်ကြွယ်ယွီက ဝိုင်ခွက်ကိုပြန်ချပြီး ခပ်ပြုံးပြုံးမေးသည်။
“မင်းကဘယ်သူလဲ” “တကယ်တော့ ငါက မစ္စစကားလက်ကို ညာခဲ့မိတယ်။ငါ့နာမည်က ယန်ရွှမ်ယင်း။ ငါက လူတစ်ပိုင်း တစ္ဆေတစ်ပိုင်းပါ။ ပြီးတော့ မင်းရဲ့သေနတ်ထဲမှာ ကျည်ဆံမပါဘူးလေ။ ဟုတ်တယ်မလား”
“ငါက မင်းကို မွန်းစတားလို့တောင် ထင်သွားတာ။ လက်စသတ်တော့ မင်းက အရူးပါလား”ဟု ပြောကာ အက်တမ်က ခွက်ထိုးခွက်လန်ရယ်မောသည်။ သူက သေနတ်ထဲမှာ ကျည်အပြည့်ဖြည့်ထားသည်။ ဒီကိုမလာခင်ကလည်း တစ်ခေါက်စစ်ပြီးဖြစ်သည်။
ဖန့်ကြွယ်ယွီက သူ့အနားကိုမကပ်လာပဲနှင့် ဘယ်လိုလုပ်ပြီး ကျည်ကိုဖြုတ်မည်နည်း။
“မင်းမယုံရင် ကြည့်ကြည့်လေ”
အက်တမ်က မျက်နှာကြတ်ကိုတည့်တည့်ချိန်ပြီး သေနတ်မောင်းကို ဆွဲသောအခါ ကျည်မထွက်လာပေ။
သူက ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ထုတ်ကြည့်သောအခါ ကျည်ဆံများက အမှုန့်လို စိစိညက်ညက်ကြေနေတာကို တွေ့ရသည်။
“ပြောသားပဲ..ကျည်အိမ်ထဲမှာ ကျည်ဆံမရှိပါဘူးလို့”ဟု ပြောကာ ဖန့်ကြွယ်ယွီက အားပါးတရရယ်သည်။
“နောက်ထပ်လောင်းကြေးစားကြေးထပ်ကြမယ်။မင်းရဲ့ ဦးနှောက်ကိုမင်းကိုယ်တိုင်မြင်လာရမယ်ဆိုတာ ငါလောင်းရဲတယ်”