← Chapters

ဒီခွေးကို ပါးစပ်ပိတ်လိုက်…

Vol. 12 Ch. 154

ဒီခွေးကို ပါးစပ်ပိတ်လိုက်…

Vol. 12 Ch. 154

“၅၂ သန်း”

တရုတ်သူဌေးများက အလွန်အမင်းစိတ်လှုပ်ရှားကုန်ကြသည်။ နဂါးဦးခေါင်းကို လေလံဆွဲသည့် အကြိမ်တုန်းက အပိတ်စျေးသည် ဒေါ်လာ ၁၄သန်းဖြစ်သည်။ သူတို့၏ အတွေးထဲမှာ ဤ ခွေးဦးခေါင်းကိုရရန် သန်း ၂၀လောက် အမြင့်ဆုံးသုံးလျှင် အဆင်ပြေသည်ဟု ထင်ခဲ့သည်။

ကြမ်းခင်းစျေးက သန်းနှစ်ဆယ် ဖြစ်နေလိမ့်မည်ဟု သူတို့မတွေးထားမိကြပေ။ယခုအခါမှာ စျေးက သုံးဆနီးပါး တက်လာသည်။ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး၏ ပစ္စည်း၏ မူလတန်ဖိုးထက် အဆပေါင်းများစွာပေးပြီး ပစ္စည်းတိုင်းကို လေလံအောင်နေသည်။

“၅၅ သန်း”

ဂျပန်နိုင်ငံကလူက နောက်ထပ်သုံးသန်းထပ်တိုးပေးသည်။ သူတို့သုံးနိုင်သည့် ပမာဏအတွင်းမှာရှိနေတာမို့ ဂျပန်များက စျေးကို ထပ်ပြီး မြှင့်ပေးကြပြန်သည်။

“ဒီလူက ဘယ်သူလဲ”

အခြားနိုင်ငံက လူများက လေလံဝင်ဆွဲမှုကို ရပ်တန့်လိုက်သည်။ သို့သော် ထိုဂျပန်လူမျိုးက သူတို့ကို စိန်ခေါ်နေဆဲဖြစ်သည်။

ခပ်ဝဝဖိုင့်ဖိုင့်နှင့်ထူးဆန်းသောမျက်နှာဖုံးစွပ်ထားသော လူကိုသာ တွေ့ရသဖြင့် မည်သူမည်ဝါဆိုတာ ခွဲခြားမရနိုင်ပေ။

“ဒီဂျပန်တွေက အရမ်းလောဘမကြီးလွန်းဘူးလား” ဖန့်ကြွယ်ယွီကို အခန်း (၂) က ပုဂ္ဂိုလ်က ဒေါသထွက်အောင် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါမှာ ဂျပန်လူမျိုးအုပ်စုကြောင့် သူတစ်ဖန်ထပ်ပြီး ဒေါသထွက်ရပြန်သည်။

“ဒီလူက ငါတို့ကို ပါမွှားလို့ ထင်နေပုံရတယ်”

သန်း ၃၀အထိ စျေးမြင့်သွားသောအခါ တခြားသူများက လေလံဆက်မဆွဲလိုတော့ပေ။ ထိုပစ္စည်းက တရုတ်ဂုဏ်ဆောင်ဆိုသော်လည်း မလိုအပ်ဘဲနှင့် ထိုမျှ ပိုက်ဆံအများကြီးကို မသုံးလိုပေ။

ဂျပန်လူမျိုးက ဆက်လက်အသာစီးရနေမြဲဖြစ်သည်။

“ရှောင်းရီ ဒီလူမှာ ပိုက်ဆံဘယ်လောက်ပါလာလဲဆိုတာ စစ်ကြည့်စမ်း”

ဟု ဖန့်ကြွယ်ယွီက မေးသည်။

လေလံပွဲမှာ စည်းမျဉ်းတစ်ခုရှိသည်။ လူတိုင်းက ပါလာသည့်ငွေပမာဏကို အစစ်ခံရမည်။လေလံဆွဲမည့်ပမာဏ လုံလုံလောက်လောက်မပါလျှင် စျေးမမြှင့်နိုင်တော့ပေ။

“ပိုင်ရှင် ဒီလူက ဒေါ်လာ ၁.၅ ဘီလီယံယူလာပါတယ်”

“အင်း များသားပဲ”

“ကြည့်ရတာ ဒီလူက ဆက်ပြီး စျေးတက်ခွင့် မပေးမှာလား ဒါမှမဟုတ် ဒီလေလံပွဲက ပြီးပါတော့မလားပဲ”

“ကူးရီ မင်းအစွမ်းတွေကိုသုံးပြီး အဝေးကနေ အဲ့ဂျပန်ကောင်ကို ထိန်းချုပ်နိုင်မလား”

ဖန့်ကြွယ်ယွီက ကူးရီကို အချက်ပြလိုက်သည်။

“စိတ်မပူပါနဲ့။ အခုအကွာအဝေးထက် ဆယ်ဆ ဝေးပါစေဦးတော့ သူ့ကို အသာလေး ထိန်းချုပ်နိုင်တယ်”

“ကောင်းတယ် အဲ့ခွေးကောင် ပါးစပ်က ဘာမှမပြောနိုင်အောင် လုပ်ပစ်”

“ယာယီမဟုတ်ဘူးနော်။ တစ်သက်လုံး”

ဖန့်ကြွယ်ယွီ၏ ဘဝမှာ လူတစ်ယောက်ကို သေစေလိုသည်အထိဖြစ်ဖူးတာဒီတစ်ကြိမ် ပထမဆုံးဖြစ်သည်။ သူက အေးအေးချမ်းချမ်းနေထိုင်စဉ်ကာလတုန်းက ထိုကဲ့သို့ မကောင်းသောအတွေးများက သူနှင့် လားလားမျှ မသက်ဆိုင်ပေ။

ဂျီးနက်စ်က သူ့ကို သတ်ဖို့ကြေးစားအဖွဲ့ကို လွှတ်ခဲ့တုန်းကတောင် သူက လူသတ်ဖို့ တစ်ခါမှ မတွေးဖူးပေ။ သို့သော် ဒီတစ်ကြိမ်မှာတော့ သွေးများပွက်ပွက်ဆူနေသည်။

သူများပစ္စည်းကို ခိုးယူခဲ့သော သူခိုးများက စျေးကောင်းရဖို့ တဖန်ပြန်ပြီး အကွက်ဆင်နေပြန်သည်။

“၅၆ သန်း”

တရုတ်သူဌေးတစ်ဦးက စျေးကိုတိုးမြှင့်ပြီး ပေးပြန်သည်။

ဂျပန်လူမျိုးကို အားလုံးက ဝိုင်းပြီးကြည့်ကြသည်။ ဒီလူက စျေးကို တိုးမြှင့်ပြီး ပေးဦးမည်ဆိုတာ သေချာနေသည်။

သူတို့ ပါလာသမျှ ငွေအားလုံးကို စုပြီး လေလံဆွဲရန် ကြံစည်ထားကြသည်။

တရုတ်လူမျိုးတစ်ဦးတည်း၏ အင်အားနှင့် မလုံလောက်ပါက အယောက် (၂၀) သို့ (၃၀) ၏ အင်အားနှင့်ဆို ဒီခွေးခေါင်းရုပ်ထုကို သေချာပေါက်လေလံအောင်နိုင်မည်ဟုမှတ်ယူထားကြသည်။

ဂျပန်လူမျိုးဘက်က ထိုရုပ်ထုအား သန်း ၅၀ကျော်ရရုံဖြင့် မကျေနပ်နိုင်ပေ။ သူက စျေးကိုထပ်မြှင့်ပါက တရုတ်လူမျိုးများဘက်ကလည်း စျေးကိုထပ်မြှင့်ပေးလိမ့်မည်။

“အား”

ရုတ်တရက် အော်သံကြောင့် ထိုဂျပန်လူမျိုး၏ ဘေးနားမှာရှိသော လူများက ကြောက်ရွံ့လာကြပြီး ဘေးဘက်ကို အလိုလိုထွက်သွားကြသည်။

“သွား..ငါ့အနားကိုမလာနဲ့။အား”

သူက ထိတ်လန့်ဖွယ်တစ်ခုခုကို ကြုံတွေ့နေရသည့်အလား အသားကုန်အော်ဟစ်နေသည်။ သူ့မျက်နှာများက သွေးမရှိတော့သည်အထိ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေသည်။

ကူးရီက အစွမ်းဖြင့် သူ၏ကိုယ်ထဲဝင်ကာ နှောင့်ယှက်လိုက်ခြင်းဖြစ်သည်။

“တစ်စုံတစ်ယောက်က နှောင့်ယှက်နေတယ်”

တခြားအခန်းမှာရှိနေသော ရှုးဂျီ၏ ပါးစပ်ထဲမှ သွေးများစီးကျနေပြီး သူ၏မျက်နှာက ကြောက်ရွံ့ထိတ်လန့်သည့်ပုံပေါ်နေသည်။

SSSအဆင့်စွမ်းအားရှင်ဖြစ်သူသည် သာမန် SSအဆင့် စွမ်းအားရှင်ကို အသာလေးရင်ဆိုင်နိုင်သည်။ သူ၏ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ တစ်ချက်ကြည့်ဖို့ပြင်သော်လည်း အားပြင်းသော စွမ်းအားတစ်ခုက သူ၏ ကြိုးပမ်းချက်များကို ဟန့်တားပြီး ဒဏ်ရာအနာတရဖြစ်စေသည်။

“မစ္စတာရှုးဂျီ အဆင်ပြေလား ဘာဖြစ်ကုန်တာလဲ”

အနက်ရောင်နင်ဂျာအဖွဲ့သားနှစ်ဦးက သူ့ဆီ အပြေးအလွှားရောက်လာသည်။

“မစ္စတာ အိုဒါးကို တိုက်ခိုက်နေတဲ့လူရှိတယ်။အဲ့လူရဲ့ အစွမ်းကလည်း မြင့်တယ်။ သူ့ရှေ့ရောက်တော့ ငါ့အစွမ်းတွေက ဘာမှမဟုတ်တော့သလိုပဲ။ သူက ဘယ်သူများဖြစ်မလဲ”

သူ့ကို ဦးတည်တိုက်ခိုက်လာသော အစွမ်းကမြင့်သဖြင့် ချက်ချင်းပင် သေသွားနိုင်သည်။

“မစ္စတာ အိုဒါးရော..”

ရှုဂျီက ခေါင်းကို လေးပင်စွာ ခါလိုက်ရင်း “သူ့ကိုမကယ်လိုက်နိုင်ဘူး။ဒီလေလံပွဲမှာ စွမ်းအားရှင်တစ်ဦးရှိနေတယ်” ဟု ဆိုသည်။

တစ်မိနစ်နီးပါး အော်ဟစ်ပြီးနောက် မစ္စတာအိုဒါးသည် ပစ်လဲကျသွားသည်။ရော့စ်ချိုင်းမိသားစု၏ ဆေးအဖွဲ့က ချက်ချင်းရောက်လာသည်။ သူတို့က မျက်နှာဖုံးကို ဖယ်လိုက်သောအခါ မျက်နှာတစ်ပြင်လုံးရှိ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် စသည့်အပေါက်အသီးသီးဆီမှ သွေးအလိမ်းလိမ်းစီးကျနေသည်ကို တွေ့ရသည်။

“ရုတ်တရက် နှလုံး ရှော့ခ်ရပြီး ဦးနှောက်သွေးကြောပျက်တာပါ”

ဆေးမှူးက ချက်ချင်းဆိုသလို ထိုကဲ့သို့ ဖြစ်ရသည့်အကြောင်းကို နာမည်တပ်ကာ မစ္စတာအိုဒါး၏ အသက်မဲ့သောခန္ဓာကိုယ်အား အလျင်အမြန်သယ်ထုတ်သွားကြသည်။

“သူသေပြီလား” ဖန့်ကြွယ်ယွီ၏ မျက်လုံးထဲမှာ သနားကြင်နာစိတ်များ မမြင်ရပေ။

“ဒီမှာသေတာ သိပ်တော့မကောင်းဘူး။လေလံပွဲကိုအနှောင့်အယှက်ဖြစ်တယ်။ ဒါပေမဲ့ သခင်လေး စိတ်မပူပါနဲ့။ ဒီလေလံပွဲကနေ အသက်ရှင်လျက်မထွက်သွားစေရဘူး”

“အင်း ကောင်းတယ်”

“ခုနက လူကြီးမင်းက ကျန်းမာရေးအခြေအနေအရရုတ်တရက်ကြီးဖြစ်သွားတာပါ။ တအားကြီးမစိုးရိမ်ကြပါနဲ့ရှင်”ဟု စကားလက်က ကြေညာသည်။

သူမ၏ စကားသံကိုကြားရမှ စိတ်အေးရတော့သည်။ သို့သော် သူစိမ်းတစ်ဦး၏ အသက်က သူတို့အတွက် အရေးမကြီးပေ။ ထိုကိစ္စကိုဖြေရှင်းပေးပြီးနောက် ထုံးစံအတိုင်း လေလံပွဲကို ဆက်လက်ကျင်းပသည်။

ထိုဂျပန်လူမျိုးမရှိတော့တာမို့ ထိုခွေးခေါင်းရုပ်ထုကို တရုတ်သူဌေးတစ်ဦးက ယူရို ၅၆သန်းဖြင့် ပိုင်ဆိုင်သွားခဲ့သည်။

တရုတ်သူဌေးများ စုဝေးလာပြီး တပျော်တပါး အောင်ပွဲခံကြသည်။

“ကလင်”

ထိုသူဌေး၏ ဖုန်းထဲမှာ မက်ဆေ့ချ်တစ်စောင်ဝင်လာသည်။

“၆၇၃၈နဲ့ ဆုံးတဲ့ မင်းရဲ့ ဘဏ်အကောင့်က ယွမ် သန်း ၅၀၀ လက်ခံရရှိပါတယ်”

သိပ်မကြာခင်မှာပင် အမည်မသိ မေးလ်တစ်စောင်ဝင်လာသည်။

“ဒါက ခွေးခေါင်းရုပ်ထုအတွက်ပါ”

“ဘယ်သူပါလိမ့်”သူက တရုတ်သူဌေးများဘက်ကို တချက်ဝေ့ဝိုက်ကြည့်ပြီး နောက်ဆုံး သူ၏ အကြည့်က အခန်း(၁)ဆီရောက်သွားသည်။

“သူများဖြစ်နေမလား”

All Chapters