အသားလှီးဖို့ဓားရတာပေါ့ကွာ…
Vol. 12 Ch. 157
စျေးအပြိုင်အဆိုင်ပေးမှုက ကြောက်ခမန်းလိလိဖြစ်လာသည်။ အမေရိကန်ဘက်က ကိုယ်စားလှယ်များကလည်း မျက်နှာပျက်နေကြသည်။ သူတို့လေလံဆွဲသည့် စျေးထက် စျေးမြှင့်ပြီးပေးသော လူကိုကြုံလာရတိုင်း အထိတ်တလန့်ဖြစ်နေကြသည်။ သူတို့ယူလာသော ပိုက်ဆံကအကန့်အသတ်ရှိသည် မဟုတ်ပါလော။
“မင်းတို့က ဒီဆေးကိုအပြိုင်အဆိုင်လုယက်နေကြတာ။ ဒီဆေးက လက်ဝယ်ရပြီဆိုဦးတော့။ သူ့ထဲက နည်းပညာကို ဖော်ထုတ်ဖို့ နှစ်ပေါင်း ရာနဲ့ချီပြီးကြာဦးမယ်။ ရလာခဲ့မယ်ဆိုလျှင်တောင် စွမ်းအားရှင်မိသားစုက မွေးဖွားလာတဲ့ ကလေးကို ဘယ်လိုမှ မယှဉ်နိုင်ဘူး”
ဖန့်ကြွယ်ယွီက ဆိုဖာပေါ်ထိုင်ပြီး သစ်သီးများကို အရသာခံပြီး စားနေသည်။ ထိုလူတွေ တစ်ဖက်နှင့်တစ်ဖက် အလုအယက်စျေးပြိုင်ပေးပြီး ဝယ်ယူနေသည့်အပေါ် ဒီတိုင်းထိုင်ကြည့်ပြီး နောက်ထပ်လေလံပစ္စည်းကို စောင့်ဆိုင်းနေတော့မည်ဟု ဆုံးဖြတ်ချက်ချထားသည်။
နာရီဝက်ကြာအကြိတ်အနယ် ယှဉ်ပြိုင်ပြီးသည့်နောက်တွင် အမေရိကန်ဘက်က ဆေးတစ်ဗူးကို ၇.၆ ဘီလီယံ အပိတ်စျေးဖြင့် လေလံအောင်သွားခဲ့သည်။
ဆေးနှစ်ဗူးစာအတွက် ၁၅၂ဘီလီယံ သုံးစွဲခြင်းက များပြားသော ပမာဏဟု ထင်ကောင်းထင်နိုင်မည်။ သို့သော်ထိုဆေးဖော်ဖို့အတွက် သုတေသနပြုလုပ်သည့် ကုန်ကျစရိတ်က ထိုတန်ဖိုး၏ ၁၀၀ပုံ ၁၀ပုံတောင် မရှိပေ။ သူတို့ဖော်ထုတ်နိုင်ခဲ့သော ဆေးကို သူများလက်ထဲအပါခံမှသာ ကြီးမားသော ဆုံးရှုံးမှုဟု ခေါ်ထိုက်ပေသည်။
ထိုဆေးကို လိုချင်ကြသော နိုင်ငံများက စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။ သို့သော် သူတို့အတွက် မျှော်လင့်ချက်လုံးဝဥသုံမရှိတော့ပြီဟု မဆိုနိုင်ပေ။
အမေရိကန်နိုင်ငံက နိုင်ငံကြီးတစ်ခုဆိုသော်လည်း သူတို့ပါလာသော ငွေပမာဏက အကန့်အသတ်မဲ့မဟုတ်ပေ။
ထိုဆေးနှစ်ဗူးကို ဝယ်ယူလိုက်သဖြင့် သူတို့၏ပိုက်ဆံအတော်အသင့်ကုန်သွားပေလိမ့်မည်။ ထိုဆေးကို လိုချင်ကြသော အခြားသူများမှာတော့ ပိုက်ဆံဘီလီယံနှင့်ချီပြီး ရှိနိုင်သေးသည်။
ထိုလေလံပွဲကို တက်ရောက်လာသူများ ယူဆောင်လာသော ပိုက်ဆံအားလုံးကို ပေါင်းစည်းလိုက်လျှင် ကြောက်ခမန်းလိလိပမာဏတစ်ခု ထွက်လာနိုင်သည်။
“အမေရိကန်တွေက ၃၀ဘီလီယံ လောက်တော့ ယူလာလောက်တယ်။ အခုတစ်ဝက်လောက် ကုန်သွားပြီဆိုတော့ နောက်တစ်ခေါက်ကျ ငါတို့ အတွက်အခွင့်အလမ်း ပိုများလာနိုင်တယ်”ဟု ဂျင်းဂန်ရှုဂျီက အခိုင်အမာပြောဆိုသည်။
“ပျင်းစရာကောင်းလာပြီကွာ” ဖန့်ကြွယ်ယွီက ဆိုဖာပေါ်မှာ နာရီဝက်လောက်ထိုင်နေရသဖြင့် အိပ်ချင်စိတ်များပေါ်လာကာ တဝါးဝါးသမ်းလာမိသည်။
“ရှောင်းရီ..နိုင်ငံကိုယ်စားပြုတက်လာတာ ဘယ်နှစ်ယောက်တောင်များလဲ တချက်ရှာကြည့်”
“နည်းတော့နည်းပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ အားလုံးဆီက ကိုယ်စားလှယ်တွေတော့ တက်တယ်။ တချို့နိုင်ငံတွေကျ ပွဲကြည့်ဖို့သပ်သပ်ပဲ လာတက်ကြတာ။ တက်ရောက်တဲ့ နိုင်ငံအားလုံးကို ပြောပြစေချင်တာလား”
“မလိုပါဘူး။ ဒီဆေးကိုဘယ်သူပဲရရ ဘာမှ ထူးဆန်းတာမဟုတ်ဘူးလေ”
အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်နှင့် ဂျာမနီကိုယ်စားလှယ်များက သူ့ကို အမြင်မကြည်ကြပေ။
“တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေရှိလို့လား”
“အင်းရှိတာပေါ့။ အစ္စရေး၊ ပါကစ္စတန်၊ ယူကရိန်းတို့ရှိတယ်လေ။ ဒါပေမဲ့ ဒီလူတွေက ပစ္စည်းကို စရံငွေချေဖို့ပိုက်ဆံတောင် အလုံအလောက်ပါတာမဟုတ်ဘူး”
“ဟုတ်လား။ စိတ်ဝင်စားဖို့ကောင်းတာပေါ့”
လေလံပွဲကိုဆက်ပြီးကျင်းပသည်။ ဖန့်ကြွယ်ယွီက ပစ္စည်းအားလုံးကို တစ်ဦးတည်းအပိုင်သိမ်းလိုစိတ်မရှိပေ။ စျေးပေါသော သို့ စိတ်မဝင်စားသော တချို့ပစ္စည်းများကို လေလံမဆွဲပေ။
“ဖူးပွင့်ဝေဆာ” ဟူသော နာမည်ပေးထားသည့် ၇၁.၂ကာရက် အလေးချိန်ရှိသော စိန်တုံးကို ဖန့်ကြွယ်ယွီက ယူရိုသန်း၁၇၀ဖြင့် ဝယ်ယူသည်။
မိုက်ကယ်ဘတ်စ်ကိတ်၏ ပန်းချီကားကို ယူရို ၁၈၅သန်း ဖြင့် လေလံအောင်သည်။ကွန်စတန်းတင်းဘရန်ကူစီ၏ ကြေးရုပ်ထုကို ယူရိုသန်း ၁၅၀ဖြင့် ဝယ်ယူခဲ့သည်။
နောက်ထပ်လေလံဆွဲသည့် ပစ္စည်းအမျိုးအစား (၃၀)ထဲတွင် ဖန့်ကြွယ်ယွီက (၁၄)မျိုးကို လေလံအောင်သည်။ လေလံအောင်သည့် အနိမ့်ဆုံးစျေးသည် ယူရို သန်း ၉၀ ဖြစ်သည်။
နပိုလီယံ၏ ဓားက စျေးအမြင့်ဆုံးဖြစ်သည်။သူ၏ တော်ဝင်ဓားက နိုင်ငံပိုင်ပြတိုက်တွင် ထိန်းသိမ်းထားသည်။ ယခုလေလံပွဲတွင် ရောင်းချသောဓားက အပိုအဖြစ်ဆောင်သော ဓားဖြစ်သည်။
ထိုဓားမြှောင်တွင် ပါသေ အကြီးဆုံးစိန်ပွင့်သည် ၁၀၂ကာရတ်အလေးချိန်ရှိသည်။
ပြင်သစ်လူမျိုးများက နိုင်ငံပိုင်ရတနာကို ပြန်လည်ရရှိဖို့အရေး အသည်းအသန်ကြိုးပမ်းကြသည်။ သို့သော် အဆုံးသတ်မှာ ဖန့်ကြွယ်ယွီက ထိုဓားကို လေလံအောင်ခဲ့သည်။
ဓားမြှောင်ကို ယူရို ၈.၇ဘီလီယံဖြင့် လေလံအောင်ခဲ့သည်။ ထိုအခါမှသာ သူက ပိုက်ဆံပြတ်လပ်မှုကြောင့် ဆေးနှစ်ဗူးကို လေလံမဆွဲခြင်းမဟုတ်ဘဲ စိတ်ဝင်စားမှု မရှိသောကြောင့် မဝယ်ခြင်းဟု လက်ခံသွားကြသည်။
“မိုက်ပါ့ကွာ။ မင်းက နိုင်ငံပိုင်ရတနာကိုတောင်ရအောင်ဝယ်နိုင်တယ်”
ဟု ဝမ်ချုံးက ချီးမွမ်းခန်းဖွင့်သည်။
များပြားလှစွာသော တရုတ်နိုင်ငံပိုင် ရတနာပစ္စည်းများစွာက ပြင်သစ်သူခိုးများလက်ထဲရောက်သွားပြီး တချို့ကို ပြတိုက်ထဲတွင် ခင်းကျင်းပြသထားသည်ကို တွေ့ရသည်။
ယခုတော့ သူတို့အပိုင်ရတနာပစ္စည်းကို ဖန့်ကြွယ်ယွီက ရအောင်ဝယ်ယူခဲ့ပြီး သွေးကြေးဆပ်နိုင်ခဲ့သည်။
“အင်း..နပိုလီယံဓားကို ရတော့ရော ဘယ်မှာသွားသုံးရမှာပါလိမ့်။ ဪ သိပြီ။ ငါ့အိမ်က စားဖိုမှူးတွေ နံရိုးခုတ်ထစ်တဲ့နေရာမှာတို့ အသားလှီးတဲ့နေရာမှာသုံးခိုင်းရမယ်”
“ပြီးတော့ ဂျပန်ဘက်က ဓားတွေကိုလည်း အသီးအနှံတွေဖြတ်တဲ့နေရာမှာ သုံးတာပိုကောင်းမယ်”
“ပြောရဲတဲ့သတ္တိကိုလေးစားပြီ။ မင်း တကယ့်ကောင်ကွာ။ ဟိုမှာ စွမ်းအားမြှင့်ဆေးတွေထပ်ရောင်းနေပြန်ပြီ”ဟု ဝမ်ချုံးက ဆိုသည်။
မည်မျှပင် တန်ကြေးမြင့်သော ပစ္စည်းဖြစ်နေစေကာမူ အပြိုင်အဆိုင်မရှိပါက ပျော်ဖို့မကောင်းပေ။ အရိုးတစ်ချောင်းကိုပြိုင်လုနေသော ခွေးတစ်အုပ်စုကို ဒီတိုင်းထိုင်ကြည့်နေရသည်က ပိုပြီး အဆင်ပြေသည်။
နောက်ထပ်လက်တွန်းလှည်းဖြင့် ယူဆောင်လာသော ပစ္စည်းကိုမြင်ရသောအခါ ရုတ်ရုတ်သဲသဲဖြစ်ကြပြန်သည်။
“အဆင်ပြေလား။ အရင်တစ်ခေါက်က ပွတ်ကာသီကာလေး မရလိုက်တာ။ ဒီတစ်ခေါက်ပါ ထပ်ပြီးရှုံးမယ်ဆို ငွေစာရင်းဌာနကမင်းတော့ ဒုက္ခရောက်ပြီမှတ်”
“ဟာ သွားပြီ။ ပိုက်ဆံကမလောက်တော့ဘူးလေ။ အစိုးရအမြတ်ငွေအားလုံးကို သုံးမှပဲရမယ်”
“ထားလိုက်တော့ အဒူဘို့စ်… ငါတို့ပိုင်တဲ့ပိုက်ဆံက သူတို့ကိုမှ မယှဉ်နိုင်တာ”
ပါကစ္စတန်သည် နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး သူတို့လိုချင်သောပစ္စည်းကို မျက်စိမှိတ်ဝယ်နိုင်သည်အထိ မချမ်းသာပေ။
“အလာစ်..ငါတို့နိုင်ငံက ဒီဆေးနဲ့ ပတ်သက်တဲ့သုတေသနအပိုင်းမှာလည်း ထင်သလောက်မထွန်းကားဘူး။ အကြိမ်တစ်သောင်းမှာတစ်ကြိမ်လောက်ပဲ အခွင့်အရေးရှိတာ။ ငါတို့ နုံအတာလည်းပါတာပေါ့” အဒူဘို့စ်က ခါးသီးသောအမှန်တရားကို ပြုံးပြုံးလေးပြောနေမိသည်။
ရုတ်တရက်ဆိုသလို သူတို့၏ ဆက်သွယ်ရေးစက်က တုန်ခါလာသည်။ အလာစ်က ဇဝေဇဝါနှင့်
စက်ကိုကိုင်လိုက်သည်။
“ဒါက ..အဒူးဘို့စ်။ တစ်ယောက်ယောက်က ငါတို့ဘဏ်အကောင့်ထဲကို ၃၀ဘီလီယံလွှဲပေးလိုက်တယ်”
“ဘယ်လို”
ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးဆီမှ စာဝင်လာခြင်းဖြစ်သည်။ တစ်ယောက်ယောက်က ဆွစ်ဇာလန်ဘဏ်မှတစ်ဆင့်သူတို့၏ အကောင့်ထဲကို သိန်းသုံးဆယ်လွှဲပေးခဲ့သည်။
သူတို့၏ တာဝန်က စွမ်းအားမြှင့်ဆေးကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရန်သာရှိတော့သည်။
“ဘယ်သူများဖြစ်မလဲ”
သူတို့နိုင်ငံက လေလံဆွဲရန် ၅ဘီလီယံသာထည့်ပေးလိုက်သည်။
“ပါကစ္စတန်သူဌေးတစ်ဦးဦးက လွှဲလိုက်တာလား”
“အဲ့လောက်ပမာဏကို တတ်နိုင်တဲ့လူရှိပါ့မလား”
“အဒူးဘို့စ် ..နောက်ထပ်စာ ဝင်လာပြန်ပြီ”ဟုဆိုကာ အလာစ်က ဆက်သွယ်ရေးစက်ကို ယူလာသည်။
“အဆွေတော်..ငါလည်း မင်းကို ဒီလောက်ထိပဲ ကူညီပေးနိုင်မယ်” ဟူသော စာကို တွေ့ရသည်။